၄
ယေ သန္တာ သန္တစိတ္တာ, တိသရဏသရဏာ, ဧတ္ထလောကန္တရေ ဝါ၊
ဘုမ္မာ ဘုမ္မာ စ ဒေဝါ, ဂုဏ ဂဏ ဂဟဏ, ဗျာဝဋာသဗ္ဗကာလံ။
ဧတေ အာယန္တု ဒေဝါ, ဝရကနက မယေ, မေရုရာဇေ ဝသန္တော၊
သန္တော သန္တောသဟေတုံ, မုနိ ဝရ ဝစနံ, သောတုမဂ္ဂံ သမဂ္ဂံ။
ဧတ္ထ ဝါ၊ ဤစကြဝဠာ၌လည်းကောင်း။ လောကန္တရေ ဝါ၊ စကြာဝဠာ တပါး၌လည်းကောင်း။ သန္တာ၊ သူတော်ကောင်း ဖြစ်ကုန်သော၊ သန္တစိတ္တာ၊ ငြိမ်သက်သော စိတ်နှလုံး ရှိကြကုန်သော။ တိသရဏသရဏာ၊ ရတနာသုံးပါးသာ ကိုးကွယ်ရာ ရှိကြကုန်သော။ သဗ္ဗကာလံ၊ အခါခပ်သိမ်း။ ဂုဏ ဂဏ ဂဟဏ ဗျာဝဋာ၊ ဂုဏ်အပေါင်းကို ရယူရေး၌ အားစိုက်ကြိုးပမ်းကြကုန်သော။ ဘုမ္မာ၊ မြေ၌ဖြစ်ကုန်သော။ ယေ ဒေဝါစ၊ အကြင်နတ်တို့သည် လည်းကောင်း။ အဘုမ္မာ၊ မြေမှတပါး ကောင်းကင်တလွှား၌ ဖြစ်ကုန်သော။ ယေ ဒေဝါ စ၊ အကြင် နတ်ဗြဟ္မာတို့သည် လည်းကောင်း။ ဝရကနကမယေ၊ မြတ်သော ရွှေစင်ဖြင့်ပြီးသော။ မေရုရာဇေ၊ တောင်မင်းထွတ်ခေါင် မြင်းမိုရ်တောင်၌။ ဝသန္တော၊ နေသော။ သန္တော၊ သူတော်ကောင်း ဖြစ်သော။ ယော ဒေဝေါ စ၊ အကြင် သိကြားနတ်မင်းသည် လည်းကောင်း။ (အတ္ထိ၊ ရှိကုန်၏။) ဧတေ ဒေဝေါ၊ ထို နတ်ဗြဟ္မာတို့သည်။ သန္တောသဟေတုံ၊ လွန်စွာနှစ်သက် ဝမ်းမြောက်ခြင်း၏ အကြောင်းဖြစ်သော။ အဂ္ဂံ၊ ကောင်းမြတ်သော။ မုနိဝရဝစနံ၊ ဘုရားမြတ်၏ စကားတရားတော်ကို။ သောတုံ၊ နာယူခြင်းငှါ။ သမဂ္ဂံ၊ အညီအညွတ်။ အယန္တု၊ လာကြကုန်လော့။
စကားပြေ - သူတော်ကောင်းဖြစ်၍ ငြိမ်သက်သော စိတ်နှလုံး ရှိကြသော ရတနာသုံးပါးကို ကိုးကွယ်သူ, ဂုဏ်အပေါင်းကို ရယူရေး၌ အားစိုက်ကြိုးပမ်းသူ ဖြစ်ကြသော ဤစကြာဝဠာ နှင့် စကြာဝဠာတပါးရှိ မြေ၌တည်သော နတ်, ကောင်းကင်၌ တည်သောနတ်, ဗြဟ္မာ တို့သည်လည်းကောင်း၊ ကောင်းမြတ်သော ရွှေစင်အတိပြီးသော မြင်းမိုရ်တောင်မင်း၌ နေသော သိကြားမင်း သူတော်ကောင်းသည် လည်းကောင်း၊ နှစ်သက်ဝမ်းမြောက် ရခြင်း၏အကြောင်း ကောင်းမြတ်သော ဘုရားတရားတော်ကို နာယူဖို့ရာ အညီအညွတ် လာရောက်ကြပါ ကုန်လော့။
၅
သဗ္ဗေသု စက္ကဝါဠေသု၊ ယက္ခာ ဒေဝါ စ ဗြဟ္မနော။
ယံ အမှေဟိ ကတံ ပုညံ၊ သဗ္ဗသမ္ပတ္တိသာဓကံ။
၆
သဗ္ဗေ တံ အနုမောဒိတွာ၊ သမဂ္ဂါ သာသနေ ရတာ။
ပမာဒ ရဟိတာ ဟောန္တု၊ အာရက္ခာသု ဝိသေသတော။
