ထေရုပ္ပတ္တိအကျဉ်း ( ၁၁၉၃၄ - ၁၂၆၉ )
ဆရာတော်လောင်းလျာကို ရွှေဘိုမြို့နယ်၊ စမွန်းရွာ၌ အဘဦးမှို - အမိဒေါ်မယ် တို့မှ ၁၂၀၀ ပြည့်နှစ် ဝါဆိုလဆန်း ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်သည်။ အသက် ၁၃ နှစ် အရွယ်တွင် စမွန်းရွာ၊ မဟာရုံကျောင်းဆရာတော် ထံတွင် ရှင်သာမဏေ အဖြစ်သို့ ရောက်သည်။ ဘွဲ့တော်မှာ ရှင်ဝိသုဒ္ဓါစာရ ဖြစ်သည်။ ၁၂၁၉ ခုနှစ်၊ သီတင်းကျွတ် လပြည့်နေ့၌ သရိုင်ရွာ ခဏ္ဍသိမ်တွင် ရွှေကျင်ဆရာတော်ကြီးကို ဥပဇ္ဈာယ်ပြု၍ ရဟန်းအဖြစ်သို့ ရောက်တော်မူသည်။ ရဟန်း ၇ ဝါ အရတွင် စာပေပို့ချပြီး ပရမတ္တသရူဘေဒနီကျမ်းကို ရေးသားတော်မူသည်။ ၁၂၃၂ ခုနှစ်တွင် တောရဆောက်တည် တော်မူသည်။
၁၂၃၄ ခုနှစ်တွင် မန္တလေးမြို့ အရှေ့ပြင် မဟာဝိသုဒ္ဓါရုံတိုက်ကို လက်ခံ၍ သာသနာပြုသည်။ ၁၂၃၅ ခုနှစ်တွင် မင်းတုန်းမင်းတရားကြီး၏ "ဝိသုဒ္ဓါစာရကဝိဓဇ မဟာဓမ္မရာဇာဂုရု" ဘွဲ့ တံဆိပ် ဆက်ကပ်ခြင်းကို ခံယူတော်မူရသည်။ ၁၂၄၆ ခုနှစ်၌ သီပေါမင်းတရား၏ "ဝိသုဒ္ဓါစာရာဘိဓဇဓိပတိပဝရ မဟာဓမ္မရာဇာဓိရာဇဂုရု" ဘွဲ့တံဆိပ် ဆက်ကပ်ခြင်းကို ခံယူတော် မူရသည်။ ၁၂၇၆ ခုနှစ်တွင် အိန္ဒိယဘုရင်ခံချုပ် ဆက်ကပ်သည့် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်ကို ခံယူတော် မူသည်။
ကျမ်းပေါင်း ၇၀ ကျော် ပြုစုတော် မူခဲ့သည်။ ၁၂၇၈ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက်၊ နံနက် ၇း၁၀ နာရီ အချိန်တွင် မဟာဝိသုဒ္ဓါရုံ ရေဝိုင်းတိုက်၌ ဘဝနတ်ထံ စံလွန်တော် မူခဲ့ပါသည်။
ကျေးဇူးတော်ရှင် ဆရာတော်ကြီး ၁၀၈ ပါး၏ ထေရုပ္ပတ္တိ နှင့် အပ္ပမာဒ အဆုံးအမများကျော်နန္ဒအောင်ရန်သူဝိုင်းထား၊ ထိုယောကျ်ားကား၊ ပြေးသွားဖို့ရာ၊
လမ်းပေါက်သာလျက်၊ ပြေးမထွက်၊ လမ်းတွက်မဟုတ်ချေ။
မစင်လူးလျင်၊ အေးကြည်လင်သည့်၊ ရေစင်ရှိလျက်၊ မဆေးရက်၊ ကန်တွက်မရှိလေ။
ဟစ်အော်ငိုညဉ်း၊ ရောဂါသည်းလျက်၊ လူလည်းဗျာဓိ၊ နာမချိသော်၊
တတ်သိမြင်မြော်၊ သမားတော်၌၊ ဆေးကျော်ရှိလျက်၊ မစားခက်၊ ဆေးတွက်မဟုတ်ချေ။
အနပ္ပကမ်း၊ ဘေးဘျမ်းများစွာ၊ သံသရာမှ၊
ထွက်ရာလမ်းမ၊ သမထ ဝိပဿနာ၊ ကိလေသာဘင်၊ နာဟောင်းကျင်ကို၊
သန့်စင်လျှော်ဆေး၊ မဂ်ရေအေးနှင့်၊ မြိုက်ဆေးစွမ်းထက်၊ ရှိပါလျက်က၊ မထွက်ဆေးကို၊ မစားလို၊ မင်းပျို ကိုယ့်တွက်ပေ။