သက္ကရာဇ် ၇၁၄-ခုနှစ် ဝိဇယာပူရပင်းယခေတ်၊ ဆင်ဖြူလေးစီးရှင် သီဟသူမင်းလက်ထက်၊ သီရိမဟာစတုရင်္ဂဗလအမတ်ကြီးမှ ပါဠိဂါထာများကို ပြုစုသည်။ ဆရာတော်ဦးဗုဓ် (စက္ကိန္ဒာဘိ သီရိသဒ္ဓမ္မဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု မဟာအောင်မြေဘုံစံအုတ်ကျောင်းဆရာတော်ဘုရား မှ မြန်မာအနက်နိဿယ ပြန်ဆိုတော်မူသည်။ James Gray – The Niti Literature of Burma စသည်တို့ကို ဆရာကြီး ဦးသုခ သည် “လောကနီတိ” ဟု ရှင်းလင်းချက်များနှင့်တကွ စကားဆွေးနွေးဟန် စာအုပ်ပြုစု ထားသည်မှ ကောက်နှုတ်တင်ပြထားပါသည်။
၁။
လောကနီတိံ ပဝက္ခာမိ၊
နာနာသတ္တ သမုဒ္ဓဋံ။
မာဂဓေနေဝ သံခေပံ၊
ဝန္ဒိတွာ ရတနတ္တယံ။
အဟံ - ငါသည်၊ ရတနတ္တယံ - ရတနာသုံးပါးတို့၏ အပေါင်းကို၊ ဝန္ဒိတွာ - ရှိခိုးပြီး၍၊ နာနာသတ္တသမုဒ္ဓဋံ - အထူးထူးသောကျမ်းတို့မှ ထုတ်အပ်သော၊ လောကနီတိံ - လောကနီတိအမည်ရှိသော ကျမ်းကို၊ မာဂဓေနေဝ - မာဂဓ ဘာသာဖြင့်သာလျှင်၊ သံခေပံ - သံခေပေန - အကျဉ်းအားဖြင့်၊ ပဝက္ခာမိ - ဟောပေလတ္တံ့။
Having paid homage to the Three Gems, I recite concisely in Magadhese the “Lokaniti”, extracted from various treaties.
၂။
နီတိလောကေ ပုရိသဿ သာရော၊
မာတာ ပိတာ အာစရိယောစ မိတ္တော။
တသ္မာဟိ နီတိံ ပုရိသော ဝိဇညာ၊
ဉာဏီမဟာ ဟောတိ ဗဟုဿုတောစ။
ဟိ - ဂုဏ်အထူးကား၊ နီတိ - နီတိကျမ်းသည်၊ လောကေ - လောက၌၊ ပုရိသဿ - ယောက်ျား၏၊ သာရော - အနှစ်လည်းမည်၏၊ မာတာပိတာ - အမိအဖလည်းမည်၏၊ အာစရိယောစ - ဆရာလည်းမည်၏၊ မိတ္တောစ - အဆွေ ခင်ပွန်းလည်းမည်၏၊ တသ္မာ - ထို့ကြောင့်၊ နီတိံ - နီတိကျမ်းကို၊ ဝိဇညာ - တတ်သော၊ ပုရိသော - ယောက်ျားသည်၊ ဗဟုဿုတော - များသောအကြား အမြင်ရှိသော၊ မဟာ - မြတ်သော၊ ဉာဏီ - ပညာရှိသည်၊ ဟောတိ - ဖြစ်၏။
The “Niti”, in this world, is a man’s substance, his father, his mother, his teacher, his friend: a person, therefore, knowing the “Niti”, is a wise man, both excellent and well informed.
၃။
အ လသဿ ကုတော သိပ္ပံ၊
အ သိပ္ပဿ ကုတော ဓနံ။
အ ဓနဿ ကုတော မိတ္တံ၊
အ မိတ္တဿ ကုတော သုခံ။
အ သုခဿ ကုတော ပုညံ၊
အ ပုညဿ ကုတော ဝရံ။
အလသဿ - ပျင်းသောသူအား၊ ကုတောသိပ္ပံ - အတတ်ဘယ်မှာ တတ်အံ့နည်း၊ အသိပ္ပဿ - အတတ်မရှိသော သူအား၊ ကုတောဓနံ - ဥစ္စာ အဘယ်မှာ ရအံ့နည်း၊ အဓနဿ - ဥစ္စာမရှိသောသူအား၊ ကုတောမိတ္တံ - အဆွေခင်ပွန်း အဘယ်မှာ ရအံ့နည်း၊ အမိတ္တဿ - အဆွေခင်ပွန်း မရှိသောသူအား၊ ကုတောသုခံ - ချမ်းသာ အဘယ်မှာ ရအံ့နည်း၊ အသုခဿ - ချမ်းသာမရှိသောသူအား၊ ကုတောပုညံ - ကောင်းမှု အဘယ်မှာ ပြုရအံ့နည်း၊ အပုညဿ - ကောင်းမှု မရှိသောသူအား၊ ကုတောဝရံ - နိဗ္ဗာန်ကို အဘယ်မှာ ရနိုင်အံ့နည်း။
How can there be proficiency for one who is indolent, wealth for one without proficiency, friendship for one without wealth, happiness for the friendless, merit for the unhappy, and Nibban for the unmeritorious person?
၄။
သိပ္ပာ သမံ ဓနံ နတ္ထိ၊
သိပ္ပံ စောရာ နဂဏှန္တိ။
ဣဓလောကေ သိပ္ပံ မိတ္တံ၊
ပရလောကေ သုခါဝဟံ။
သိပ္ပာ - အတတ်နှင့်၊ သမံ - တူသော၊ ဓနံ - ဥစ္စာသည်၊ နတ္ထိ - မရှိ၊ သိပ္ပံ - အတတ်ကို၊ စောရာ - ခိုးသူတို့သည်၊ နဂဏှန္တိ - မယူနိုင်ကုန်၊ ဣဓ လောကေ - ဤလောက၌၊ သိပ္ပံ - အတတ်သည်ကား၊ မိတ္တံ - အဆွေခင်ပွန်း ဖြစ်၏၊ ပရလောကေ - တမလွန်ဘဝ၌၊ သုခါဝဟံ - ချမ်းသာကို ဆောင်တတ်၏။
Wealth is not equal in value to learning. Thieves do not take away learning: it is friendship in this world, and the bearer of happiness in the next.
၅။
အပ္ပကံ နာတိ မညေယျ၊
စိတ္တေ သုတံ နိဓာပယေ။
ဝမ္မိကောဒက ဗိန္ဒူဝ၊
စိရေန ပရိပူရတိ။
သုတံ - အကြားအမြင်ပညာကို၊ အပ္ပကံ (အပ္ပကံဣတိ) - မပြောပဖွယ် အနည်းငယ်ဟူ၍၊ နာတိ မညေယျ - မထီမဲ့မြင် မအောက်မေ့ရာ၊ စိတ္တေ - မိမိစိတ်ထဲ၌၊ နိဓာပယေ - ကောင်းစွာ သင်ကြား သွင်းထားရာလျှင် သတည်း၊ ဝိမ္မိ ကောဒက ဗိန္ဒူဝ - မြေကိုလောင်းဖို့ ခြတောင်ပို့နှင့် နှိုင်းစို့တစ်ဖြာ ကြာရှည်ဆင်းလျှောက် မိုးရေပေါက်ကဲ့သို့၊ စိရေန - ကြိမ်ဖန်များစွာ ရှည်ကြာသဖြင့်၊ ပရိပူရတိ - ပြည့်လေ၏။
One should not despise a little; he should keep in his mind what has been acquired: drops of water and an anthill will fill it at length.
၆။
ခုဒ္ဒန္တိ နာတိမညေယျ၊
ဝိဇ္ဇံဝါ သိပ္ပ မထဝါ။
ဧကမ္ပိ ပရိယောဒါတံ၊
ဇီဝိတ ကပ္ပကာရဏံ။
ဝိဇ္ဇံ ဝါ - နှုတ်မှုပညာကိုလည်းကောင်း၊ အထ - ထိုမြို့ (ထိုမှတပါး) သိပ္ပံ ဝါ - လက်မှုပညာကိုလည်းကောင်း၊ ခုဒ္ဒန္တိ - ငယ်၏ဟူ၍၊ နာတိ မညေယျ - မအောက်မေ့ရာ၊ ပရိယောဒါတံ - ကုန်စင်အောင်တတ်မူကား၊ ဧကမ္ပိ - တခုသော အတတ်သည်လည်း၊ ဇီဝိတ ကပ္ပကာရဏံ - အသက်မွေးဝမ်းကျောင်း ဖြစ်ပါသတည်း။
One should despise neither science nor art, saying to himself “It is of little consequence:” even one learnt to perfection is a suitable mean of livelihood.
“ပညာရှိတို့ တတ်သိအပ်စွ ထိုသိပ္ပကို နှံ့မျှလုံးခြုံ မတတ်တုံလည်း တစ်စုံတစ်ခု တတ်အောင်ပြု၍ လူမှုကုန်အောင် စီးပွားဆောင်လော့”
လောကသာရဆုံးမစာ
၇။
သေလေ သေလေ န မဏိက္ကံ၊
ဂဇေ ဂဇေ န မုတ္တိကံ။
ဝနေ ဝနေ န စန္ဒနံ၊
ဌာနေ ဌာနေ န ပဏ္ဍိတံ။
သေလေ သေလေ - တောင်တောင် ဟူသမျှ၌ (တောင်တိုင်း တောင်တိုင်းမှာ) န မဏိက္ကံ - ပတ္တမြားမရှိ၊ ဂဇေ ဂဇေ - ဆင်ဆင် ဟူသမျှ၌၊ န မုတ္တိကံ - အမြုတေမရှိ၊ ဝနေ ဝနေ - တောတော ဟူသမျှ၌၊ န စန္ဒနံ - စန္ဒကူးမရှိ၊ ဌာနေ ဌာနေ - အရပ်တိုင်း၌၊ န ပဏ္ဍိတံ - ပညာရှိသုခမိန် မရှိ။
There is not a gem in every rock nor pearl in every elephant, not sandal-wood in every forest, nor erudition in every place.
၈။
ပဏ္ဍိတော သုတသမ္ပန္နော၊
ယတ္ထ အတ္ထီတိ စေ သုတော။
မဟုဿာဟေန တံ ဌာနံ၊
ဂန္တဗ္ဗံဝ သုတေသိနာ။
သုတသမ္ပန္နော - သုတနှင့်ပြည့်စုံသော၊ ပဏ္ဍိတော - ပညာရှိသည်၊ ယတ္ထ - အကြင်အရပ်၌၊ အတ္ထီတိ - ရှိ၏ ဟူ၍၊ စေသုတော - အကယ်၍ ကြားငြားအံ့၊ တံဌာနံ - ထိုအရပ်သို့၊ သုတေသိနာ - သုတကို ရှာသော အမျိုးကောင်းသားသည်၊ မဟာဿဟေန - သည်းစွာအားထုတ်သဖြင့်၊ ဂန္တဗ္ဗံဝ - သွားရာသလျှင် ကတည်း။
If it be known where a wise man, full of learning, is one in search of knowledge should eagerly repair to that place.
၉။
သိနေ သိပ္ပံ သိနေ ဓနံ၊
သိနေ ပဗ္ဗတ မာရုဟံ။
သိနေ ကာမဿ ကောဓဿ၊
ဣမေ ပဉ္စ သိနေ သိနေ။
သိပ္ပံ - အတတ်ကို၊ သိနေ - ဖြည်းဖြည်းသင်ရာ၏၊ ဓနံ - ဥစ္စာကို၊ သိနေ - ဖြည်းဖြည်းရှာရာ၏၊ ပဗ္ဗတံ - တောင်ကို၊ အာရုဟံ - အာရုဟန္တော - တက်သောသူသည်၊ သိနေ - ဖြည်းဖြည်းတက်ရာ၏၊ ကာမဿ - ကာမဂုဏ်ကို၊ သိနေ - ဖြည်းဖြည်း တစ်စတစ်စ သာလျှင် အလိုရှိရာ၏၊ ကောဓဿ - အမျက်ကို၊ သိနေ - ဖြည်းဖြည်းထွက်ရာ၏။ ဣမေပဉ္စ - ဤငါးပါးတို့ကို၊ သိနေ သိနေ - ဖြည်းဖြည်း တစ်စတစ်စသာ အလိုရှိရာ၏။
Learning comes by degrees, wealth little by little, climbing a mountain is done gradually, love comes by degrees, anger little by little, these five little by little.
၁၀။
သုတိ သမ္မုတိ သင်္ချာစ၊
ယောဂါ နီတိ ဝိသေသကာ။
ဂန္နဗ္ဗာ ဂဏိကာ စေတ၊
ဓနု ဗေဒါစ ပူရဏာ။
သုတိစ - အကြားအမြင် အတတ်လည်းကောင်း၊ သမ္မုတိစ - ဓမ္မသတ် အတတ်လည်းကောင်း၊ သင်္ချာစ - ဂဏန်းအတတ်လည်းကောင်း၊ ယောဂါစ - တံစည်း စူး ဆောက် အတတ်လည်းကောင်း၊ နီတိစ - နီတိကျမ်း အတတ်လည်းကောင်း၊ ဝိသေသကာစ - ယာယီယတြာစသော ဗျာကရုဏ်းအတတ်လည်းကောင်း၊ ဂန္ဓဗ္ဗာစ - စောင်းငြင်းစသော ကဗျာ လင်္ကာ အတတ်လည်းကောင်း၊ ဂဏိကာစေဝ - လက်ပစ်အတတ်လည်းကောင်း၊ ဓနုဗေဒါစ - ဒူးလေး လင်းလေး အတတ်လည်းကောင်း၊ ပူရဏာစ - စကားဟောင်း အတတ်လည်းကောင်း။
General knowledge, the science of law, calculation, mechanical art; the knowledge; of the “NITI,” the Byakarein, and music; manual dexterity, archery, antiquities;
၁၁။
တိကိစ္ဆာ ဣတိဟာသာစ၊
ဇောတိ မာယာစ ဆန္ဒတိ။
ကေတု မန္တာစ သဒ္ဒါစ၊
သိပ္ပာဋ္ဌာရသကာ ဣမေ။
တိကိစ္ဆာ - ဆေးအတတ်လည်းကောင်း၊ ဣတိဟာသာစ - ရယ်ရွှင်မှု အတတ်လည်းကောင်း၊ ဇောတိစ - ဗေဒင်အတတ်လည်းကောင်း၊ မာယာစ - လှည့်ပတ်တတ်သော အတတ်လည်းကောင်း၊ ကေတုစ - သံတမန် အတတ်လည်းကောင်း၊ မန္တာစ - မန္တာန်အတတ်လည်းကောင်း၊ ဆန္ဒတိစ - ဆန်းကျမ်း အတတ်လည်းကောင်း၊ သဒ္ဒါစ - သဒ္ဒါကျမ်း အတတ်လည်းကောင်း၊ ဣမေ - ဤသည်တို့ကား၊ အဋ္ဌာရသကာ - တစ်ဆယ့်ရှစ်ပါးကုန်သော၊ သိပ္ပာ - အတတ်တို့တည်း။
Science of medicine, wit and humor, astrology; strategy, versification, diplomacy, magic, and grammar: these are the eighteen acquirements.
၁၂။
အပုဋ္ဌော ပဏ္ဍိတော ဘေရီ၊
ပဇ္ဇုန္နော ဟောတိ ပုစ္ဆိတော။
ဗာလော ပုဋ္ဌော အပုဋ္ဌောပိ၊
ဗဟုမ္ပိ ဘဏတော သဒါ။
လောကေ - လောက၌၊ ပဏ္ဍိတော - ပညာရှိသည်၊ အပုဋ္ဌော - သူမမေးမူကား၊ ဘေရီ - စည်ကြီးသဖွယ်၊ ဟောတိ - ဖြစ်၏၊ ပုစ္ဆိတော - သူတည်း (သူက) မေးမူကား၊ ပဇ္ဇုန္နော - မိုးကြီးသဖွယ်၊ ဟောတိ - ဖြစ်၏၊ ဗာလော - သူမိုက်သည်၊ ပုဋ္ဌောပိ - မေးသော်လည်းကောင်း၊ အပုဋ္ဌောပိ - မမေးသော်လည်းကောင်း၊ သဒါ - အခါခပ်သိမ်း၊ ဗဟုမ္ပိ - များစွာလည်း၊ ဘဏေတေ - ဘဏတေဝ - ပြောဟောတတ်သည်သာလျှင်ကတည်း။
A wise man who is not questioned is like a drum; one who is questioned is like a violet shower; a fool, whether addressed or not, speak much.
၁၃။
ပေါတ္ထကေသု စ ယံသိပ္ပံ၊
ပရဟတ္တေသု ယံဓနံ။
ယထာကိစ္စေ သမုပ္ပန္နေ၊
န တံသိပ္ပံ န တံဓနံ။
လောကေ - လောက၌၊ ပေါတ္ထကေသု - ပေတို့၌၊ ယံ သိပ္ပဉ္စ - အကြင်အတတ် တို့သည်လည်းကောင်း၊ ပရဟတ္ထေသု - သူတစ်ပါးတို့၏ လက်တို့၌၊ ယံဓနဉ္စ - အကြင်ဥစ္စာသည်လည်းကောင်း၊ အတ္ထိ - ရှိ၏၊ ယထာကိစ္စေ - ပြုဖွယ်ကိစ္စသည်၊ သမုပ္ပန္နေ - ဖြစ်လတ်သော်၊ တံသိပ္ပံ - ထိုပေ၌ရှိသော အတတ်သည်၊ န သိပ္ပံ - အတတ်မမည်။ တံဓနံ - ထိုသူတစ်ပါးလက်၌ ရှိသောဥစ္စာသည်လည်း၊ န ဓနံ - ဥစ္စာမမည်။
The knowledge that is in books, and the wealth that is not in one’s hands, the one is not knowledge, and the other not wealth, when occasion arises.
၁၄။
ဇလပ္ပမာဏံ ကုမုဒမာလံ၊
ကုလပ္ပမာဏံ ဝိနယော ပမာဏံ။
ဗျတ္တိပ္ပမာဏံ ကထိက ဝါကျံ၊
ပထဝီပမာဏံ တိဏမိလာတံ။
လောကေ - လောက၌၊ ဇလပ္ပမာဏံ - ရေတိမ်ရေနက်ကိုကား၊ ကုမုဒမာလံ - ကုမုဒြာကြာကို မြင်သဖြင့် သိအပ်၏၊ (ရွှေဟင်္သာမူ၌ ‘ကုမုဒ္ဒနာဠံ’ ဟု ဖော်ပြပါရှိပါသည်။ ‘ကုမုဒ္ဒနာဠံ - ကြာရိုး ကြာစွယ်ကို ကြည့်၍ သိအပ်၏’ ဟုဖွင့်ဆိုသည်က ပို၍ သဘာဝကျပေလိမ့်မည်။) ကုလပ္ပမာဏံ - အမျိုးယုတ်မြတ်ကိုကား၊ ဝိနယောပမာဏံ - ကိုယ်အမူအရာ နှုတ်အမူအရာ (အကျင့်) အားဖြင့် သိအပ်၏၊ ဗျတ္တိပ္ပမာဏံ - ပညာ ရှိမရှိကိုကား၊ ကထိတဝါကျံ - ဆိုသော စကားဖြင့် သိအပ်၏၊ ပထဝီပမာဏံ - မြေကောင်းမကောင်းကိုကား၊ တိဏမိလာတံ - မြက်ညှိုးမညှိုးကို မြင်သဖြင့် သိအပ်၏။
The criterion of water is the water-lily; of a race, discipline and discourse; of wisdom, the words that are uttered; and of the ground, the fading of the grass.
၁၅။
အပ္ပဿုတော သုတံ အပ္ပံ၊
ဗဟုံ မညတိ မာနဝါ။
သိန္ဓုဒက မပဿန္တော၊
ကူပေ တောယံဝ မဏ္ဍုကော။
လောကေ - လောက၌၊ အပ္ပဿုတော - နည်းသောသုတရှိသူသည်၊ အပ္ပံ - အနည်းငယ်သောသုတကို၊ ဗဟုံမညတိ - အများဟူ၍ အောက်မေ့တတ်၏၊ မာနဝါ - မာန်ရှိတတ်၏။ ကိမိဝ - အဘယ်ကဲ့သို့နည်းဟူမူကား၊ သိန္ဓုဒကံ - သမုဒ္ဒရာရေကို၊ အပ္ပဿန္တော - မမြင်ဖူးသော၊ မဏ္ဍုကော - ဖားသူငယ်သည်၊ ကူပေ - တွင်းဝ၌၊ တောယံ - ရေကို၊ ဗဟုံ မညတိ - အများ(ဟူ၍)ထင်သကဲ့သို့တည်း။
A man of little learning deems that little a great deal; he is proud; a frog not seeing the water of sea, considers it as much as the water in a well.
၁၆။
ပဌမံ န ပရာဇိတော သိပ္ပံ၊
ဒုတိယံ န ပရာဇိတော ဓနံ။
တတိယံ န ပရာဇိတော ဓမ္မံ၊
စတုတ္ထံ ကိံ ကရိဿတိ။
လောကေ - လောက၌၊ ပဌမံ - ပထမအရွယ်၌ကား၊ န ပရာဇိတော သိပ္ပံ - အတတ်မရတုံအံ့၊ ဒုတိယံ - ဒုတိယအရွယ်၌ကား၊ န ပရာဇိတော ဓနံ - ဥစ္စာမရတုံအံ့၊ တတိယံ - တတိယအရွယ်၌ကား၊ န ပရာဇိတော ဓမ္မံ - တရားမရတုံအံ့၊ စတုတ္ထံ - စတုတ္ထအရွယ်တိုင်မှကား၊ ကိံသရိဿတိ - အဘယ်မူစအံ့နည်း။
One who in the first place, has not acquired knowledge, in the second, has not obtained wealth, and, thirdly, has not acquired the “Law” what will he do in the fourth place?
၁၇။
ဗျတ္တာ ပုတ္တာ ကိမာလသော၊
အဗျတ္တော ဘာရဟာရိကော။
ဗျတ္တကော ပူဇိတော လောကေ၊
ဗျတ္တာ ပုတ္တာ ဒိနေ ဒိနေ။
ပုတ္တာ - ချစ်သားတို့၊ ဗျတ္တာ - အတတ်ပညာ သင်ကုန်လော့၊ ကိံ - အဘယ်ကြောင့်၊ အလသော - ပျင်းဘိသနည်း၊ ပုတ္တာ - ချစ်သားတို့၊ ဒိနေ ဒိနေ - နေ့တိုင်း နေ့တိုင်း၊ ဗျတ္တာ - အတတ်ပညာသင်ကုန်လော့၊ အဗျတ္တော - အတတ်ပညာ မရှိသောသူသည်၊ ဘာရဟာရိကော - သူ၏ဝန်ထမ်း ဖြစ်တတ်၏၊ ဗျတ္တကော - အတတ်ပညာရှိသောသူကို၊ လောကေ - လောက၌၊ ပူဇိတော - သူတစ်ပါးတို့ ပူဇော်အပ်၏။
Children, be wise; wherefore are ye idle? One without wisdom is the bearer of another’s burden. A wise man is honored in the world; day by day ye wise, O children.
၁၈။
မာတာသတြု ပိတာ ဝေရီ၊
ယေန ဗာလော န သိက္ခိတော။
သဘောမဇ္ဈေ န သောဘတိ၊
ဟံသမဇ္ဈေ ဗကောယထာ။
ယာယ - အကြင်အမိသည်၊ ဗာလော - သားငယ်ကို၊ န သိက္ခိတော - အတတ်ပညာသင်၍မပေး၊ သာမာတာ - ထိုအတတ်ပညာသင်၍ မပေးသော အမိသည်၊ သတြု - ရန်သူမည်၏၊ ယေန - အကြင်အဖသည်၊ ဗာလော - သားငယ်ကို၊ နသိက္ခိတော - အတတ်ပညာသင်၍မပေး၊ သောပိတာ - ထိုအတတ်ပညာသင်၍ မပေးသောအဖသည်၊ ဝေရီ - ရန်သူမည်၏၊ သော - ထိုအတတ်ပညာ မရှိသောသူသည်၊ ဟံသမဇ္ဈေ - သဘင်အလယ်၌၊ နသောဘတိ - မတင့်တယ်၊ တသ္မာ - ထိုသို့အတတ်ကို မသင်စေသောကြောင့်၊ ဝေရီ - ရန်သူမည်၏။
A mother is an enemy, a father is an enemy. Wherefore? Because their offspring, being uneducated in their youth, are as unbecoming in an assembly as cranes among swans.
မိတ်ဆွေ - အကျိုးစီးပွားကို လိုလားဆောင်ရွက်ပေးသူ။
ရန်သူ - အကျိုးစီးပွား ပျက်ပြားအောင် လုပ်တတ်သူ။
၁၉။
ကဏ္ဋကာဂိရိ ကောတိက္ခတိ၊
(ကဏ္ဋကံဂိရိံ) ကော အဉ္စနံ မိဂက္ခိယံ။
ဥပ္ပလဿ ပလ္လလေ ကော သုဂန္ဓံ၊
ကုလပုတ္တရူပေါ ကော ပဝတ္တတိ သမတိဘာဝေါ။
ကဏ္ဋကာဂိရိ - တောင်ချောက်ကြား၌ ရောက်သောဆူးကို၊ ကောတိက္ခတိ - အသူချွန်ထက်စိမ့်သနည်း၊ သမတိဘာဝေါ - မိမိအလိုလို သာလျှင် ထက်ပချေ၏ရှင့်၊ မိဂက္ခိယံ - သမင်တို့၏ မျက်စိ၌၊ ကောအဉ္စနံ - အသူမျက်စဉ်းခတ်၍ ကြည်ပသနည်း၊ သမတိဘာဝေါ - မိမိအလိုသာလျှင် ကြည်ပချေ၏ရှင့်၊ ပလ္လလေ - ညွန်၌၊ ဥပ္ပလဿ - ကြာကို၊ ကောသုဂန္ဓံ - အသူအနံ့ကောင်း ထည့်ပချေသနည်း၊ သမတိဘာဝေါ - မိမိအလိုလိုသာလျှင် အနံ့ကောင်းတုံ၏ရှင့်၊ ကုလ ပုတ္တရူပေါ - အမျိုးကောင်းသားတို့၏ သဘောသည်၊ ကောပဝတ္တတိ - အသူပြု၍ဖြစ်သနည်း၊ သမတိဘာဝေါ - မိမိအလိုလိုသာ ဖြစ်ပချေ၏ရှင့်။
Who gives the point to a mountain thorn? Who gives sight to the eye of a deer or fragrance to a lily in the pond? Who gives to the descendants of a race their disposition? Each comes of itself.
