By Thet Hsu Mon on 17th May 2020
Independentဖြစ်တယ်ဆိုတာ လူတိုင်း လိုအပ်တဲ့ Soft Skill တစ်ခု ဖြစ်ပါတယ်။ Independent ဖြစ်ခြင်းကတော့တခြားသူအပေါ် အမှီအခို ကင်းကင်းနဲ့ ကိုယ့်ကိုယ်ကိုယ် အားကိုးပြီး ဖြေရှင်းတတ်တဲ့ ကိုယ့်အားကိုယ်ကိုး စိတ်ဓာတ် ပါ။ ဒီ Skill က ကိုယ်ပိုင်ဘဝအတွက်သာမက လုပ်ငန်းခွင်အတွက်ပါ အရေးပါတဲ့ Skill တစ်ခု ဖြစ်ပါတယ်။
အလုပ်သစ်စဝင်တဲ့ သူတွေ၊ တာဝန် အသစ်တွေ စပေးခံရတဲ့သူတွေဟာ စစချင်းမှာ ကိုယ်နဲ့ မရင်းနှီးတဲ့ အလုပ်တာဝန်တွေကို လုပ်ကိုင်ရာမှာ သူတစ်ပါးရဲ့ အကူအညီကို လိုအပ်ကြပါတယ်။ အဲ့တာဟာ ဝန်ထမ်းတွေအတွက်သာမက အလုပ်ရှင်တွေ အတွက်ပါ Challenge တစ်ခုပါ။ ဒီဝန်ထမ်း အသစ်တွေကို ဘယ်လို မြန်မြန် အသားကျအောင် လုပ်ရမလဲ ဘယ်လို Independent Employee တစ်ယောက်ဖြစ်အောင် ကူညီရမလဲ ဆိုတာ သူတို့အတွက် ခေါင်းစားရတဲ့ ပြဿနာ ဆိုလည်း မမှားပါဘူး။ ဒါကြောင့် Employer တွေအနေနဲ့ ဝန်ထမ်းတွေ ကိုယ့်အားကိုယ်ကိုးတတ်အောင် ကူညီပေးနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
အသေးစိတ် လိုက်မကူညီပါနဲ့။
ဝန်ထမ်း အသစ်တွေရောက်လာရင် အထက်လူကြီးတွေမှာလည်း တာဝန်ကြီးပါတယ်။ သူတို့တွေ အဆင်မပြေမှာ ပြဿနာတွေဖြစ်မှာ ကိုစိုးရိမ်ပြီး အစအဆုံး အသေးစိတ်က အစ လိုက်ကူညီဖို့ ကြိုးစားကြပါတယ်။ ဒါပေမယ့် ဒီလို ကူညီတာဟာ ရေတိုသာ အဆင်ပြေမှာပါ။ ရေရှည်ကိုကြည့်ရင် ဝန်ထမ်းအသစ်တွေ တိုးတက်သင့်သလောက် မတိုးတက်တော့တဲ့ အတွက် အသေးစိတ် လိုက်ကူညီတာမျိုးကို ရှောင်ရှားသင့်ပါတယ်။
ကျရှုံးခြင်းကို ခံစားခိုင်းပါ။
လူတိုင်းကအမှားနဲ့မကင်းပါဘူး။ အမှားရှိမှ အမှန်ပြင်နိုင်တာပါ။ အကုန်ချောချောမွေ့မွေ့ ပြီးသွားရင် အခက်အခဲ တွေကို နားမလည်နိုင်တာကြောင့်ပါ။ ကျရှုံးတာကို ခံစားဖူးမှ ကျရှုံးခြင်းကနေ သင်ယူနိုင်ပြီး အမှန်ကို ပြင်နိုင်မှာပါ။
ဝန်ထမ်းတွေ စဥ်းစားတတ်အောင် မေးခွန်းများများ မေးခြင်းဖြင့် လေ့ကျင့်ပေးပါ။
