ဗုဒ္ဓ
"ဗုဒ္ဓ ဟူသည်မှာ ဘဝများစွာ သံသရာဝယ် ကျင်လည်ရစဉ်အခါက ဒါန စသော ပါရမီဆယ်ပါး အပြားသုံးဆယ်တို့ကို ဖြည့်ကျင့်ခဲ့သဖြင့် ဗောဓိမဏ္ဍိုင်ဝယ် သစ္စာလေးပါး တရားဥဿုံ အလုံးစုံကို ဆရာမရှိ ကိုယ်တော်တိုင် ထိုးထွင်း၍ သိတော်မူသော သဗ္ဗညုတဉာဏ်ရှင် ဘုရားသခင်ဟု အဓိပ္ပာယ် ရသည်။"
စာမျက်နှာ - ၁၉ဗုဒ္ဓဘာသာတရားတော် - အခြေခံအဆင့်သာသနာရေးဝန်ကြီးဌာန
ကမ္မဋ္ဌာန်း ၄၀ မှ အနုဿတိ ၁၀ ပါးတွင် ပါဝင်သော ဗုဒ္ဓါနုဿတိ ကိုဆင်ခြင်အောင့်မေ့ရာတွင် အထောက်အကူ ဖြစ်စေခြင်းငှာ၊ မိမိတို့ကိုးကွယ်ရာ ယုံကြည်ရာ ဆည်းကပ်ရာ ဖြစ်သော ဗုဒ္ဓမြတ်စွာ အကြောင်း သေချာစွာ သိရှိနိုင်စေရန် စေတနာဖြင့် ဤဘုရားရတနာ အခန်းတွင် ဘုရားဂုဏ်တော်၊ ဘုရားရှိခိုးအမျိုးမျိုး၊ ဗုဒ္ဓဝင်စာပေများ စသည်ဖြင့် စုစည်း တင်ပြ ညွှန်ပြပေးရန် ရည်ရွယ်ပါသည်။
ထို့အပြင် မင်းကွန်းတိပိဋကဆရာတော်ဘုရားကြီး၏ မဟာဗုဒ္ဓဝင် လာအတိုင်း ဗောဓိသတ္တ၊ ဗောဓိသတ္တကိစ္စ၊ ဗုဒ္ဓ၊ ဗုဒ္ဓကိစ္စ ဟူသော အခန်းများကိုလည်း တင်ပြပေးနိုင်ရန် ကြိုးစားနေပါသည်။