By Ei Yupar Min on 8th of May 2020
ဒီ Articleကတော့ Personal Brand ရဲ့ Meaning , နဲ့ Personal Brand ကို ဘယ်သူတွေလိုအပ်လဲ ဆိုတာ ပြောပြပေးသွားပါမယ်။ Brandလို့ကြားတာနဲ့ ကျွန်မတို့က ပစ္စည်းတွေကိုပဲ ပြေးမြင်ကြပါတယ်။ ပစ္စည်းမဟုတ်တဲ့ လူတွေမှာလဲ Brand ရှိတာကိုတော့ သတိမမူမိပါဘူး။ ပစ္စည်းဆိုတာ Brandချင်းတူနိုင်ပေမယ့် လူကတော့ Brand ကိုယ်စီ ရှိကြတဲ့အတွက် လူကိုယ်စီမှာရှိတဲ့ Brand ကိုတော့ Personal Brand လို့ခေါ်တာပါ။
ပစ္စည်းရဲ့ Brandဆိုတာ လူတွေက သူ့ကိုဘယ်လို မြင်လဲဆိုတာ အပေါ်သတ်မှတ်တာပါ။ ဥပမာ Apple က ဖုန်းအသစ် ထုတ်လိုက်ပြီဆိုရင် လူတွေက အရမ်းကို သဘောကျပြီး ဘာမှသိပ်မစဥ်းစားဘဲ ဝယ်ချင်ကြပါတယ်။ Mi ကဖုန်းအသစ်ထုတ်ရင်တော့ သိပ်လည်း စိတ်မဝင်စားကြသလို ဝယ်ဖို့ဆိုရင်လည်း ဖုန်းအကြောင်းသေချာ လေ့လာပြီးမှ ဝယ်ကြတာပါ။ ဖုန်းချင်းတူတူ ဒီBrandနှစ်ခုက ဘာကွာလို့လဲ။ “စျေးကြီးတာကိုး လူတွေက အထင်ကြီးတာပေါ့” လို့ထင်နေရင်တော့ မှားပါတယ်။ စျေးကြီးတိုင်း အထင်ကြီးရင် ကြီးပါလိမ့်မယ်။ တကယ်တမ်း Quality မကောင်းရင် ဒီလို စျေးကြီးပေးပြီး ဝယ်ဖို့တော့ တွန့်ဆုတ်ကြမှာပါ။ ဘာလို့ Apple ဆိုတာနဲ့ လူတွေက သဘောကြတာလဲ။ Apple Companyကထုတ်ရင် အကုန်ကောင်းတယ်ဆိုတဲ့ Trust ရှိလို့ပါပဲ။ အဲ့ Trust ကရော ဘယ်ကလာလဲ။ အခုချက်ချင်း ကောင်းတာထုတ်ပြီး ချက်ချင်း လူတွေရဲ့ Trustကိုမရပါဘူး။ Mi ကောင်းပေမယ့် Mi က အချိန်ကြာကြာမရပ်တည်နိုင်သေးတဲ့ အတွက် အချိန်အကြာဆုံး Customerတွေရဲ့ ယုံကြည်မှုကို ရယူတည်ဆောက်နိုင်ခဲ့တဲ့ Apple ကတော့ အကောင်းဆုံး အဖြစ်ရပ်တည်နေတာပါ။
Personal Brand ကလည်း အဲ့လိုပါပဲ လူတွေကို ကိုယ်ပေးတဲ့ value တွေက ကိုယ့်ရဲ့ Personal Brand တည်ဆောက်ရာမှာ အထောက်အကူ ပေးနိုင်ပါတယ်။ Positive Brand ဖြစ်ဖို့ကတာ့ လူတွေရဲ့ Trust နဲ့ အချိန်အတိုင်းအတာ တစ်ခုလိုအပ်ပါတယ်။ သင့်ကိုတော်တယ်လို့ မြင်ကြဖို့အတွက်တော့ သင်ရဲ့ အားထုတ်မှုတွေ အကြိမ်ကြိမ်ပြပေးရမှာပါ။ ဒါပေမယ့် Brand ကတော့ ကိုယ့်အမှားတစ်ခု လုပ်လိုက်ရုံနဲ့ ပျက်စီးသွားနိုင်ပါတယ်။ ဒီလောက်ဆိုရင်တော့ Personal Brand ရဲ့ အဓိပ္ပာယ်ကို လုံလုံလောက်လောက် နားလည်သွားပြီလို့ ထင်ပါတယ်။
နောက်ထပ်ပြောပြပေးမှာတော့ Personal Brand ကို ဘယ်သူတွေ လိုအပ်လဲဆိုတာပါ။ စာဖတ်သူတို့မှာလည်း ကိုယ့်ကိုကိုယ် သတိမထားမိတဲ့ Brand လေးတွေရှိပါတယ်။ ကိုယ့်ကို သူများက အမှတ်တမဲ့ ပြောဖူးတာလေးတွေရှိပါလိမ့်မယ်။ ခင်ဖို့ကောင်းတယ်၊ စည်းကမ်းရှိတယ်၊ အလုပ်လုပ်တာ တော်တယ်တို့ စသည်ဖြင့်ပေါ့။ အဲ့လို ပြောခံရဖို့ဆို ကိုယ်ရဲ့ Imageကို အချိန်ကြာကြာ ထိန်းထားနိုင်ရမှာပါ။ ပြောချင်တာကတော့ Personal Brandကို ချက်ချင်း ထပြီးတည်ဆောက်လို့ မရပါဘူး။