၂၀။
န ရသံ အကောတမ္ဗုလံ၊
အ ဓနဿ လင်္ကတမ္ပိ။
အလောဏကံ တုဗျဉ္စနံ၊
ဗျာကရဏံ အသိပ္ပဿ။
အကောတမ္ဗုလံ - ထုံးမရှိသော ကွမ်းသည်၊ န ရသံ - အရသာမရှိ၊ အဓနဿ - ဥစ္စာမရှိသောသူ၏၊ အလင်္ကတမ္ပိ - တန်ဆာဆင်ခြင်းသည်လည်း၊ န ရသံ - အရသာမရှိ၊ အလောဏကံ - ဆားမပါသော၊ ဗျဉ္စနံတု - စားဖွယ်သည်လည်း၊ နရသံ - အရသာမရှိ၊ အသိပ္ပဿ - အတတ်မရှိသောသူ၏၊ ဗျာကရဏံ - ပျို့ကဗျာဖွဲ့ခြင်းသည်လည်း၊ န ရသံ - အရသာမရှိ။
Flavorless is a betel-leaf without lime and insipid the adornments of one without wealth; tasteless is a curry devoid of salt; senseless the exposition of one without knowledge.
၂၁။
သုဿုသာ သုတ သမ္ပန္နော၊
သုတာ ပညာ ပဝဍ္ဎတိ။
ပညာယ အတ္ထံ ဇာနာတိ၊
အတ္ထော ဉာတော သုခါ ဝဟော။
သုဿုသာ - နာခြင်း မှတ်ခြင်း၌ ကောင်းစွာအားထုတ်သော သူသည်၊ သုတသမ္ပန္နော - သုတနှင့် ပြည့်စုံ၏၊ သုတာ - သုတကြောင့်၊ ပညာ - ပညာသည်၊ ပဝဍ္ဎတိ - ပွား၏၊ ပညာယ - သုတပညာဖြင့်၊ အတ္ထံ - အနက်ကို၊ ဇာနာတိ - သိ၏၊ ဉာတော - သိအပ်သော၊ အတ္ထာ - အနက်သည်၊ သုခါဝဟော - ချမ်းသာကိုဆောင်တတ်၏။
One observant is full of learning; he increases his knowledge; by means of knowledge he understands the meaning: the comprehension of the meaning brings satisfaction.
၂၂။
ဘောဇနံ မေထုနံ နိဒ္ဒါ၊
ဂေါဏေ ပေါသေပိ ဝိဇ္ဇတိ။
ဝိဇ္ဇာ ဝိသေသော ပေါသဿ၊
ဟီနော ဂေါဏသမော ဘဝေ။
လောကေ - လောက၌၊ ဘောဇနံ - အစာစားခြင်းသည်လည်းကောင်း၊ မေထုနံ - မေထုံမှီဝဲခြင်းသည်လည်းကောင်း၊ နိဒ္ဒါ - အိပ်ခြင်းသည် လည်းကောင်း၊ ဂေါဏေပိ - နွား၌လည်းကောင်း၊ ပေါသေပိ - ယောက်ျား၌ လည်းကောင်း၊ ဝိဇ္ဇတိ - ရှိ၏၊ ဝိဇ္ဇာ - အတတ်ပညာသည်ကား၊ ပေါသဿ - ယောက်ျားအား၊ ဝိသေသော - အထူးပေတည်း၊ ဟီနော - အတတ်ပညာမှ ယုတ်ခဲ့မူကား၊ ဂေါဏသမော - နွားနှင့်တူသည်၊ ဘဝေ - ဖြစ်၏။
Food, sexual intercourse, and sleep appertain both to oxen and men; knowledge is peculiar to man; one of a debased intellect is on a level with oxen.
“အမြင်မရှိ၊ အသိကင်းငြား၊ အပျော်အပါးနှင့်၊ အိပ်စားကာမ၊ ဘဝဖျင်းသုန်၊ ဂုဏ်အနှစ်မဲ့၊ အကာပြဲ့သား၊ အကဲ့လုံးလုံး၊ ငှက်ပျောတုံးသို့၊ ပခုံးကြားရောက်၊ ဦးခေါင်းပေါက်လည်း၊ ပေါက်သည့်ဦးခေါင်း၊ မွေးဆောင်းဆောင်းမျှ၊ ဦးခေါင်းချင်းမူ၊ တူကုန်ကမင့်၊ ဉာဏ်နှင့်ဦးခေါင်း၊ လွန်နည်းကောင်း၏”
မန်လည်ဆရာတော်
၂၃။
နတ္တိ ဝိဇ္ဇာ သမံ မိတ္တံ၊
နစ ဗျာဓိ သမော ရိပု။
နစ အတ္ထသမံ ပေမံ၊
နစ ကမ္မသမံ ဗလံ။
လောကေ - လောက၌၊ ဝိဇ္ဇာသမံ - အတတ်နှင့်တူသော၊ မိတ္တံ - အဆွေခင်ပွန်းမည်သည်၊ နတ္ထိ - မရှိ၊ ဗျာဓိသမော - အနာနှင့်တူသော၊ ရိပု - ရန်သူမည်သည်၊ နစအတ္ထိ - မရှိ၊ အတ္ထသမံ - ကိုယ်နှင့်တူသော၊ ပေမံ - ချစ်သောသူမည်သည်၊ နစအတ္ထိ - မရှိ၊ ကမ္မသမံ - ကံနှင့်တူသော၊ ဗလံ - အားမည်သည်၊ နစအတ္ထိ - မရှိ။
Friendship is not equal in value to knowledge; there is no enemy like sickness; no love is equal to self-love; no power equal to moral merit.
၂၄။
ဟံသော မဇ္ဈေ န ကာကာနံ၊
သီဟော ဂုန္နံ န သောဘတေ။
ဂဒြဘ မဇ္ဈေ တုရင်္ဂေါ၊
ဗာလ မဇ္ဈေ န ပဏ္ဍိတော။
လောကေ - လောက၌၊ ဟံသော - ဟင်္သာသည်၊ ကာကာနံ - ကျီးတို့၏၊ မဇ္ဈေ - အလယ်၌၊ နသောဘတေ - မတင့်တယ်၊ သီဟော - ခြင်္သေ့သည်၊ ဂုန္နံ - နွားတို့၏၊ မဇ္ဈေ - အလယ်၌၊ နသောဘတေ - မတင့်တယ်၊ တုရင်္ဂေါ - မြင်းသည်၊ ဂဒြဘမဇ္ဈေ - မြည်းတို့၏ အလယ်၌၊ န သောဘတေ - မတင့်တယ်၊ ဗာလမဇ္ဈေ - လူမိုက်တို့၏အလယ်၌၊ ပဏ္ဍိတော - ပညာရှိသည်၊ နသောဘတေ - မတင့်တယ်။
A swan is out of place among crows, a loin among bulls, a horse in the midst of asses, and a wise man among fools.
၂၅။
ယာဝ ဇီဝမ္ပိ စေ ဗာလော၊
ပဏ္ဍိတံ ပယိရုပါသတိ။
န သော ဓမ္မံ ဝိဇာနာတိ၊
ဒဗ္ဗိ သူပရသံယထာ။
(ဓမ္မပဒ - ဗာလဝဂ်)
ဗာလော - လူမိုက်သည်၊ ယာဝဇီဝမ္ပိ - အသက်ထက်ဆုံးလည်း၊ ပဏ္ဍိတံ - ပညာရှိကို၊ စေပယိရုပါသတိ - အကယ်၍ ဆည်းကပ်ငြားအံ့၊ သော ဗာလော - ထိုသူမိုက်သည်၊ ဓမ္မံ - တရားကို၊ နဝိဇာနာတိ - မသိ၊ ကိမိဝ - အဘယ်ကဲ့သို့ နည်းဟူမူကား၊ ဒဗ္ဗိ - ယောက်မသည်၊ သူပရပံ - ဟင်း၏အရသာကို၊ နဝိဇာ နာတိယထာ - မသိသကဲ့သို့တည်း။
If a fool be attached to a wise man all this life long, he does not know the “Law”, just as a spoon does not know the taste of the curry gravy.
၂၆။
မုဟုတ္တ-မပိ စေ ဝိညူ၊
ပဏ္ဍိတံ ပယိရုပါသတိ။
ခိပ္ပံ ဓမ္မံ ဝိဇာနာတိ၊
ဇိဝှာ သူပရသံ ယထာ။
(ဓမ္မပဒ - ဗာလဝဂ်)
ဝိညူ - ပညာရှိသည်၊ မုဟုတ္တမပိ - တစ်ခဏမျှလည်း၊ ပဏ္ဍိတံ - ပညာရှိကို၊ စေပယိရုပါသတိ - အကယ်၍ဆည်းကပ်ငြားအံ့၊ ခိပ္ပံ - လျင်စွာ၊ ဓမ္မံ - တရားကို၊ ဝိဇာနာတိ - သိ၏၊ ကိမိဝ - အဘယ်ကဲ့သို့နည်းမူကား၊ ဇိဝှာ - လျှာသည်၊ သူပရံသံ - ဟင်း၏အရသာကို၊ ဝိဇာနာတိယထာ - သိသကဲ့သို့တည်း။
If, however, a man of understanding be associated for a short time with one who is wise, he perceives the “Law” just as the tongue the flavor of the curry gravy.
၂၇။
ဝိနာ သတ္ထံ န ဂစ္ဆေယျ၊
သူရော သင်္ဂါမ ဘူမိယံ။
ပဏ္ဍိတွဒ္ဓဂူ ဝါဏိဇော၊
ဝိဒေသ ဂမနော တထာ။
သူရော - ရဲရင့်သောသူသည်၊ သတ္ထံ - လက်နက်ကို၊ ဝိနာ - ကင်း၍၊ သင်္ဂါမဘူမိယံ - စစ်မြေပြင်အရပ်သို့၊ နဂစ္ဆေယျ - မသွားရာ၊ တထာ - ထို့အတူ၊ ပဏ္ဍိတော - ပညာရှိသည်၊ သတ္ထံ - ကျမ်းဂန်ကို၊ ဝိနာ - ကင်း၍၊ နဘာသေယျ - မဆိုရာ၊ အဒ္ဓဂူ - အဓွန့်ရှည်သော ခရီးသို့သွားသော၊ ဝါဏိဇော - ကုန်သည်သည်၊ သတ္ထံ - အဖော်ကို၊ ဝိနာ - ကင်း၍၊ နဂစ္ဆေယျ - မသွားရာ၊ ဝိဒေသဂမနော - အရပ်တပါးသို့ သွားသောသူသည်၊ သတ္ထံ - အဖော်ကို၊ ဝိနာ - ကင်း၍၊ နဂစ္ဆေယျ - မသွားရာ။
A warrior should not go on the battle-field without his weapon, nor does a wise man go about without his book: a travelling merchant and one going to another land should not move without a companion.
၂၈။
ဓန နာသံ မနောတာပံ၊
ဃရေ ဒုစ္စရိတာနိစ။
ဝဉ္စနဉ္စ အဝမာနံ၊
ပဏ္ဍိတော နပကာသယေ။
လောကေ - လောက၌၊ ဓနနာသဉ္စ - ဥစ္စာပျက်ခြင်းကိုလည်းကောင်း၊ မနောတာပဉ္စ - နှလုံးပူပန်ခြင်းကိုလည်းကောင်း၊ ဃရေ - အိမ်၌၊ ဒုစ္စရိတာနိစ - မကောင်းမှုကို ပြုကျင့်ခြင်းတို့ကိုလည်းကောင်း၊ ဝဉ္စနဉ္စ - လှည့်ပတ်ခြင်း ကိုလည်းကောင်း၊ အဝမာနဉ္စ - မထီမဲ့မြင်ပြုခြင်းကိုလည်းကောင်း၊ ပဏ္ဍိတော - ပညာရှိသည်၊ နပကောသယေ - ထင်ရှားမပြရာ။
A wise man should not proclaim the loss of this wealth, the anxiety of his heart, domestic misdeeds, and his deception and disrespect by others.
၂၉။
ပတ္တာနုရူပကံ ဝါကျံ၊
သဘာဝရူပကံ ပိယံ။
အတ္တာနုရူပကံ ကောဓံ၊
ယော ဇာနာတိ သ ပဏ္ဍိတော။
လောကေ - လောက၌၊ ပတ္တာနုရူပကံ - အရေးအခွင့် ရောက်သည်နှင့်လျော်သော၊ ဝါကျံ - စကားကိုလည်းကောင်း၊ သဘာဝရူပကံ - ကိုယ်အားလျောက်ပတ်သော၊ ပိယံ - ချစ်အပ်သောသူကိုလည်းကောင်း၊ အတ္တာနုရူပကံ - ကိုယ်နှင့်တန်ရုံသော၊ ကောဓံ - အမျက်ကိုလည်းကောင်း၊ ယော - အကြင်သူသည်၊ ဇာနာတိ - သိတတ်၏၊ သော - ထိုသူသည်၊ ပဏ္ဍိတော - ပညာရှိမည်၏။
He is a wise man who knows the use of opportune language, who knows of one worthy of his love and what befitting temper is.
၃၀။
အ ဓနဿ ရသံ ခါဒါ၊
အ ဗလဿ ဟတာနရာ။
အ ပညဿ ဝါကျကထာ၊
ဥမ္မတ္တကသမာ ဣမေ။
အ ဓနဿ - ဥစ္စာမရှိဘဲလျက်၊ ရသံ ခါဒါ - အရသာစားကြူးသောသူ၊ အ ဗလဿ - ခွန်အားမရှိဘဲလျက်၊ ယတာနရာ - အသတ်အပုတ် ကြိုက်တတ်သောသူ၊ အပညဿ - ပညာမရှိဘဲလျက်၊ ဝါကျကထာ - စကားလိုလားသောသူ၊ ဣမေ - ဤသူတို့ကား၊ ဥမ္မတ္တကသမာ - သူရူးနှင့်တူကုန်၏။
One without wealth consuming his substance, a weak person engaging in fight, and one withour wisdom taking part in discussions – these are like madmen.
၃၁။
အ နဝှာယံ ဂမယန္တော၊
အ ပုစ္ဆာ ဗဟုဘာသကော။
အတ္တဂုဏံ ပကာသေန္တော၊
တိဝိဓံ ဟိန လက္ခဏံ။
အ နဝှာယံ - သူမခေါ်ဘဲလျက်၊ ဂမယန္တော - သူ့အိမ်သို့သွားဖန်များသောသူ၊ အ ပုစ္ဆာ - သူမမေးဘဲ၊ ဗဟုဘာသကော - များစွာပြောဟောတတ်သူ၊ အတ္တဂုဏံ - မိမိကျေးဇူးကို၊ ပကာသေန္တာ - ပလွှားတတ်သောသူ၊ ဣဒံ တိဝိဒံ - ဤသုံးပါးသည်၊ ဟိန လက္ခဏံ - သူယုတ်တို့၏ လက္ခဏာတည်း။
Going to a place uninvited, speaking much when not questioned, and proclaiming one’s own merits: these three things are the characteristics of baseless.
၃၂။
အပ္ပရူပေါ ဗဟုဘာသော၊
အပ္ပပညော ပကာသကော။
အပ္ပပူရော ဃဋော ခေါဘေ၊
အပ္ပခီရာ ဂါဝီစလေ။
အပ္ပရူပေါ - အဆင်းမလှသောသူသည်၊ ဗဟုသာဘော - စကားများတတ်၏။ အပ္ပပညော - ပညာနည်းသောသူသည်၊ ပကာသကော - ထင်ရှားပြတတ်၏။ အပ္ပပူရော - ရေမပြည့်သော၊ ဃဋော - အိုးသည်၊ ခေါဘေ - ချောက်ချားတတ်၏။ အပ္ပခီရာ - နို့ရည်မထွက်သော၊ ဂါဝီ - နွားမသည်၊ စလေ - ကန်ကျောက်တတ်၏။
One of little beauty speaks a great deal (of his looks); one of little understanding shows off ( a great deal); a jar, not full, causes the water in it to shake; a cow with little milk kicks about.
၃၃။
မဏ္ဍူကေပိ ဥကြေ သီဟေ၊
ကာကဂ္ဂဟေ ပိယေပိယေ။
အ ပဏ္ဍိပိ ပဏ္ဍိဟုတွာ၊
ဓီရာ ပုစ္ဆေ ငယေငယေ။
မဏ္ဍူကေပိ - ဖားသူငယ်သည်၊ ဥကြေ - ဆောင့်ကြောင့်ထိုင်တတ်ကာမူ၊ သီဟေ - ခြင်္သေ့ဟုထင်၏။ ကာကဂ္ဂဟေ - ကျီးတည်းချီမူကား၊ ပိယေပိယေ - ချစ်ဆွေ ချစ်ဆွေဟု မြည်တတ်၏။ အ ပဏ္ဍိပိ - ပညာမရှိသော သူမိုက်သည်လည်း၊ ပဏ္ဍိဟုတွာ - မိမိကိုယ်ကို ပညာရှိဟု ထင်ခြင်းကြောင့်၊ ဓီရာ - ပညာရှိတို့သည်၊ ပုစ္ဆေ - မေးလတ်သော်၊ ငယေငယေ - ငါ့ရှင် ငါ့ရှင်ဟု ချစ်ဖွယ်စကားကို ဆိုတတ်၏။
A frog sitting on its haunches, considers itself a lion; a crow being captured, cries out. “Dear friend! Dear friend!”; when questioned by the wise, an ignorant man, thinking himself wise, exclaims. “My master! My master!.”
၃၄။
မဏ္ဍူကေပိ ဥကြေသီဟေ၊
သူကရေပိ ဥဟေ ဒီပေ။
ဗိဠာရေ သဒိသေ ဗျဂ္ဃေ၊
သဗ္ဗဓီရေ သိပ္ပသမေ။
မဏ္ဍူကေပိ - ဖားသူငယ်သည်လည်း၊ ဥကြေ - ဆောင့်ကြောင့်ထိုင်ခြင်းတူမူကား၊ သီဟေ - ခြင်္သေ့ဟူကောင်းအံ့လော၊ သူကရေပိ - ဝက်သည်လည်း၊ ဥဟေ - အုတ်အုတ်မြည်တတ်ကာမူ၊ ဒီပေ - ကျားသစ်ဟူကောင်းအံ့လော၊ ဗိဠာ ရေပိ - ကြောင်သည်လည်း၊ သဒိသေ - အဆင်းသဏ္ဌာန် တူစေကာမူ၊ ဗျဂ္ဃေ - ကျားဟူကောင်းအံ့လော၊ သဗ္ဗဓီရေ - ခပ်သိမ်းသော ပညာရှိတို့သည်လည်း၊ သိပ္ပသမေ - အတတ်ချင်း တူကောင်းအံ့လော။
Does a frog seated on its haunches become a lion? A hog, grunting, become a leopard? Does a cat, by its similarity to a tiger, become a tiger? Are all wise men alike in knowledge?
၃၅။
န တိတ္တိ ရာဇာ ဓနမှိ၊
ပဏ္ဍိတောပိ သုဘာသိတေ။
စက္ခုပိ ပိယဒဿနေ၊
ဇလေ သာဂရော န တိတ္တိ။
ရာဇာ - မင်းတို့သဘောမည်သည်၊ ဓနမှိ - ဥစ္စာ၌၊ န တိတ္တိ - ရောင့်ရဲခြင်း မရှိ၊ ပဏ္ဍိတောပိ - ပညာရှိသည်လည်း၊ သုဘာသိတေ - စကားကောင်း၌၊ န တိတ္တိ - ရောင့်ရဲခြင်း မရှိ၊ စက္ခုပိ - မျက်စိသည်လည်း၊ ပိယဒဿနေ - ချစ်သူကိုမြင်ခြင်း၌၊ န တိတ္တိ - ရောင့်ရဲခြင်း မရှိ၊ သာဂရော - သမုဒ္ဒရာသည်၊ ဇလေ - ရေ၌၊ န တိတ္တိ - ရောင့်ရဲခြင်း မရှိ။
A king is not satisfied with his wealth, a wise man with well uttered discourse; the eye in seeing a lover; and then sea with its water.
၃၆။
ရူပ ယောဗ္ဗန သမ္ပန္နာ၊
ဝိသာလ ကုလ သမ္ဘဝါ။
ဝိဇ္ဇာ ဟီနာ န သောဘန္တိ၊
နိဂန္ဓာ ဣဝ ကိံသုကာ။
ရူပယောဗ္ဗန သမ္ပန္နာ - အဆင်းအရွယ်နှင့် ပြည့်စုံလျှင်မူလည်း၊ ဝိသာလကုလ သမ္ဘဝါ - ပြန့်ပြောကြွယ်ဝသော အမျိုး၌ ဖြစ်လျှင်မူလည်း၊ ဝိဇ္ဇာဟီနာ - အတတ်ပညာမှ ယုတ်ခဲ့မူကား၊ န သောဘန္တိ - မတင့်တယ်ကုန်၊ ကိံသုကာ - ပေါက်ပန်းတို့သည်၊ နိဂန္ဓာဣဝ - အနံ့မှကင်းကုန်သကဲ့သို့တည်း။
They, who, being of little knowledge, are full of youth and beauty and have noble lineage, do not appear to advantage; like the butea frondosa, they are without fragrance.
၃၇။
ဟီန ပုတ္တော ရာဇာ မစ္စော၊
ဗာလ ပုတ္တောစ ပဏ္ဍိတော။
အ ဓနဿ ဓနံ ဗဟု၊
ပုရိသာနံ န မညထ။
လောကေ - လောက၌၊ ဟီနပုတ္တော - အမျိုးယုတ်သောသူ၏ သားဖြစ်လျက်လည်း၊ ရာဇာမစ္စော - မင်း၏ အမတ်ဖြစ်တတ်၏၊ ဗလပုတ္တောစ - သူမိုက်၏ သားဖြစ်လျက်လည်း၊ ပဏ္ဍိတော - ပညာရှိဖြစ်တတ်၏၊ အဓနဿ - ဥစ္စာမရှိသောသူ၏ သားဖြစ်လျက်လည်း၊ ဓနံ - ဥစ္စာသည်၊ ဗဟု - များတတ်၏၊ တသ္မာ - ထို့ကြောင့်၊ ပုရိသာနံ - ယောက်ျားတို့အား၊ န မညထ - မထီမဲ့မြင် မပြုကုန်ရာ။
The son of a man of low origin becomes a king’s minister, a fool’s son a learned man, a pauper’s son a millionaire; do not, therefore, despise men.
၃၈။
ယော သိဿော သိပ္ပ လောဘေန၊
ဗဟုံ ဂဏှာတိ တံသိပ္ပံ။
မူဂေါဝ သုပိနံ ပဿံ၊
ကထေတုမ္ပိ န ဥဿဟေ။
ယောသိဿော - အကြင်တပည့်သည်၊ သိပ္ပလောဘေန - အတတ်ကိုလိုသဖြင့်၊ ဗဟုံ - အထူးထူး, အပြားပြားများစွာ၊ ဂဏှာတိ - သင်တတ်၏၊ သော သိဿော - ထိုတပည့်သည်၊ တံသိပ္ပံ - ထိုအတတ်ကို၊ သုပိနံ - အိပ်မက်ကို၊ ပဿန္တော - မြင်သော၊ မူဂေါဝ - သူအ,ကဲ့သို့၊ ကထေတုမ္ပိ - ပြန်ဆိုခြင်းငှာလည်း၊ န ဥဿဟေ - မစွမ်းနိုင်ရာ။
A pupil who, by a desire of knowledge, learns of a great deal that knowledge he is unable to reproduce, just as a dump person, seeing a dream, is unable to give utterance to it.
၃၉။
န ဘိဇ္ဇေတုံ ကုမ္ဘကာရော၊
သောဘေတုံ ကုမ္ဘံ ဃဋတိ။
န ခိပေတုံ အပါယေသု၊
သိဿာနံ ဝုဍ္ဎိ ကာရဏာ။
ကုမ္ဘကာရော - အိုးထိန်းသည်သည်၊ ကုမ္ဘံ - အိုးကို၊ ဘိဇ္ဇေတုံ - ကွဲစိမ့်သောငှာ၊ န ဃဋိတိ - မခတ်၊ သောဘေတုံ - တင့်တယ်စိမ့်သောငှာ၊ ဃဋတိ - ခတ်၏၊ အာစရိယော - ဆရာသည်၊ သိဿာနံ - တပည့်တို့အား၊ အပါယေသု - အပါယ်ဆင်းရဲတို့၌၊ ခိပေတုံ - ကျစေခြင်းငှာ၊ န ဃဋတိ - မပုတ်ခတ်၊ ဝုဍ္ဎိကာရဏော - အတတ်ပညာ အစီးအပွားဟူသော အကြောင်းကြောင့်၊ ဃဋတိ - ပုတ်ခတ်၏။
Potter does not strike a pot to break it, but to fashion it; a teacher beats his pupils to increase their knowledge, not to throw them into the states of suffering.
၄၀။
တဂ္ဂရဉ္စ ပလာသေန၊
ယော နရော ဥပနယှတိ။
ပတ္တာပိ သုရဘိံ ဝါယန္တိ၊
ဧဝံ ဓီရူပသေဝနာ။
ယောနရော - အကြင်သူသည်၊ တဂ္ဂရဉ္စ - တောင်ဇလပ်ပန်းကိုလျှင်၊ ပလာသေန - ပေါက်ဖက်နှင့်၊ ဥနယှတိ - ထုပ်၏၊ တဿ - ထိုသူ၏၊ တဂ္ဂရော ဧဝ - တောင်ဇလပ်ပန်းသည်သာလျှင်၊ သုရဘိံ - ကောင်းသော အနံ့ကို၊ ဝါယ တိ - လှိုင်စေသည်ကား၊ န - မဟုတ်၊ ပတ္တာပိ - ပေါက်ဖက်တို့သည်လည်း၊ သုရဘိ - ကောင်းသောအနံ့ကို၊ ဝါယန္တိ - လှိုင်စေကုန်၏၊ ဧဝံ တထာ - ထို့အတူ၊ ဓီ ရူပသေဝနာ - ပညာရှိနှင့် ပေါင်းဖက်မှီဝဲရသော သူတို့ကို၊ ဒဋ္ဌဗ္ဗာ - မှတ်အပ်ကုန်၏။
The man who rolls up the taggara with the palasa leaf finds that a fragrant odor is emitted from the leaf itself; serving the wise produces a similar result.
၄၁။
သဗ္ဘိ ရေဝ သမာသေထ၊
သဗ္ဘိ ကုဗ္ဗေထ သန္တဝံ။
သတံ သဒ္ဓမ္မ မညာယ၊
သေယျော ဟောတိ န ပါပိယော။
သဗ္ဘိရေဝ - သူတော်ကောင်းတို့နှင့် သာလျှင်၊ သမာသေထ - ပေါင်းဖက်ရာ၏၊ သဗ္ဘိ - သူတော်ကောင်းတို့နှင့်၊ သန္တဝံ - ပေါင်းဖက်ခြင်းကို၊ ကုဗ္ဗေထ - ပြုရ၏၊ သတံ - သူတော်ကောင်းတို့၏၊ သဒ္ဓမ္မံ - တရားကို၊ အညာယ - သိ၍၊ သေယျော - မြတ်သည်၊ ဟောတိ - ဖြစ်၏၊ ပါပိယော - သူယုတ်မာသည်၊ နဟောတိ - မဖြစ်။
Associate with the good, form companionship with the righteous; it is good, not bad, knowing the goodly ways of righteous men.
