အစီအစဉ်များ
၁။ "နမော တဿ" သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား စတင်ရန်၊
၂။ အနန္တငါးပါးကို ထိခြင်းငါးပါးဖြင့် စနစ်တကျ ဂါရဝပြုရန်၊
၃။ သာသနာလျှောက်ထားရန်၊
၄။ တန်ဆောင်မုန်းလပြည့် သာမညဖလ အခါတော်နေ့ အကြောင်း သိမှတ်ဖွယ်ရာများကို ဖတ်ကြားပူဇော်ရန်၊
၅။ သာမညဖလ အခါတော်နေ့ အမေးအဖြေများကို ဖတ်ကြားရန်၊
၆။ သံဃာ့ကျေးဇူး အထူးသိဖွယ် ကဗျာကို ဖတ်ကြားပူဇော်ရန်၊
၇။ သံဃာ့ဂုဏ်တော်ကို ပါဠိ-မြန်မာ နှစ်ဘာသာဖြင့် ဖတ်ကြားပူဇော်ရန်၊
၈။ သာမညဖလသုတ် ပါဠိတော်များကို ရွတ်ဖတ် ပူဇော်ရန်၊
၉။ တိတ္ထိဆရာကြီး ၆ ယောက်တို့၏ ဝါဒမှားကြီး ၆ မျိုးအကြောင်းကို မြန်မာဘာသာဖြင့် ဖတ်ကြားတင်ပြရန်၊
၁၀။ အဇာတသတ်မင်းအား မြတ်စွာဘုရားက ဟောကြားသော သာမညဖလ (ရဟန်းပြုခြင်း၏ အကျိုးများ) ကို မြန်မာဘာသာဖြင့် ဖတ်ကြားရန်၊
၁၁။ အဇာတသတ်မင်း ဗုဒ္ဓဘာသာ အဖြစ် ခံယူပုံကို ပါဠိ-မြန်မာ နှစ်ဘာသာဖြင့် ရွတ်ဆိုဖတ်ကြားရန်၊
၁၂။ အဇာတသတ်မင်း အပြစ်ကုစားပုံ ကုစားနည်းကို ပါဠိ-မြန်မာ နှစ်ဘာသာဖြင့် ရွတ်ဆိုဖတ်ကြားရန်၊
၁၃။ အပြစ်ကုစားသူ အဇာတသတ်မင်းအား မြတ်စွာဘုရားက ပြန်လည် မိန့်ကြားပုံကို ရွတ်ဆိုဖတ်ကြားရန်၊
၁၄။ တန်ဆောင်တိုင် မီးထွန်းပွဲတော် အကြောင်းကို တင်ပြရန်၊
(တင်ပြပြီးနောက် အသင့်ပြင်ဆင်ထားသော တန်ဆောင်တိုင် မီးများကို ထွန်းညှိကိုင်ဆောင်၍ မီးပူဇော်ရန်)
၁၅။ ရဟန်းပြုခြင်း၏ အကျိုး သာမညဖလ ကျင့်စဉ်ကဗျာကို ရွတ်ဖတ်ပူဇော်ရန်၊
၁၆။ မေတ္တာပို့ရန်
၁၇။ အမျှဝေရန်
၁၈။ "ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု" သုံးကြိမ်ရွတ်၍ အခမ်းအနား ပြီးဆုံးရန်။
အကြံပြုချက်
ရွတ်ဖတ်ရန် စာများက တစ်နာရီထက် ပိုလွန်နေခဲ့သော် ခေတ္တနား၍ နှစ်ချိန်ခွဲ ကျင်းပနိုင်ပါသည်။ သို့မဟုတ် အစီအစဉ် လျှော့ပြီး ကျင်းပနိုင်ပါသည်။
တန်ဆောင်းမုန်းလပြည့် သာမညဖလ အခါတော်နေ့