ထေရုပ္ပတ္တိအကျဉ်း ( ၁၁၈၄ - ၁၂၅၅ )
ဆရာတော်လောင်းလျာကို ရွှေဘိုမြိုနယ်၊ ရွှေကျင်ရွာ၌ အဘဦးမောင် - အမိဒေါ်မိတို့မှ ၁၁၈၄ ခု၊ ပထမဝါဆိုလပြည့်ကျော် ၁၃ ရက်တွင် ဖွားမြင်တော်မူသည်။ ငယ်မည် မောင်သန့် ဖြစ်သည်။ ၇ နှစ်အရွယ်တွင် ရွှေကျင်ဗောဓိကုန်းကျောင်း ဆရာတော်ထံတွင် ပညာသင်ကြား၍ ၁၄ နှစ် အရွယ်တွင် ရှင်သာမဏေ ဝတ်သည်။ ဘွဲ့တော်မှာ ရှင်ဇာဂရ ဖြစ်သည်။ သီးလုံးဆရာတော်ကြီးနှင့် ရွှေကျင် မဟာဗောဓိကျောင်း ဆရာတော်ထံတွင် ပညာသင်ကြား၍ ရဟန်းအဖြစ်သို့ ရောက်သည်။
မန်ကျည်းကန်ဆရာတော်၊ မူးဝရွာထောင် ဆရာတော်၊ အမရပူရ ဆရာတော် အသီးသီးတို့ထံ၌ ပညာသင်ကြားပြီး တပည့်များကို စာပေပို့ချခဲ့သည်။ မင်းတုန်းမင်းနှင့် သီပေါမင်း နှစ်ဆက်တိုင်အောင် ကိုးကွယ်ခြင်းကို ခံယူတော်မူသည်။ ဝိနည်းတော်ကို လွန်စွာမှ လေးစားတော်မူသည်။ ဓုတင်တို့ကို ဆောက်တည်တော်မူပြီး ကျမ်းပေါင်း တစ်ရာ ကျော်ကို စီရင်ရေးသားတော် မူခဲ့သည်။
ပရိယတ်, ပဋိပတ်အကျော် ရွှေကျင်ဆရာတော်ကြီးသည် သက်တော် ၇၂ နှစ်အရွယ်တွင် မင်းကွန်းငွေတောင်တောရ၌ ၁၂၅၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ညတွင် ပျံလွန်တော်မူခဲ့ပါသည်။
ကျေးဇူးတော်ရှင် ဆရာတော်ကြီး ၁၀၈ ပါး၏ ထေရုပ္ပတ္တိ နှင့် အပ္ပမာဒ အဆုံးအမများကျော်နန္ဒအောင်နွားကျောင်းသောသူသည် မိမိထိန်းကျောင်းရမည့် နွားများကို ဖြူ၊ နီ၊ ညို၊ ပြာ စသည် ခွဲခြားမသိလျှင် နွားများ မပျောက်အောင် ထိန်းသိမ်းဖို့ ခက်ဘိသကဲ့သို့ ဝိနည်း ဥပဒေများကို သင်အံ့၊ လေ့ကျက်၊ ပြန်ဆို ဆောင်ရွက် မှတ်သားမှု မပြုသော ရှင်ရဟန်း သည်လည်း ဝိနည်းဥပဒေများ မပေါက်ကြားအောင် မည်သို့မည်ပုံ ထိန်းသိမ်း ဖြည့်ကျင့် နိုင်ပါအံ့နည်း။ ဝိနည်း ကျင့်ဝတ်များကို မဖြည့်ကျင့် လျှင်ကား စာပေပရိယတ် တတ်ကျွမ်းသည် ဖြစ်စေ၊ ထင်ပေါ် ကြော်ကြား၍ လာဘ်လာဘ ပေါများသည် ဖြစ်စေ သာသနာတော်၌ မတင့်တယ်။
ပစ္စက္ခ သံသရာနှစ်ပါးတို့၌ အလွန်အကျိုးများသောကြောင့် ၎င်းနာမရူပပရိစ္ဆေဒဉာဏ်၊ ဓမ္မဋ္ဌိတိဉာဏ်တို့ကို ရင့်ပွားစေခြင်း၊ ဘာဝနာ၌ ဆီပေါ်ဝယ် မနားနိုင်သည့် ယင်ရိုင်းကဲ့သို့ မရှိစေရ။
ဘာဝနာ စတုမဓုခွက်၌ ပိုးမြွက်ပျားပိတုန်းများ ကဲ့သို့ အလွန်အလိုရှိခြင်း၊ ကိုင်းရှိုင်းခြင်းနှင့် တကွ လုံ့လကြိုးပမ်းတတ်စွမ်း အားထုတ်တော် မူနိုင်ကြပါစေကုန်သတည်း။