၄၂။
စဇ ဒုဇ္ဇန သံသဂ္ဂံ၊
ဘဇ သာဓု သမာဂမံ။
ကရ ပုည မဟောရတ္တိံ၊
သရ နိစ္စ မနိစ္စတံ။
ဒုဇ္ဇနသံသဂ္ဂံ - သူယုတ်တို့နှင့် ပေါင်းခြင်းကို၊ စဇ-စဇာဟိ - စွန့်လော၊ သာဓုသမာဂမံ - ပေါင်းဖက်အပ်သော သူတော်ကောင်းသို့၊ ဘဇ-ဘဇာဟိ - ဆည်းကပ်လော့၊ အဟောရတ္တိံ - နေ့ညပတ်လုံး၊ ပုညံ - ကောင်းမှုကို၊ ကရ-ကရောဟိ - ပြုလော့၊ အနိစ္စတံ - သင်္ခါရတရားတို့၏ မမြဲသော အဖြစ်ကို၊ နိစ္စံ - အမြဲ၊ သရ-သရာဟိ - အောက်မေ့လော။
Spurn companionship with the wicked, cultivate the society of the virtuous; night and day do what is good; remember always the impermanence of worldly things.
၄၃။
ယထာ ဥဒုမ္ဗရ ပက္ကာ၊
ဗဟိရတ္တကမေဝ စ။
အန္တော ကိမိလ သမ္ပုဏ္ဏာ၊
ဧဝံ ဒုဇ္ဇန ဟဒယာ။
ဥဒုမ္ဗရ ပက္ကာ - ရေသဖန်းသီးမှည့်တို့သည်၊ ဗဟိ - အပ၌၊ ရတ္တကမေဝစ - နီစွာသာလျှင်ကတည်း၊ အန္တော - အတွင်း၌ကား၊ ကိမိလသမ္ပုဏ္ဏာ - ပိုးအတိပြည့်ကုန်သည်၊ ဟောန္တိယထာ - ဖြစ်ကုန်သကဲ့သို့၊ ဧဝံတထာ - ထို့အတူ၊ ဒုဇ္ဇန ဟဒယာ - သူယုတ်တို့၏ နှလုံးတို့သည်၊ ဟောန္တိ - ဖြစ်ကုန်၏။
Just ripe figs, although red outside, are full of worms inside, even so are the hearts of wicked men.
၄၄။
ယထာပိ ပနသပက္ကာ၊
ဗဟိ ကဏ္ဍကမေဝ စ။
အန္တော အမတသမ္ပန္နာ၊
ဧဝံ သုဇန ဟဒယ
ပနသပက္ကာပိ - ပိန္နဲသီးမှည့်တို့သည်ကား၊ ဗဟိ - အပ၌၊ ကဏ္ဍကမေဝစ - ဆူးသာထင်ကုန်၏၊ အန္တော - အတွင်း၌ကား၊ အမတသမ္ပန္နာ - အမြိန်အရသာနှင့် ပြည့်စုံကုန်သည်၊ ဟောန္တိယထာ - ဖြစ်ကုန်သကဲ့သို့၊ ဧဝံတထာ - ထို့အတူ၊ သုဇနဟဒယာ - သူတော်ကောင်းတို့၏ နှလုံးသည်၊ ဟောန္တိ - ဖြစ်ကုန်၏။
But as ripe jacks, although thorny outside, are full of juice inside, even so are the hearts of righteous men.
၄၅။
သုက္ခောပိ စန္ဒနတရု န ဇဟာတိ ဂန္ဓံ၊
နာဂေါ ဂတော နရမုခေ န ဇဟာတိ လီဠံ။
ယန္တာဂတော မဓုရသံ န ဇဟာတိ ဥစ္ဆု၊
ဒုက္ခော ပိ ပဏ္ဍိတဇနော န ဇဟာတိ ဓမ္မံ။
လောကေ - လောက၌၊ စန္ဒနတရု - စန္ဒကူးပင်သည်၊ သုက္ခောပိ - ခြောက်သွေ့သော်လည်း၊ ဂန္ဓံ - အနံ့ကို၊ နဇဟာတိ - မစွန့်၊ နာဂေါ - ဆင်ပြောင်သည်၊ ဂတောပိ - စစ်မြေပြင်သို့ ရောက်သော်လည်း၊ နရမုခေ - လူတို့၏ မျက်မှောက်၌၊ လီဠံ - တင့်တယ်ခြင်းကို၊ နဇဟာတိ - မစွန့်၊ ဥစ္ဆု - ကြံသည်၊ ယန္တဂတောပိ - ယန္တရားစက်၏ အဝသို့ ရောက်သော်လည်း၊ မဓုရသံ - ချိုသောအရသာကို၊ နဇဟာတိ - မစွန့်၊ ပဏ္ဍိတဇနော - ပညာရှိသူတော်ကောင်းသည်၊ ဒုက္ခောပိ - ဆင်းရဲခြင်းသို့ ရောက်သော်လည်း၊ ဓမ္မံ - သူတော်ကောင်းတရားကို၊ နဇဟာတိဧဝ - မစွန့်သလျှင်ကတည်း။
The sandal-tree, being dry, does not part with its odor; an elephant, on the march, ceases not to display its grace in the eye of men; the sugarcane, being brought under a pressing machine, does not dissipate its sweet juice; a wise man even under affliction does not abandon his virtuous conduct.
၄၆။
သီဟော နာမ ဇိဃစ္ဆာပိ၊
ပဏ္ဏာဒီနိ န ခါဒတိ။
သီဟော နာမ ကိသောစာပိ၊
နာဂမံသံ န ခါဒတိ။
သီဟောနာမ - ခြင်္သေ့မည်သည်၊ ဇိဃစ္ဆာပိ - မွတ်သိပ်သော်လည်း၊ ပဏ္ဏာဒီနိ - သစ်ရွက်စသည်တို့ကို၊ န ခါဒတိ - မစား၊ သီဟောနာမ - ခြင်္သေ့မည်သည်ကား၊ ကိသောစာပိ - ကြုံလှီသော်လည်း၊ နာဂမံသံ - ဆင်သားကို၊ နခါ ဒတိ - မစား။
The lion, being hungry, does not eat leaves and the like; even emaciated, he does not eat the flesh of the elephant.
၄၇။
ကုလ ဇာတော ကုလ ပုတ္တော၊
ကုလ ဝံသ သုရက္ခတော။
အတ္တနာ ဒုက္ခ ပတ္တောပိ၊
ဟီနကမ္မံ နကာရယေ။
ကုလဇာတော - မြတ်သော အမျိုး၌ဖြစ်ထသော၊ ကုလဝံသသုရက္ခတော - အမျိုးအနွယ်ကို စောင့်တတ်ထသော၊ ကုလပုတ္တော - အမျိုးကောင်းသားသည်၊ အတ္တနာ - မိမိသည်၊ ဒုက္ခပတ္တောပိ - ဆင်းရဲခြင်းသို့ရောက်သော်လည်း၊ ဟီနကမ္မံ - ယုတ်သောအမှုကို၊ နကာရယေ - မပြုရာ။
A descendent, belonging to a good family, maintains well the family lineage; having of himself fallen in trouble, he should not commit a mean action.
၄၈။
စန္ဒနံ သီတလံ လောကေ၊
တတော စန္ဒံဝ သီတလံ။
စန္ဒန စန္ဒသီတမှာ၊
သာဓု ဝါကျံ သုဘာသိတံ။
လောကေ - လောက၌၊ စန္ဒနံ - စန္ဒကူးသည်၊ သီတလံ - ချမ်းမြေ့စွာ၏၊ တတော - ထိုစန္ဒကူးချမ်းမြေ့သည်ထက်၊ စန္ဒံဝ - လသည်သာလျှင်၊ သီတလံ - ချမ်းမြေ့၏။ စန္ဒန စန္ဒသီတမှာ - စန္ဒကူး၊ လ ချမ်းမြေ့သည်ထက်၊ သုဘာသိတံ - ကောင်းစွာဆိုအပ်သော၊ သာဓုဝါကျံ - သူတော်ကောင်းတို့၏ စကားသည်၊ သီတလံ - ချမ်းမြေ့စွာ၏။
Sandal-wood, in the world, is pleasant; pleasanter is the light of the moon; far pleasanter then sandal-wood and the moon is the well-uttered discourse of the righteous.
၄၉။
ဥဒေတိ ဘာဏု ပစ္ဆိမေ၊
မေရုရာဇာပိ နမတိ။
သီတလံ ယဒိ နရုဂ္ဂိ၊
ပဗ္ဗတဂ္ဂေ စ ဥပ္ပလံ။
ဝိကသေ န ဝိပရိတံ၊
သာဓုဝါစာ ကုဒါစနံ။
ဘာဏု - ရောင်ခြည်တစ်ထောင် အလင်းဆောင်သောနေမင်းသည်၊ ပစ္ဆိမေ - အနောက်မျက်နှာ၌၊ ဥဒေတိ - တက်ရာ၏၊ မေရုရာဇာပိ - မြင်းမိုရ်တောင်မင်းသည်လည်း၊ နမတိ - ညွှတ်ရာ၏၊ ယဒိ - အကယ်မလွဲ၊ နရုဂ္ဂိ - ငရဲမီးသည်၊ သီတလံ - ချမ်းမြေ့ရာ၏၊ ပဗ္ဗတဂ္ဂေ - တောင်ထိပ်၌လည်း၊ ဥပ္ပလံ - ကြာသည်၊ ဝိကသေ - ပွင့်ရာ၏၊ သာဓုဝါစာ - သူတော်ကောင်းတို့၏ စကားသည်၊ ကုဒါစနံ - တစ်ရံတစ်ဆစ်မျှ၊ နဝိပရိတံ - မဖောက်ပြန်ရာ။
Should the sun rise in the west, and Meru, king of mountains, bend, should the fire of hell grow cold and the lily grow on the mountain-top, yet unchangeable will be a good man’s words.
၅၀။
ရုက္ခဿ ဆာယာဝ သုခါ၊
တတော ဉာတိ မာတာ ပိတု။
တတော အာစရိယော ရညော၊
တတော ဗုဒ္ဓဿနေကဓာ။
ရုက္ခဿ - သစ်ပင်၏၊ ဆာယာဝ - အရိပ်သည်လျှင်၊ သုခါ - ချမ်းသာ၏၊ တတော - ထိုသစ်ပင်ရိပ် ချမ်းသာသည်ထက်၊ ဉာတိမာတာပိတု - ဆွေမျိုးမိဘ၏၊ ဆာယာ - အရိပ်သည်၊ သုခါ - ချမ်းသာ၏၊ တတော - ထိုဆွေမျိုးမိဘ၏ အရိပ် ချမ်းသာသည်ထက်၊ အာစရိယော - ဆရာသမား၏ အရိပ်သည်၊ သုခါ - ချမ်းသာ၏၊ တတော - ထိုဆရာသမားအရိပ် ချမ်းသာသည်ထက်၊ ရညော - မင်း၏၊ ဆာယာ - အရိပ်သည်၊ သုခါ - ချမ်းသာ၏၊ တတော - ထိုမင်း၏ အရိပ်ချမ်းသာသည်ထက်၊ ဗုဒ္ဓဿ - မြတ်စွာဘုရား၏၊ ဆာယာ - အရိပ်ဟုဆိုအပ်သော တရားတော်သည်၊ အနေကဓာ - များစွာသော အပြားအားဖြင့်၊ သုခါ - ချမ်းသာ၏။
Pleasant is the shadow of a tree; pleasanter that of a relative, a father, or mother; more pleasant that of a teacher; pleasanter still that of a king; and still more pleasant, in many ways, the shadow of Buddha.
၅၁။
ဘမရာ ပုပ္ဖ မိစ္ဆန္တိ၊
ဂုဏ မိစ္ဆန္တိ သုဇနာ။
မက္ခိတာ ပူတိ မိစ္ဆိန္တိ၊
ဒေါသ မိစ္ဆိန္တိ ဒုဇ္ဇနာ။
ဘမရာ - ပိတုန်းတို့သည်၊ ပုပ္ဖံ - ပန်းကို၊ ဣစ္ဆန္တိ - အလိုရှိကုန်၏၊ သုဇနာ - သူတော်ကောင်းတို့သည်၊ ဂုဏံ - ဂုဏ်ကျေးဇူးကို၊ ဣစ္ဆန္တိ - အလိုရှိကုန်၏၊ မက္ခိတာ - ယင်တို့သည်၊ ပူတိံ - အပုပ်ကို၊ ဣစ္ဆန္တိ - အလိုရှိကုန်၏၊ ဒုဇ္ဇနာ - သူယုတ်တို့သည်၊ ဒေါသံ - အမျက်ကို၊ ဣစ္ဆန္တိ - အလိုရှိကုန်၏။
Bees wish for flowers, good men what is virtuous; flies for what is putrid; bad men for blemishes (in others).
၅၂။
မာတာဟီနဿ ဒုဗ္ဘာသာ၊
ပိတာ ဟီနဿ ဒုက္ကိရိယာ။
ဥဘော မာတာ ပိတာ ဟီနာ၊
ဒုဗ္ဘာသာစ ဒုက္ကိရိယာ။
မာတာဟီနဿ - အမိယုတ်သောသူအား၊ ဒုဗ္ဘာသာ - မကောင်းသော စကားရှိသည်၊ ဟောတိ - ဖြစ်၏။ ပိတာဟီနဿ - အဘယုတ်သောသူအား၊ ဒုက္ကိရိယာ - မကောင်းသော အမူအကျင့်ရှိသည်၊ ဟောတိ - ဖြစ်၏။ ဥဘော မာတာ ပိတာ ဟီနာ - မိဘနှစ်ပါးစုံယုတ်မူကား၊ ဒုဗ္ဘာသာစ - မကောင်းသော စကားရှိသည်လည်း၊ ဟောတိ - ဖြစ်၏၊ ဒုက္ကိရိယာစ - မကောင်းသော အမူအကျင့် ရှိသည်လည်း၊ ဟောတိ - ဖြစ်၏။
Bad is the speech of one who has a vile mother, bad the conduct of one who has a vile father, but he who has a father and mother both vile, his speech as well as his conduct is bad.
၅၃။
မာတာ သေဋ္ဌဿ သုဘာသာ၊
ပိတာ သေဋ္ဌဿ သုကိရိယာ။
ဥဘော မာတာ ပိတာ သေဋ္ဌာ၊
သုဘာသာစ သုကိရိယာ။
မာတာ သေဋ္ဌဿ - အမိမြတ်သောသူအား၊ သုဘာသာ - ကောင်းသောစကားရှိ၏၊ ပိတာ သေဋ္ဌဿ - အဖမြတ်သောသူအား၊ သုကိရိယာ - ကောင်းသော အမူအကျင့်ရှိ၏၊ ဥဘော မာတာပိတာ သေဋ္ဌဿ - မိဘနှစ်ပါးစုံမြတ်မူကား၊ သုဘာသာစ - ကောင်းသောစကားလည်းရှိ၏၊ သုကိရိယာစ - ကောင်းသော အမူအကျင့်လည်းရှိ၏။
Good is the speech of an excellent mother, good is the conduct of one who has an excellent father; but he who has a mother and father both excellent, his speech as well as his conduct is good.
၅၄။
သင်္ဂါမေ သူရ-မိစ္ဆန္တိ၊
မန္တီသု အကုတုဟလံ။
ပိယဉ္စ အန္နပါနေသု၊
အတ္ထေ ဇာတေစ ပဏ္ဍိတံ။ (ရွှေဟင်္သာတောရမူ)
သင်္ဂါမေ - စစ်မြေပြင်အရပ်၌၊ သူရံ - အားစွမ်းမာန်ဝင့် ရဲရင့်သောသူကို၊ ဣစ္ဆန္တိ - အလိုရှိကုန်၏၊ မန္တီသု - သူတစ်ပါးတို့ မကြားမသိမရိပ်မိဖို့ရန် လျှို့ဝှက်တိုင်ပင်ဖွယ်တို့၌၊ အကုတုဟလံ - စကားစောင့်ချုပ် အုတ်အုတ်ကျက်ကျက် မဆူမပွက် တတ်သောသူကို၊ ဣစ္ဆန္တီ - အလိုရှိကြကုန်၏၊ အန္နပါနေသု - မြိန်ရှက်ဖွယ်ရာ ရသာပြည့်တင်း ထမင်းအဖျော်ကောင်းတို့ကို စားရသောအခါ၌၊ ပိယံ - ကြည်ဖြူလေးမြတ် မေတ္တာဓာတ်ဖြင့် ချစ်ခင်အပ်သောသူကို၊ ဣစ္ဆန္တိ - အလိုရှိကြကုန်၏၊ အတ္ထေစ - အနက်သဒ္ဒါ ခဲခက်စွာကြောင့် မေးရာမေးချင့်မေးခွင့် သင့်သော အမှုကိစ္စသည်လည်း၊ ဇာတေ - ဖြစ်လတ်သည်ရှိသော်၊ ပဏ္ဍိတံ - ကျမ်းဂန်ပေစာ လိမ္မာတတ်သိ ပညာရှိသောသူကို၊ ဣစ္ဆန္တိ - အလိုရှိကြကုန်၏။
In battle we need a warrior, in a commotion a counselor, during meals a loved one, a wise man in an emergency.
၅၅။
သုနခေါ သုနခံ ဒိသွာ၊
ဒန္တံ ဒဿေတိ ဟိံသိတုံ။
ဒုဇ္ဇနော သုဇနံ ဒိသွာ၊
ရောသယံ ဟိံသ မိစ္ဆတိ။
သုနခေါ - ခွေးတစ်ကောင်သည်၊ သုနခံ - ခွေးတစ်ကောင်ကို၊ ဒိသွာ - မြင်၍၊ ရောသယံ - ချုပ်ချယ်(ရန်ရှာ)လျက်၊ ဟိံသိတုံ - ညှည်းဆဲအံ့သောငှာ၊ ဒန္တံ - သွားကို၊ ဒဿေတိ - ပြ၏၊ ဒုဇ္ဇနော - သူယုတ်သည်၊ သုဇနံ - သူတော်ကောင်းကို၊ ဒိသွာ - မြင်၍၊ ရောသယံ - ချုပ်ချယ်(ရန်ရှာလျက်)၊ ဟိံသံ - ညှည်းဆဲခြင်းအမှုကို၊ ဣစ္ဆတိ - ပြုခြင်းငှာအလိုရှိ၏။
A dog, seeing a dog, shows its teeth to harm; a bad man, irritable, on seeing a good man, wishes to oppress him.
၅၆။
မာစ ဝေဂေန ကိစ္စာနိ၊
ကရောသိ ကာရာပေသိဝါ။
သဟသာ ကာရိတံ ကမ္မံ၊
မန္ဒော ပစ္ဆာ နုတပ္ပတိ။
ဝေဂေန - လျင်စွာ၊ ကိစ္စာနိ - အမှုကိစ္စဟူသမျှတို့ကို၊ မာစကရောသိ - မိမိလည်းမပြုလင့်၊ မာစကာရောပေသိဝါ - သူတစ်ပါးကိုလည်း မပြုစေလင့်၊ ကမ္မံ - အမှုကို၊ သဟသာ - အဆောတလျင်၊ ကာရိတံ - ပြုမူကား၊ မန္ဒော - ပညာနည်းသောသူသည်၊ ပစ္ဆာ - နောက်မှ၊ အနုတပ္ပတိ - ပူပန်ရတတ်၏။
Do not perform nor cause actions to be performed hastily, a deed done hastily, a foolish man suffers at length.
၅၇။
ကောဓံ ဝိဟိတွာ ကဒါစိ နသောစတိ၊
မက္ခပ္ပဟာနံ ဣသယော ဝဏ္ဏယန္တိ။
သဗ္ဗေသံ ဖရုသဝါစံ ခမထ၊
ဧတံ ခန္တိ မုတ္တမမာဟု သန္တော။
လောကေ - လောက၌၊ ကောဓံ - အမျက်ကို၊ ဝိဟိတွာ - ဖျောက်ဖျက်နိုင်မူကား၊ ကဒါစိ - တစ်ရံတစ်ဆစ်မျှလျှင်၊ န သောစတိ - မစိုးရိမ်ရ၊ မက္ခပ္ပဟာနံ - သူ့ကျေးဇူးကို ဆိုတတ်သောသူကို၊ ဣသယော - ဘုရားစသော သူတော်ကောင်းတို့သည်၊ ဝဏ္ဏယန္တိ - ချီးမွမ်းကုန်၏၊ သဗ္ဗေသံ - ခပ်သိမ်းကုန်သောသူတို့၏၊ ဖရုသဝါစံ - ကြမ်းကြုတ်သော စကားကို၊ ခမထ - သည်းခံကုန်လော့၊ ဧတံခန္တိံ - ဤသို့သော သည်းခံခြင်းကို၊ ဥတ္တမံ - မြတ်၏ ဟူ၍၊ သန္တော - ဘုရားအစရှိသော သူတော်ကောင်းတို့သည်၊ အာဟု - ဆိုကုန်၏။
A person grieves not at all, having put aside anger; the sages praise the abandonment of hypocrisy; bear with the harsh language of all; the righteous say that this forbearance is excellent.
၅၈။
ဒုက္ခော နိဝါသော သမ္ဗာဓေ၊
ဌာနေ အသုစိ သင်္ကတေ။
တတော အရိမှိ အပ္ပိယေ၊
တတောပိ အကတညုနာ။
လောကေ - လောက၌၊ အသုစိသင်္ကတေ - မစင်အတိပြည့်သော၊ သမ္ဗာဓေ - ကျဉ်းမြောင်းသော၊ ဌာနေ - အရပ်၌၊ နိဝါသော - နေရခြင်းသည်၊ ဒုက္ခော - ဆင်းရဲ၏၊ တတော - ထိုထက်၊ အပ္ပိယေ - မချစ်မနှစ်သက်သော၊ အရိမှိ - ရန်သူ့ထံ၌၊ နိဝါသော - နေရခြင်းသည်၊ ဒုက္ခော - ဆင်းရဲ၏၊ တတောပိ - ထိုထက်လည်း၊ အကတညုနာ - သူ့ကျေးဇူးကို မသိတတ်သူနှင့်၊ နိဝါသော - နေရခြင်းသည်၊ ဒုက္ခော - ဆင်းရဲ၏။
Living in a place dirty, circumscribed, and crowded is a hardship; a grater hardship living with an unloving foe; living with one ungrateful is a grater hardship still.
၅၉။
ဩဝါဒေယျ နုသာသေယျ၊
အသပ္ပာ စ နိဝါရယေ။
သတံ ဟိ သော ပိယော ဟောတိ၊
အသတံ ဟောတိ အပ္ပိယော။
ဩဝါဒေယျ - ဆုံးမသင့်သော အရာ၌ဆုံးမရာ၏၊ အနုသာသေယျ - မပြတ်ဆုံးမရာ၏၊ အသပ္ပာစ - ယုတ်မာသော အကျင့်မှလည်း၊ နိဝါရယေ - တားမြစ်ရာ၏၊ ဟိ - ထိုစကားသင့်စွ၊ သော - ထိုဆုံးမတတ်သောသူကို၊ သတံ - သူတော်ကောင်းတို့သည်၊ ပိယော - ချစ်ခင်အပ်သည်၊ ဟောတိ - ဖြစ်၏၊ အသတံ - သူတော်မဟုတ် သူယုတ်တို့သည်၊ အပ္ပိယော - မချစ်ခင်အပ်သည်၊ ဟောတိ - ဖြစ်၏။
A man should admonish in what requires admonition; he should prevent the commission of an evil deed. Such a one is beloved by the good, but disliked by the wicked.
၆၀။
ဥတ္တမတ္တ နိဝါတေန၊
သူရံ ဘေဒေန နိဇ္ဇယေ။
နီစံ အပ္ပက ဒါနေန၊
ဝါယာမေန သမံ ဇယေ။
ဥတ္တမံ - ကိုယ့်ထက်မြတ်သောသူကို၊ အတ္တနိဝါတေန - ကိုယ်ကိုနှိမ့်ချသဖြင့်၊ နိဇ္ဇယေ - အောင်ရာ၏၊ သူရံ - ရဲရင့်သူကို၊ ဘေဒေန - သင်းခွဲသဖြင့်၊ နိဇ္ဇယေ - အောင်ရာ၏၊ နီစံ - ကိုယ့်အောက်နိမ့်သူကို၊ အပ္ပကဒါနေန -တစိုးတစိပေးသဖြင့်၊ နိဇ္ဇယေ - အောင်ရာ၏၊ သမံ - ကိုယ်နှင့်တူသောသူကို၊ ဝါယာမေန - လုံလပြုသဖြင့်၊ နိဇ္ဇယေ - အောင်ရာ၏။
One exalted should be overcome by humility, a warrior by dissension, one lower in position by the bestowal of a small gift, one’s equal by industry.
၆၁။
န ဝိသံ ဝိသ မိစ္ဆာဟု၊
ဓနံ သံဃဿ ဥစ္စတေ။
ဝိသံ ဧကံဝ ဟနတိ၊
သဗ္ဗံ သံဃဿ ဟနတိ။
လောကေ - လောက၌၊ ဝိသံ - အဆိပ်ကို၊ ဝိသံဣတိ - အဆိပ်ဟူ၍၊ နအာဟု - မဆိုကုန်၊ သံဃဿ - သံဃာ၏၊ ဓနံ - ဥစ္စာကို၊ ဝိသံဣတိ - အဆိပ်ဟု ဆိုအပ်၏၊ ဝိသံ - အဆိပ်သည်၊ ဧကံဝ ဟနတိ - တစ်ကြိမ်သာလျှင် သတ်တတ်၏၊ သံဃဿ - သံဃာ၏၊ ဓနံ - ဥစ္စာသည်ကား၊ သဗ္ဗံ - အကြိမ်ကြိမ်အဖန်ဖန်၊ ဟနတိ - သတ်တတ်၏။
A poison, they say, is not a poison, the wealth of the priesthood is said to be a poison; poison kills but once; the wealth of the priesthood kills entirely.