အလုပ်လုပ်နေတဲ့သူတွေအတွက်ကတော့ မရှိမဖြစ်အရာပါ။ အဲ့လိုပြောတော့ ကျောင်းသားတွေ၊ တက္ကသိုလ်တက်နေတဲ့ သူတွေကရောမလိုဘူးလား ဆိုပြီးမေးစရာရှိပါတယ်။ Brand အချိန်ယူပြီး တည်ဆောက်ရတာ ဖြစ်တဲ့အတွက် ကျောင်းသားက အစ လုပ်ငန်းခွင်ဝင်နေတဲ့သူ အဆုံး အားလုံးလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ Personal Brand က ကိုယ့်ရဲ့ Career မှာ အဓိက အခန်းကဏ္ဍက ပါဝင်နေလို့ပဲဖြစ်ပါတယ်။
ဒီ Article ကိုဖတ်ပြီး လူတွေပြောပြောနေတဲ့ Personal Brand ဆိုတာကို အပြည့်အဝ နားလည်သဘောပေါက် သွားလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးလို့ ကျေးဇူးတင်ပါတယ်။
by Ei Yupar Min on 25th May of 2020
ဒီ Article လေးထဲမှာတော့ Personal Brand တစ်ခုကို ဘယ်လို တည်ဆောက်ရမလဲဆိုတာ ပြောပြပေးသွားမှာပါ။
1. ကိုယ့်ကိုကိုယ် ဘယ်လို Brand မျိုး ဖြစ်စေချင်လဲ သိပါ။
Personal Brand ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် မတူကြတဲ့အတွက် ကိုယ်က ဘယ်လို Brand မျိုးရချင်လဲ သိအောင်လုပ်ပါ။ ဥပမာ ကိုယ်က အလုပ်ကြိူးစားတယ်လို့ မြင်စေချင်တာလား ၊ အလုပ်လုပ်တာ တိကျတယ်လို့ မြင်စေချင်တာလား? ကိုယ်က ဘယ်လိုလူမျိုးဖြစ်ချင်လဲ အရင်စဉ်းစားပါ။
2. အခွင့်အရေးတွေကို လက်လွှတ်မခံပါနဲ့။
Brand တစ်ခုကို တည်ဆောက်ချင်ရင်တော့ လူသိခံမှ ရပါမယ်။ ကိုယ့်ကိုတောင် မသိရင် ကိုယ့်ရဲ့ Brand ကိုလည်း သိတော့မှာ မဟုတ်ပါဘူး။ ကိုယ်က Organizing Skills ကောင်းတယ်ပဲ ထားပါတော့။ ဒါဆို စီစဉ်စရာ ပွဲတွေ ရှိလာတဲ့အခါမှာတော့ အခွင့်အရေးကို အသုံးချပြီး ကိုယ့် အရည်အချင်းကို ပြရပါမယ်။
3. Networking လုပ်ပါ။
ကိုယ်က နယ်ပယ်တစ်ခုကို ဝင်ရောက်ချင်ရင်တာပဲဖြစ်ဖြစ်၊ အောင်မြင်ချင်တာပဲ ဖြစ်ဖြစ် အဲ့နယ်ပယ် အတွင်းမှာ Networking လုပ်ရပါမယ်။ Seminar တို့ Workshop တို့ကတော့ Networking လုပ်ဖို့ အကောင်းဆုံးပါပဲ။ Networking လုပ်တာဟာ ကိုယ့်ရဲ့ Career အတွက်လည်း အကျိုးရှိစေပါတယ်။
4. Personality ကို ပါပေါင်းထည့်ပါ။
Personal Brand ဆိုတာ ကိုယ့်ရဲ့ Value Proposition ပါ။ အဲ့ဒီအတွက် ကိုယ့်ရဲ့ Personality ကို ပြောင်းလဲပြစ်စရာမလိုပါဘူး။ ပြောင်းလို့မရတာကို အတင်းကြီး လိုက်ပြောင်းနေရင်တော့ ကိုယ့်ရဲ့ Brand က အတုကြီးဖြစ်နေပါလိမ့်မယ်။
