၁ - ဘိက္ခုတို့ ရှေးဦးစွာ ကိုးကွယ် ဆည်းကပ်ခြင်း သရဏဂုံသို့ ရောက်ကုန်သော ငါ၏ သာဝိကာ ဥပါသိကာတို့တွင် သေနိယ သူဌေးသမီး သုဇာတာသည် အမြတ်ဆုံး ဖြစ်၏။"
၂ - ဝိသာခါ
"ဘိက္ခုတို့ လှူဒါန်းခြင်း၌ မွေ့လျော်ကုန်သော ငါ၏ သာဝိကာ ဥပါသိကာတို့တွင် မိဂါရမာတာ ဝိသာခါသည် အမြတ်ဆုံး ဖြစ်၏။"
၃ - ခုဇ္ဇုတ္တရာ
"ဘိက္ခုတို့ အကြားအမြင် များကုန်သော ငါ၏ သာဝိကာ ဥပါသိကာတို့တွင် ခုဇ္ဇုတ္တရာသည် အမြတ်ဆုံး ဖြစ်၏။"
၄ - သာမာဝတီ
"ဘိက္ခုတို့ မေတ္တာစိတ်ဖြင့် နေလေ့ရှိကုန်သော ငါ၏ သာဝိကာ ဥပါသိကာတို့တွင် သာမာဝတီသည် အမြတ်ဆုံး ဖြစ်၏။"
၅ - နန္ဒမာတာ ဥတ္တရာ
"ဘိက္ခုတို့ ဈာန်၌ မွေ့လျော်ကုန်သော ငါ၏ သာဝိကာ ဥပါသိကာတို့တွင် နန္ဒမာတာ ဥတ္တရာသည် အမြတ်ဆုံး ဖြစ်၏။"
၆ - သုပ္ပဝါသာ
"ဘိက္ခုတို့ မွန်မြတ်သော ဝတ္ထုကို ပေးလှူကုန်သော ငါ၏ သာဝိကာ ဥပါသိကာတို့တွင် ကောလိယ မင်းသမီး သုပ္ပဝါသာသည် အမြတ်ဆုံး ဖြစ်၏။"
၇ - သုပ္ပိယာ
"ဘိက္ခုတို့ သူနာကို လုပ်ကျွေးပြုစုတတ်ကုန်သော ငါ၏ သာဝိကာ ဥပါသိကာတို့တွင် သုပ္ပိယာသည် အမြတ်ဆုံး ဖြစ်၏။"
၈ - ကာတိယာနီ
"ဘိက္ခုတို့ သာသနာ၌ သက်ဝင်၍ မတုန်မလှုပ် ကြည်ညိုကုန်သော ငါ၏ သာဝိကာ ဥပါသိကာတို့တွင် ကာတိယာနီသည် အမြတ်ဆုံး ဖြစ်၏။"
၉ - နကုလမာတာ
"ဘိက္ခုတို့ ငါနှင့် အကျွမ်းဝင်သော စကားကို ဆိုတတ်ကုန်သော ငါ၏ သာဝိကာ ဥပါသိကာတို့တွင် နကုလမာတာ သူကြွယ်မသည် အမြတ်ဆုံး ဖြစ်၏။"
၁၀ - ကာဠီကုရရဃရိကာ
"ဘိက္ခုတို့ တစ်ဆင့်စကားဖြင့် ကြည်ညိုခြင်းရှိကုန်သော ငါ၏ သာဝိကာ ဥပါသိကာတို့တွင် ကုရရဃရမြို့သူ ကာဠီသည် အမြတ်ဆုံး ဖြစ်၏။"