ထေရုပ္ပတ္တိအကျဉ်း ( ၁၁၉၃၄ - ၁၂၆၉ )
ဆရာတော်လောင်းလျာကို ၁၁၉၄ခုနှစ်၊ နတ်တော်လဆန်း ၈ရက်၊ သောကြာနေ့ နံက် နာရီတွင် အဘဦးထွန်းအောင် အမိဒေါ်ချိုတို့မှ ပဲခူးမြို့မြောက်ဘက် ဇိုင်းဂနိုင်းရွာကြီးတွင် ဖွားမြင်သည်။ ငယ်မည် မောင်ရွှေသာ ဖြစ်သည်။ သားချင်း ငါးဦးအနက် အကြီးဆုံးသား ဖြစ်သည်။ ၁၀နှစ်သားတွင် ကျောင်းနေ၍ ၁၂ နှစ်သားတွင် ကော့ပြင်းရွာ ဘုန်းကြီးဦးမှူး ထံတွင် ရှင်သာမဏေ ဝတ်သည်။ ဘွဲ့တော်မှာ ရှင်သီလာသာရ ဖြစ်သည်။ ၁၂၁၃ခုနှစ်၊ တပို့တွဲလတွင် ပီလခတ်ရွာဆရာတော်ကို ဥပဇ္ဈာယ်ပြု၍ ကျိုက်ဒေးယျုံဘုရား သိမ်ကုန်း၌ ရဟန်းအဖြစ်သို့ ရောက်တော်မူသည်။
ရဟန်း ၉ဝါအတွင်း ဆရာအဆူဆူတို့ထံတွင် ပရိယတ္တိစာပေကို သင်ယူခဲ့သည်။ ထို့နောက် တောတောင်တို့တွင် တောရဆောက်တည်သည်။ ရောက်လေရာ တောတောင်ဝန်းကျင်တို့၌ ပရိယတ္တိစာသင်တိုက်များ ထူထောင်၍ အားပေးမြှင့်တင် တော်မူသည်။ ရာသက်ပန် အရညဝါသီ တောပျော်ကြီး အဖြစ် သီတင်းသုံးခဲ့သည်။
၄၇နှစ်လုံးလုံး ပရိယတ်, ပဋိပတ် အကျိုးတို့ကို ထိုက်ထိုက်တန်တန် သယ်ပိုးဆောင်ရွက်ခဲ့သော ဘုန်းတော်ကြီး ဦးသီလသည် ၁၂၆၉ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ရက်၊ တနင်္လာနေ့ နံက် ၇နာရီတွင် ဇလွန်မြို့ သုသာန်ကျောင်း၌ စုတိကမ္မဇရုပ် ချုပ်ငြိမ်းတော်မူ ခဲ့ပါသည်။
ကျေးဇူးတော်ရှင် ဆရာတော်ကြီး ၁၀၈ ပါး၏ ထေရုပ္ပတ္တိ နှင့် အပ္ပမာဒ အဆုံးအမများကျော်နန္ဒအောင်ပစ္စည်း နှင့် အင်္ဂါ ခြေလက်၊ တစ်ခုခု အန္တရာယ် တွေ့လျှင်၊
အင်္ဂါခြေလက် အထိမခံနှင့်၊ ပစ္စည်းအပျက်ခံ။
အင်္ဂါခြေလက် နှင့် အသက်၊ တစ်ခုခု အန္တရာယ် တွေ့လျှင်၊
အသက် အထိမခံနှင့်၊ အင်္ဂါခြေလက် အပျက်ခံ။
အသက် နှင့် သီလ၊ တစ်ခုခု အန္တရာယ် တွေ့လျှင်၊
သီလ အထိမခံနှင့်၊ အသက် အပျက်ခံ။