ထေရုပ္ပတ္တိအကျဉ်း ( ၁၁၉၃ - ၁၂၇၂ )
ဆရာတော်လောင်းလျာကို အဖ ဦးမောင်မောင်လေး၊ အမိ ဒေါ်ခင်ငြိမ်း တို့မှ ၁၁၉၃-ခု၊ ပထမ ဝါဆိုလဆန်း ၇-ရက်၊ ကြာသာပတေးနေ့တွင် ရွှေဘိုမြို့၌ ဖွားမြင်တော်မူသည်။ ငယ်နာမည် မောင်မြသီး ဖြစ်သည်။ ၁၃ နှစ်သား အရွယ်တွင် ရွှေဘိုမြို့ စရစ်ကျောင်းတိုက်၌ ရှင်သာမဏေ ဝတ်သည်။ ၁၂၁၄-ခုနှစ်၊ ဝါဆိုလဆန်း ၁၄ရက်တွင် မိဘနှစ်ပါး၏ ပစ္စယာနုဂ္ဂဟကို ခံယူ၍ စရစ်ကျောင်းတိုက် ခဏ္ဍသိမ်၌ ရဟန်းအဖြစ်သို့ ရောက်တော်မူသည်။ ဘွဲ့တော်မှာ ရှင်ပဏ္ဍဝ ဖြစ်သည်။ မန္တလေးမြို့ သင်္ဂဟကျောင်းတိုက်တွင် ပညာသင်ကြားသည်။
မင်းတုန်းမင်းကြီးက ပညာဒီပကဝိဓဇသာပါမောက္ခ တိပိဋကာလင်္ကာရ ဘွဲ့တံဆိပ်ကို လှူဒါန်းတော်မူသည်။ သက်တော် ၃၆ နှစ်တွင် စာချခြင်းကို ရပ်နား၍ မန္တလေးမြို့ အနောက်ဘက် မင်းဝံတောင်တန်းသို့ ကြွ၍ ပဋိပတ်အလုပ်ကို ကြိုးစားသည်။ မင်းဝံတောင်ခါးပန်းတွင် ပုစဉ်းထိုးငှက်များ သဘာဝ အလျောက် တူးထားသည့် ဂူများကို အကြောင်းပြု၍ ငှက်ထွင်းဆရာတော် ဟု ထင်ရှားသည်။ နောင်တွင် ငှက်တွင်းဆရာတော်ဟု ထင်ရှားပြီး ငှက်တွင်းဂိုဏ်း၊ ရွှေမင်းဝံဂိုဏ်းဟု ခေါ်ဝေါ်ကြသည်။ နောင်တွင် စတုဘုမ္မိကမဂ္ဂင်တရားတော်ကို အကြောင်းပြု၍ စတုဘုမ္မိကမဂ္ဂင်ဂိုဏ်း ဟု ထင်ရှားခဲ့သည်။
ငှက်တွင်းဂိုဏ်း သတိပဋ္ဌာန်ကို စတင်ကျင့်သုံးပြသ တော်မူခဲ့သည်။ ဆရာတော်ကြီးသည် ၁၂၇၂ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၀ ရက်တွင် သထုံမြို့၌ ဘဝနတ်ထံ ပျံလွန်တော် မူခဲ့ပါသည်။
ကျေးဇူးတော်ရှင် ဆရာတော်ကြီး ၁၀၈ ပါး၏ ထေရုပ္ပတ္တိ နှင့် အပ္ပမာဒ အဆုံးအမများကျော်နန္ဒအောင်