၆၂။
ဇဝေန ဘဒြံ ဇာနန္တိ၊
ဗလိ ဗဒ္ဓဉ္စ ဝါဟေန။
ဒုဟေန ဓေနုံ ဇာနန္တိ၊
ဘာသမာနေန ပဏ္ဍိတံ။ (ရွှေဟင်္သာမူ)
ဇဝေန - လျင်မြန်ခြင်းဖြင့်၊ ဘဒြံ - မြင်းကောင်းကျေးဇူးကို၊ ဇာနန္တိ - သိကုန်၏၊ ဝါဟေန - လေးသောဝန်ကို ရွက်ဆောင်သဖြင့်၊ ဗလိ ဗဒ္ဓံ - နွားကျေးဇူးကို၊ ဇာနန္တိ - သိကုန်၏၊ ဒုဟေန - နို့ညှစ်ခြင်းဖြင့်၊ ဓေနုံ - နို့ထွက်သောနွားမ၏ ကျေးဇူးကို၊ ဇာနန္တိ - သိကုန်၏၊ ဘာသမာနေန - ကြံစည်လျှို့ဝှက်ရာ၌ ပြောဆိုနိုင်ခြင်းဖြင့်၊ ပဏ္ဍိတံ - ပညာရှိ၏ ကျေးဇူးကို၊ ဇာနန္တိ - သိကုန်၏
They know a horse’s worth its speed, the value of oxen by their carrying power, the worth of a cow by its milk-giving capacity, that of a wise man by his speech.
၆၃။
ဓန မပ္ပမ္ပိ သာဓူနံ၊
ကူပေဝါရိဝ နိဿယော။
ဗဟုံအပိ အသာဓူနံ၊
နစ ဝါရိဝ အဏ္ဏာဝေ။
သာဓူနံ - သူတော်ကောင်းတို့၏၊ ဓနံ - ဥစ္စာသည်၊ အပ္ပမ္ပိ - အနည်းငယ်သော်မူလည်း၊ ကူပေ - တွင်း၌၊ ဝါရိဝ - ရေကဲ့သို့၊ နိဿယော - သူတစ်ပါးတို့ မှီခိုရာ၏၊ အသာဓူနံ - သူတော်ကောင်း မဟုတ်သူတို့၏၊ ဓနံ - ဥစ္စာသည်၊ ဗဟုံအပိ - များသော်လည်း၊ အဏ္ဏဝေ - သမုဒ္ဒရာ၌၊ ဝါရိဝ - ရေကဲ့သို့၊ နိစနိဿယော - သောက်ချိုးရာ မှီရာမရ။
The wealth of the virtuous, although scant, is serviceable like the water in a well; that of the bad, though considerable is like the water in the ocean.
၆၄။
အာပံ ပိဝန္တိ နော နဇ္ဇာ၊
ရုက္ခာ ခါဒန္တိ နောဖလံ။
ဝဿန္တိ ကွစိ နောမေဃာ၊
ပရတ္ထာယ သတံဓနံ။
အာပံ - ရေကို၊ နဇ္ဇာ - မြစ်တို့သည်၊ နောပိဝန္တိ - မသောက်ကုန်၊ ရုက္ခာ - သစ်ပင်တို့သည်၊ ဖလံ - အသီးကို၊ နောခါဒန္တိ - မစားကုန်၊ မေဃာ - မိုးတို့သည်၊ ကွစိ - အချို့သောအရပ်၌၊ နောဝဿန္တိ - မရွာကုန်၊ သတံ - သူတော်ကောင်းတို့၏၊ ဓနံ - ဥစ္စာသည်လည်း၊ ပရတ္ထာယ - သူတစ်ပါး၏ အကျိုးငှာသာတည်း။
River do not drink up their water, nor trees eat up their fruit; rain does not fall in some places only; the wealth of the virtuous is for others.
၆၅။
အပ္ပတ္ထေယျံ နပတ္ထေယျ၊
အ စိန္တေယျံ နစိန္တယေ။
ဓမ္မမေဝ သုစိန္တေယျ၊
ကာလံ မောဃံ နဣစ္ဆယေ။
အပ္ပတ္ထေယျံ - မတောင့်တအပ်သည်ကို၊ နပတ္ထေယျ - မတောင့်တရာ၊ အစိန္တေယျံ - မကြံအပ်သည်ကို၊ နစိန္တယေ - မကြံရာ၊ ဓမ္မမေဝ - တရားသဘောနှင့် စပ်လျဉ်းသည်ကိုသာလျှင်၊ သုစိန္တေယျ - ကောင်းစွာကြံရာ၏၊ မောဃံ - အချည်းနှီးသော၊ ကာလံ - ကာလကို၊ နဣစ္ဆယေ - အလိုမရှိရာ။
One should not long for what should not be desired, nor think of what should not be thought; he should think only of what his duty is; he should not wish for unprofitable time.
၆၆။
အစိန္တိတမ္ပိ ဘဝတိ၊
စိန္တိတမ္ပိ ဝိနဿတိ။
န ဟိ စိန္တာမယာ ဘောဂါ၊
ဣတ္ထိယာ ပုရိသဿဝါ။
အစိန္တိတမ္ပိ - မကြံဘဲလျက်လည်း၊ ဘဝတိ - ဖြစ်တတ်၏၊ စိန္တိတမ္ပိ - ကြံသော်လည်း၊ ဝိနဿတိ - ပျက်တတ်၏၊ ဟိ - ထိုစကားသင့်စွ၊ ဣတ္ထိယာဝါ - မိန်းမအားလည်းကောင်း၊ ပုရိသဿဝါ - ယောက်ျားအားလည်းကောင်း၊ ဘောဂါ - စည်းစိမ်တို့သည်၊ နစိန္တာ မယာ - ကြံတိုင်းမပြီးကုန်။
What is not thought of happens; what is thought of comes to naught; riches therefore, for man or woman, are not made by thinking.
၆၇။
အသန္တဿ ပိယော ဟောန္တိ၊
သန္တေ န ကုရုတေ ပိယံ။
အသတံ ဓမ္မံ ရောစေတိ၊
တံ ပရာဘဝတော မုခံ။ (ရွှေဟင်္သာတောရမူ)
အဿ (ပုဂ္ဂလဿ) - ဤသို့ သဘောရှိသော ပုဂ္ဂိုလ်သည်၊ အသန္တော - ကိုယ်နှုတ်နှလုံး မကျင့်သုံး၍ ကျင့်ထုံးလျှပ်ပေါ် မသူတော်တို့ကို၊ ပိယာ - လောဘရမ္မက် အစွန်းထွက်၍ တပ်နှစ်သက်အပ်သည်၊ ဟောန္တိ - ဖြစ်ကုန်၏။ သန္တေ - ကိုယ် နှုတ် နှလုံး စောင့်ထိန်းသုံး၍ နှလုံးဖြူစင် သူတော်ရှင်တို့ကို၊ ပိယံ - မေတ္တာဓာတ်ဖြင့် မပြတ်ချစ်ခင်ခြင်းကို၊ နကုရုတေ - မောဟတွန်းဖျက် ဉာဏ်တုံးချက်ကြောင့် မပြုရက်နိုင်ပေ၊ အသတံ - ကိုယ်နှုတ်နှလုံး စောင့်သုံးမလျော် မသူတော်တို့၏၊ ဓမ္မံ - ကိုယ်နှုတ်စိတ်ပါ ပြုမူရာသဘောကို၊ ရောစေတိ - စရိုက်ထပ်နှောဓာတ်သဘောဖြင့် လိုက်လျောနှစ်သက်၏၊ တဿ - ထိုသို့ သဘောရှိသောပုဂ္ဂိုလ်၏၊ တံ - ထိုသို့ဆိုလတ်ပြအပ်ပြီးသော အမူအကျင့်သည်၊ ပရာဘဝတော - ပစ္စုပ္ပန်သံသရာ နှစ်ဖြာအကျိုး မတိုးမပွား ပျက်ပြားဆုတ်ယုတ်ခြင်း၏၊ မုခံ - အကြောင်းရင်းပေတည်း။
He who has an endearment for a bad man does not love a virtuous one; he delights in the ways of wicked men: that delight to him is the occasion of ruin.
၆၈။
အတိပိယော နကာတဗ္ဗော၊
ခလော ကောတူဟလံ ကရော။
သိရသာ ဝဟမာနောပိ၊
အဍ္ဎပူရော ဃဋော ယထာ
ခလော - သူယုတ်ကို၊ အတိပိယော - အလွန်ချစ်ခင်ခြင်းကို၊ နကာတဗ္ဗော - မပြုအပ်၊ သိရသာ - ဦးခေါင်းဖြင့်၊ ဝဟမာနောပိ - ရွက်ဆောင်အပ်သော်လည်း၊ အဍ္ဎပူရော - မပြည့်သော ရေရှိသော၊ ဃဋောယထာ - အိုးကဲ့သို့၊ ကောတူဟလံ - အုတ်အုတ်ကျက်ကျက်ကို၊ ကရော - ပြုတတ်၏။
A wicked man should not be loved much, being as unstable as jar half-full of water carried alone on the head.
၆၉။
သပ္ပော ဒုဋ္ဌော ခလော ဒုဋ္ဌော၊
သပ္ပော ဒုဋ္ဌတရော ခလော။
မန္တောသဓေဟိ သောသပ္ပော၊
ခလော ကေနုပသမ္မတိ။
သပ္ပော - မြွေသည်၊ ဒုဋ္ဌော - အမျက်လွန်၏၊ ခလော - သူယုတ်သည်လည်း၊ ဒုဋ္ဌော - အမျက်လွန်၏၊ သပ္ပော - မြွေထက်၊ ခလော - သူယုတ်သည်ကား၊ ဒုဋ္ဌောတရော - အမျက်လွန်၏၊ သောသပ္ပော - ထိုမြွေကိုကား၊ မန္တောသဓေဟိ - မန္တရားဆေးဝါးတို့ဖြင့်၊ သမ္မတိ - ငြိမ်းစေနိုင်၏၊ ခလော - သူယုတ်ကိုကား၊ ကေန - အဘယ် မည်သောဆေးဖြင့်၊ ဥပသမ္မတိ - ငြိမ်းစေနိုင်အံ့နည်း။
A snake is harmful; a wicked man is harmful, a wicked man more harmful than a snake; a snake is brought to subjection by charms and drugs. How can a wicked man be subdued?
၇၀။
ယောဗာလော မညတိ ဗာလျံ၊
ပဏ္ဍိတော ဝါပိ တေနသော။
ဗာလောဝ ပဏ္ဍိတမာနီ၊
သဝေဗာလောတိ ဝုစ္စတိ။
ယောဗာလော - အကြင်သူမိုက်သည်၊ ဗာလျံ - မိမိမိုက်သောအဖြစ်ကို၊ မညတိ - သိ၏၊ တေန - ထိုသို့သိခြင်းကြောင့်၊ သောဝါပိ - ထိုသို့မိုက်သူဖြစ်လျက်လည်း၊ ပဏ္ဍိတော - ပညာရှိမည်၏၊ ယောဗာလော - အကြင်သူမိုက်သည်ကား၊ ဗာလောဝ - မိုက်လျက်လျှင်၊ ပဏ္ဍိတမာနီ - မိမိကိုယ်ကို ပညာရှိဟုထင်၏၊ သသော - ထိုသူကိုသာလျှင်၊ ဝေ - စင်စစ်၊ ဗာလောတိ - သူမိုက်ဟူ၍၊ ဝုစ္စတိ - ဆိုအပ်၏။
The fool who knows his ignorance is a wise man on that very account; a fool who deems himself wise, he is called a fool indeed.
၇၁။
မဓူဝ မညတိ ဗာလော၊
ယာဝပါပံ နပစ္စတိ။
ယဒါစ ပစ္စတိ ပါပံ၊
အထဒုက္ခံနိဂစ္ဆတိ။
ဗာလော - သူမိုက်သည်၊ ယာဝ - အကြင်မျှလောက်၊ ပါပံ - မိမိပြုသော မကောင်းမှုသည်၊ နပစ္စတိ - အကျိုးမပေးသေး၊ တာဝ - ထိုမျှလောက်၊ မဓူဝ - ပျားရည်ကဲ့သို့၊ မညတိ - အောက်မေ့တတ်၏၊ ယဒါစ - အကြင်အခါ၌ကား၊ ပါပံ - မိမိပြုသောမကောင်းမှုသည်၊ ပစ္စတိ - အကျိုးပေး၏၊ အထ - ထိုအခါ၌၊ ဒုက္ခံ - ဆင်းရဲခြင်းသို့၊ နိဂစ္ဆတိ - ရောက်၏။
So long his sin does not ripen, a fool considers it as sweet as honey; when his sin ripens, he then undergoes suffering.
၇၂။
နသာဓု ဗလဝါ ဗာလော၊
သဟသာ ဝိန္ဒတေ ဓနံ။
ကာယဿ ဘေဒါ ဒုပ္ပညော၊
နိရယံ သောပပဇ္ဇတိ။
ဗာလော - သူမိုက်သည်၊ ဗလဝါ - ကိုယ်အားရှိမှု၊ နသာဓု - မကောင်း၊ သဟသာ - အနိုင်အထက်၊ ဓနံ - သူ၏ဥစ္စာကို၊ ဝိန္ဒတေ - ရအောင်ယူတတ်၏၊ ဒုပ္ပညော - ပညာနည်းသော၊ သောဗာလော - ထိုသူမိုက်သည်၊ ကာယဿ - ကိုယ်ခန္ဓာ၏၊ ဘေဒါ - ပျက်သည်မှ၊ ပရံ - နောက်၌၊ နိရယံ - ငရဲသို့၊ ဥပပဇ္ဇတိ - ရောက်တတ်၏
It is not good for a foolish man to be strong; he obtains his possession by force: on the dissolution of the body he goes to hell, being of little understanding.
၇၃။
ဃရေ ဒုဋ္ဌော မူသိကောစ၊
ဝနေ ဒုဋ္ဌောစ ဝါနရော။
သကုဏေစ ဒုဋ္ဌော ကာကော၊
နရေ ဒုဋ္ဌောစ ဗြသ္မဏော။
ဃရေ - အိမ်၌၊ ဒုဋ္ဌောစ - ဖျက်ဆီးတတ်သည်ကား၊ မူသိကော - ကြွက်တည်း၊ ဝနေ - တော၌၊ ဒုဋ္ဌောစ - ဖျက်စီးတတ်သည်ကား၊ ဝါနရော - မျောက်တည်း၊ သကုဏေ - ငှက်၌၊ ဒုဋ္ဌောစ - ဖျက်ဆီးတတ်သည်ကား၊ ကာကော - ကျီးတည်း၊ နရေ - လူ၌၊ ဒုဋ္ဌောစ - ဖျက်ဆီးတတ်သည်ကား၊ ဗြဟ္မဏော - ပုဏ္ဏားတည်း။
A mouse is destructive in a house, a monkey in the forest; injurious among birds is the crow, among men a Brahman.
၇၄။
ဒီဃာ ဇာဂရတော ရတ္တိ၊
ဒီဃံ သန္တဿ ယောဇနံ။
ဒီဃော ဗာလာန သံသာရော၊
သဒ္ဓမ္မံ အ ဝိဇာနတံ။
ဇာဂရတော - နိုးကြားသောသူအား၊ ရတ္တိ - ညဉ့်သည်၊ ဒီဃာ - ရှည်၏၊ သန္တဿ - ခရီးပန်းသောသူအား၊ ယောဇနံ - တစ်ယူဇနာခရီးသည်၊ ဒီဃံ - ရှည်၏၊ သဒ္ဓမ္မံ - သူတော်ကောင်းတရားကို၊ အဝိဇာနတံ - မသိကုန်သော၊ ဗာလာနံ - သူမိုက်တို့အား၊ သံသာရော - သံသရာသည်၊ ဒီဃော - ရှည်၏။
The night is long to one awake, a stage to one who is weary; to fools not knowing the true law, transmigration, too, is long.
၇၅။
တိလမတ္တံ ပရေသံဝ၊
အပ္ပဒေါသဉ္စ ပဿတိ။
နာဠိကေရမ္ပိ သဒေါသံ၊
ခလ ဇာတော န ပဿတိ။
ခလေဇာတော - ယုတ်သောသဘောရှိသောသူသည်၊ ပရေသံ - သူတစ်ပါးတို့၏၊ တိလမတ္တံဧဝ - နှမ်းစေ့ ခန့်မျှရှိသော၊ အပ္ပဒေါသဉ္စ - အပ္ပ ဒေါသံ ဧဝ - အနည်းငယ်သော အပြစ်ကိုသာလျှင်၊ ပဿတိ - မြင်တတ်၏၊ နာဠိကေရံ - အုန်းသီးလောက်ရှိသော၊ သဒေါသံပိ - မိမိ၏အပြစ်ကိုကား၊ နပဿတိ - မမြင်တတ်။
One of the vile nature noticed the trivial fault of others though as small as a grain of sesame, but his own fault, as large as a cocoa-nut, he does not see.
၇၆။
နတ္တဒေါသံ ပရေဇညာ၊
ဇညာ ဒေါသံ ပရဿတု။
ဂုယှေ ကုမ္မာဝ င်္အါနိ၊
ပရ ဒေါသဉ္စ လက္ခယေ။
ပဏ္ဍိတော - ပညာရှိသောသူသည်၊ အတ္တဒေါသံ - မိမိအပြစ်ကို၊ ပရေ - သူတစ်ပါးတို့ကို၊ နဇညော - မသိစေရာ၊ ပရဿ - သူတစ်ပါး၏၊ ဒေါသတု - အပြစ်ကိုကား၊ ဇညာ - သိအောင်ပြုရာ၏၊ ကိမိဝ - အဘယ်ကဲ့သို့ နည်းဟူမူကား၊ ကုမ္မာ - လိပ်တို့သည်၊ အင်္ဂါနိ - လက်ခြေဦးခေါင်းတို့ကို၊ ဂုယှန္တိဣဝ - လျှို့ဝှက်ကုန်သကဲ့သို့၊ အတ္တဒေါသံ - မိမိအပြစ်ကို၊ ဂုယှေ - လျှို့ဝှက်ရာ၏၊ ပရဒေါသဉ္စ - သူတစ်ပါး၏ အပြစ်ကိုလည်း၊ လက္ခယေ - မှတ်ရာ၏။
A wise man should not make known his fault to other; he should, however, notice the defects of another; as a tortoise conceals the members of its body, so should he conceal his own blemishes, but discover those of others.
၇၇။
ပဏ္ဍိတဿ ပသံသာယ၊
ဒဏ္ဍော ဗာလေန ဒိယျတေ။
ပဏ္ဍိတံ ပဏ္ဍိတေ နေဝ၊
ဝဏ္ဏိတောဝ သုဝဏ္ဏိတံ။
ဗာလေန - လူမိုက်သည်၊ ပဏ္ဍိတဿ - ပညာရှိသူအား၊ ပသံသာယ - ချီးမွမ်းခြင်းဖြင့်၊ ဒဏ္ဍော - ဒဏ်ကို၊ ဒိယျတေ - ပေးသည်မည်၏၊ ပဏ္ဍိတံ - ပညာရှိကို၊ ပဏ္ဍိတေနေဝ - ပညာရှိသာလျှင်၊ ဝဏ္ဏိတော - ချီးမွမ်းခြင်းသည်၊ သုဝဏ္ဏိတံ - ကောင်းစွာချီးမွမ်းခြင်းမည်၏။
Punishment is awarded to a wise man when praised by a fool, a wise man praised by a wise man is well praised.
၇၈။
လုဒ္ဓံ အတ္တေန ဂဏှေယျ၊
ထဒ္ဓံ အဉ္စလိ ကမ္မုနာ။
ဆန္ဒာ နုဝတ္တိယာ မုဠံ၊
ယထာဘူတေန ပဏ္ဍိတံ။
လုဒ္ဓံ - လိုချင်တပ်မက်ခြင်း ရှိသောသူကို၊ အတ္တေန - တံစိုးလက်ဆောင် ပေးသဖြင့်၊ ဂဏှေယျ - ယူရာ၏၊ ထဒ္ဓံ - မာန်ခက်ထန်သောသူကို၊ အဉ္စလိကမ္မုနာ - လက်အုပ်ချီသဖြင့်၊ ဂဏှေယျ - ယူရာ၏၊ ပဏ္ဍိတံ - ပညာရှိသူကို၊ ယထာ ဘူတေန - အဟုတ်အမှန်ကို ဆိုသဖြင့်၊ ဂဏှေယျ - ယူရာ၏။
One should win over an avaricious person by money, one presumptuous by a salutation, an ignorant man by giving him his way, and a wise one by speaking the truth.
၇၉။
ဟိတကာရော ပရော ဗန္ဓု၊
ဗန္ဓုပိ အဟိတော ပရော။
အ ဟိတော ဒေဟဇော ဗျာဓိ၊
ဟိတံ အရည မောသဓံ။
ဟိတကာရော - စီးပွားဆောင်သည်ရှိသော်၊ ပရောပိ - သူတစ်ပါးသည်လည်း၊ ဗန္ဓု - အဆွေမည်၏၊ အဟိတော - စီးပွားကိုမဆောင်မူ၊ ဗန္ဓုပိ - အဆွေသည်လည်း၊ ပရော - သူတစ်ပါးမည်၏၊ ဗျာဓိ - အနာသည်၊ ဒေဟဇော - ကိုယ်၌ဖြစ်လျက်၊ အဟိတော - စီးပွားကိုမဆောင်လေ၊ ဩသဓံ - ဆေးကား၊ အရညံ - တော၌ဖြစ်လျက်၊ ဟိတံ - စီးပွားကို ဆောင်လေ သလျှင်ကတည်း။
A stranger being a benefactor is a (real) relative; a relative not conferring a benefit is a stranger; a disease, though arising in the body, is not beneficial; a herb from the forest is a boon.
၈၀။
ပရောက္ခေ ဂုဏေ ဟန္တာရံ၊
ပစ္စက္ခေ ပိယဝါဒိနံ။
ဝဇ္ဇေယျ တာဒိသံ မိတ္တံ၊
ဝိသကုမ္ဘေ ယထာ မဓုံ။
ပရောက္ခေ - မျက်ကွယ်၌၊ ဂုဏေဟန္တာရံ - ကျေးဇူးကိုချေတတ်သော၊ ပစ္စေက္ခေ - မျက်မှောက်၌၊ ပိယဝါဒိနံ - ချစ်ဖွယ်သောစကားကို ဆိုတတ်သော၊ တာဒိသံ - ထိုသို့သဘောရှိသော၊ မိတ္တံ - အဆွေခင်ပွန်းကို၊ ဝိသကုမ္ဘေ - အဆိပ်အိုး၌၊ မဓုံ - ပျားကို၊ ဝဇ္ဇေယျယထာ - ကြည်ဉ်ရာသကဲ့သို့၊ ဝဇ္ဇေယျ - ကြဉ်ရာ၏။
A man who injures another’s virtue in his absence, who speaks lovingly in his presence, one would consider such friendship like honey in a pot of poison.
၈၁။
ဓနံ ဟီနေ စဇေ မိတ္တော၊
ပုတ္တ ဒါရာ သဟောဒရော။
ဓနဝန္တေဝ သေဝန္တိ၊
ဓနံ လောကေ မဟာ သခါ။
ဓနဟိနေ - ဥစ္စာတည်း ယုတ်မူကား၊ မိတ္တော - အဆွေခင်ပွန်းသည်၊ စဇေ - စွန့်တတ်၏။ ပုတ္တဒါရာ - သားမယားတို့သည်လည်းကောင်း၊ သဟောဒရာ - ညီသားအစ်ကိုတို့သည်လည်းကောင်း၊ စဇန္တိ - စွန့်တတ်ကုန်၏။ ဓနဝန္တေဝ - ဥစ္စာရှိသောသူတို့ကိုသာလျှင်၊ သေဝန္တိ - မှီဝဲကုန်၏။ တသ္မာ - ထို့ကြောင့်၊ ဓနံ - ဥစ္စာသာလျှင်၊ လောကေ - လောက၌၊ မဟာသခါ - ခင်ပွန်းကြီးတည်း။
In poverty a friend forsakes you; son, and wife, and brothers too forsake you; being rich, they cling to you; wealth in this world is a great friend.
၈၂။
ဇာနေယျ ပေသေန ဘစ္စံ၊
ဗန္ဓဝါပိ ဘယာ ဂတေ။
အပ္ပကာသု တထာမိတ္တံ၊
ဒါရဉ္စ ဝိဘဝက္ခယေ။
လောကေ - လောက၌၊ ဘစ္စံ - ကျွန်သူခစားကို၊ ပေသေန - စေပါးခိုင်းခန့်မှသာလျှင်၊ ဇာနေယျ - ကောင်းမကောင်းကိုသိရာ၏၊ ဗန္ဓဝါပိ - ဆွေမျိုးတို့ကိုလည်း၊ ဘယာဂတေ - ဘေးရောက်သောအခါ၌၊ ဇာနေယျ - သိရာ၏၊ တထာ - ထိုမြို့၊ (ထိုအတူ)၊ မိတ္တံ - အဆွေခင်ပွန်းကို၊ အပ္ပကာသု - ဥစ္စာနည်းသောအခါတို့၌၊ ဇာနေယျ - သိရာ၏။ ဒါရဉ္စ - မယားကိုလည်း၊ ဝိဘဝက္ခယေ - စည်းစိမ်ကုန်မှသာလျှင်၊ ဇာနေယျ - သိရာ၏။
One can know a (good) servant by his taking errands, a relative when danger comes; thus also a friend in times of poverty, and a wife when wealth disappears.
၈၃။
သော ဗန္ဓု ယော ဟိတေ ယုတ္တော၊
ပိတရော ဟောတိ ပေါသကော။
တံ မိတ္တံ ယတ္ထ ဝိဿာသော၊
သာ ဘရိယာစ နိဗ္ဗူတိ။
ယော - အကြင်သူသည်၊ ဟိတေ - အစီးအပွား၌၊ ယုတ္တော - ယှဉ်စေတတ်၏၊ သော - ထိုသူသည်၊ ဗန္ဓု - အဆွေခင်ပွန်းမည်၏၊ ယော - အကြင်သူသည်၊ ပေါသကော - ကျွေးမွေးတတ်သည်၊ ဟောတိ - ဖြစ်၏၊ သော - ထိုသူသည်၊ ပိတရော - မိဘမည်၏၊ ယတ္ထ - အကြင်သူ၌၊ ဝိဿာသော - ချစ်ကျွမ်းဝင်၏၊ တံ - ထိုသူသည်၊ မိတ္တံ - ခင်ပွန်းမည်၏၊ ယတ္ထ - အကြင်သူ၌၊ နိဗ္ဗူတိ - နှလုံးငြိမ်း၏၊ သာ - ထိုသို့ငြိမ်းစေတတ်သော သူသည် (မိန်းမသည်)၊ ဘရိယာ - မယားမည်၏။
He is relative who in prosperity makes you cling to him; he a father who supports you; in whom there is affection, he is a friend; she a wife who pacifies.