မေးခွန်းများများမေးပေးပါ။ သူတို့မေးရင်လည်း အဖြေတိုက်ရိုက်မပေးပါနဲ့။ အရင် စဥ်းစားခိုင်းပြီး နောက်မှ အဖြေပြောပြပါ။ ဒါ့အပြင် တခြား ဖြစ်နိုင်ချေရှိတဲ့ အဖြေတွေကို စဥ်းစားခိုင်းခြင်းဖြင့် သူတို့ရဲ့ Independence ကို မြှင့်ပေးပါ။
ကူညီပေးမယ့် Mentor တစ်ယောက် တာဝန်ပေးထားပါ။
Mentor ကောင်းတစ်ယောက် ဟာ သူရဲ့ Experience တွေကနေ ဘယ်အရာက အကောင်းဆုံးဖြစ်မယ် ဆိုတာကို ဆုံးဖြတ်နိုင်ပြီး Mentee တွေကို အကျိုးရှိတဲ့ Advice တွေ ပြောပြပေးနိုင်မှာပါ။
သူတို့ တိုးတက်မယ့် အခွင့်အလမ်းတွေကို မျှဝေပေးပါ။
ဝန်ထမ်းအသစ်တွေ ဘာတွေအားနည်းတယ် ဆိုတာကို သူတို့နဲ့ အတူတူ ရှာဖွေပြီး လိုအပ်တဲ့ Skills တွေကို လေ့လာနိုင်အောင် စီစဥ် ပေးသင့်ပါတယ်။
Responsibility ယူတတ်ဖို့ အားပေးပါ။
တာဝန်ယူမှု တာဝန်ခံမှူ ကအရေးကြီးကြောင်း သူတို့ကို ပြောပြပါ။ သူတို့ရဲ့ စိတ်ထဲ တာဝန်ယူစိတ် ကိန်းအောင်းသွားရင် Independent ဖြစ်အောင် အမြန်ဆုံး လုပ်ဆောင်နိုင်မှာပါ။
Make Yourself Inaccessible
ပြဿနာတစ်ခုခုရှိလာရင် သူတို့ ဘာသာ သူတို့ ဖြေရှင်း ဖို့ အတွက် အချိန်နည်းနည်းပေးပြီး အဲ့အချိန်အတွင်း အထက်လူကြီးကို အကူအညီ လာတောင်းလို့မရအောင် ရှောင်နေပါ။ သင့်ကို မေးလို့မရတဲ့အဆုံး သူတို့ဘာသာ လုပ်ကြည့်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ Problem Solving Skill ကိုပါ လေ့လာခွင့်ရမှာပါ။
လုပ်ငန်းခွင်ထဲမှာ ကိုယ့်ရဲ့ Workforce က Independent ဖြစ်တယ်ဆိုရင် ကိုယ့်ရဲ့ လုပ်ငန်းခွင်လည်း တိုးတက်သလို Productivity ပါ မြင့်မားလာမှာ ဖြစ်ပါတယ်။
By Ye Zaw Khant on 21st of May 2020
ကျွန်တော်တို့ဟာ လက်ရှိအလုပ်မှာ အဆင်မပြေလို့ ဖြစ်စေ၊ လစာပိုကောင်းတယ့်အလုပ်ကို ရှာတွေ့လို့ဖြစ်စေ ဒါမှမဟုတ် အခြားသော အကြောင်းအရာများကြောင့် ဖြစ်စေ လက်ရှိအလုပ်ကနေ ထွက်ခွာလေ့ရှိကြပါ။ ဒီနေ့ဆောင်ပါးလေးမှာတော့ အလုပ်မထွက်ခက် ကြိုတင်ပြင်ဆင်ထားရမယ့် အချက်တွေက်ု ဝေမျှပေးသွာမှာမို့ အဆုံးထိဖတ်ရှုပေးကြဖို မမေ့နဲ့နော် 🙋
(1) အသိပေးပါ။
