မင်းကွန်းဓမ္မနာဒတိုက် တိုက်အုပ်ဆရာတော်
အရှင်ဥက္ကံသာဘိဝံသ အနက်မြန်မာပြန်ဆိုသော
မင်းကွန်းဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူအပ်သည့်
ယံ ဒုန္နိမိတ္တံ ဂါထာမှ အပြန်
ယံ သန္နိမိတ္တံ သုဘမင်္ဂလာ ဆုတောင်း သုံးဂါထာ
(၁) ယံ သန္နိမိတ္တံ သုဘမင်္ဂလံ ဝါ၊
ယော ဝါ မနာပေါ သကုဏဿ သဒ္ဒေါ။
သောဘဂ္ဂဟော သံသုပိနံ သုကန္တံ၊
ဗုဒ္ဓါနုဘာဝေန ဝိပက္ကမေန္တု။
ယံ သန္နိမိတ္တံ ဝါ - မျိုးရိုးတံထွာ စဉ်အလာဖြင့် ငါငါသူသူ ကောင်း၏ဟူ၍ စွဲယူထိမ်းမှတ် ပြုလုပ်အပ်သည့် အကြင်ကောင်းမြတ်သော နိမိတ်သည်လည်းကောင်း၊
ယံ သုဘမင်္ဂလံ ဝါ - ရှုချင်စဖွယ် တင့်တယ်သော အဆင်းရူပါရုံကို မြင်ခြင်း ဒိဋ္ဌမင်္ဂလာ၊ နာချင်ဖွယ်ရာ သာယာသော အသံသဒ္ဒါရုံကို ကြားခြင်းသုတမင်္ဂလာ အစဖြာသား စဉ်လာထိမ်းမှတ် ပြုလုပ်အပ်သည့် အကြင်ကောင်းမြတ်သော မင်္ဂလာသည်လည်းကောင်း၊
မနာပေါ - စိတ်နှလုံးကို ပွားတိုးစေတတ် နှစ်သက်မြတ်နိုးအပ်သော၊
ယော ဝါ သကုဏဿ သဒ္ဒေါ -အကြင်သာယာသော ကျေးသံငှက်သံသည်လည်းကောင်း၊
ယော သောဘဂ္ဂဟော ဝါ -လောကီအလို ကျမ်းအဆိုဖြင့် ထိုထိုကောင်းကျိုး အမျိုးမျိုးတို့ကို ပွားတိုးဖြစ်ထွန်းစေတတ် အကြင်ကောင်းမြတ်သော ဂြိုဟ်မင်းတို့ စီးနင်းကြိုက်ကြုံခြင်းသည်လည်းကောင်း၊
သုကန္တံ -အလွန် နှစ်လိုဖွယ်ကောင်းသော၊
ယံ သုပိနံ ဝါ - အကြင်ကောင်းမြတ်သော အိပ်မက်ယာမက်သည်လည်းကောင်း၊
အတ္ထိ - လောကီအနေ ရှိသည် မှန်ပေ၏။
ဧတေ - ထိုကောင်းမြတ်သော နိမိတ်မင်္ဂလာ၊ သာယာသော ကျေးသံငှက်သံ၊ ကောင်းမွန်လှသော ဂြိုဟ်စီးဂြိုဟ်နင်း၊ သန့်ရှင်းစင်ကြယ် နှစ်သက်ဖွယ်သော အိပ်မက်ယာမက်တို့သည်၊
ဗုဒ္ဓါနုဘာဝေန - မြတ်စွာဘုရား၏ ကြီးမားတေဇော်အာနုဘော်ကြောင့်၊
ဝိပက္ကံ - ရင့်ကျက်ဘိလျှင်း အကျိုးပေးခြင်းသို့၊
ဧန္တု - မုချမသွေ ရောက်ကြပါစေကုန်သတည်း။
(၂) ယံ သန္နိမိတ္တံ သုဘမင်္ဂလံ ဝါ၊
ယော ဝါ မနာပေါ သကုဏဿ သဒ္ဒေါ။
သောဘဂ္ဂဟော သံသုပိနံ သုကန္တံ၊
ဓမ္မာနုဘာဝေန ဝိပက္ကမေန္တု။
ယံ သန္နိမိတ္တံ ဝါ - မျိုးရိုးတံထွာ စဉ်အလာဖြင့် ငါငါသူသူ ကောင်း၏ဟူ၍ စွဲယူထိမ်းမှတ် ပြုလုပ်အပ်သည့် အကြင်ကောင်းမြတ်သော နိမိတ်သည်လည်းကောင်း၊
ယံ သုဘမင်္ဂလံ ဝါ - ရှုချင်စဖွယ် တင့်တယ်သော အဆင်းရူပါရုံကို မြင်ခြင်း ဒိဋ္ဌမင်္ဂလာ၊ နာချင်ဖွယ်ရာ သာယာသော အသံသဒ္ဒါရုံကို ကြားခြင်းသုတမင်္ဂလာ အစဖြာသား စဉ်လာထိမ်းမှတ် ပြုလုပ်အပ်သည့် အကြင်ကောင်းမြတ်သော မင်္ဂလာသည်လည်းကောင်း၊
မနာပေါ - စိတ်နှလုံးကို ပွားတိုးစေတတ် နှစ်သက်မြတ်နိုးအပ်သော၊
