၁ - တပုဿ - ဘလ္လိက
"ဘိက္ခုတို့ ရှေးဦးစွာ ကိုးကွယ် ဆည်းကပ်ခြင်း သရဏဂုံသို့ ရောက်ကုန်သော ငါ၏ သာဝက ဥပါသကာတို့တွင် တပုဿ နှင့် ဘလ္လိက ကုန်သည်တို့သည် အမြတ်ဆုံး ဖြစ်၏။"
၂ - အနာထ ပိဏ္ဍိက
"ဘိက္ခုတို့ လှူဒါန်းခြင်း၌ မွေ့လျော်ကုန်သော ငါ၏ သာဝက ဥပါသကာတို့တွင် သုဒတ္တ အနာထ ပိဏ္ဍိက သူကြွယ်သည် အမြတ်ဆုံး ဖြစ်၏။"
၃ - စိတ္တ ဂဟပတိ
"ဘိက္ခုတို့ တရားဟောတတ်ကုန်သော ငါ၏ သာဝက ဥပါသကာ တို့တွင် မစ္ဆိကာ သဏ္ဍမြို့သား စိတ္တ ဂဟပတိသည် အမြတ်ဆုံး ဖြစ်၏။"
၄ - ဟတ္ထက အာဠဝက
"ဘိက္ခုတို့ သင်္ဂဟ ဝတ္ထုလေးပါးဖြင့် ပရိသတ်ကို ချီးမြှောက် ထောက်ပံ့ကုန်သော ငါ၏ သာဝက ဥပါသကာတို့တွင် ဟတ္ထက အာဠာဝကသည် အမြတ်ဆုံး ဖြစ်၏။"
၅ - မဟာနာမသကျ
"ဘိက္ခုတို့ မွန်မြတ်သော ဝတ္ထုကို ပေးလှူတတ်ကုန်သော ငါ၏ သာဝက ဥပါသကာတို့တွင် သကျသာကီဝင် ဖြစ်သော မဟာနာမသည် အမြတ်ဆုံး ဖြစ်၏။"
၆ - ဥဂ္ဂ ဂဟပတိ
"ဘိက္ခုတို့ နှစ်သက်ဖွယ် ဝတ္ထုကို ပေးလှူတတ်ကုန်သော ငါ၏ သာဝက ဥပါသကာတို့တွင် ဝေသာလီပြည်သား ဥဂ္ဂ ဂဟပတိသည် အမြတ်ဆုံး ဖြစ်၏။"
၇ - ဟတ္ထိဂါမ ဥဂ္ဂတ
"ဘိက္ခုတို့ သံဃာကို လုပ်ကျွေးတတ်ကုန်သော ငါ၏ သာဝက ဥပါသကာတို့တွင် ဟတ္ထိရွာသား ဥဂ္ဂတ သူကြွယ်သည် အမြတ်ဆုံး ဖြစ်၏။"
၈ - သူရမ္ဗဋ္ဌ
"ဘိက္ခုတို့ သာသနာ၌ သက်ဝင်၍ မတုန်မလှုပ် ကြည်ညိုကုန်သော ငါ၏ သာဝက ဥပါသကာတို့တွင် သူရမ္ဗဋ္ဌသည် အမြတ်ဆုံး ဖြစ်၏။"
၉ - ဇီဝက
"ဘိက္ခုတို့ ပုဂ္ဂိုလ်ကို ကြည်ညိုကုန်သော ငါ၏ သာဝက ဥပါသကာတို့တွင် အဘယမင်း၏ မွေးစားသား ဇီဝကသည် အမြတ်ဆုံး ဖြစ်၏။"
၁၀ - နကုလ ပိတာ
"ဘိက္ခုတို့ ဗုဒ္ဓနှင့် အကျွမ်းဝင်သော စကားကို ဆိုကုန်သော ငါ၏ သာဝက ဥပါသကာတို့တွင် နကုလပိတာသည် အမြတ်ဆုံး ဖြစ်၏။"