သဗ္ဗေသု၊ အလုံးစုံကုန်သော။ စက္ကဝါဠေသု၊ စကြာဝဠာပေါင်း တိုက် တသောင်းတို့၌။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ ယက္ခာ စ၊ ဘီလူးတို့သည်လည်းကောင်း။ ဒေဝါ စ၊ နတ်တို့သည် လည်းကောင်း။ ဗြဟ္မာနော စ၊ ဗြဟ္မာတို့သည် လည်းကောင်း။ အမှေဟိ၊ ငါတို့သည်။ သဗ္ဗသမ္ပတ္တိသာဓကံ၊ အလုံးစုံသော စည်းစိမ်ချမ်းသာ တို့ကို ပြီးမြောက်စေတတ်သော။ ယံ ပုညံ၊ အကြင်ကောင်းမှုကို။ ကတံ၊ ပြုအပ်ပြီ။
တံ ပုညံ၊ ထိုကောင်းမှုကို။ အနုမောဒိတွာ၊ ဝမ်းမြောက်ကြကုန်၍။ သမဂ္ဂါ၊ ညီညွတ်ကြကုန်လျက်။ သာသနေ၊ ဘုရား အဆုံးအမတော်၌။ ရတာ၊ မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်ကြကုန်သည်။ ဟောန္တု၊ ဖြစ်ကြပါကုန်လော့။ ဝိသေသတော၊ အထူးအားဖြင့်။ အာရက္ခာသု၊ လူသားတို့ဝယ် ကာကွယ်စောင့်ရှောက်မှု တို့၌။ ပမာဒရဟိတာ၊ မေ့လျော့ခြင်းမှ ကင်းကြကုန်သည်။ ဟောန္တု၊ ဖြစ်ကြပါကုန်လော့။
စကားပြေ - စကြာဝဠာ တသောင်းလုံးရှိ ဘီလူး, နတ်, ဗြဟ္မာ မှန်သမျှတို့သည် ငါတို့ပြုသည့် ကောင်းမှုကို ဝမ်းမြောက်ကြပြီးလျှင် ညီညာဖြဖြ ဘုရားအဆုံးအမတော်၌ နှစ်ခြိုက် မွေ့လျော် ကြပါကုန်လော့။ အထူးအားဖြင့် လူသားတို့ အပေါ်ဝယ် ကာကွယ်စောင့်ရှောက်ရေးတို့၌ မမေ့မလျော့ ကြပါလေနှင့်။
၇
သာသနဿ စ လောကဿ၊ ဝုဍ္ဎိ ဘဝတု သဗ္ဗဒါ။
သာသနမ္ပိ စ လောကဉ္စ၊ ဒေဝါ ရက္ခန္တု သဗ္ဗဒါ။
သာသနဿ စ၊ မြတ်စွာဘုရား သာသနာတော်၏လည်းကောင်း။ လောကဿ စ၊ သတ္တဝါအပေါင်း၏လည်းကောင်း၊ သဗ္ဗဒါ၊ အခါခပ်သိမ်း။ ဝုဍ္ဎိ၊ တိုးတက်ကြီးပွားခြင်းသည်။ ဘဝတု၊ ဖြစ်ပါစေသတည်း။ သာသနမ္ပိ စ၊ သာသနာတော်ကိုလည်းကောင်း။ လောကဉ္စ၊ သတ္တဝါအပေါင်းကိုလည်းကောင်း။ ဒေဝါ၊ နတ်အများတို့သည်။ သဗ္ဗဒါ၊ အခါခပ်သိမ်း။ ရက္ခန္တု၊ စောင့်ရှောက် ကြပါစေကုန်သတည်း။
စကားပြေ - သာသနာတော်သည် လည်းကောင်း, သတ္တဝါ အပေါင်းသည်လည်းကောင်း အမြဲ တိုးတက် ကြီးပွားပါစေ၊ သာသနာနှင့် လောကကို နတ်အများ အစဉ် စောင့်ရှောက်ကြပါစေ။
၈
သဒ္ဓိံ ဟောန္တု သုခီ သဗ္ဗေ၊ ပရိဝါရေဟိ အတ္တနော။
အနီဃာ သုမနာ ဟောန္တု၊ သဟ သဗ္ဗေဟိ ဉာတိဘိ။
