ပိဋကတ်မြန်မာပြန်များအကြောင်း
၄၅-နှစ် (၄၅-ဝါ) အတွင်း ဗုဒ္ဓရှင်တော်ဘုရား ဟောကြားတော်မူသည့် တရားစကားတော်များကို ၎င်း ထို ၄၅-နှစ် အတွင်း၌ ဖြစ်စေ ထို့နော်ကမှဖြစ်စေ ဗုဒ္ဓရှင်တော်ဘုရား၏ တပည့်သားတို့က ဗုဒ္ဓရှင်တော်ဘုရား၏ နည်းနာနိဿယကို ယူ၍ ဟောကြားတော်မူခဲ့ကြသည့် တရားစကားတော် များကို၎င်း ပါဠိတော် (စကားတော်အစဉ်) ဟု ခေါ်ဝေါ်ကြရလေသည်။
ထိုပါဠိတော် (စကားတော်အစဉ်) တို့ကို သံဂါယနာတင်မှု ပြုတော်မူကြသည့် အရှင်မြတ်တို့က -
ဟု ပိုင်းခြားခွဲဝေ၍ သတ်မှတ်ထားတော်မူခဲ့ ကြလေသည်။
ထို ၆-မျိုးတို့တွင် (၁) (၂) (၃) နှင့် (၆) တို့ကို ချန်ထား၍ ကျွန်ုပ်တို့ အထူးသိအပ်သည့် ပိဋကသုံးပုံ နှင့် နိကာယ်ငါးရပ် အကြောင်းကို ရေးသား ဖော်ပြပါအံ့။
နိကာယ်ငါးရပ်
"နိကာယ်" ဟူသော စကားမှာ 'နိကာယ' ဟူသော ပါဠိစကားပင် ဖြစ်သည်။ အဓိပ္ပါယ်မှာ 'အပေါင်းအစု' ဟု ဆိုလိုသည်။ မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော တရားဒေသနာတော်များကို အမျိုးအစား ပိုင်းခြား၍ အစုငါးစုပြု၍ ထားခဲ့သည်ကို 'နိကာယ်ငါးရပ်' ဟု ခေါ်သည်။
ထို 'နိကာယ်ငါးရပ်' တို့မှာ အောက်ပါအတိုင်းပင် ဖြစ်သည်။
(၁) ဒီဃနိကာယ = ရှည်သောသုတ်များကို စုပေါင်းထားခြင်း၊
(၂) မဇ္ဈိမနိကာယ = မရှည်မတို အလယ်အလတ်သုတ်တို့ကို စုပေါင်းထားခြင်း၊
(၃) သံယုတ္တနိကာယ = တရားသဘော အားဖြင့်၎င်း ဟောကြားချက် အားဖြင့်၎င်း တူသည်ဖြစ်၍ ယှဉ်တွဲသင့်သည့် သုတ်တို့ကို ယှဉ်တွဲ၍ စုပေါင်းထားခြင်း၊
(၄) အင်္ဂုတ္တရနိကာယ = အင်္ဂါတခုစီ ကျော်လွန်သည့် သုတ်များကို စုပေါင်းထားခြင်း၊ တနည်းဆိုသော် တပါး, နှစ်ပါး, သုံးပါး စသည်ဖြင့် ၁၁-မျိုးအထိ တရားသဘော အင်္ဂရပ်များကို တိုး၍ တိုး၍ ကျော်လွန်ပိုမို ပြဆိုအပ်သော သုတ်အသီးသီး တို့ကို စုပေါင်းထားခြင်း၊
(၅) ခုဒ္ဒကနိကာယ = အတိုင်းအရှည် ပမာဏအားဖြင့် တိုသောသုတ်များကို စုပေါင်းထားခြင်း၊
