ထေရုပ္ပတ္တိအကျဉ်း ( ၁၁၆၀ - ၁၂၄၂ )
ဆရာတော်လောင်းလျာကို ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့အနီး၊ မြင်းကုန်းရွာ၌ အဘဦးလူကြီး - အမိဒေါ်မေတို့မှ ၁၁၆၀ ပြည့်နှစ် တပေါင်းလပြည့် အင်္ဂါနေ့တွင် ဖွားမြင်တော်မူသည်။ ငယ်နာမည် မောင်စို ဖြစ်သည်။ ၁၁၇၃ ခုနှစ်တွင် မန်ကျည်းတောရ ဆရာတော်ကြီးကို ဥပဇ္ဈာယ်ပြု၍ ရှင်သာမဏေ ဖြစ်သည်။ ဘွဲ့တော်မှာ ရှင်ဉာဏဝန္တဓဇ ဖြစ်သည်။ မန်ကျည်းတောရ ဆရာတော်နှင့် အင်းဝသို့ လိုက်ပါ၍ ပရိယတ္တိစာပေ သင်ကြားတော်မူသည်။ ၁၁၈၁ ခုနှစ်တွင် ရဟန်းအဖြစ်သို့ ရောက်သည်။
၁၁၈၈ ခုနှစ်တွင် မင်းဝံတောင် အနောက်တောင်ခြေရှိ စည်းခုံစေတီတော်ကြီး အနီး တောင်ရိပ်ခို၍ တရားကျင့်ကြံတော် မူသည်။ ရတနာထွဋ်ခေါင် စေတီတော် အနီးသို့ ကြွရောက်သီတင်းသုံး သဖြင့် ထွဋ်ခေါင်ဆရာတော်ကြီးဟု ထင်ရှားသည်။ ရာဇပါမောဇ္ဇဒီပနီကျမ်း အပါအဝင် ကျမ်း ၁၃ ကျမ်းကို ပြုစုတော်မူခဲ့သည်။
၁၂၄၂ ခုနှစ် ပထမဝါဆို လဆန်း ၁ ရက်၊ ၁ နာရီအချိန် သက်တော် ၈၁ နှစ်၊ သိက္ခာတော် ၆၁ ဝါ အရ ဓမ္မိကချောင်တွင် စုတိကမ္မဇရုပ် ချုပ်ငြိမ်းတော် မူပါသည်။
ကျေးဇူးတော်ရှင် ဆရာတော်ကြီး ၁၀၈ ပါး၏ ထေရုပ္ပတ္တိ နှင့် အပ္ပမာဒ အဆုံးအမများကျော်နန္ဒအောင်ရွှေပြည်ချမ်းသာ၊ စံချင်ရှာ၊ ဆိတ်ငြိမ်ရာသိုချဉ်း။
အနိစ္စကောင်၊ ဒုက္ခကောင်၊ အနတ္တကောင်၊ အသုဘကောင်၊ ထင်အောင် နှလုံးသွင်း။
အနိစ္စတုံး၊ ဒုက္ခတုံး၊ အနတ္တတုံး၊ အသုဘတုံး၊ လုံးလုံးမှတ်ကြမင်း။
ဤသို့ထင်မှ၊ မဂ်လမ်းစ၊ ရမည်မှန်စင်းစင်း။
မဂ္ဂင်ဖောင်ကြီး၊ တက်၍စီးမှ၊ ပြည်ကြီးအမတ၊ နိရောဓ၊ ရမည်မှတ်ကြမင်း။
ယခုဘဝ၊ မသိကြ၊ အမတမည်ခေါ်၊ ရွှေပြည်တော်၊ အစော်မနံလျှင်း။