News

စင်္ကာပူ ဒေါ်လာ ၂၀၀၀ ပညာသင်ဆု ပေးအပ်သွားမည့် MBA ဘာသာရပ် သင်တန်း

င်္ကာပူနိုင်ငံ အခြေစိုက် Kaplan Higher Education Academy မှာ အင်္ဂလန်နိုင်ငံမှ University of Bedfordshine (UOB) မှ Master of Business Administration (MBA) Program သစ် တစ်ခုကို ဖွင့်လှစ်လိုက်ပြီး MBA ဘာသာရပ် အသစ် အတွက်လည်း ပညာသင်ဆု အနေနဲ့ စင်္ကာပူဒေါ်လာ နှစ်ထောင် ပေးအပ် သွားမှာ ဖြစ်တယ်လို့ MSI မှ တာဝန်ရှိ သူတစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။

 

အခုလို အင်္ဂလန်နိုင်ငံ UOB မှ MBA ဘာသာရပ် အသစ်ကို စင်္ကာပူနိုင်ငံ Kaplan Higher Ecucation Academy မှာ ယခု ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလမှာ ပထမဆုံး စတင် ဖွင့်လှစ်မှာ ဖြစ်ပြီး ပညာသင်ဆု အနေနဲ့ ၀င်ခွင့်ရ ကျောင်းသား များကို စင်္ကာပူ ဒေါ်လာ နှစ်ထောင် ပေးအပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ သင်တန်း ကာလမှာ ၁၂ လဖြစ်ပြီး သင်ကြားရမယ့် ဘာသာရပ် တွေကတော့ အင်္ဂလန် နိုင်ငံက သင်ရိုးညွှန်းတမ်းတွေ အတိုင်း သင်ကြားရမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ MBA ဘာသာရပ် သင်တန်းကို စင်္ကာပူ နိုင်ငံမှာ တက်ရောက် ရမှာဖြစ်ပြီး အင်္ဂလန် နိုင်ငံမှ ဘွဲ့လက်မှတ် ပေးအပ် သွားမှာ ဖြစ်ပါတယ်။

 

အဆိုပါ MBA ဘာသာရပ် ကိုတော့ အသစ် သင်ကြားခွင့်ရတဲ့ ကျောင်းသားများရဲ့ သတ်မှတ် အရည် အချင်းတွေ ကတော့ မြန်မာနိုင်ငံမှ တက္ကသိုလ်နဲ့ နိုင်ငံတကာ အသိအမှတ်ပြု ဘွဲ့လက်မှတ် တစ်ခုရှိသူများ၊ ဒါ့မှမဟုတ် ACCA လက်မှတ် ရရှိပြီးသူများနဲ့ Diploma တစ်ခုခု ဒါမှမဟုတ် စီမံခန့်ခွဲမှု နယ်ပယ်မှာ လုပ်ငန်း အတွေ့အကြုံ ၃ နှစ်ရှိသူများ လျှောက်ထား နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Kaplan တက္ကသိုလ်ရဲ့ ဘာသာရပ် တစ်ခုဖြစ်တဲ့ MBA ဘာသာရပ် သင်တန်း ဖွင့်လှစ် လိုက်ခြင်းဟာ စီးပွားရေး ပညာရပ် ဆိုင်ရာ ဗဟုသုတများကို ကျောင်းသား၊ ကျောင်းသူများကို ပိုမို ထောက်ပံ့ သင်ကြား ပေးနိုင်ဖို့ ရည်ရွယ်ပြီး ဖွင့်လှစ် ပေးတာ ဖြစ်တယ်လို့ သိရှိရပါတယ်။