၃
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
အရဟတော၊ ဗြဟ္မာ, လူ, နတ် လေးမြတ်ကော်ရော် အလှူတော်မှန် အပူဇော် ခံတော်မူထိုက်သော။ သမ္မာသမ္ဗုဒ္ဓဿ၊ အမှန်တိုင်းသာ ဆရာမရှိ တရားစုံကို ကိုယ်တိုင်သိတော်မူထသော။ တဿ ဘဂဝတော၊ ထိုဘုန်းတော်ခြောက်စုံ ဂုဏ်များသခင် ရှင်တော်မြတ်ဘုရားအား။ နမော၊ ရိုသေမြတ်နိုး ရှိခိုးကန်တော့ခြင်းသည်။ (အတ္ထု၊ ဖြစ်ပါစေသတည်း။)