သိထားရမှာကတော့ မိမိရဲ့ Brand ကို ကိုယ့်ဘာသာ မသတ်မှတ်ရင် သူများသတ်မှတ်သွားတာ ခံရပါလိမ့်မယ်။ စာဖတ်သူတို့ Brand တည်ဆောက်တဲ့နေရာမှာ ဒီArticle လေးက အထောက်ကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။
By Ei Yupar Min on 26th of May of 2020
ဒီ Article လေးထဲမှာဆိုရင်တော့ Personal Brand တည်ဆောက်ရာမှာ လိုအပ်တဲ့ Rules လေးတွေကို ပြောပြပေးသွားမှာပါ။
1.Focus ရှိပါ။
သင်က နေရာတိုင်းမှာ တော်ချင်နေလို့မရပါဘူး။ နယ်ပယ်တစ်ခုမှာ ကျွမ်းကျင်ရပါမယ်။ သင့်ရဲ့ Brand ကိုလည်း နယ်ပယ်တစ်ခုမှာ Focus ထဲပါ။ သင့် Brand ရဲ့ Focus လုပ်တဲ့ နယ်ပယ် ကျဥ်းလေလေ၊ လူတွေက သင့်ကို မှတ်မိလေလေပါ။
2.Authentic ဖြစ်ပါ။
ကိုယ့်ရဲ့ Brand က ကိုယ်ပိုင် interest တွေ၊ Skills တွေ၊ Passion တွေကို အခြေခံရတာပါ။ တစ်ခြားသူအောင်မြင်တာ မြင်လို့ လိုက် Copy လုပ်ရင်တော့ ကိုယ်Brand က Copycat ဖြစ်ပြီး လူတွေက ရှုံ့ချကြမှာပါ။
3. Consistent ဖြစ်ပါ။
ကိုယ့်ရဲ့ Brand က Authentic ဖြစ်ပြီဆိုရင်တော့ အဲ့ Brand ကို ထိန်းဖို့ ကြိုးစားပါ။ ကိုယ့် Brand ကို လူသိစေချင်ရင်တော့ Brand ကို တစ်နေ့တစ်မျိုး ပြောင်းနေလို့မရပါဘူး။ အပေါ်မှာ ပြောထားတဲ့ Focus လိုမျိုး တစ်ခုကို အာရုံစိုက်ပြီး ပုံမှန် ကြိုးစားနေရမှာပါ။ ကိုယ့်ရဲ့ ပုံမှန်ဘဝမှာလည်း မိမိရဲ့ Brand အတိုင်းနေထိုင်ပါ။
4.သင့်ရဲ့ Brand ကို လူတွေကပဲ မျှဝေပါ။
Brand ကောင်းကောင်း တည်ဆောက်ချင်ရင်တော့ Networkingလုပ်မှရမှာပါ။ Networking လုပ်ပြီး သင့်ရဲ့ Brand ကို လူတွေက တစ်ဆင့် တခြားလူတွေသိအောင် မျှဝေစေပါ။ Personal Brandဆိုတာ သင်မရှိတဲ့အချိန် တစ်ခြားသူတွေပြောတဲ့ သင့်အကြောင်းပါပဲ။
5. စိတ်ရှည်ပါ။
သင့်အခုရှိတဲ့ Personal Brand ကို ပြင်ပြီး သင်လိုချင်တဲ့ Brand ကို ပြန်တည်ဆောက်တဲ့အခါမှာတော့ အချိန်တစ်ခုပေးရမှာပါ။ လူတွေက သင့်ကို သင်မြင်စေချင်တဲ့အတိုင်း မြင်အောင်ဆိုရင်တော့ သင့်ရဲ့ လုပ်ဆောင်မှုနဲ့ အချိန်လိုမှာပါ။
ဒီအချက်လေးတွေကတော့ Personal Brand တည်ဆောက်နေပေမယ့် မအောင်မြင်သေးတဲ့သူတွေအတွက် လိုက်နာရမယ့် Rulesတွေပါ။
အချိန်ပေးပြီး ဖတ်ရှုပေးလို့ Career Center မှကျေးဇူးတင်ပါတယ်။
By Ei Yupar MIin on 26th of May of 2020
Personal Brand ဆိုပြီး ပြောနေကြတာ ဒီ Article မှာ Personal Brand က ဘာလ်ို့အရေးပါလဲဆိုတာ ပြောပြပေးသွားပါမယ်။ Personal Brand ရှိခြင်းရဲ့ ကောင်းကွက်တွေပေါ့နော်.