၈၄။
န ဝိဿသေ အ မိတ္တဿ၊
မိတ္တဉ္စာပိ န ဝိဿသေ။
ကဒါစိ ကုပ္ပိတေ မိတ္တေ၊
သဗ္ဗဒေါသံ ပကာသတိ။
အမိတ္တဿ - ရန်သူနှင့်လည်း၊ နဝိဿသေ - အကျွမ်းမဝင်ရာ၊ မိတ္တဉ္စပိ - အဆွေခင်ပွန်းနှင့်လည်း၊ နဝိဿသေ - အကျွမ်းမဝင်ရာ၊ ကဒါစိ - တစ်ရံတစ်ခါ၊ မိတ္တေ - အဆွေခင်ပွန်းသည်၊ ကုပ္ပိတေ - အမျက်ထွက်လတ်သော်၊ သဗ္ဗဒေါသံ - ခပ်သိမ်းသောအပြစ်ကို၊ ပကာသတိ - ထင်ရှားပြတတ်၏။
One should confide neither in an enemy nor a friend; when a friend becomes angry he makes known all your faults.
၈၅။
သကိံ ဒုဋ္ဌတိ ယောမိတျာ၊
ပုန သန္ဓိတု မိစ္ဆတိ။
သော မစ္စုံ ဥပဂဏှာတိ၊
ဂဗ္ဘော အဿတရိံယထာ။
ဟော - အကြင်သူသည်၊ မိတျာ - ခင်ပွန်းနှင့်၊ သကိံ - တစ်ကြိမ်၊ ဒုဋ္ဌတိ - အမျက်ထွက်ဖူး၏၊ သော - ထိုသူသည်၊ ပုန - တစ်ဖန်၊ သန္ဓိတုံ - စေ့စပ်ခြင်းငှာ၊ ဣစ္ဆတိ - အလိုရှိငြားအံ့၊ ဂဗ္ဘော - ကိုယ်ဝန်သည်၊ အဿတရိံယထာ - အဿတိုရ်မြင်းကို ဖွားအံ့သော မြင်းမကဲ့သို့၊ မစ္စုံ - သေမင်းနိုင်ငံသို့၊ ဥပဂဏှာတိ - ဆောင်၏။
He who once becomes angry with a friend and wishes to be reconciled, he follows him even unto death, like a mare pregnant with a Tara colt.
၈၆။
ဝဟေ အ မိတ္တံ ခန္ဓေန၊
ယာဝကာလံ အနာဂတံ။
တမေဝ အာဂတေ ကာလေ၊
သေလေ ဘိန္ဒေ ဃဍံဣဝ။
ယာဝ - အကြင်မျှလောက်၊ ကာလံ - မိမိ၏ အကြံကာလသည်၊ အနာဂတံ - မရောက်သေး၊ တာဝ - ထိုရွေ့လောက်၊ အမိတ္တံ - ရန်သူကိုလျှင်၊ ခန္ဓေနံ - ပုခုံးဖြင့်၊ ဝဟေ - ဆောင်ရွက်ရာ၏။ ကာလေ - မိမိ၏ အကြံကာလသည်၊ အာဂတေ - ပြည့်စုံခြင်းသို့ ရောက်လေပြီးသော်၊ တမေဝ - ထိုရန်သူကိုလျှင်၊ သေလေ - ကျောက်၌၊ ဃဍံ - ရွက်ဆောင်သောအိုးကို၊ ဘိန္ဒေ ဣဝ - ခွဲသကဲ့သို့၊ ဘိန္ဒေ - ဖျက်ရာ၏။
Until the time (for vengeance) has not arrived, one might carry his enemy on his shoulders; the time having come, he should break him to pieces like a jar on a rock.
၈၇။
ဣဏသေသော အဂ္ဂိသေသော၊
ရောဂသေသော တထေဝစ။
ပုနပ္ပုနံ ဝိဝဍ္ဎန္တိ၊
တသ္မာ သေသံ နကာရယေ။
ဣဏသေသော - မြီကြွင်း(သည်)လည်းကောင်း၊ အဂ္ဂိသေသော - မီးကြွင်းသည်လည်းကောင်း၊ တထေဝစ - ထို့အတူလျှင်၊ ရောဂသေသော - ရောဂါကြွင်း(သည်)လည်းကောင်း၊ ပုနပ္ပုနံ - အဖန်ဖန်တလဲလဲ၊ ဝိဝဍ္ဎန္တိ - ပွားတတ်ကုန်၏၊ သေသံ - အကြွင်းကို မပြုရာ။
A debt balance as well as a remaining fire increases repeatedly; as also increases remaining enmity; one should, therefore have nothing remaining.
၈၈။
ပဒုမံဝ မုခံ ယဿ၊
ဝါစာ စန္ဒန သီတလာ။
တာဒိသံ နောပသေဝေယျ၊
ဟဒေယေတု ဟလာဟလံ။
ယဿ - အကြင်သူ၏၊ မုခံ - မျက်နှာကား၊ ပဒုမံ - ပဒုမံဣဝ - ပဒုမ္မာကြာကဲ့သို့ရွှင်၏၊ ဝါစာ - ဆိုသောစကားသည်လည်း၊ စန္ဒနသီတလာ - စန္ဒကူးကဲ့သို့ ချမ်းအေးတတ်၏၊ ဟဒယေတု - နှလုံး၌ကား၊ ဟလာဟလံ - လျင်စွာသေစေတတ်သော အဆိပ်ကဲ့သို့ရှိ၏၊ တာဒိသံ - ထိုသို့သဘောရှိသောသူကို၊ နောပသေဝေယျ - မမှီဝဲရာ။
He whose face is like the lotus lily and his speech as cold as sandalwood, one should not associate with such a person, there being poison in his intentions.
၈၉။
နသေဝေ ဖရုသံ သာမိံ၊
နစ သေဝေယျ မစ္ဆရိံ။
တတော အပဂ္ဂဏှံ သာမိံ၊
နေဝ နိဂ္ဂဟိတံ တတော။
ဖရုသံ - ကြမ်းကြုတ်သော၊ သာမိံ - အရှင်ကို၊ နသေဝေ - မမှီဝဲရာ၊ တတော - ထိုထက်၊ မစ္ဆရိံ - ဝန်တိုတတ်သော၊ သာမိံ - အရှင်ကို၊ နစသေဝေယျ - မမှီဝဲရာ၊ တတော - ထိုထက်၊ နိဂ္ဂဟိတံ - နှိပ်စက်တတ်သော၊ သာမိံ - အရှင်ကို၊ နေဝသေယျ - မမှီဝဲရာသာလျှင်ကတည်း။
One should not serve a master, nor one who is niggardly; more so he should not serve one who does not commend, nor one who is an oppressor.
၉၀။
သိင်္ဂီ ပညာသဟတ္တေန၊
သတေန ဝါဇိနံ ဝဇ္ဇေ။
ဟတ္တိံ ဒန္တိံ သဟဿေန၊
ဒေသ စာဂေန ဒုဇ္ဇနံ။
သိင်္ဂီ - ဦးချိုရှိသောသတ္တဝါကို၊ ပညာသဟတ္တေန - အတောင်ငါးဆယ်ရှိသော အရပ်မှ၊ ဝဇ္ဇေ - ရှောင်ရာ၏၊ ဝါဇိနံ - မြင်းကိုကား၊ သတေန - အတောင်တစ်ရာမှ၊ ဝဇ္ဇေ - ရှောင်ရာ၏၊ ဟတ္တိံဒန္တိံ - အစွယ်ရှိသောဆင်ကိုကား၊ သဟဿေန - အတောင်တစ်ထောင်မှလျှင်၊ ဝဇ္ဇေ - ရှောင်ရာ၏၊ ဒုဇ္ဇနံ - သူမကောင်း(လူယုတ်မာ)ကိုကား၊ ဒေသစာဂေန - အရပ်ကိုစွန့်သဖြင့်၊ ဝဇ္ဇေ - ရှောင်ရာ၏။
Horned animals should be avoided at a distance of fifty cubits, horses at a hundred, a tusked elephant at a thousand, a bad man by quitting the place where he resides.
၉၁။
ကုဒေသဉ္စ ကုမိတ္တဉ္စ၊
ကုကုလဉ္စ ကုဗန္ဓဝံ။
ကုဒါရဉ္စ ကုဒါသဉ္စ၊
ဒူရတော ပရိဝဇ္ဇယေ။
ကုဒေသဉ္စ - မကောင်းသော အရပ်ကိုလည်းကောင်း၊ ကုမိတ္တဉ္စ - မကောင်းသော ခင်ပွန်းကိုလည်းကောင်း၊ ကုကုလဉ္စ - မကောင်းသော အမျိုးကိုလည်းကောင်း၊ ကုဗန္ဓဝဉ္စ - မကောင်းသော အဆွေခင်ပွန်းကိုလည်းကောင်း၊ ကုဒါရဉ္စ - မကောင်းသော မယားကိုလည်းကောင်း၊ ကုဒါသဉ္စ - မကောင်းသော ကျွန်ကိုလည်းကောင်း၊ ဒူရတော - ဝေးစွာ၊ ပရိဝဇ္ဇယော - ရှောင်ကြဉ်ရာ၏။
A bad place, a bad friend, a bad family, a bad relative, a bad wife, a bad servant – these should be avoided at a distance.
၉၂။
ရောဂါတုရေ စ ဒုဗ္ဘိက္ခေ၊
ဗျသန စ သတ္တု ဂဟေ။
ရာဇဒွါရေ သုသာနေ စ၊
သခါ တိဋ္ဌာ သုမိတ္တကာ။
ယေသခါ - အကြင်ခင်ပွန်းတို့သည်၊ ရောဂါတုရေစ - အနာနှိပ်စက်သော ကာလ၌လည်းကောင်း၊ ဒုဗ္ဘိက္ခေစ - ငတ်မွတ်ခေါင်းပါးသော ကာလ၌လည်းကောင်း၊ ဗျသနေစ - စည်းစိမ်ပျက်စီးသော ကာလ၌လည်းကောင်း၊ သတ္တုဂဟေ - ရန်သူမိသော ကာလ၌လည်းကောင်း၊ ရဇဒွါရေ - မင်းတို့၏ အိမ်တံခါး၌လည်းကောင်း၊ သုသာနေစ - သုသာန်တစပြင်၌လည်းကောင်း၊ တိဋ္ဌာ - တည်ရပ်ပေကုန်၏၊ တေသခါ - ထိုခင်ပွန်းတို့သည်သာလျှင်၊ သုမိတ္တာ - ခင်ပွန်းကောင်းမည်ကုန်၏။
The friend who stand by you in severe ailment, in time of scarcity, or in misfortune, when captured by an enemy, at a king’s door, or in the charnalhouse, they indeed are good friends.
၉၃။
သီတဝါစော ဗဟုမိတ္တော၊
ဖရုသော အပ္ပမိတ္တကော။
ဥပမံ ဧတ္ထ ဉာတဗ္ဗံ၊
သူရိယ စန္ဒ ရာဇူနံ။
သီတဝါစော - နှုတ်ချိုသော စကားရှိသူသည်၊ ဗဟုမိတ္တော - များသော အဆွေခင်ပွန်း ရှိ၏၊ ဖရုသော - ကြမ်းကြုတ်သောသူသည်၊ အပ္ပမိတ္တကော - နည်းသော အဆွေခင်ပွန်း ရှိ၏၊ သူရိယစန္ဒရာဇူနံ - နေမင်းလမင်းတို့၏၊ ဥပမံ - ဥပမာကို၊ ဧတ္ထ - ဤအရာ၌၊ ဉာတဗ္ဗံ - သိအပ်၏။
One of pleasant speech has many friends one of harsh few friends: in this place the illustration concerning the sun and moon should be remembered.
၉၄။
ကောကိလာနံ သဒ္ဒံရူပံ၊
နာရိရူပံ ပတိဗ္ဗတာ။
ဝိဇ္ဇာ ရူပံ အရူပါနံ၊
ခမာ ရူပံ တပဿိနံ။
ကောကိလာနံ - ဥဩငှက်တို့၏၊ ရူပံ - အဆင်းကား၊ သဒ္ဒံ - အသံလျှင်တည်း၊ နာရိရူပံ - မိန်းမတို့၏ အဆင်းကား၊ ပတိဗ္ဗတာ - လင်ကိုမြတ်နိုးခြင်းတည်း၊ အရူပါနံ - ရုပ်သဏ္ဌာန်မကောင်းသူတို့၏၊ ရူပံ - အဆင်းကား၊ ဝိဇ္ဇာ - အတတ်တည်း၊ တပဿိနံ - ရသေ့ ရဟန်းတို့၏၊ ရူပံ - အဆင်းကား၊ ခမာ - သည်းခံခြင်းတည်း။
The beauty of the cuckoo is its voice; of a woman, her devotedness (to her husband); the beauty of the uncomely is knowledge; that of hermits, forbearance.
၉၅။
ဣတ္ထီနဉ္စ ဓနံ ရူပံ၊
ပုရိသာနံ ဝိဇ္ဇာ ဓနံ။
ဘိက္ခူနဉ္စ ဓနံ သီလံ၊
ရာဇာနဉ္စ ဓနံ ဗလံ။
ဣတ္ထီနံ - မိန်းမတို့၏၊ ဓနံ - ဥစ္စာသည်ကား၊ ရူပံ - အဆင်းတည်း၊ ပုရိသာနံ - ယောက်ျားတို့၏၊ ဓနံ - ဥစ္စာသည်ကား၊ ဝိဇ္ဇာ - အတတ်တည်း၊ ဘိက္ခူနံ - ရဟန်းတို့၏၊ ဓနံ - ဥစ္စာသည်ကား၊ သီလံ - သီလတည်း၊ ရာဇာနံ - မင်းတို့၏၊ ဓနံ - ဥစ္စာသည်ကား၊ ဗလံ - ရဲမက်ဗိုလ်ပါတည်း။
Woman’s wealth is beauty, learning that of men; the wealth of priests is virtue, strength that of kings.
၉၆။
ကိသာ သောဘာဝ တာပသာ၊
ထူလာ သောဘာ စတုပ္ပဒါ။
ပုရိသာစ ဝိဇ္ဇာ သောဘာ၊
ဣတ္ထီ သောဘာဝ သာမိကာ။
တာပသာ - ရသေ့ရဟန်းတို့သည်၊ ကိသာဝ - ကြုံလှီမှသာလျှင်၊ သောဘာ - တင့်တယ်ကုန်၏၊ စတုပ္ပဒါ - အခြေလေးခုရှိသော သတ္တဝါတို့သည်ကား၊ ထူလာဝ - ဆူကုန်မှသာလျှင်၊ သောဘာ - တင့်တယ်ကုန်၏၊ ပုရိသာစ - ယောက်ျားတို့သည်ကား၊ ဝိဇ္ဇာ - အတတ်ပညာရှိကုန်မှသာလျှင်၊ သောဘာ - တင့်တယ်ကုန်၏၊ ဣတ္ထီစ - မိန်းမတို့သည်ကား၊ သာမိကာဝ - လင်ရှိကုန်မှသာလျှင်၊ သောဘာ - တင့်တယ်ကုန်၏။
Hermit, if lean, are becoming; becoming are quadrupeds of corpulent; men, being learned, are becoming; becoming are women having husbands.
၉၇။
ပဉ္စ ရတျာ သုဂန္ဓဗ္ဗာ၊
သတ္တ ရတျာ ဓနုဂ္ဂဟာ။
ဧက မာသာ သုဘရိယာ၊
အဍ္ဎ မာသံ သိဿာ မလာ။
သုဂန္ဓဗ္ဗာ - တတ်လှစွာသော စောင်းသမားသည်၊ ပဉ္စရတျာ - ငါးရက်မျှ စောင်းနှင့်ကင်းမူ၊ မလာ - ပျက်၏၊ ဓနုဂ္ဂဟာ - တတ်လှစွာသော လေးသမားသည်၊ သတ္တရတျာ - ခုနစ်ရက်မျှ လေးနှင့်ကင်းမူ၊ မလာ - ပျက်၏၊ သုဘရိယာ - တော်မှန်လှသော မယားဖြစ်လျှင်မူလည်း၊ ဧကမာသာ - လင်နှင့်တစ်လကင်းမူ၊ မလာ - ပျက်၏၊ သိဿာ - တပည့်တို့သည်၊ အဍ္ဎမာသာ - လခွဲမျှ ဆရာနှင့်ကင်းမူ၊ မလာ - ပျက်၏။
A good musician is ruined in five days, an archer in seven, a good wife in a month, a pupil in half a month.
၉၈။
ဟိံ ရမတိ ပင်၊
ဟင် ရမတိ ပေါက်။
ထီ ရမတိ ပု၊
ခု ရမတိ ဓံ။
ဟိံ - ကျွဲသတ္တဝါသည်၊ ပင် - ရွှံ့ညွန်အိုင်၌၊ ရမတိ - မွေ့လျော်ပျော်ပိုက်၏၊ ဟင် - ဟင်္သာငှက်သည်၊ ပေါက် - ရေကန်ရှိမှသာ၊ ရမတိ - မွေ့လျော်၏၊ ထီ - မိန်းမကား၊ ပု - ယောက်ျားရှိမှသာလျှင်၊ ရမတိ - မွေ့လျော်၏၊ ခု - ရဟန်းကား၊ ဓံ - တရားရှိမှသာလျှင်၊ ရမတိ - မွေ့လျော်၏။
A buffalo delights in mud, a duck in a pond; a woman delights in a husband, a priest in the law.
၉၉။
ဇိဏ္ဏ မန္နံ ပသံသေယျ၊
ဒါရဉ္စ ဂတယောဗ္ဗနံ။
ရဏ ပုနာဂတာ သူရံ၊
သဿဉ္စ ဂေဟမာဂတံ။
အန္နံ - ထမင်းကို၊ ဇိဏ္ဏံ - အစာကြေမှ၊ ပသံသေယျ - ချီးမွမ်းရာ၏၊ ဒါရဉ္စ - မယားကိုလည်း၊ ဂတယောဗ္ဗနံ - အရွယ်လွန်မှ၊ ပသံသေယျ - ချီးမွမ်းရာ၏၊ သူရံ - ရဲမက်ကိုကား၊ ရဏပုနာဂတာ - စစ်အောင်၍ပြန်မှ၊ ပသံသေယျ - ချီးမွမ်းရာ၏၊ သဿံ - ကောက်ကို (ကောက်ပဲသီးနှံ)ကို၊ ဂေဟမာဂတံ - အိမ်သို့ ရောက်မှ၊ ပသံသေယျ - ချီးမွမ်းရာ၏။
One should praise food after digestion, a wife when she has passed her prime, a warrior on his return from battle and corn when it is brought home.
၁၀၀။
ဒွိတရိ ပတိ နာရီစ၊
ဝိဟာရ ဒွိတရိ ဘိက္ခု။
သကုဏော ဒွိတရိ ပါသဉ္စ၊
ကတ မာယာ ဗဟုကရံ။
ဒွိတရိပတိ - နှစ်လင်သုံးလင် ကွာပြီးသော၊ နာရီစ - မိန်းမသည်လည်းကောင်း၊ ဝိဟာရဒွိတရိ - နှစ်ကျောင်းသုံးကျောင်း ပြောင်းပြီးသော၊ ဘိက္ခုစ - ရဟန်းသည်လည်းကောင်း၊ ဒွိတရိပါသံ - ကျော့ကွင်းမှ နှစ်ကြိမ်သုံးကြိမ် လွတ်ပြီးသော၊ သကုဏောစ - ငှက်သည်လည်းကောင်း၊ ကတာမာယာဗဟုကရံ - ပြုအပ်သော မာယာများသလျှင်ကတည်း။
A woman who has had two or three husbands, a priest who has been in two or three monasteries, and a bird two or three times ensnared, are so many instances of practical deceit.
၁၀၁။
ဒုဇ္ဇနံ ပဟရာ ဒန္တိ၊
မိတ္တံ ဒန္တိ အဘာဏိကာ။
ဣတ္ထီနံ ဗျသနာ ဒန္တိ၊
ရာဂီနံ အပ္ပဘောဇနာ။
ဒုဇ္ဇနံ - သူယုတ်ကို၊ ပဟရာ - ပုတ်ခတ်သဖြင့်၊ ဒန္တိ - ယဉ်စေရာ၏၊ မိတ္တံ - မကောင်းသောခင်ပွန်းကို၊ အဘာဏိကာ - စကားဆိုမြဲ မဆိုသဖြင့်၊ ဒန္တိ - ယဉ်စေရာ၏၊ ဣတ္ထီနံ - မကောင်းသောမိန်းမတို့ကို၊ ဗျသနာ - စည်းစိမ်ကို မအပ်နှင့်းသဖြင့်၊ ဒန္တိ - ယဉ်စေရာ၏၊ ရာဂီနံ - အစာ၌တပ်မက်သောသူတို့ကို၊ အပ္ပဘောဇနာ - အစာကိုယုတ်စေသဖြင့်၊ ဒန္တိ - ယဉ်စေရာ၏။
Subjugation comes by beating a wicked man, by not speaking to a bad friend; to woman there is subjugation by misfortune, to the greedy by moderation in food.
၁၀၂။
ရတ္တိ ဝိနာ န စန္ဒိမာ၊
ဝီစိ ဝိနာ စ အဏ္ဏဝါ။
ဟံသ ဝိနာ ပေါက္ခရဏီ၊
ပတိ ဝိနာ ကညာ သောဘေ။
စန္ဒိမာ - လမှ၊ ဝိနာ - ကင်းသော၊ ရတ္တိ - ညသည်၊ နသောဘေ - မတင့်တယ်ရာ၊ ဝီစိဝိနာ - လှိုင်းတံပိုးမှကင်းသော၊ အဏ္ဏဝါစ - သမုဒ္ဒရာသည်လည်း၊ နသောဘေ - မတင့်တယ်ရာ၊ ဟံသဝိနာ - ဟင်္သာမှကင်းသော၊ ပေါက္ခရဏီ - ရေကန်သည်၊ နသောဘေ - မတင့်တယ်ရာ၊ ပတိဝိနာ - လင်မှကင်းသော၊ ကညာ - သတို့သမီးသည်၊ နသောဘေ - မတင့်တယ်ရာ။
The night is not pleasing without the moon, nor the ocean without waves, a pond without ducks, nor a maiden without a husband.
၁၀၃။
ပတိနာ ဇနိတံ ဘောဂံ၊
ဣတ္ထိယာဝ သံဂုတ္တနံ။
ပုရိသောဟိ ပဓာနောဝ၊
ဣတ္ထိ သူစိ သုတ္တံယထာ။
ပတိနာ - လင်သည်သာလျှင်၊ ဘောဂံ - စည်းစိမ်ဥစ္စာကို၊ ဇနိတံ - ဖြစ်စေအပ်၏၊ ဣတ္ထိယာ - မိန်းမမူကား၊ သံဂုတ္တနံဝ - လုံစေသည်သာတည်း၊ ဟိ - ထိုစကားသင့်စွ၊ ပုရိသော - ယောက်ျားသည်သာလျှင်၊ ပဓာနော - ပဓာနတည်း၊ ဣတ္ထိ - မိန်းမကား၊ သူစိသုတ္တံယထာ - အပ်၌ချည်နှင့်သာ တူပါသတည်း။
By a husband is wealth produced; by woman is it preservation; a man is, therefore, the origin; a woman like thread in a needle.
၁၀၄။
သဗ္ဗာနဒီ ဝင်္ကနဒီ၊
သဗ္ဗေ ကဋ္ဌမယာ ဝနာ။
သဗ္ဗိတ္ထိယော ကရေ ပါပံ၊
လဘမာနေ နိဝါတကေ။
သဗ္ဗနဒီ - ခပ်သိမ်းသောမြစ်တို့သည်၊ ဝင်္ကနဒီ - မြစ်ကောက်သာရှိကုန်၏၊ သဗ္ဗေဝနာ - ခပ်သိမ်းသော တောတို့သည်၊ ကဋ္ဌမယာ - ထင်းဖြင့်သာ ပြီးကုန်၏၊ သဗ္ဗေတ္ထိယော - ခပ်သိမ်းသော မိန်းမတို့သည်၊ နိဝါတကေ - ဆိတ်ငြိမ်သော အရပ်ကို၊ လဘမာနေ - ရသည်ရှိသော်၊ ပါပံ - မကောင်းမှုကို၊ ကရေ - ပြုမြဲတည်း။
All rivers are crooked; all forests are made of wood; all women, going into solitude, would to what is evil.
၁၀၅။
ဝိဝါဒသီလိံ ဥဿူယဘာဏိနိံ၊
သမ္ပဿတဏိံ ဗဟုပါကဘုတ္တိနိံ။
အဂ္ဂန္တဘုတ္တိံ ပရဂေဟဝါသိနိံ၊
နာရိံ စဇေ ပုတ္တသတမ္ပိ ပုမာ။
ဝိဝါဒသီလိံ - ရန်ခိုက်တွေ့ကြုံ ငြင်းခုံတတ်သော အလေ့ရှိသော၊ ဥဿူယဘာဏိနိံ - ငြူစူစောင်းမြောင်း ပြောဆိုလေ့ရှိသော၊ သမ္ပဿတဏိံ - မြင်တိုင်းကို တပ်မက်လေ့ရှိသော၊ ဗဟုပါကဘုတ္တိနိံ - များစွာလည်း ချက်၍စားတတ်သော၊ အဂ္ဂန္တဘုတ္တိံ - လင်၏စားဦးစားလေ့ရှိသော၊ ပရဂေဟဝါသိနိံ - သူတစ်ပါး၏ အိမ်သို့သွားတတ်နေတတ်လေ့ရှိသော၊ နာရိံ - မိန်းမကို၊ ပုတ္တသတမ္ပိ - သားတစ်ရာပင် မြင်ငြားသော်လည်း၊ ပုမာ - ယောက်ျားသည်၊ စဇေ - စွန့်ပစ်ရာ၏။
A woman of contentious disposition or one using deprecatory language; one who, seeing a thing, has a desire to have it, who cooks and eats often, who eats before her husband, who lives in another’s house – such a woman, even if she has a hundred sons, is shunned by men.