ဤသို့အားဖြင့် အစုနိကာယ်ပေါင်း ငါးခုရှိလေသည်။ ထိုနိကာယ်ငါးရပ်ကို ဒီဃနိကာယ်, မဇ္ဈိမနိကာယ်, သံယုတ္တနိကာယ်, အင်္ဂုတ္တရနိကာယ်, ခုဒ္ဒကနိကာယ်ဟု ခေါ်ဝေါ်လေ့ရှိသည်။
နိကာယ်ငါးရပ်နှင့် ပိဋကတ်သုံးပုံတို့၏ ဆက်သွယ်ပုံ ကိုလည်း သိအပ် သိထိုက်သည့် အားလျော်စွာ အမြွက်မျှ ဖော်ပြပါဦးအံ့။
မြတ်စွာဘုရား ဟောကြားတော်မူသော တရားတော်အားလုံးကို နိကာယ်အရ ပိုင်းခြားလျှင် အထက်၌ ပြခဲ့သည့်အတိုင်း ငါးစုဖြစ်၍ ပိဋကအရ ခွဲခြားလျှင် သုတ္တန်, ဝိနည်း, အဘိဓမ္မာ ဟူ၍ သုံးစု ဖြစ်လေသည်။ မြတ်စွာဘုရား ဟောကြားတော်မူသည့် ပါဠိတော်ကျမ်းရင်မှာ ၅၂ကျမ်း ဖြစ်သည်။ ယခုအခါ ဆဋ္ဌသံဂါယနာမှ ရိုက်နှိပ်ထုတ်ဝေသည့် အတိုင်းမှာ စာအုပ် ၄၀ ဖြစ်သည်။ အချို့ကျမ်းများကို တအုပ်တည်း၌ စုပေါင်းရိုက်နှိပ်သဖြင့် ကျမ်းအရေအတွက်အားဖြင့် ၅၂ကျမ်း ရှိသော်လည်း စာအုပ်အရေအတွက်မှာ ၄၀ သာဖြစ်ချေသည်။
ကျမ်းပေါင်း ၅၂ တို့မှာ
ထိုကျမ်းတို့ကို ပိဋကအရ ခွဲခြားဝေဘန်သော် အောက်ပါအတိုင်း ဖြစ်ပါသည်။
(၁)သုတ္တန်ပိဋက၌ အကျုံးဝင်သော နိကာယ်နှင့်ကျမ်းများမှာ
(၂)ဝိနည်းပိဋက၌ အကျုံးဝင်သော နိကာယ်နှင့် ကျမ်းများမှာ
(၃)အဘိဓမ္မာပိဋက၌ အကျုံးဝင်သော နိကာယ်နှင့် ကျမ်းများမှာ
ဟူ၍ပင် ဖြစ်ပါသည်။
နိကာယ်ငါးရပ်တို့၏ အကြောင်းအရာ
ယခုတဖန် နိကာယ်ငါးရပ် အသီးသီးတို့တွင် ပါဝင်သော အကြောင်းအရာများကို နိကာယ် တခုစီ တခုစီ ခွဲခြား၍ အကျဉ်းအားဖြင့် ဖော်ပြပါဦးအံ့။
၁။ ဒီဃနိကာယ (ဒီဃနိကာယ်)
ဒီဃနိကာယ (ရှည်သောသုတ်များအစု) ၌ သုံးစုထပ်၍ ခွဲပြန်လေသည်။ ဤသုံးစုကို "ဝဂ္ဂ" ဟုခေါ်သည်။ "ဝဂ္ဂ" ဟူသော ပါဠိစကား၏ အဓိပ္ပါယ်မှာ 'အစု' ဟုပင် ဖြစ်သည်။ မြန်မာအခေါ်အဝေါ်အားဖြင့် 'ဝဂ်' ဟုခေါ်သည်။
ထို ဝဂ္ဂ သုံးခုတို့မှာ -
(၁) သီလက္ခန္ဓဝဂ္ဂ (သီလက္ခန္ဓဝဂ်)
(၂) မဟာဝဂ္ဂ (မဟာဝဂ်)
(၃) ပါထိကဝဂ္ဂ (ပါထိကဝဂ်) တို့ပေတည်း။
(၁) သီလက္ခန္ဓဝဂ္ဂ (မြန်မာအခေါ် သုတ်သီလက္ခန်) ပါဠိတော်တွင် သုတ်ပေါင်း ၁၃-သုတ် ပါရှိသည်။ ထို ၁၂-သုတ် တို့အနက် ဗြဟ္မဇာလသုတ်၌ ဒိဋ္ဌိ ၆၂-ပါးတို့ကို သဗ္ဗညုတ ဉာဏ်တော်ဖြင့်