ထေရုပ္ပတ္တိအကျဉ်း ( ၁၁၇၉ - ၁၂၅၆ )
ဆရာတော်လောင်းလျာကို ၁၁၇၉ ခုနှစ် တပေါင်းလဆန်း ၅ ရက်၊ တနင်္ဂနွေနေ့ ၁၂:၃၀ နာရီ တွင် သာရဝေါမြို့၊ ရွာကလေးရွာ၌ အဖ ဦးရွှေပန်း အမိ ဒေါ်လေးတို့မှ ဖွားမြင်သည်။ ငယ်မည် မောင်ညှင်း ဖြစ်သည်။ ဆရာတော် ဦးဇော်ဂျီထံတွင် သာမဏေပြုသည်။ ဘွဲ့တော်မှာ ရှင်ဥက္ကံသမာလာ ဖြစ်သည်။ သာရဝေါ မကျည်းတောဆရာတော် ထံတွင် ရဟန်းအဖြစ်သို့ ရောက်သည်။ မြသိန်းတန်ဆရာတော်၊ ဟင်္သာတ သရက်တော ဆရာတော်၊ ရန်ကုန်ပုဇွန်တောင် ဆရာတော်၊ အမရပူရ ဗားကရာ ဆရာတော်၊ ဗန်းမော်ဆရာတော်ထံတွင် စာပေကျမ်းဂန်များကို သင်ယူတော်မူခဲ့သည်။
၁၂၁၃ ခုနှစ်တွင် သာရဝေါမြို့သို့ ကြွပြီး ၁၂၁၄ ခုနှစ်တွင် တောရဆောက်တည်၍ ပဋိပတ်အလုပ်ကို ကြိုးကုတ်တော်မူသည်။ ကျမ်းပေါင်း ၈၃ ကျမ်းကို ရေးသားစီရင်တော်မူခဲ့သည်။
၁၂၆၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက်၊ တနင်္ဂနွေနေ့ နံနက် ၉ နာရီတွင် ဘဝနတ်ထံ ပျံလွန်တော် မူခဲ့ပါသည်။
ကျေးဇူးတော်ရှင် ဆရာတော်ကြီး ၁၀၈ ပါး၏ အဆုံးအမများကျော်နန္ဒအောင်အသက်စည်းစိမ်၊ ခန္ဓာအိမ်ကား
တိမ်တခဲနက်၊ ကြည့်ရင်းပျက်သို့
မျက်စိအောက်တွင်၊ ပျောက်လွင့်စင်၏။
သင်္ခါရစက်၊ သူ့ပိုင်နက်၌
သွက်သွက်လည်ကာ၊ ပါရရှာသည်
ခန္ဓာအနိစ္စပါတကား။