ကိုယ့်အနေနဲ့ အလုပ်မထွက်ခင်မှာ Employee Handbook ထဲမှာ ပါတဲ့ Rules and Regulations တွေမှာ ဖော်ပြထားတယ့် အချိန်ကာလတစ်ခု (ဥပမာ- တစ်လ၊ နှစ်လ) ကြိုတင်ပြီး အလုပ်ရှင်ကို အသိပေးရမှာ ဖြစ်ပါတယ်။
(2) Resignation Letter ရေးပါ။
ကြိုတင် အသိပေးရုံနဲ့ မလုံလောက်သေးပါဘူး။ တရားဝင်ဖြစ်အောင် ကိုယ့်ရဲ့အထက်က Supervisor ဆီမှာ Resignation Letter ပါ ရေးပြီး တင်ပေးရမှာ ဖြစ်ပါတယ်။ ရေးတဲ့အခါမှာ တိုတိုနဲ့ လိုရင်းရောက်အောင် ပါဝင်သင့်တယ့် Information တွေကို ရှင်းရှင်းလင်းလင်း ရေးပေးရမှာ ဖြစ်ပါတယ်။
(3) Recommendation Letter တောင်းပါ။
နောက်အလုပ်တစ်ခုကို လျှောက်တယ့်အခါမှာ လက်ရှိ Boss ဆီက Recommendation Letter ကို လိုအပ်ကောင်း လိုအပ်နိုင်တာကြောင့် တောင်ဖို့ မမေ့ပါနဲ့။
(4) Keep it professional.
လက်ရှိအလုပ်က ထွက်တယ့်အခါမှာ Employer နဲ့ ကောင်းမွန်တယ့် ဆက်ဆံရေးတစ်ခု တည်ဆောက်ပြီး အလုပ်ထွက်နိုင်ရင် အကောင်းဆုံးပါ။ နောက်ထပ် အလုပ်ဝင်တယ့်အခါမှာလည်း မိမိကို Background Check လုပ်နိုင်တာကြောင့် အဆင်မပြေဖြစ်ခဲ့တဲ့ ကိစ္စတစ်ခုကြောင့် အလုပ်ထွက်ခဲ့ရတယ်ဆိုရင် ကိုယ့်ရဲ့လက်ရှိ Image ကိုလည်း ထိခိုက်နိုင်ပါတယ်။
(6) ပိုက်ဆံစုထားပါ။
အလုပ်ထွက်ထွက်ချင်းမှာ နောက်ထပ်အလုပ်သစ်တစ်ခုကို ချက်ချင်းတန်းရဖို့ မလွယ်ကူတာကြောင့် အနည်းဆုံး (၃)လစာလောက်ကို ကြိုတင် စုဆောင်းထားသင့်ပါတယ်။ များများစုဆောင်းထားလေ ကောင်းလေပါ။
(7) အလုပ်ကြိုရှာပါ။
လက်ရှိအလုပ်က မထွက်ခင်မှာ ကိုယ့်အနေနဲ့ နောက်ထပ်လုပ်မယ့် အလုပ်အသစ်နဲ့ ပတ်သတ်ပြီး ကြိုတင် Research လုပ်ထားဖို့လိုပါတယ်။ ဒါမှသာ ကိုယ့်ရဲ့ CV မှာ Gap ကာလက အရမ်းမများမှာ ဖြစ်ပါတယ်။
ကဲ ..... အားလုံးပဲ ဒီနေ့မှာ ကျွန်တော် Sharing လုပ်ပေးသွားတယ့် Tips လေးတွေနဲ့ ပတ်သတ်ပြီး စိတ်ကျေနပ်မှု ရှိကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောက်နေ့မှာလည်း မတူညီတယ့် နောက်ထပ် Idea အသစ်တွေနဲ့အတူ ပြန်လာခဲ့ပါ့မယ်။