၁၀၆။
ဘုတ္တေသု မဏ္ဍေသု ဇနနီဝ ကန္တိနီ၊
ဂုယှေစ ဌာနေ ဘဂိနီဝ ဟိရိဏီ။
ကမ္မေသု ပတ္တေသု ကရောတိ ဒါသီဝ၊
ဘယေသု မန္တိ သယနေသု ရာမယေ။
ရူပီသု သိက္ခာ ကုပ္ပနေသု ခန္တိနီ၊
သာနာရီ သေဋ္ဌာတိ ဝဒန္တိ ပဏ္ဍိတာ။
ကာယဿ ဘေဒါစ ဒိဝေဘဝေယျ။ (ရွှေဟင်္သာတောရမူ)
ယာနာရီ - အကြင်မိန်းမသည်၊ ဘုတ္တေသုစ - စားသောအခါတို့၌လည်းကောင်း၊ မဏ္ဍေသုစ - ဝတ်ဆင်သောအခါတို့၌လည်းကောင်း၊ ဇနနီဝ - အမိကဲ့သို့၊ ကန္တိနီ - နှစ်သက်ဖွယ်ပြုပြင်ပေးတတ်၏၊ ဂုယှေ - လျှို့ဝှက်အပ်သော၊ ဌာနေ - အမှုလုပ်သောအခါ၌၊ ဘဂိနီဝ - နှမကဲ့သို့၊ ဟိရိဏီ - လွန်စွာ ရှက်တတ်၏၊ ကမ္မေသု - အမှုလုပ်သောအခါတို့၌လည်းကောင်း၊ ပတ္တေသု - လင်၏ အပါးသို့ သွားသောအခါတို့၌ လည်းကောင်း၊ ဒါသီဝ - ကျွန်မကဲ့သို့၊ ကရောတိ - ရိုသေတတ်၏၊ ဘယေသု - ဘေးရှိသော အခါတို့၌၊ မန္တီ - တိုင်ပင်ဖက်ရ၏၊ သယနေသု - အိပ်သောအခါတို့၌၊ ရာမယေ - မွေ့လျော်စေတတ်၏၊ ရူပီသု - အရောင်အဆင်းကို ပြုပြင်ခြင်းတို့၌၊ သိက္ခာ - တင့်တယ်စွာ ပြုတတ်၏၊ ကုပ္ပနေသု - အမျက်ထွက်သောအခါတို့၌၊ ခန္တိနီ - သည်းခံတတ်၏၊ သာနာရီ - ထိုမိန်းမကို၊ သေဋ္ဌာတိ - မြတ်၏ဟူ၍၊ ပဏ္ဍိတာ - ပညာရှိတို့သည်၊ ဝဒန္တိ - ဆိုကုန်၏၊ သာနာရီ - ထိုမိန်းမသည်၊ ကာယဿဘေဒါစ - သေသည်၏ အခြားမဲ့၌လည်း၊ ဒိဝေ - နတ်ပြည်၌၊ ဘဝေယျ - ဖြစ်ရာ၏။
The woman who, during meals and in her adornments, delights like a mother, who in things that should be concealed is bashful like a sister, who during business and when approaching her husband is respectful like a slave, in danger is deliberative, in sleep affords delight, in appearance is becoming, in moment of anger forbearing – such a woman, say the wise, is most excellent; such a woman on the dissolution of her body will assuredly have a place in heaven.
၁၀၇။
သာမာ မိဂက္ခီ တနုမဇ္ဈဂတ္တာ၊
သူရူ သုကေသီ သမပန္တိဒန္တိ။
ဂမ္ဘီရနာဘီ ယုဝတီ သုသိလီ၊
ဟီနကုလေသု ဇာတာပိ ဝိဝါဟေ။
ယာယုဝတီ - အကြင်မိန်းမသည်၊ သာမာ - ရွှေသော အသားအရေလည်းရှိ၏၊ မိဂက္ခီ - သမင်မျက်စိကဲ့သို့ ညိုသောမျက်စိလည်းရှိ၏၊ တနုမဇ္ဈဂတ္တာ - ခါးစည်းတင်ကျယ် ငယ်သောဝမ်းလည်းရှိ၏၊ သူရူ - ဆင်နှာမောင်းကဲ့သို့ သွယ်သောပေါင်တံရှိ၏၊ သုကေသီ - ရှည်လျားကောင်းမွန်သော ဆံပင်လည်းရှိ၏၊ သမပန္တိဒန္တိ - ညီညွတ်သော သွားလည်းရှိ၏၊ ဂမ္ဘီရနာဘီ - နက်သောချက်လည်းရှိ၏၊ သုသိလီ - ကောင်းသော ကိုယ်ကျင့်တရားလည်း ရှိ၏၊ သာယုဝတီ - ထိုသို့သော မိန်းမငယ်ကို၊ ဟီနကုလေသု - ယုတ်သောအမျိုး၌၊ ဇာတာပိ - ဖြစ်သော်လည်း၊ တံ - ထိုမိန်းမပျိုကို၊ ဝိဝါဟေ - ထိမ်းမြားဆက်ဆံရာ၏။
A youthful woman who is blonde, has deer-like eyes and slender parts, fine hair and even teeth, and is well-conducted-she, though she be in a wicked family, is sure to be taken to wife.
၁၀၈။
သရဒံရတု ကာလာနံ၊
ဘရိယာနံ ရူပဝတီ။
ဇေဋ္ဌော ပဓာနံ ပုတ္တာနံ၊
ဒိသာနံ ဥတြပ္ပဓာနံ။ (မူကွဲ - ဥတ္တရာ ဒိသာ။)
ကာလာနံ - ကာလတို့တွင်၊ သရဒံရတု - တန်ဆောင်မုန်းလ သရဒဥတုသည်၊ ပဓာနံ - မြတ်၏၊ ဘရိယာနံ - မယားတို့တွင်၊ ရူပဝတီ - အဆင်းလှသော မိန်းမသည်၊ ပဓာနံ - မြတ်၏၊ ပုတ္တာနံ - သားတို့တွင်၊ ဇေဋ္ဌော - သားကြီးသည်၊ ပဓာနံ - မြတ်၏၊ ဒိသာနံ - အရပ်မျက်နှာတို့တွင်၊ ဥတ္တရဒိသာ - မြောက်အရပ်သည်၊ ပဓာနံ - မြတ်၏။
Of all seasons, autumn is the best; of all wives, she who is beautiful; of sons, the eldest is the best; of all directions, the north.
၁၀၉။
ယာဣစ္ဆေ ပေါရိသံ နာရီ၊
ဇာတိံ ဇာတိံ ပုနပ္ပုနံ။
သာမိကံ အပစာယေယျ၊
ဣန္ဒံဝ ပါရိစာရိကာ။
ယာနာရီ - အကြင်မိန်းမသည်၊ ဇာတိံ ဇာတိံ - ဖြစ်တိုင်း ဖြစ်တိုင်း၊ ပုနပ္ပုနံ - အဖန်တလဲလဲ၊ ပေါရိသံ - ယောက်ျားအဖြစ်ကို၊ ဣစ္ဆေ - အလိုရှိငြားအံ့၊ သာနာရီ - ထိုမိန်းမသည်၊ ပါရိစာရိကာ - သိကြားမင်း၏မယားသည်၊ ဣန္ဒံ - သိကြားမင်းကို၊ အပစာယတိဣဝ - အရိုအသေလုပ်ကျွေးသကဲ့သို့၊ သာမိကံ - လင်ကို၊ အပစာယေယျ - အရိုအသေလုပ်ကျွေးရာ၏။
Whatever woman should wish to be a man being repeatedly in every existence, she should cherish her husbands as Paricarika cherished Inda.
၁၁၀။
ယော ဣစ္ဆေ ပေါရိသံ ပေါသော၊
ဇာတိံ ဇာတိံ ပုနပ္ပုနံ။
ပရဒါရံ ဝိဝဇ္ဇေယျ၊
ဓောတပါဒေါဝ ကဒ္ဒမံ။
ယောပေါသော - အကြင်ယောက်ျားသည်၊ ဇာတိံ ဇာတိံ - ဖြစ်တိုင်း ဖြစ်တိုင်း၊ ပုနပ္ပုနံ - အဖန်တလဲလဲ၊ ပေါရိသံ - ယောက်ျား၏အဖြစ်ကို၊ ဣစ္ဆေ - အလိုရှိငြားအံ့၊ သောပေါသော - ထိုယောက်ျားသည်၊ ပရဒါရံ - သူတစ်ပါး၏မယားကို၊ ဓောတပါဒေါ - ခြေဆေးပြီးသော ယောက်ျားသည်၊ ကဒ္ဒမံ - ညွန်ကို၊ ဝိဝဇ္ဇေတိယထာ - ကြဉ်သကဲ့သို့၊ ဝိဝဇ္ဇေယျ - ရှောင်ကြဉ်ရာ၏။
Whatever man should wish to be a man repeatedly in every existence, he should shun another’s wife just as one washing another’s foot shuns the filth (that comes from it).
၁၁၁။
အတိမဟလ္လကော ပေါသော၊
အာနေတိ တိမ္ဗရုတ္ထနိံ။
တဿာ ဣဿာ နသဒ္ဒဟတိ၊
တံ ပရာဘဝတော မုခံ။
အတိမဟလ္လကော - အရွယ်လွန်ပြီးသော၊ ပေါသော - ယောက်ျားသည်၊ တိမ္ဗရုတ္ထနိံ - တည်သီးမျှငယ်သော သားမြတ်ရှိသော၊ ယုဝတိံ - မိန်းမပျိုကို၊ အာနေတိ - ယူဆောင်သိမ်းဆည်း၏၊ တဿာ - ထိုမိန်းမပျိုအား၊ ဣဿာ - မိမိအလိုရှိရာ မပါသည်ဖြစ်၍ စောင်းမြောင်းငြူစူတတ်၏၊ နသဒ္ဒဟတိ - လင်အို တစ်ယောက်၌သာ မွေ့လျော်လတ္တံ့ဟု မယုံကြည်၊ ဣတိတသ္မာ - ထို့ကြောင့်၊ တံ - ထိုငယ်သောမယားကို သိမ်းဆည်းခြင်းသည်၊ ပရာဘဝတော - ပျက်စီးအံ့သည်၏၊ မုခံ - အကြောင်းတည်း။
An old man provided himself with a young wife with breasts like the tinduka fruit. Her desire is not gratified: this is the cause of ruin.
၁၁၂။
ဧကယာမံ သယေ ရာဇာ၊
ဒွိယာမညေဝ ပဏ္ဍိတော။
ဃရာဝါသော တိယာမောဝ၊
စတုယာမောတု ယာစကော။
ရာဇာ - မင်းကား၊ ဧကမာယံ - တစ်ယံသာ၊ သယေ - အိပ်ရာ၏၊ ပဏ္ဍိတော - ပညာရှိကား၊ ဒွိယာမညေဝ - နှစ်ယံသာလျှင်၊ သယေ - အိပ်ရာ၏၊ ဃရာဝါသော - အိမ်ရာထောင်သော လူအပေါင်းတို့ကား၊ တိယာမောဝ - သုံးယုံသာလျှင်၊ သယေ - အိပ်ရာ၏၊ ယာစကော - ဖုန်းတောင်း ယာစကာကား၊ စတုယာမောဝ - လေးယံလုံးသာလျှင်၊ သယေ - အိပ်ရာ၏။
A king should sleep during the period of one watch, a wise man two, a householder three watches, a beggar during four.
၁၁၃။
ဓနဝါ သုတိဝါ ရာဇာ၊
နဒီ ဝဇ္ဇော စိမေပဉ္စ။
ယတ္ထ ဒေသေ န ဝိဇ္ဇန္တိ၊
န တတ္ထ ဒိဝသံ ဝသေ။
ယတ္ထဒေသေ - အကြင်အရပ်၌၊ ဓနဝါ - ဥစ္စာရှိသော သူလည်းကောင်း၊ သုတိဝါ - အကြားအမြင်များသော ပညာရှိလည်းကောင်း၊ ရာဇာ - မင်းလည်းကောင်း၊ နဒီ - မြစ်လည်းကောင်း၊ တထာ - ထိုမြို့၊ ဝိဇ္ဇော - ဆေးသမားလည်းကောင်း၊ ဣမေပဉ္စ - ဤငါးပါးတို့သည်၊ နဝိဇ္ဇန္တိ - မရှိကုန်၊ တတ္ထ - ထိုအရပ်၌၊ ဒိဝသံ - တစ်နေ့တစ်ရက်မျှ၊ နဝသေ - မနေရာ။
In whatever place these five-man of wealth, a man of learning, a king, a river, and likewise a doctor are not to be found, there a man should not live for even a day.
၁၁၄။
ယသ္မိံပဒေသေ န မာနော၊
န ပေမံ နစဗန္ဓဝါ။
နစ ဝိဇ္ဇာဂမောကောစိ၊
န တတ္ထ ဒိဝသံ ဝသေ။
ယသ္မိံပဒေသေ - အကြင်အရပ်၌၊ န မာနော - မြတ်နိုးခြင်းလည်းမရှိပေ၊ န ပေမံ - ချစ်ခြင်းလည်းမရှိ၊ န စ ဗန္ဓဝါ - အဆွေခင်ပွန်းလည်းမရှိ၊ ကောစိ - တစ်စုံတစ်ယောက်မျှ၊ န စ ဝိဇ္ဇာဂမော - အတတ်ပညာ သင်စိမ့်သော သူလည်းမရှိ၊ တတ္ထပဒေသေ - ထိုအရပ်၌၊ ဒိဝသံ - တစ်နေ့တစ်ရက်မျှ၊ နဝသေ - မနေရာ။
Wherever respect, love, relative, and a learned man are not to be found, there a man should not reside for even a day.
၁၁၅။
ပုတ္တကံ ဃရံ သုညံ၊
ရဋ္ဌံ သုညံ အရာဇကံ။
အ သိပ္ပဿ မုခံ သုညံ၊
သဗ္ဗ သုညံ ဒလိဒ္ဒကံ။
လောကေ - လောက၌၊ အပုတ္တကံ - သားမရှိသော၊ ဃရံ - အိမ်သည်၊ သုညံ - ဆိတ်ငြိမ်၏၊ အရာဇကံ - မင်းမရှိသော၊ ရဋ္ဌံ - တိုင်းပြည်သည်၊ သုညံ - ဆိတ်ငြိမ်၏၊ အသိပ္ပဿ - အတတ်မရှိသောသူ၏၊ မုခံ - ခံတွင်းသည်၊ သုညံ - ဆိတ်ငြိမ်၏၊ ဒလိဒ္ဒကံ - ဆင်းရဲခြင်းကား၊ သဗ္ဗသုညံ - အလုံးစုံဆိတ်ငြိမ်၏။
Dreary is a sonless home; dreary a kingdom without a king; the utterance of an illiterate man; dreary, altogether, that of a needy one.
၁၁၆။
ဓနမိစ္ဆေ ဝါဏိဇ္ဇေယျ၊
ဝိဒမိစ္ဆေ ဘဇေသုတံ။ (ဝါဏိဇ္ဇံ ၊ ဝိဇ္ဇမိစ္ဆေ - လည်းရှိ)
ပုတ္တမိစ္ဆေ တရုဏိတ္တိံ၊
ရာဇာမစ္စံ ဣစ္ဆာဂတေ။ (ဝသံ ဂမေ - ဟုလည်းရှိ)
ဓနံ - ဥစ္စာကို၊ ဣစ္ဆေ - အလိုရှိငြားအံ့၊ ဝါဏိဇ္ဇေယျ - ကုန်သွယ်ရာ၏၊ ဝိဒံ - အတတ်ကို၊ ဣစ္ဆေ - အလိုရှိမူကား၊ သုတံ - အကြားအမြင်ရှိသော ပုဂ္ဂိုလ်ကို၊ ဘဇေ - ဆည်းကပ်ရာ၏၊ ပုတ္တံ - သားကို၊ ဣစ္ဆေ - အလိုရှိမူကား၊ တရုဏိတ္တိံ - မိန်းမငယ်ကို၊ ဝသေ - ပေါင်းဖော်ရာ၏၊ ရာဇာမစ္စံ - မင်းအမတ်ဖြစ်ခြင်းကို၊ ဣစ္ဆေ - အလိုရှိမူကား၊ ဣစ္ဆာဂတေ - မင်းအလိုသို့လိုက်ရာ၏။
A man should trade if he desire wealth, if he desire knowledge, he should serve a learned man; if he wants a child, he should establish a young woman (in his house); should he wish to be a king’s minister, he ought to comply with the king’s behests.
၁၁၇။
နဋ္ဌော ယတိ အသန္တုဋ္ဌော၊
မဟီပတိ စ သန္တုဋ္ဌော။
နဋ္ဌာ လဇ္ဇာ စ ဂဏိကာ၊
နိလ္လဇ္ဇာ စ ကုလဓီတာ။
ယတိ - ရဟန်းသည်၊ အသန္တုဋ္ဌော - မရောင့်ရဲမူ၊ နဋ္ဌော - ပျက်၏၊ မဟီပတိစ - မြေကြီးသေဌ်နင်း ပြည့်ရှင်မင်းသည်လည်း၊ သန္တုဋ္ဌော - ရောင့်ရဲတတ်မူ၊ နဋ္ဌော - ပျက်၏၊ ဂဏိကာ - ပြည့်တန်ဆာမသည်၊ လဇ္ဇာ - ရှက်တတ်မူ၊ နဋ္ဌာ - ပျက်၏၊ ကုလဓီတာ - အမျိုးကောင်းသမီးသည်၊ နိလ္လဇ္ဇာ - မရှက်တတ်မူ၊ နဋ္ဌာ - ပျက်၏။
A priest is ruined if discontented, an emperor if satisfied, a harlot being ashamed is ruined, and ruined is a daughter of good lineage if not ashamed.
၁၁၈။
ပက္ခီနံ ဗလ အာကာသော၊
မစ္ဆာန မုဒကံ ဗလံ။
ဒုဗ္ဗလဿ ဗလံ ရာဇာ၊
ကုမာရာနံ ရုဒံ ဗလံ။
ပက္ခီနံ - ငှက်တို့၏၊ ဗလံ - အားကား၊ အာကာသော - ကောင်းကင်တည်း၊ မစ္ဆာနံ - ငှက်တို့၏၊ ဗလံ - အားကား၊ ဥဒကံ - ရေတည်း၊ ဒုဗ္ဗလဿ - အားနည်းသောသူ၏၊ ဗလံ - အားကား၊ ရာဇာ - မင်းတည်း၊ ကုမာရာနံ - သူငယ်တို့၏၊ ဗလံ - အားကား၊ ရုဒံ - ငိုခြင်းတည်း။
The strength of birds lies in air, that of fish in water; the strength of the helpless is in a king, of children in tears.
၁၁၉။
ခမာ ဇာဂရိ ယုဋ္ဌာနံ၊
သံဝိဘာဂေါ ဒယိက္ခဏာ။
နာယကဿ ဂုဏောဧတေ၊
ဣစ္ဆိတဗ္ဗာ သတံဂုဏာ။
ခမာ - သည်းခံခြင်း လည်းကောင်း၊ ဇာဂရိယံ - နိုးကြားခြင်းလည်းကောင်း၊ ဥဋ္ဌာနံ - ထကြွလုံ့လရှိခြင်း လည်းကောင်း၊ သံဝိဘာဂေါ - ဝေဖန်ခွဲခြမ်းပေးကမ်းခြင်း လည်းကောင်း၊ ဒယာ - သနားခြင်း လည်းကောင်း၊ ဣက္ခဏာ - မြော်မြင်ခြင်း လည်းကောင်း၊ ဧတေ - ဤခြောက်ပါးတို့ကား၊ နာယကဿ - လူကြီးမိဘအစိုးရ၏၊ ဂုဏာ - ဂုဏ်ကျေးဇူးတို့တည်း၊ သတံ - သူတော်ကောင်းတို့၏၊ ဣစ္ဆိတဗ္ဗာ - အလိုရှိအပ်ကုန်သော၊ ဂုဏာ - ဂုဏ်ကျေးဇူးတို့တည်း။
Patience, vigilance, and industry, liberality, compassion, and hope – these are the qualities of a leader, these the qualities that should be wished for by the righteous.
၁၂၀။
သကိံ ဝဒန္တိ ရာဇာနော၊
သကိံ သမဏဗြာဟ္မဏော။
သကိံ သပ္ပုရိသာ လောကေ၊
ဧသ ဓမ္မော သနန္တနော။
လောကေ - လောက၌၊ ရာဇာနော - မင်းတို့သည်၊ သကိံ - တစ်ကြိမ်သာ၊ ဝဒန္တိ - ဆိုကုန်၏၊ သမဏဗြာဟ္မဏာ - ရဟန်းပုဏ္ဏားတို့သည်၊ သကိံ - တစ်ကြိမ်သာ၊ ဝဒန္တိ - ဆိုကုန်၏၊ သပ္ပုရိသာ - ဘုရားအစရှိသော သူတော်ကောင်းတို့သည်၊ သကိံ - တစ်ကြိမ်သာ၊ ဝဒန္တိ - ဆိုကုန်၏၊ ဧသဧသောဓမ္မော - ဤသို့သော သဘောတရားသည်၊ သနန္တနော - ရှေးသူတော်ကောင်းတို့၏ အကျင့်တည်း။
Kings speak but one, so also Samanas and Brahmanas, good men, in the world, speak but once; this is a constant practice.
၁၂၁။
အလသော ဂီဟိ ကာမဘောဂီ နသာဓု၊
အသညတော ပဗ္ဗဇိတော နသာဓု။
ရာဇာ အနိသမ္မကာရီ နသာဓု၊
ပဏ္ဍိတော ကောဓနော တံပိ နသာဓု။
လောကေ - လောက၌၊ အလသော - ပျင်းသော၊ ကာမဘောဂီ - အိမ်ရာထောင်သော၊ ဂီဟိ - လူသည်၊ နသာဓု - မကောင်း၊ အသညတော - ကိုယ်နှုတ်နှလုံး မစောင့်သော၊ ပဗ္ဗဇိတော - ရဟန်းသည်၊ နသာဓု - မကောင်း၊ အနိသမ္မကာရီ - မဆင်မခြင် ပြုလေ့ရှိသော၊ ရာဇာ - မင်းသည်၊ နသာဓု - မကောင်း၊ ပဏ္ဍိတော - ပညာရှိသည်၊ ကောဓနော - အမျက်ထွက်တတ်၏၊ တံပိ - ထိုအမျက်ထွက်ခြင်းသည်လည်း၊ နသာဓု - မကောင်း။
A householder being idle is no good; a priest being unrestrained is not good; it is not good a king being inconsiderate, or a wise man passionate.
၁၂၂။
ဗဟုဝေါ ယတ္ထ နေတ္တာရော၊
သဗ္ဗေ ပဏ္ဍိတမာနိနော။
သဗ္ဗေ မဟတ္တမိစ္ဆန္တိ၊
တေသံ ကမ္မံ ဝိနဿတိ။
ယတ္ထ - အကြင်အရပ်၌၊ နေတ္တာရော - အကြီးအကဲတို့သည်၊ ဗဟုဝေါ - များကုန်၏၊ သဗ္ဗေ - ခပ်သိမ်းကုန်သော သူတို့သည်၊ ပဏ္ဍိတမာနိနော - ပညာရှိသာ ပြုလိုကုန်၏၊ သဗ္ဗေ - ခပ်သိမ်းကုန်သော သူတို့သည်၊ မဟတ္တံ - အကြီးအမြတ်၏ အဖြစ်ကို၊ ဣစ္ဆန္တိ - အလိုရှိကုန်၏၊ တေသံ - ထိုသူတို့၏၊ ကမ္မံ - အမှုသည်၊ ဝိနဿတိ - ပျက်တတ်၏။
Where chiefs are many, all consider themselves wise, all wish for superiority; their work (in consequence) ends in ruin.
၁၂၃။
အာယံ ခယံ သယံ ဇညာ၊
ကတာ ကတံ သယံ ဇညာ။
နိဂ္ဂေဟေ နိဂ္ဂဟာရယံ၊
ပဂ္ဂဟေ ပဂ္ဂဟာရယံ။
ရာဇာနာမ - မင်းသည်ကား၊ အာယံ - အခွန်အတုတ် ထွက်မထွက်ကိုလည်းကောင်း၊ ခယံ - မျိုးရိက္ခာ ကုန်မကုန်ကိုလည်းကောင်း၊ သယံ - ကိုယ်တိုင်၊ ဇညာ - သိအောင်ပြုရာ၏၊ ကတာကတံ - အမှုထမ်းသည် မထမ်းသည်ကို လည်းကောင်း၊ သယံ - ကိုယ်တိုင်၊ ဇညာ - သိအောင်ပြုရာ၏၊ နိဂ္ဂဟာရယံ - နှိပ်ခြင်းငှာထိုက်သောသူကို၊ နိဂ္ဂဟေ - နှိပ်ရာ၏၊ ပဂ္ဂဟာရယံ - ချီးမြှောက်ခြင်းငှာ ထိုက်သောသူကို၊ ပဂ္ဂဟေ - ချီးမြှောက်ရာ၏။
A king should of himself know about the revenues as well as the expenditure; of him should he know what is and what is not done; he should punish him who deserves punishment, and favor him who deserves a favor.
၁၂၄။
ပိဋ္ဌိတောက္ကံ နိသေဝေယျ၊
ကုစ္ဆိနာဝ ဟုတာသနံ။ (ကုစ္ဆိယာဝ ဟုလည်းရှိ)
သာမိကံ သဗ္ဗဘာဂေန၊
ပရလောကံ အမောဟဝါ။ (အမုဠတာ ဟူ၍လည်းရှိ)
အက္ကံ - နေမင်းကို၊ ပိဠိတော - ကျောဖြင့်သာ၊ နိသေဝေယျ - ကပ်ရာ၏၊ ဟုတာသနံ - မီးပုံကို၊ ကုစ္ဆိနာဝ - ဝမ်းဖြင့်သာလျှင်၊ နိသေဝေယျ - ကပ်ရာ၏၊ သာမိကံ - အရှင်ကိုကား၊ သဗ္ဗဘာဂေန - အလုံးစုံသော အဖို့ဖြင့်၊ နိသေဝေယျ - ကပ်ရာ၏၊ ပရလောကံ - တမလွန်ဘဝကိုကား၊ အမောဟဝါ - မမိုက်သဖြင့်သာလျှင်၊ နိသေဝေယျ - ကပ်ရာ၏။
The sun should be approached with the back towards it, fire by the stomach (facing it); a lord should be approached with all one’s possessions, the next world with wisdom.
၁၂၅။
အဂ္ဂိ အာပေါ ဣတ္ထိမူဠော၊
သပ္ပော ရာဇ ကုလာနိစ။
အပယန္တေန ဂန္တဗ္ဗော၊
အစ္စေက ပါဏ ဟရာနိ။ (ဟာရကာ ဟူ၍လည်းရှိ)
လောကေ - လောက၌၊ အဂ္ဂိ - မီးကိုလည်းကောင်း၊ အာပေါ - ရေကိုလည်းကောင်း၊ ဣတ္ထိ - မိန်းမကိုလည်းကောင်း၊ မူဠော - သူမိုက်ကိုလည်းကောင်း၊ သပ္ပော - မြွေကိုလည်းကောင်း၊ ရာဇကုလာနိ - မင်းမျိုးတို့ကိုလည်းကောင်း၊ အပယန္တေန - မထိပါးရှောင်ရှားသဖြင့်၊ ဂန္တဗ္ဗော - သွားအပ်၏၊ အစ္စေကပါဏဟရာနိ - လတ်တလော အသက်ကိုချတတ် ကုန်၏။
Fire, water, a woman, a fool, a snake, and royal families – these should be passed by avoiding them, suddenly they take away life.