သဗ္ဗေ၊ သတ္တဝါအလုံးစုံတို့သည်။ အတ္တနော၊ မိမိ၏။ ပရိဝါရေဟိ၊ ခြွေရံသင်းပင်းတို့နှင့်။ သဒ္ဓိံ၊ အတူတကွ။ သုခီ၊ ချမ်းသားခြင်း ရှိကြကုန်သည်။ ဟောန္တု၊ ဖြစ်ကြပါစေကုန်သတည်း။ သဗ္ဗေဟိ၊ အလုံးစုံကုန်သော။ ဉာတိဘိ၊ အဆွေအမျိုးတို့နှင့်။ သဟ၊ အတူတကွ။ အနီဃာ၊ ဆင်းရဲမရှိကုန်သည်။ သုမနာ၊ နှစ်သက်ရွှင်လန်း စိတ်ချမ်းသာကြကုန်သည်။ ဟောန္တု၊ ဖြစ်ကြပါစေကုန်သတည်း။
၉
ရာဇတော ဝါ စောရတော ဝါ
မနုဿတော ဝါ အမနုဿတော ဝါ
အဂ္ဂိတော ဝါ ဥဒကတော ဝါ
ပိသာစတော ဝါ ခါဏုကတော ဝါ
ကဏ္ဋကတော ဝါ နက္ခတ္တတော ဝါ
ဇနပဒရောဂတော ဝါ အသဒ္ဓမ္မတော ဝါ
အသန္ဒိဋ္ဌိတော ဝါ အသပ္ပုရိသတော ဝါ
စဏ္ဍ ဟတ္ထိ အဿ မိဂ ဂေါဏ ကုက္ကရ အဟိ ဝိစ္ဆိက မဏိသပ္ပ ဒီပိ
အစ္ဆ တရစ္ဆ သူကရ မဟိံသ ယက္ခ ရက္ခသာဒီဟိ
နာနာဘယတော ဝါ နာနာရောဂတော ဝါ
နာနာဥပဒ္ဒဝတော ဝါ အရက္ခံ ဂဏှန္တု။
ရာဇတော ဝါ၊ မင်းဆိုးတို့မှလည်းကောင်း။ စောရတော ဝါ၊ ခိုးသူတို့မှလည်းကောင်း။ မနုဿတော ဝါ၊ လူဆိုးတို့မှလည်းကောင်း။ အမနုဿတော ဝါ၊ ဘီလူးနတ်ဆိုး တို့မှလည်းကောင်း။ အဂ္ဂိတော ဝါ၊ အဖျက်မီးတို့မှလည်းကောင်း။ ဥဒကတော ဝါ၊ အဖျက်ရေတို့မှလည်းကောင်း။ ပိသာစတော ဝါ၊ မြေဘုတ်ဘီလူးတို့မှလည်းကောင်း။ ခါဏုကတော ဝါ၊ သစ်ငုတ်ခလုတ်တို့မှလည်းကောင်း။ ကဏ္ဋကတော ဝါ၊ ဆူးငြောင့်တို့မှလည်းကောင်း။ နက္ခတ္တတော ဝါ၊ မကောင်းသော နက္ခတ်တို့မှလည်းကောင်း။ ဇနပဒရောဂတော ဝါ၊ ဇနပုဒ်၌ဖြစ်သော ရောဂါဆိုးတို့မှ လည်းကောင်း။ အသဒ္ဓမ္မတော ဝါ၊ မသူတော်တို့၏ အကျင့်တရားတို့မှလည်းကောင်း။ အသန္ဒိဋ္ဌိတော ဝါ၊ မှားသောအယူတို့မှလည်းကောင်း။ အသပ္ပုရိသတော ဝါ၊ သူယုတ်မာတို့မှလည်းကောင်း။ စဏ္ဋ ဟတ္ထိ အဿ မိဂ ဂေါဏ ကုက္ကုရ အဟိ ဝိစ္ဆိက မဏိသပ္ပ ဒီပိ အစ္ဆ တရစ္ဆ သူကရ မဟိံသ ယက္ခ ရက္ခသာဒီဟိ၊ ကြမ်းတမ်းသော ဆင် မြင်း သားရဲ နွား ခွေး မြွေ ကင်းမြီးကောက် မြွေစိမ်း သစ် ဝံ အောင်း ဝက် ကျွဲ ဘီလူး ရက္ခိုသ် အစရှိသည်တို့မှလည်းကောင်း။ နာနာဘယတော ဝါ၊ ဘေးအမျိုးမျိုးတို့မှလည်းကောင်း၊ နာနာရောဂတော ဝါ၊ ရောဂါအမျိုးမျိုးတို့မှလည်းကောင်း။ နာနာဥပဒ္ဒဝတော ဝါ၊ အန္တရာယ်အမျိုးမျိုးတို့မှလည်းကောင်း။ အာရက္ခံ၊ ကာကွယ်စောင့်ရှောက်မှုကို၊ ဂဏှန္တု၊ ယူကြကုန်လော့။