အစီအစဉ်များ
၁။ "နမော တဿ" သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား စတင်ရန်၊
၂။ အနန္တငါးပါးကို ထိခြင်းငါးပါးဖြင့် စနစ်တကျ ဂါရဝပြုရန်၊
၃။ သာသနာလျှောက်ထားရန်၊
၄။ မဟာဗောဓိဘုရားရှိခိုးဂါထာကို သင်တန်းသားတစ်ဦးက ရွတ်ဖတ်ပူဇော်ရန်၊
၅။ အောင်ပဏာမနှင့် အောင်ဆုတောင်းဂါထာကို သင်တန်းသားတစ်ဦးက ရွတ်ဖတ်ပူဇော်ရန်၊
၆။ သင်တန်းသားအားလုံးက ကဆုန်လပြည့် ဗုဒ္ဓနေ့အကြောင်း သိကောင်းစရာများကို ရွတ်ဖတ်ပူဇော်ကြရန်၊
၇။ ဗုဒ္ဓါဘိသေက အနေကဇာတင်ဂါထာများကို ပါဠိ မြန်မာ နှစ်ဘာသာဖြင့် ရွတ်ဖတ်ပူဇော်ကြရန်၊
၈။ ပဋိစ္စသမုပ္ပါဒ် အနုလောမ နှင့် ပဋိလောမ ဒေသနာကို ပါဠိ မြန်မာ နှစ်ဘာသာဖြင့် ရွတ်ဖတ်ပူဇော်ကြရန်၊
၉။ ကဆုန်လပြည့် ဗုဒ္ဓနေ့ဆိုင်ရာ ကဗျာများကို ရွတ်ဖတ်ပူဇော်ရန်၊
၁၀။ ညောင်ရေသွန်းပွဲတော် အကြောင်းကို သင်တန်းသားတစ်ဦးက တင်ပြရန်၊
၁၁။ ကဆုန်လပြည့် ဗုဒ္ဓနေ့ ကြွေးကြော်သံဂါထာများကို ရွတ်ဖတ်ပူဇော်ကြရန်၊
၁၂။ ဗောဓိပင်ကို ညောင်ရေသွန်းရန်၊
၁၃။ မေတ္တာပို့ရန်၊
၁၄။ အမျှဝေရန်၊
၁၅။ "ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု" သုံးကြိမ်ရွတ်၍ အခမ်းအနားပြီးဆုံးရန်။