၁၂၆။
ဒုဋ္ဌ ဘရိယ သံဝါသော၊
ဒေါသ စိတ္တက ဒါသကော။ (ပဒုဋ္ဌ ၊ ပဒုဋ္ဌစိတ္တ ဟုလည်းရှိ)
သသပ္ပေစ ဃရေ ဝါသော၊
မစ္စုဧဝ နသံသယော။
လောကေ - လောက၌၊ ဒုဋ္ဌဘရိယသံဝါသော - မကောင်းသောမယားနှင့် ပေါင်းဖော်သောသူသည် လည်းကောင်း၊ ဒေါသစိတ္တကဒါသကော - ကြမ်းလှစွာသော စိတ်ရှိသောကျွန်ကို စေတတ်သောသူသည်လည်းကောင်း၊ သသပ္ပေ - မြွေရှိသော၊ ဃရေ - အိမ်၌၊ ဝါသောစ - နေသောသူသည် လည်းကောင်း၊ မစ္စုဧဝ - သေအံ့သည်လျှင် အမှန်တည်း၊ နသံသယော - ယုံမှားဖွယ်မရှိရာ။
One living with a wicked wife, one sending a slave with a violent temper, one living in a house having snake – this is death itself.
၁၂၇။
သမ္မုဠ သိဿော ပဒေသေန၊
ကုနာရီ ဘရဏေနစ။
အသတံ သမ္ပယောဂေန၊
ပဏ္ဍိတောပိ ဝသီဒတိ။ (အသတာ ဟုလည်းရှိ)
လောကေ - လောက၌၊ သမ္မုဠ သိဿော ပဒေသေန - မိုက်လှသော တပည့်ကို အတတ်ပညာ သင်ကြားသဖြင့် လည်းကောင်း၊ ကုနာရီဘရဏေနစ - ယုတ်လှစွာသော မိန်းမကို အိမ်ထောင်ဖက်ပြုသဖြင့် လည်းကောင်း၊ အသတံ သမ္ပယောဂေန - မသူတော်ဖြင့် ပေါင်းဖော်ရသဖြင့် လည်းကောင်း၊ ပဏ္ဍိတောပိ - ပညာရှိသူပင် ဖြစ်သော်လည်း၊ ဝသီဒတိ - နစ်မြုပ်တတ်ချေသလျှင်တည်း။
By giving instruction to a stupid pupil, by supporting a wicked wife, and by attachment to a person who is bad, even a wise man deteriorates.
၁၂၈။
မာတာ ပုတ္တကရံ ပါပံ၊
သိဿပါပံ ဂုရု တထာ။
ရာဇာ ရဋ္ဌကရံ ပါပံ၊
ရာဇပါပံ ပုရောဟိတော။
လောကေ - လောက၌၊ ပါပံ - ယုတ်မာသောအမှုကို၊ ပုတ္တကရံ - သားတည်းပြုလေမူကား၊ မာတာ - အမိပြုသည်မည်၏၊ တထာ - ထို့အတူ၊ သိဿပါပံ - တပည့်လည်း မကောင်းမှုပြုမူကား၊ ဂုရု - ဆရာပြုသည်မည်၏၊ ပါပံ - မကောင်းမှုကို၊ ရဋ္ဌကရံ - တိုင်းသူပြည်သား ပြုမူကား၊ ရာဇာ - မင်းပြုသည်မည်၏၊ ရာဇာပါပံ - မင်းလည်းမကောင်းမှုပြုမူကား၊ ပုရောဟိတော - ပုရောဟိတ် မကောင်းမှုပြုသည် မည်၏။
A son’s evil act is a mother’s deed, a pupil’s that of this teacher; a people’s act is the king doing, a king’s that of his private chaplain.
၁၂၉။
အကောဓေန ဇိနေ ကောဓံ၊
အသာဓုံ သာဓုနော ဇိနေ။
ဇိနေ ကဒရိယံ ဒါနေန၊
သစ္စေနာလိက ဝါဒိနံ။
ရာဇာနာမ - မင်းမည်သည်ကား၊ ကောဓံ - အမျက်မာန်စောင် ကြီးလှသူကို၊ အကောဓေန - အမျက်နည်းသဖြင့်၊ ဇိနေ - အောင်ရာ၏၊ အသာဓုံ - မတော်မှန်သောသူကို၊ သာဓုနာပိ - မိမိက သူတော်ကောင်း လုပ်သဖြင့်လည်း၊ ဇိနေ - အောင်ရာ၏၊ ကဒရိယံ - ဝန်တိုသောသူကိုလည်း၊ ဒါနေန - ပေးကမ်းသဖြင့်၊ ဇိနေ - အောင်ရာ၏၊ အလိကဝါဒိနံ - စကားမမှန်သောသူကို၊ သစ္စေန - အမှန်ဆိုသဖြင့်၊ ဇိနေ - အောင်ရာ၏။
One should overcome one haughty by civility, one who is bad by goodness; a niggardly person by liberality, one mendacious by veracity.
၁၃၀။
အဒန္တံ ဒမနံ ဒါနံ၊
ဒါနံ သဗ္ဗတ္တ သာဓကံ။
ဒါနေန ပိယဝါစာယ၊
ဥဏ္ဏမန္တိ နမန္တိစ။
လောကေ - လောက၌၊ ဒါနံ - ပေးကမ်းခြင်းသည်၊ အဒန္တံ - မယဉ်ကျေးသောသူကို၊ ဒမနံ - ယဉ်ကျေးစေတတ်၏၊ ဒါနံ - ပေးကမ်းခြင်းသည်၊ သဗ္ဗတ္တသာဓကံ - ခပ်သိမ်းသော အကျိုးကို ပြီးစေတတ်၏၊ ဒါနေန - ပေးကမ်းခြင်း ကြောင့်လည်းကောင်း၊ ပိယဝါစာယ - ချစ်ဖွယ်စကား ကြောင့်လည်းကောင်း၊ ဥဏ္ဏမန္တိ - သူ့အပေါ် မိုမောက်နိုင် ကုန်၏၊ နမန္တိစ - မိမိသို့လည်း ရိုညွတ်ကုန်၏။
Liberality the subjugation of one who is not subdued; liberality is the consummation of every benefit; by liberality and loving speech men bow themselves and cause others too to bow.
၁၃၁။
ဒါနံ သိနေဟဘေသဇ္ဇံ၊
မစ္ဆေရံ ဒေါသနောသဓံ။
ဒါနံ ယသဿီ ဘေသဇ္ဇံ၊
မစ္ဆေရံ ကပဏောသဓံ။
လောကေ - လူတို့နေရာ လူတို့ရွာခေါ်သော လောကကြီးထဲ၌၊ ဒါနံ - စွန့်ကြဲပေးကမ်းခြင်းသည်၊ သိနေဟ ဘေသဇ္ဇံ - မေတ္တာစစ်ဖြင့် ချစ်စေတတ်သောဆေးတည်း၊ မစ္ဆေရံ - မပေးရက်လို ဝန်တိုခြင်းသဘော နှမြောစဉ်းလဲခြင်းသည်၊ ဒေါသနောသဓံ - မေတ္တာတုံး၍ မုန်းစေတတ်သောဆေးတည်း၊ ဒါနံ - စွန့်ကြဲပေးကမ်းခြင်းသည်၊ ယသဿီ ဘေသဇ္ဇံ - တိုးပွားစေခံ အခြံအရံ များစေတတ်သော ဆေးတည်း၊ မစ္ဆေရံ - မပေးရက်လို ဝန်တိုသောသဘော နှမြောစဉ်းလဲခြင်းသည်၊ ကပဏောသဓံ - အဖော်မမှီး မိတ်ပျက်စီး၍ အထီးကျန်စေတတ်သော ဆေးတည်း။
Liberality is the medicine of love, niggardliness the medicine of hatred, generosity the medicine that brings attendants, niggardliness that which keeps solitary.
၁၃၂။
ဗဟူန မပ္ပသာရာနံ၊
သာမဂ္ဂိယာ ဇယံ ဇယေ။
တိဏေန ဝဋ္ဋတေ ယောတ္တံ၊
တေန နာဂေါပိ ဗန္ဓတိ။
လောကေ - လောက၌၊ ဗဟူနံ - များစွာကုန်သော၊ အပ္ပသာရာနံ - ဂုဏ်ကျေးဇူးမှ ကင်းကုန်သော သူတို့အား၊ သာမဂ္ဂိယာ - ညီညွတ်သည်ရှိသော်၊ ဇယံ - အောင်အံ့သော ရန်သူကို၊ ဇယေ - အောင်နိုင်၏၊ တိဏေန - မြက်ဖြင့်၊ ယောတ္တံ - လွန်ကို၊ ဝဋ္ဋတေ - ကျစ်အပ်၏၊ တေန - ထိုလွန်ဖြင့်၊ နာဂေါပိ - ဆင်ပြောင်ကိုလည်း၊ ဗန္ဓတိ - ဖွဲ့နိုင်သာလျှင်ကတည်း။
One can overcome him who is to be overcome by the concord of many, though individually of little worth; by grass is rope made; by that same rope is an elephant secured.
၁၃၃။
သဟာယော အသမတ္ထောပိ၊
တေဇသာ ကိံကရိဿတိ။
နိဝါတေ ဇလိတော အဂ္ဂိ၊
သယမေ ဝူပသမ္မတိ။
သဟာယောပိ - ဗိုလ်ပါသူရဲ သဟဲအဖော် ပြည့်စုံညီညွတ်လျက်လည်း၊ အသမတ္ထော - ရန်ကိုမအောင်စွမ်းနိုင်သော မင်းကား၊ တေဇသာ - တန်ခိုးဖြင့်၊ ကိံကရိဿတိ - အဘယ်ပြုအံ့နည်း၊ နိဝါတေ - လေမရှိသောအရပ်၌၊ ဇလိတော - ညှိအပ်သော၊ အဂ္ဂိ - မီးသည်၊ သယမေဝ - အလိုလိုသာလျှင်၊ ဥပသမ္မတိ - ငြိမ်းလေသကဲ့သို့တည်း။
What can one incompetent effect by his power, even if he has an ally? Fire lighted where there is no air goes out of itself.
၁၃၄။
န ရညာ သမကံ ဘုဉ္စေ၊
ကာမဘောဂံ ကုဒါစနံ။
အာကပ္ပံ ရသ ဘုတ္တိံဝါ၊
မာလာ ဂန္ဓ ဝိလေပနံ။
ဝတ္ထံ သဗ္ဗအလင်္ကာရံ၊
န ရညာ သဒိသံ ကရေ။
ကာမဘောဂံ - ကာမစည်းစိမ်ကို၊ ရညာ - မင်းနှင့်၊ သမကံ - အတူ၊ ကုဒါစနံ - တစ်ရံတစ်ဆစ်မျှ၊ နဘုဉ္စေ - မခံစားရာ၊ အာကပ္ပံ - အသွင်ကို လည်းကောင်း၊ ရသဘုတ္တိံဝါ - အရသာစားခြင်းကို လည်းကောင်း၊ မာလာဂန္ဓ ဝိလေပနံ - ပန်းပန်ခြင်း နံ့သာထုံခြင်းကိုလည်းကောင်း၊ ဝတ္ထံ - ပုဆိုးအဝတ်ကိုလည်းကောင်း၊ အလင်္ကာရံ - တန်ဆာဆင်ခြင်းကို လည်းကောင်း၊ သဗ္ဗံ - အလုံးစုံကို၊ ရညာ - မင်းနှင့်၊ သဒိသံ - အတူ၊ နကရေ - မပြုရာ။
Never should one indulge in the pleasures of sense that appertain to a king: personal appearance, command, using of flowers and perfume, dressing, ornaments – all these, in so far as a king indulges in them, should not be imitated.
၁၃၅။
န မေ ရာဇာ သခါ ဟောတိ၊
န ရာဇာ ဟောတိ မေထုနော။
ဧသော သာမိကော မယှန္တိ၊
စိတ္တေ နိဋ္ဌံ သုဋ္ဌောပယေ။
ရာဇာ - မင်းကား၊ မေ - ငါ၏၊ သခါ - ခင်ပွန်းသည်၊ န ဟောတိ - မဖြစ်၊ ရာဇာ - မင်းကား၊ မေထုနော - ဂုဏ်ရည်တူသော အပေါင်းအဖော်သည်၊ န ဟောတိ - မဖြစ်၊ ဧသော - မင်းကား၊ မယှံ - ငါ၏၊ သာမိကော - အရှင်တည်း၊ ဣတိ - ဤသို့၊ စိတ္တေ - စိတ်၌၊ နိဋ္ဌံ - အပြီး၊ သုဋ္ဌောပယေ - ကောင်းစွာထားရာ၏။
“The king is not friend; the king is not my brother-in-law; this king is my lord” this (idea) one should hold very carefully in his mind to the very end.
၁၃၆။
နာတိဒူရေ ဘဇေ ရညော၊
နာစ္စာသန္နောပဝါတကေ။
ဥဇုကေ နာတိနိန္နေစ၊
န ဘဇေ ဥစ္စ မာသနေ။
ဆဒေါသ ဝဇ္ဇေ သေဝကော၊
အဂ္ဂိဝ သံယတော တိဋ္ဌေ။
သေဝကော - မင်းခစားယောက်ျားသည်၊ ရညော - မင်းအား၊ အတိဒူရေ - အလွန်ဝေးသော အရပ်၌၊ နဘဇေ - မခစားရာ၊ အစ္စာသန္နေ - အလွန်နီးသည်၌၊ နဘဇေ - မခစားရာ၊ ဥပဝါတကေ - လေညာ၌၊ နဘဇေ - မခစားရာ၊ ဥဇုကေ - ရှေးရှုသောအရပ်၌၊ နဘဇေ - မခစားရာ၊ အတိနိန္နေစ - အလွန်နိမ့်သော အရပ်၌လည်း၊ နဘဇေ - မခစားရာ၊ ဥစ္စာမာသနေ - မြင့်သောနေရာ၌လည်း၊ နဘဇေ - မခစားရာ။ ဣတိ - ဤသို့၊ ဆဒေါသ - ခြောက်ပါးသော အပြစ်တို့ကို၊ ဝဇ္ဇေ - ကြဉ်ရာ၏၊ အဂ္ဂိဝ - မီးကဲ့သို့၊ သံယတော - စောင့်စည်းလျက်၊ တိဋ္ဌေ - တည်ရာ၏။
An attendant should not wait upon the king at too great a distance; he should not serve him too near at hand; he should not be in the way of the wind, nor directly opposite; not in a place too low down; nor one too high up; these six faults he should avoid; he should remain guarded as he would with regard to fire.
၁၃၇။
ဂုဏော သဗ္ဗညု တုလျောပိ၊
နသောဘတိ အနိဿယော။
အနဂ္ဃမပိ မဏိနာ၊
ဟေမံ နိဿာယ သောဘတေ။
သဗ္ဗညုတုလျော - သဗ္ဗညုမြတ်စွာဘုရား နှင့်တူသော၊ ဂုဏောပိ - ကျေးဇူးရှိသူ ဖြစ်လင့်ကစား၊ အနိဿယော - မင်းတည်းဟူသော မှီရာမရမူ၊ နသောဘတိ - မတင့်တယ်၊ မဏိနာ - ပတ္တမြားသည်၊ အနဂ္ဃမပိ - အဖိုးအတိုင်းမသိ ထိုက်တန်သော်လည်း၊ ဟေမံ - ရွှေကို၊ နိဿာယ - မှီမှသာလျှင်၊ သောဘတေ - တင့်တယ်၏။
One replete with excellence like the Omniscient one does not appear to advantage without a patron; a gem, through priceless, looks well-being set in gold.
၁၃၈။
ဣတ္ထိမိဿေ ကုတောသီလံ၊
မံသ ဘက္ခေ ကုတောဒယာ။
သုရာ ပါနေ ကုတောသစ္စံ၊
မဟာလောဘေ ကုတောလဇ္ဇာ။
မဟာတန္ဒေ ကုတောသိပ္ပံ၊
မဟာ ကောဓေ ကုတောဓနံ။
ဣတ္ထိမိဿေ - မိန်းမနှင့်နှီးနှောသော၊ ဘိက္ခုမှိ - ရဟန်း၌၊ ကုတောသီလံ - အဘယ်မှာ သီလရှိအံ့နည်း၊ မံသဘက္ခေ - အသားစား ကြူးသောသူ၌၊ ကုတောဒယာ - အဘယ်မှာ သနားခြင်းရှိအံ့နည်း၊ သုရာပါနေ - သေသောက် ကြူးသောသူ၌၊ ကုတောသစ္စံ - အဘယ်မှာ စကားမှန်အံ့နည်း၊ မဟာလောဘေ - အလိုရမ္မက် ကြီးသောသူ၌၊ ကုတောလဇ္ဇာ - အဘယ်မှာ အရှက်ရှိအံ့နည်း၊ မဟာတန္ဒေ - အပျင်းကြီးသောသူ၌၊ ကုတောသိပ္ပံ - အဘယ်မှာ အတတ်တတ်အံ့နည်း၊ မဟာကောဓေ - အမျက်ကြီးသောသူ၌၊ ကုတောဓနံ - ဥစ္စာအဘယ်မှာရအံ့နည်း။
How can there be piety in a priest who associates with a woman, compassion in a flesh eater, truth in a drunkard, shame in one reality covetous, proficiency in one who is slothful, and wealth in one with a bad temper?
၁၃၉။
သုရာ ယောဂေါ ဝိကာလောစ၊
သမဇ္ဇ စရဏင်္ဂတော။
ခိဋ္ဋဓုတ္တော ပါပမိတ္တော၊
ဘောဂါနံ အလသံ မုခံ။
သုရာယောဂေါ ဝိကာလောစ၊
သမဇ္ဇစရဏာ လသံ။
ခိဋ္ဋာ ဓုတ္တော ပါပမိတ္တော၊
ဘောဂ နာသ မုခါ ဣမေ။ (ရွှေဟင်္သာမူ)
သုရာယောဂေါစ - သေသောက်ကြူးသော သူသည်လည်းကောင်း၊ ဝိကာလောစ - အခါမဟုတ် သွားလေ့ရှိသော သူသည်လည်းကောင်း၊ သမဇ္ဇ စရဏင်္ဂတော - အပျော်အရွှင် သဘင်ပွဲလမ်း အသွားများသူသည် လည်းကောင်း၊ အလသံ - လုံ့လ ညံ့ဖျင်း ပျင်းရိသူသည်လည်းကောင်း၊ ခိဋ္ဋာစ - လောင်းကစားသူ သည်လည်းကောင်း၊ ဓုတ္တောစ - ကာမဂုဏ်အပျော်အပါး လိုက်စားသူသည်လည်းကောင်း၊ ပါပမိတ္တောစ - ယုတ်မာသော အပေါင်းအသင်း ရှိသော သူသည်လည်းကောင်း၊ ဣမေ - ဤသူအမျိုးအစား ၇ ပါးတို့သည်၊ ဘောဂနာ သမုခါ - ဥစ္စာစည်းစိမ်တို့မှ ပျက်စီးအံ့သော အကြောင်းတည်း။
A drunkard, and one who goes about at unseasonable moments; one who frequents a public assembly (for amusement) a gambler; one having wicked companions, and one who is an idler these are persons who bring about the destruction of their own welfare.
၁၄၀။
ဒိဝါ နာဒိက္ခာ ဝတ္တဗ္ဗာ၊
ရတ္တော အဝစနေနစ။
သဉ္စရတိ ဘယာ ဘီတော၊
ဝနေ ဝနစရီ ယထာ။
ဒိဝါ - နေ့အခါ၌၊ အဒိက္ခာ - မရှုဦးဘဲ၊ နဝတ္တဗ္ဗာ - မဆိုအပ်၊ ရတ္တောစ - ညဉ့်၌လည်း၊ အဝစနေန - မမေးဦးဘဲ၊ နဝတ္တဗ္ဗာ - မဆိုအပ်၊ ဘယာ - ဘေးမှ၊ ဘီတော - ကြောက်သော၊ ဝနစရီ - မုဆိုးသည်၊ ဝနေ - တော၌၊ သဉ္စရတိယထာ - ရှေ့နောက်ရှုလျက် သွားသကဲ့သို့၊ သဉ္စာရတိ - ကျင့်ရာ၏။
During the day persons should not be spoken of without looking around, nor at night without inquiry being made (whether anyone is near or not); one should act like a hunter, who, fearful of danger in forest, looks this side and that.
၁၄၁။
ဇီဝန္တောပိ မတံပဉ္စ၊
ဗျာသေန ပရိကိတ္တာ။
ဒုက္ခိတော ဗျာဓိတောမုဠော၊
ဣဏဝါ နိတျသေဝကော။
ဇီဝန္တောပိ - အသက်ရှင်လျက်လည်း၊ မတံ - သေသူဟူ၍၊ ပဉ္စ - ငါးယောက်သောသူတို့ကို၊ ဗျာသေန - ဗျာသဆရာသည်၊ ပရိကိတ္တိတာ - ကြားအပ်ကုန်၏၊ ဒုက္ခိတော - ဆင်းရဲသောသူ၊ ဗျာဓိတော - အနာနှိပ်စက်သောသူ၊ မုဠော - မိုက်မဲသောသူ၊ ဣဏဝါ - မြီများသောသူ၊ နိတျသေဝကော - မင်းဝယ်ကိုယ်ကြပ် ခစားသောသူ၊ ဣမေ - ဤသူတို့တည်း။
Although living, for persons are declared to be dead by the Niti teacher Vyasa – one in poverty, one in sickness, a fool, one in debt, and one who serves a king.
၁၄၂။
အနာဂတံ ဘယံ ဒိသွာ၊
ဒူရတော ပရိဝဇ္ဇယေ။
အာဂတဉ္စ ဘယံဒိသွာ၊
အဘီတော ဟောတိ ပဏ္ဍိတော။
ပဏ္ဍိတော - ပညာရှိတို့သဘောကား၊ အနာဂတံ - မရောက်သေးသော၊ ဘယံ - ဘေးကို၊ ဒိသွာ - မြင်သည်ရှိသည်၊ ဒူရတော - အဝေးကလျှင်၊ ပရိဝဇ္ဇယေ - ကြဉ်ရာ၏၊ အာဂတံ - ရောက်ပြီး ရောက်ဆဲဖြစ်သော၊ ဘယံ - ဘေးကို၊ ဒိသွာ - မြင်မူကား၊ အဘီဘော - ကြောက်ရွံ့တတ်သော သဘောမရှိသည်၊ ဟောတိ - ဖြစ်၏။
A wise man, seeing danger not at hand, avoids it at a distance; on seeing it approach, he remains undaunted.
၁၄၃။
နိဒ္ဒာလုကော ပမာဒေါစ၊
သုခိတော ရောဂဝါလသော။
ဣစ္ဆန္တော ကမ္မရာမောစ၊
သတ္တေ တေ သတ္ထဝဇ္ဇိတာ။
လောကေ - လောက၌၊ နိဒ္ဒါလုကော - အအိပ်ကြူးသောသူ လည်းကောင်း၊ ပမာဒေါစ - မေ့လျော့သောသူ လည်းကောင်း၊ ရောဂဝါ - ရောဂါရှိသောသူလည်းကောင်း၊ အလသော - ပျင်းသောသူလည်းကောင်း၊ ဣစ္ဆန္တော - အလိုကြီးသောသူ လည်းကောင်း၊ ကမ္မရာမောစ - အမှုသစ်၌ မွေ့လျော်သောသူလည်းကောင်း၊ ဧတေသတ္တ - ဤခုနစ်ယောက်သော သူတို့သည်၊ သတ္ထဝဇ္ဇိတာ - ကျမ်းဂန်မှ ကင်းကုန်၏။
A sleepy-headed fellow as well as one who is negligent, one who lives comfortably as well as one who is sick, a sluggard, one covetous, and one who delights in action – these seven have nothing to do with books.
၁၄၄။
ဒုဂ္ဂတံ ဂစ္ဆ ဟေ လာဘ၊
လာဘော လာဘေန ပူရတိ။
ထလေ ဝဿထ ပဇ္ဇုန္န၊
အာပေါ အာပေန ပူရတိ။
နတ္ထိဒံ ကမ္မပ္ပဓာနံ။
ဟေ လာဘ - အို…လာဘ်၊ ဒုဂ္ဂတံ - သူဆင်းရဲသို့၊ ဂစ္ဆ - သွားပါလေ၊ လာဘော - လာဘ်များသောသူသည်၊ လာဘေန - လာဘ်ဖြင့်၊ ပူရတိ - ပြည့်၏၊ ဟေ ပဇ္ဇုန္န - အို…ပဇ္ဇုနတ်၊ ထလေ - ကြည်း၌၊ ဝဿထ - ရွာလေကုန်၊ အာပေါ - သမုဒ္ဒရာသည်၊ အာပေန - ရေဖြင့်၊ ပူရတိ - ပြည့်၏၊ ဣဒံဓမ္မ ဇာတံ - ဤသဘောတရားသည်၊ နတ္ထိ - မရှိ၊ ကမ္မပ္ပဓာနံ - ကံသာလျှင်ပဓာနတည်း။
O gain! do thou go to one in poverty; a rich man is replete with wealth. O rain! pour thyself on dry land; the sea is full of water. This, however, does not happen: the force of circumstance reigns paramount.
၁၄၅။
နဟိ ကောစိ ကတေ ကိစ္စေ၊
ကတ္တာရံ သမုပေက္ခတေ။
တသ္မာ သဗ္ဗာနိ ကိစ္စာနိ၊
သာဝသေသေန ကာရယေ။
လောကေ - လောက၌၊ ကိစ္စေ - ပြုဖွယ်ကိစ္စသည်၊ ကတေ - ပြုပြီးသည်ရှိသော်၊ ကတ္တာရံ - ပြုတတ်သောသူကို၊ ကောစိ - တစ်စုံတစ်ယောက်သောသူသည်၊ နဟိသမုပေက္ခတေ - တစ်ဖန်မရှုမကြည့်တတ်၊ တသ္မာ - ထို့ကြောင့်၊ သဗ္ဗာနိ - ခပ်သိမ်းကုန်သော၊ ကိစ္စာနိ - အမှုတို့ကို၊ သာဝသေသေန - အကြွင်းအားဖြင့်၊ ကာရယေ - ပြုရာ၏။
When what should be done is done, no one looks upon the doer; all that should be done, therefore, should be done without be brought to completion.
၁၄၆။
တုလံ သလ္လဟုကံ လောကေ၊
တတော စပလဇာတိကော။
တတော ဝုဍ္ဎ မနောဝါဒေါ၊
ပမာဒေါ ဗုဒ္ဓသာသနေ။
လောကေ - လောက၌၊ တုလံ - လဲဝါသည်၊ သလ္လဟုကံ - ပေါ့၏၊ တတော - ထို့ထက်၊ စပလဇာတိကော - လျှပ်ပေါ်သောသူသည်၊ သလ္လဟုကံ - ပေါ့၏၊ တတော - ထို့ထက်၊ ဝုဍ္ဎမနောဝါဒေါ - မိဘဆရာတို့၏ အဆုံးအမကို မခံသောသူသည်၊ သလ္လဟုကံ - ပေါ့၏၊ တတော - ထို့ထက်၊ ဗုဒ္ဓသာသနေ - မြတ်စွာဘုရား၏ သာသနာတော်၌၊ ပမာဒေါ - မေ့လျော့သောသူသည်၊ သလ္လဟုကံ - ပေါ့၏။
Cotton in this world is light; lighter is one of a fickle disposition; lighter still one who does not suffer the reprimand of his elders; still more light he who is negligent of the teachings of Buddha.