ယော ဝါ သကုဏဿ သဒ္ဒေါ -အကြင်သာယာသော ကျေးသံငှက်သံသည်လည်းကောင်း၊
ယော သောဘဂ္ဂဟော ဝါ -လောကီအလို ကျမ်းအဆိုဖြင့် ထိုထိုကောင်းကျိုး အမျိုးမျိုးတို့ကို ပွားတိုးဖြစ်ထွန်းစေတတ် အကြင်ကောင်းမြတ်သော ဂြိုဟ်မင်းတို့ စီးနင်းကြိုက်ကြုံခြင်းသည်လည်းကောင်း၊
သုကန္တံ -အလွန် နှစ်လိုဖွယ်ကောင်းသော၊
ယံ သုပိနံ ဝါ - အကြင်ကောင်းမြတ်သော အိပ်မက်ယာမက်သည်လည်းကောင်း၊
အတ္ထိ - လောကီအနေ ရှိသည် မှန်ပေ၏။
ဧတေ - ထိုကောင်းမြတ်သော နိမိတ်မင်္ဂလာ၊ သာယာသော ကျေးသံငှက်သံ၊ ကောင်းမွန်လှသော ဂြိုဟ်စီးဂြိုဟ်နင်း၊ သန့်ရှင်းစင်ကြယ် နှစ်သက်ဖွယ်သော အိပ်မက်ယာမက်တို့သည်၊
ဓမ္မာနုဘာဝေန - ဆယ်ပါးသောတရားတော် တန်ခိုးအာနုဘော်ကြောင့်၊
ဝိပက္ကံ - ရင့်ကျက်ဘိလျှင်း အကျိုးပေးခြင်းသို့၊
ဧန္တု - မုချမသွေ ရောက်ကြပါစေကုန်သတည်း။
(၃) ယံ သန္နိမိတ္တံ သုဘမင်္ဂလံ ဝါ၊
ယော ဝါ မနာပေါ သကုဏဿ သဒ္ဒေါ။
သောဘဂ္ဂဟော သံသုပိနံ သုကန္တံ၊
သံဃာနုဘာဝေန ဝိပက္ကမေန္တု။
ယံ သန္နိမိတ္တံ ဝါ - မျိုးရိုးတံထွာ စဉ်အလာဖြင့် ငါငါသူသူ ကောင်း၏ဟူ၍ စွဲယူထိမ်းမှတ် ပြုလုပ်အပ်သည့် အကြင်ကောင်းမြတ်သော နိမိတ်သည်လည်းကောင်း၊
ယံ သုဘမင်္ဂလံ ဝါ - ရှုချင်စဖွယ် တင့်တယ်သော အဆင်းရူပါရုံကို မြင်ခြင်း ဒိဋ္ဌမင်္ဂလာ၊ နာချင်ဖွယ်ရာ သာယာသော အသံသဒ္ဒါရုံကို ကြားခြင်းသုတမင်္ဂလာ အစဖြာသား စဉ်လာထိမ်းမှတ် ပြုလုပ်အပ်သည့် အကြင်ကောင်းမြတ်သော မင်္ဂလာသည်လည်းကောင်း၊
မနာပေါ - စိတ်နှလုံးကို ပွားတိုးစေတတ် နှစ်သက်မြတ်နိုးအပ်သော၊
ယော ဝါ သကုဏဿ သဒ္ဒေါ -အကြင်သာယာသော ကျေးသံငှက်သံသည်လည်းကောင်း၊
ယော သောဘဂ္ဂဟော ဝါ -လောကီအလို ကျမ်းအဆိုဖြင့် ထိုထိုကောင်းကျိုး အမျိုးမျိုးတို့ကို ပွားတိုးဖြစ်ထွန်းစေတတ် အကြင်ကောင်းမြတ်သော ဂြိုဟ်မင်းတို့ စီးနင်းကြိုက်ကြုံခြင်းသည်လည်းကောင်း၊
သုကန္တံ -အလွန် နှစ်လိုဖွယ်ကောင်းသော၊
ယံ သုပိနံ ဝါ - အကြင်ကောင်းမြတ်သော အိပ်မက်ယာမက်သည်လည်းကောင်း၊
အတ္ထိ - လောကီအနေ ရှိသည် မှန်ပေ၏။
ဧတေ - ထိုကောင်းမြတ်သော နိမိတ်မင်္ဂလာ၊ သာယာသော ကျေးသံငှက်သံ၊ ကောင်းမွန်လှသော ဂြိုဟ်စီးဂြိုဟ်နင်း၊ သန့်ရှင်းစင်ကြယ် နှစ်သက်ဖွယ်သော အိပ်မက်ယာမက်တို့သည်၊
သံဃာနုဘာဝေန - အရိယာရှစ်ဖော် သံဃာတော်၏ တန်ခိုးတေဇော်အာနုဘော်တော်ကြောင့်၊
ဝိပက္ကံ - ရင့်ကျက်ဘိလျှင်း အကျိုးပေးခြင်းသို့၊
ဧန္တု - မုချမသွေ ရောက်ကြပါစေကုန်သတည်း။
(မင်းကွန်းဝတ်ရွတ်စဉ်စာအုပ်မှ)