1.လူတွေရဲ့ Trust ကိုရပါတယ်။
ဥပမာ Apple Brand ကို လူတွေက ယုံကြသလိုမျိုးပဲ သင့်မှာလည်း ကိုယ်ပိုင် Brand ရှိရင်တော့ လူတွေရဲ့ ယုံကြည်မှု ကို အလွယ်တကူရယူနိုင်မှာပါ။ သင်နဲ့ အလုပ်လုပ်ရတော့မယ်ဆိုရင် သင့်ရဲ့ Brand က ကောင်းရင် ကောင်းတဲ့အလျှောက် သင်က လူတွေရဲ့ ယုံကြည်မှုတွေကို ရနေမှာပါ။ သင့်နာမည်ကို ကြားတာနဲ့ သူတို့ရဲ့ စိတ်ထဲမှာ သင့် Brand ရဲ့ ကောင်းတဲ့ အချက်တွေက ရောက်ပါလိမ့်မယ်။
2.Connection တည်ဆောက်လာနိုင်ပါလိမ့်မယ်။
သင့်ရဲ့ Brandက ကောင်းတယ်ဆိုရင် လူတွေက ပါးစပ်ဖျားကနေတစ်ဆင့် ပျံ့သွားမှာပါ။ ပြီးတော့ Brand တည်ဆောက်တဲ့အချိန်မှာလည်း Networking လုပ်ရတဲ့အတွက် Brand တည်ဆောက်ပြိီးတဲ့ အချိန်မှာ ကိုယ့်ရဲ့ Connection အားကလည်း ကောင်းလာပါပြီ။
3.Confidence ရစေပါတယ်။
သင့်ကို လူတွေကမြင်တဲ့ Image ကောင်း တစ်ခုရှိနေပြီဆိုရင်တော့ ဘာလုပ်လုပ် သင့်Brand က သင့်ကို အကျိုးပြုနေမှာပါ။ အဲ့အတွက် သင့်ကလည်း Confidence အပြညိ့အဝရှိနေမှာပါ။ သင့်ရဲ့ Achievement တွေကြောင့် သင့်ကိုယ်သင် ယုံကြည်မှုရှိခဲ့သလို မျိုးပေါ့။
4. သင့်ရဲ့ စစ်မှန်မှုကို သက်သေပြပါတယ်။
သင့်ရဲ့ Brand ကို လူသိလာရင်တော့ သင်ဟာ Copycat မဟုတ်တာကို သက်သေပြလိုက်တာပါ။ သင့်ရဲ့ Brand က သင့်ရဲ့ ကိုယ်ပိုင် Skills, Passion, Personality, Mindset တို့နဲ့ တည်ဆောက်ထားလို့ပါ။
သင်က One of a Kind ဖြစ်သွားပါပြီ။
ဒါဆိုရင် Personal Brand ကို ဘာလို့တည်ဆောက်ရမလဲဆိုတာ သိသွားကြပြီလို့ မျှော်လင့်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးလို့ Career Center မှ ကျေးဇူးတင်ပါတယ်။