၁၄၇။
ပါသဏဆတ္တံ ဂရုကံ၊
တတော ဒေဝါနာ စိက္ခဏံ။
တတော ဝုဍ္ဎာန မောဝါဒေါ၊
တတော ဗုဒ္ဓဿ ဝစနံ။
လောကေ - လောက၌၊ ပါသာဏဆတ္တံ - ကျောက်ထီးသည်၊ ဂရုကံ - လေး၏၊ တတော - ထို့ထက်၊ ဒေဝါနံ - နတ်တို့၏၊ အာစိက္ခဏံ - ပြောကြားခြင်းသည်၊ ဂရုကံ - လေး၏၊ တတော - ထို့ထက်၊ ဝုဍ္ဎနံ - ဆရာမိဘ သက်ကြီးရွယ်ကြီး တို့၏၊ ဩဝါဒေါ - အဆုံးအမသည်၊ ဂရုကံ - လေး၏၊ တတော - ထို့ထက်၊ ဗုဒ္ဓဿ - မြတ်စွာဘုရား၏၊ ဝစနံ - စကားသည်၊ ဂရုကံ - လေး၏။
A stone umbrella is weighty; weightier is the utterance of the gods; the chiding of elders is weightier still, and still weightier are the words of Buddha.
၁၄၈။
ကာယဿ ဒက္ခိဏ ဟတ္တော၊
ဒေါသော ဧတ္ထ ကနိဋ္ဌကော။
ကဏ္ဏ ဃာနာန မက္ခီနံ၊
ဝါမဟတ္တော ပါဒဒါသော။
လောကေ - လောက၌၊ ဒက္ခိဏဟတ္တော - လက်ယာလက်ကား၊ ကာယဿ - ကိုယ်၏၊ ဒါသာ - ကျွန်မည်၏၊ ဧတ္ထ - ဤလက်ယာလက်၌၊ ကနိဋ္ဌကော - လက်သန်းကား၊ ကဏ္ဏဃာနာနံ - နားနှာခေါင်းတို့၏ လည်းကောင်း၊ အက္ခီနံ - မျက်စိတို့၏ လည်းကောင်း၊ ဒါသော - ကျွန်မည်၏၊ ဝါမဟတ္ထော - လက်ဝဲလက်သည်ကား၊ ပါဒဒါသော - ခြေတို့၏ ကျွန်မည်၏။
The right hand is the slave of the body; the small finger on it the slave of the ear, nose, and eyes; the left hand is the slave of the legs.
၁၄၉။
တမ္ဗုလဿ မဇ္ဈေ ပတ္တေ၊
ကုဝေရော ရက္ခတိ သဒါ။
မူလမှိ ရက္ခိတ ယက္ခော၊
အဂ္ဂမှိစ ကာလကဏ္ဏီ။
တာနိ ဘုဉ္စေယျ ဆိန္ဒိတွာ၊
သိရီဧဝ ပဝဍ္ဎတိ။
တမ္ဗုလဿ - ကွမ်းရွက်၏၊ မဇ္ဈေ - အလယ်၌ဖြစ်သော၊ ပတ္တေ - အရွက်၌၊ ကုဝေရော - ကုဝေရနတ်သည်၊ သဒါ - အခါခပ်သိမ်း၊ ရက္ခတိ - စောင့်၏၊ မူလမှိ - အရင်း၌၊ ယက္ခော - ဘီလူးသည်၊ ရက္ခတိ - စောင့်၏၊ အဂ္ဂမှိ - အဖျား၌လည်း၊ ကာလကဏ္ဏီ - ဒေဝမိစ္ဆာနတ်ယုတ်မာသည်၊ ရက္ခတိ - စောင့်၏၊ တသ္မာ - ထို့ကြောင့်၊ တာနိ - ထိုအရင်းအဖျားတို့ကို၊ ဆိန္ဒိတွာ - ဖြတ်၍၊ ဘုဉ္စေယျ - စားငြားအံ့၊ သိရီဧဝ - ကျက်သရေသည်၊ ပဝဍ္ဎတိ - ပွား၏။
Kuvera always keeps watch in the center of the betel-leaf, kakkha at the base, and kalakanni at the tip. One should eat the leaf having broken off the upper and lower ends: his prosperity increases thereby.
၁၅၀။
သမ္ပုဏ္ဏ ရက္ခော ဗြဟ္မာစ၊
အစ္စုရက္ခောစ ဗိဿဏော။
တသ္မာ ဟိ တေ ပူဇယန္တု၊
သဒါ မာနေန္တိ တံနရံ။
ဗြဟ္မာ - ဗြဟ္မာသည်၊ သမ္ပုဏ္ဏရက္ခော - သင်ပုဏ်းကိုစောင့်၏၊ ဗိဿဏောစ - ဗိဿနိုးနတ်သည်၊ အစ္စုရက္ခော - ကမ္ပလွေကိုစောင့်၏၊ တသ္မာဟိ တသ္မာဧဝ - ထို့ကြောင့်သာလျှင်၊ သိပ္ပာရမ္ဘာ - အတတ်သင်သောသူတို့သည်၊ တေ - ထိုဗြဟ္မာ ဗိဿနိုး တို့ကို၊ ပူဇယန္တု - ပူဇော်စေကုန်သတည်း၊ သဒါ - အခါခပ်သိမ်း၊ တံနရံ - ထိုပူဇော်တတ်သောသူကို၊ မာနေန္တိ - မြတ်နိုးတတ်ကုန်၏။
Brahma watches the slates, Bissano the wrapper, let those who learn worship them. Upon him who does so they always look with complacence.
၁၅၁။
ဂေါဏာ ဟိ သဗ္ဗာဂိဟီနံ၊
ပေါသကာ ဘောဂဒါယကာ။
တသ္မာ ဟိ မာတာ ပိတူဝ၊
မာနယေ သက္ကရေယျစ။
ဂေါဏာ - နွားတို့သည်၊ သဗ္ဗဂိဟီနံ - ခပ်သိမ်းသောလူတို့အား၊ ဟိယသ္မာ - အကြင်ကြောင့်၊ ပေါသကာ - မွေးကျွေးတတ်ကုန်၏၊ ဘောဂဒါယကာ - စည်းစိမ်ကိုပေးတတ်ကုန်၏၊ တသ္မာဟိ တသ္မာဧဝ - ထို့ကြောင့်သာလျှင်၊ မာတာပိတူဝ - အမိအဘကဲ့သို့၊ တေ - ထိုနွားတို့ကို၊ မာနယေ - မြတ်နိုးရာ၏၊ သက္ကရေယျစ - အရိုအသေလည်း ပြုရာ၏။
For the reason that cows nourish all men and give them happiness, for that very reason should men love and honor them.
၁၅၂။
ယေစ ခါဒန္တိ ဂေါမံသံ၊
မာတု မံသံဝ ခါဒယေ။
မတေသု တေသု ဂိဇ္ဈာနံ၊
ဒဒေ သောတေစ ဝါဟယေ။
ယေစ - အကြင်သူတို့သည်လည်း၊ ဂေါမံသံ - နွားတို့၏ အသားကို၊ ခါဒန္တိ - စားကုန်၏၊ တေ - ထိုသူတို့သည်၊ မာတုမံသံဝ - အမိ၏ အသားကို သာလျှင်၊ ခါဒယေ - စားသည်မည်ရာ၏၊ တေသု - ထိုနွားတို့သည်၊ မတေသု - သေကုန်သည်ရှိသော်၊ ဂိဇ္ဈာနံ - လင်းတတို့အား၊ ဒဒေ - ပေးရာ၏၊ သောတေ စ - ရေအလျဉ်၌သော်လည်း၊ ဝါဟယေ - မျှောရာ၏။
They who eat the flesh of cows are like persons who eat their mother’s flesh: when cows die, we should give them to vultures or send them adrift upon a stream.
၁၅၃။
ဂုရုသိဒ္ဓေါ သိပ္ပာရမ္ဘော၊
ရဝိ သောကြာစ မဇ္ဈိမော။
န သိပ္ပော ဗုဒ္ဓစန္ဒရော၊
သောရီ အင်္ဂါစ မရဏံ။
ဂုရု - ကြာသာပတေးနေ့၌၊ သိပ္ပာရမ္ဘော - အတတ်ပညာစ၍ သင်မူကား၊ သိဒ္ဓေါ - ပြီးစီး၏၊ ရဝိသောကြာစ - တနင်္ဂနွေ သောကြာနေ့၌ သင်မူကား၊ မဇ္ဈိမော - လျစ်လျူရှူ၏၊ ဗုဒ္ဓစန္ဒရော - ဗုဒ္ဓဟူးနေ့ တနင်းလာနေ့၌ သင်မူကား၊ နသိပ္ပော - အတတ်မတတ်ရာ၊ သောရီ အင်္ဂါစ - စနေနေ့ အင်္ဂါနေ့၌တည်း သင်မူကား၊ မရဏံ - သေရာ၏။
Beginning a study on Thursday is the consummation of that study, beginning on Sunday or Friday is doing but half, beginning on Saturday or Tuesday occasions death.
၁၅၄။
အဋ္ဌမိယံ ဂုရုံ ဟန္တိ၊
သိဿံ ဟန္တိ စတုဒ္ဒသ။
သိပ္ပံဟန္တိ ဒသသိပ္ပံ၊
မာတာပိတာစ ပုဏ္ဏမီ။
အဋ္ဌမိယံ - လဆန်းရှစ်ရက် လဆုတ်ရှစ်ရက်နေ့၌ အတတ်ပညာသင်မူကား၊ ဂုရုံဟန္တိ - ဆရာကို သတ်သည်မည်၏၊ စတုဒ္ဒသ - လဆန်းတစ်ဆယ့်လေးရက်တို့၌ အတတ်သင်မူကား၊ သိဿံဟန္တိ - တပည့်ကို သတ်သည်မည်၏၊ ဒသသိပ္ပံ - လဆန်းဆယ်ရက် လဆုတ်ဆယ်ရက်နေ့၌ အတတ်ပညာ သင်မူကား၊ သိပ္ပံဟန္တိ - အတတ်ကို သတ်သည်မည်၏၊ ပုဏ္ဏမီ - လပြည့်နေ့၌ အတတ်ပညာကို သင်မူကား၊ မာတာပိတာဟန္တိ - အမိအဘကို သတ်သည်မည်၏။
If a person learns on the eight day of a lunar half month, it is like killing his teacher; on the fourteenth day, it is like killing the pupil; it is like killing knowledge if one learns on the tenth day; of killing his parents if he learns at full moon.
၁၅၅။
နာဠိကံ သတ္တ နာဘုဉ္စေ၊
န လာဗု နဝမံ တထာ။
ဒွါဒသ ပြိန္နံတြိမီနံ၊
ဘုဉ္စေ သိပ္ပံ ဝိနဿတိ။
လောကေ - လောက၌၊ သိပ္ပာရမ္ဘော - အတတ်ပညာ သင်သောသူသည်၊ သတ္တ - လဆန်းခုနစ်ရက် လဆုန်ခုနစ်ရက်၌၊ နာဠိကံ - အုန်းသီးကို၊ နဘုဉ္စေ - မစားရာ၊ နဝမံ - ကိုးရက်မြောက်နေ့၌၊ လာဗု - အိမ်ဗူးကို၊ တထာ - ထို့အတူ၊ နဘုဉ္စေ - မစားရာ၊ ဒွါဒသ - တစ်ဆယ့်နှစ်ရက်မြောက်နေ့၌၊ ပြိန္နံ - ကင်းပိန့်ကို၊ နဘုဉ္စေ - မစားရာ၊ တြိ - သုံးရက်မြောက်နေ့၌၊ မီနံ - ဟင်းချိုကို၊ နဘုဉ္စေ - မစားရာ၊ ဘုဉ္စေ - စားမိငြားအံ့၊ သိပ္ပံ - အတတ်သည်၊ ဝိနဿဘိ - ပျောက်၏။
A person who learns should not eat cocoa-nut on the seventh day; he should; likewise, not eat pumpkin on the ninth; on the twelfth day he should not eat pinnam, and on the third day he should not eat a curry: if he do so, there will be an end to his knowledge.
၁၅၆။
စဇေ ကုလအတ္တံ ဧကံ၊
စဇေကုလံ ဂါမ အတ္ထံ။
ဂါမံ ဇနပဒ အတ္ထံ၊
အတ္တတ္ထံ ပထဝိံစဇေ။
လောကေ - လောက၌၊ ကုလအတ္ထံ - အမျိုး၏ အကျိုးငှာ၊ ဧကံ - တစ်ယောက်သောသူကို၊ စဇေ - စွန့်ရာ၏၊ ဂါမအတ္ထံ - ရွာ၏အကျိုးငှာ၊ ကုလံ - အမျိုးကို၊ စဇေ - စွန့်ရာ၏၊ ဇနပဒအတ္ထံ - ဇနပုဒ်၏ အကျိုးငှာ၊ ဂါမံ - ရွာကို၊ စဇေ - စွန့်ရာ၏၊ အတ္တအတ္ထံ - မိမိ၏ အကျိုးငှာ၊ ပထဝိံ - မြေအလုံးကို၊ စဇေ - စွန့်ရာ၏။
One of a family should be discarded for the good of the whole family; a family for the good of a village; a village for the good of a district; and for the one’s own good the world itself should be abandoned.
၁၅၇။
ဒေသံ ဩသဇ္ဇ ဂစ္ဆန္တိ၊
သီဟော သပ္ပုရိသော ဂဇော။
တတ္ထေဝ နိဓနံ ယန္တိ၊
ကာကော ကာပုရိသော မိဂေါ။
လောကေ - လောက၌၊ သီဟော - ခြင်္သေ့သည် လည်းကောင်း၊ သပ္ပုရိသော - သူတော်ကောင်းသည် လည်းကောင်း၊ ဂဇော - ဆင်သည် လည်းကောင်၊ ဣမေ - ဤသူတို့သည်၊ ဒေသံ - အကျိုးမရှိသော အရပ်ကို၊ ဩသဇ္ဖ - စွန့်၍၊ ဂစ္ဆန္တိ - သွားကုန်၏၊ ကာကော - ကျီး လည်းကောင်း၊ ကာပုရိသော - ယုတ်မာသော ယောက်ျားလည်းကောင်း၊ မိဂေါ - သမင် လည်းကောင်း၊ ဣမေ - ဤသတ္တဝါတို့သည်၊ တတ္ထေဝ - ထိုမိမိကျင်လည်ရာ အရပ်၌သာလျှင်၊ နိဓနံ - ပျက်စီးခြင်းသို့၊ ယန္တိ - ရောက်ကုန်၏။
A lion, a good man, and an elephant these, abandoning their residence, go away (in search of a more suitable place); a crow, an evil-doer, and a deer arrive at destruction in their own habitation.
၁၅၈။
ယမှိ ပဒေသေ န မာနော၊
န ပေမံ န စ ဗန္ဓဝါ။
နစ ဝိဇ္ဇာဂါဟော ကောစိ၊
န တတ္ထ ဝသနံ ကရေ။
ယမှိပဒေသေ - အကြင်အရပ်၌၊ န မာနော - မြတ်နိုးခြင်းမရှိ၊ နပေမံ - ချစ်ခြင်းလည်းမရှိ၊ နစဗန္ဓဝါ - အဆွေခင်ပွန်းလည်းမရှိ၊ ကောစိ - တစ်စုံတစ်ယောက်သော၊ နစဝိဇ္ဇာဂါ ဟော - အတတ်ပညာ သင်စိမ့်သော သူလည်းမရှိ၊ တတ္ထ - ထိုအရပ်၌၊ ဝသနံ - နေခြင်းကို၊ နကရေ - မပြုရာ။
In whatever place there is no respect, no love, no relatives, and no clever man, there indeed a man should not make his abode.
၁၅၉။
စရတျေကေန ပါဒေန၊
တိဋ္ဌတျေကေန ပဏ္ဍိတော။
အ နိသမ္မ ပရံဌာနံ၊
န ပုဗ္ဗမာလယံ ဇဟေ။
ပဏ္ဍိတော - ပညာရှိသဘောကား၊ ဧကေနပါဒေန - လှမ်းသော ခြေတစ်ဖက်နှင့် တူသော အရပ်သစ်ကို မျှော်တင်းသော စိတ်ဖြင့်၊ စရတိ - သွား၏၊ ဧကေနပါဒေန - ရပ်သော ခြေတစ်ဖက်နှင့် တူသော အရပ်ဟောင်းကို မခွာသောစိတ်ဖြင့်၊ တိဋ္ဌတိ - ရပ်၏၊ ပရံဌာနံ - အရပ်သစ်ကို၊ အနိသမ္မ - မစူးစမ်းဘဲ၊ ပုဗ္ဗမာ လယံ - နေရပ်ဟောင်းကို၊ နဇဟေ - မစွန့်တည်ရာ။
A wise man takes a step at a time; he establishes himself on one food (before he takes up the other): an old place should not be forsaken recklessly.
၁၆၀။
ဓန ဓည ပယောဂေသု၊
တထာ ဝိဒျာဂမေသုစ။
ဒူတေသု အပစာရေသု၊
စဇ္ဇာ လဇ္ဇာ တဒါဘဝေ။
လောကေ - လောက၌၊ ဓန ဓည ပယောဂေသု - ဥစ္စာ စပါးရောင်းဝယ် သောအခါတို့၌ လည်းကောင်း၊ တထာ - ထိုမှတပါး၊ ဝိဒျာဂမေသု - အတတ်သင်သော အခါတို့၌လည်းကောင်း၊ ဒူတေသု - တမန်အစေအပါး ခံသော အခါတို့၌လည်းကောင်း၊ အပစာရေသု - မေထုန်မှီဝဲသော အခါတို့၌လည်းကောင်း၊ တဒါတေသု ကာလေသု - ထိုအခါတို့၌၊ လဇ္ဇာ - အရှက်ကို၊ စဇ္ဇာ - စွန့်သည်၊ ဘဝေ - ဖြစ်ရာ၏။
When paddy is being sold and knowledge is being acquired, when a messenger is being sent and desire is being gratified, on occasion such as these shames should be abandoned.
၁၆၁။
ဒွိ ဂုဏော ထီနမာဟာရော၊
ဗုဒ္ဓိစာပိ စတုဂ္ဂုဏော။
ဆဂ္ဂုဏော ဟောတိ ဝါယာမော၊
ကာမောတွဋ္ဌ ဂုဏောဘဝေ။
ထီနံ - မိန်းမတို့၏၊ အာဟာရော - အစာစားခြင်းကား၊ ပုရိသာနံ - ယောက်ျားတို့ထက်၊ ဒွိဂုဏော - နှစ်ဆလွန်သည်၊ ဘဝေ - ဖြစ်၏၊ ဗုဒ္ဓိစာပိ - ပညာသည်လည်း၊ စတုဂ္ဂုဏော - လေးဆလွန်၏၊ ဝါယာမော - လုံ့လကား၊ ဆဂ္ဂုဏော - ခြောက်ဆလွန်သည်၊ ဟောတိ - ဖြစ်၏၊ ကာမောတု - ကာမဂုဏ်ကို တပ်မက်ခြင်းကား၊ အဋ္ဌဂုဏော - ရှစ်ဆလွန်သည်၊ ဘဝေ - ဖြစ်၏။
Women’s appetite is twice that of men, their wisdom four times, their industry six times, and their desire eight times as great.
၁၆၂။
ပဗ္ဗေ ပဗ္ဗေ ကမေနုစ္ဆု၊
ဝိသေသရသဝါဂ္ဂတော။
တထာ သုမေတ္တိကော သာဓု၊
ဝိပရိတောဝ ဒုဇ္ဇနော။
လောကေ - လောက၌၊ ဥစ္ဆု - ကြံသည်၊ အဂ္ဂတော - အဖျားမှ၊ ကမေန - အစဉ်သဖြင့်၊ ပဗ္ဗေ ပဗ္ဗေ - အဆစ်တိုင်း အဆစ်တိုင်း၊ ဝိသေသရသဝါ - လွန်သော ထူးသော အရသာရှိသည်၊ ဟောတိ - ဖြစ်၏၊ သုမေတ္တိကော - ခင်ပွန်းကောင်း ဖြစ်သော၊ သာဓု - သူတော်သူမြတ်သည်လည်း၊ တထာ - ထိုကြံ၏ အဖျားမှ အရင်းတိုင်အောင် လွန်၍လွန်၍ ချိုသည်နှင့်တူ၏၊ ဒုဇ္ဇနော - ယုတ်မာသော အဆွေခင်ပွန်းကား၊ ဝိပရိတောဝ - အရင်းအစသာ ချို၍ အဖျားတိုင်လတ်သော် မချိုသောကြံ၏ သဘောနှင့်တူ၏။
The sugar-cane has a better taste knot after knot from the tip: a good friend is like that; a bad man just the reserve.
၁၆၃။
ကဿကော ဝါဏိဇော မစ္စော၊
သမဏော သုတ သီလဝါ။
တေသု ဝိပုလ ဇာတေသု၊
ရဋ္ဌံပိ ဝိပုလံသိယာ။
ကဿကော - လယ်လုပ်သောသူလည်းကောင်း၊ ဝါဏိဇော - ကုန်သည်လည်းကောင်း၊ အမစ္စော - အမတ်သည်လည်းကောင်း၊ သုတ သီလဝါ - အကြားအမြင် သီတင်းသီလနှင့် ပြည့်စုံသော၊ သမဏော - ရဟန်းလည်းကောင်း၊ တေသု - ထိုလေးပါးတို့သည်၊ ဝိပုလဇာတေသု - ပြန့်ပြောစွာ ဖြစ်ကုန်လတ်သော်၊ ရဋ္ဌံပိ - တိုင်းနိုင်ငံသော်လည်း၊ ဝိပုလံ - ပြန့်ပြောသည်၊ သိယာ - ဖြစ်ရာ၏။
A cultivator, a trader, a minister, a priest full of learning and virtue – when such as these increase in number, the country must assuredly grow great.
၁၆၄။
အသဇ္ဈာယ မလာ မန္တာ၊
အနုဋ္ဌာနံ မလာဃရာ။
မလံ ဝဏ္ဏဿ ကောသဇ္ဇံ၊
ပမာဒေါ ရက္ခတော မလံ။
အသဇ္ဈာယ - မသရဇ္ဈာယ်သောသူအား၊ မန္တာ - ပညာသည်၊ မလာ - ပျက်၏၊ အနုဋ္ဌာနံ - ထကြွလုံ့လ ဝီရိယ မရှိသောသူ၏၊ ဃရာ - အိမ်သည်၊ မလာ - ညစ်နွမ်းပျက်စီး၏၊ ဝဏ္ဏဿ - အဆင်းလှသောသူအား၊ ကောသဇ္ဇံ - ပျင်းရိခြင်းသည်၊ မလံ - အညစ်အကြေးတည်း၊ ရက္ခတော - ဣန္ဒြေကို စောင့်ရှောက်သော ရဟန်းအား၊ ပမာဒေါ - မေ့လျော့ခြင်းသည်၊ မလံ - အညစ်အကြေးတည်း။
Texts, not being repeated, become useless; the house of an indolent person comes to ruin; indolence is filth to a person of comely appearance; and forgetfulness is a taint to one who keeps a watch over his senses.
၁၆၅။
ဟီနာနံ ဂစ္ဆတေ ဝိတ္တံ၊
ဝီရာနံဝ သန္တကတ္တံ။
ဝဒန္တိစ ဟီနာဇနာ၊
ပုဗ္ဗ ကမ္မပ္ပဓာနာတိ။
လောကေ - လောက၌၊ ဟီနာနံ - ချို့သောလုံ့လရှိသော၊ ဇနာနံ - လူတို့၏၊ ဝိတ္တံ - ဥစ္စာကား၊ ဝီရာနံဝ - ကြီးသော လုံ့လရှိသော သူတို့၏သာလျှင်၊ သန္တကတ္တံ - ဥစ္စာ၏ အဖြစ်သို့၊ ဂစ္ဆတေ - ရောက်တတ်၏၊ ဟီနာဇနာ - ယုတ်မာသော သူတို့သည်၊ ပုဗ္ဗကမ္မဓာနာတိ - ရှေးကံသာပဓာနဟု၊ ဝဒန္တိ - ဆိုကုန်သလျှင် ကတည်း။
The property of men of little industry becomes the possession of those more industrious: evil-doers say that their present lot has its origin in former deeds.
၁၆၆။
န ဝဒန္တိ ဧဝံ ဓီရာ၊
ဝါယမိံသု သဗ္ဗကမ္မေ။
နစေ သိဇ္ဈတိ တံကမ္မံ၊
အဖလံ ဧဝ ကိံဒေါသော။
ဓီရာ - ပညာရှိတို့ကား၊ ဧဝံ - ဤသို့၊ နဝဒန္တိ - မဆိုကုန်၊ သဗ္ဗကမ္မေ - ခပ်သိမ်းသော အမှုကိစ္စတို့ကို၊ ဝါယမိံသု - လုံ့လပြုကုန်သည်သာလျှင်တည်း၊ စေ - အကယ်၍၊ တံကမ္မံ - ထိုအမှုသည်၊ နသိဇ္ဈတိ - မပြီးခဲ့အံ့၊ အဖလံဧဝ - ရည်တိုင်းအကျိုး မဖြစ်ရုံသည်လျှင်ကတည်း၊ ကိံဒေါသော - အဘယ်မှာ အပြစ်ရှိအံ့နည်း။
The wise do not say so; they have striven energetically in every work; if their work does not come to completion, it is only devoid of fruit what blame can there be?
၁၆၇။
နီစကုလံ နိပ္ပညဝါ၊
နိရူပံ နိဗလံ သမံ။
ဣမံကာလံ ဆုတ္တကာလံ၊
ဓနမေဝ ဝိသေသကံ။
ယောနရော - အကြင် ယောက်ျား မိန်းမသည်၊ နီစကုလံ - နိမ့်သောအမျိုး၌လည်း ဖြစ်၏၊ နိပ္ပညဝါ - နှုတ်မှုပညာ လက်မှုပညာ အတတ်လည်းမရှိ၊ နိ ရူပံ - အရုပ်အရည်လည်း မတင့်တယ်၊ နိဗလံသမံ - အစွမ်းအားလည်းမရှိ၊ တထာပိ - ထိုသို့ အပြစ်ထင်သော်လည်း၊ ဣမံကာလံ - ဤကာလသည်ကား၊ ဆုတ္တကာလံ - ကာလဆုတ်တည်း၊ ဓနမေဝ - ဥစ္စာသည်သာလျှင်၊ ဝိသေသကံ - အထူးပြုသော ကာလတည်း။
One of low extraction is without wisdom, beauty, and power, wealth, however, is all-important, this age being a degenerate one.
လောကနီတိ ပါဌ် အနက်ပြီး။