By Ei Yupar Min on 30th of May 2020
ဒီ Article လေးကတော့ အလုပ်ရှာနေတဲ့ စာဖတ်သူတို့အတွက် လိုအပ်တဲ့ P 5ခုကို ပြောပြပေးမှာ ဖြစ်ပါတယ်။ အလုပ်ရဖို့အတွက် ဒီ P 5ခုက လိုအပ်ပါတယ်နော်။
1.Positioning
ဘယ်လောက်ပဲတော်တော် ကိုယ်နဲ့ Position နဲ့က ကိုက်ညီမှု မရှိရင် အလုပ်မရပါဘူး။ ဒါကိုတော့ သိထားရပါမယ်။ အရင်ဆုံး ကိုယ့်ကိုကိုယ် ဆန်းစစ်ပါ။ ကိုယ့်ရဲ့ အရည်အချင်းတွေက ဘာလဲ။ ကိုယ်က ဒီအလုပ်အတွက် ဘာတွေတိုးတက်အောင် လုပ်ပေးနိုင်မလဲပေါ့။ ဒါကို ကိုယ်က အလုပ်ရှင်ကို ပေးနိုင်တဲ့ Value လို့ ခေါ်ပါတယ်။ အလုပ်လျှောက်တဲ့အခါ Job Description ကို ကိုယ်နဲ့ ကိုက်ညီရဲ့လား စစ်ဆေးပါ။ ကိုက်ညီမှ အလုပ်လျှောက်တာ သင့်တော်ပါတယ်။
2.Process
ကိုယ့်ရဲ့ Value တွေ Specialization တွေကို သိသွားတဲ့အခါ လျှောက်ဖို့ Company ရှာပါတော့မယ်။ ရှိသမျှ Company တွေ လိုက်လျှောက်နေရင် အချိန်ကုန်ပါတယ်။ သင့်ရဲ့ အချိန်တွေကို Waste မဖြစ်စေပါနဲ့။ သင် Admire ဖြစ်တဲ့ Company တွေကို List လုပ်ပါ။ ပြီးရင် Company ရဲ့အကြောင်းကို Research လုပ်ပါ။ သူတို့ရဲ့ စျေးကွက်၊ လည်ပတ်ပုံနဲ့ ပြိုင်ဘက်တွေမျိုးပေါ့။ ဒါဘာလို့ လိုလဲဆိုရင် သူတို့ရဲ့ လိုအပ်ချက်ကို နားလည်မှ ကိုယ်ဘာလုပ်ပေးနိုင်မလဲ ဆိုတာ သိမှာပါ။
3.Persistence
ကျွမ်းကျင်တဲ့ သူတောင် အလုပ်လျှောက်ရင် 6လကနေ 1 နှစ် အတွင်း ကြာပါတယ်။ ကြိုးစားနေတုန်းမှာ လက်မလျှော့လိုက်ဖို့တော့ လိုပါတယ်။ အလုပ်လျှောက်နေတုန်းကိုလည်း အဆက်မပြတ်လေ့လာနေပါ။ လေ့လာမှုကို မရပ်လိုက်ပါနဲ့။ ပြီးတော့ ကိုယ်အလုပ်လုပ်မယ့် Industry မှာ Networking လုပ်ဖို့တော့ မမေ့ပါနဲ့။
4.Presentation
ဒါကတော့ Interview ဖြေတဲ့အခါနဲ့ CV ရေးတဲ့အခါ အတွက်ပါ။ ကိုယ့်ရဲ့ အရည်အသွေးတွေကိုပဲ ပြောပြမနေပါနဲ့။ သင့်ရဲ့ ဘယ်အချက်က သူတို့ရဲ့ လုပ်ငန်းကို တိုးတက်စေဖို့ ဘယ်လို လုပ်ပေးနိုင်တယ်ပေါ့။ သင့်ရဲ့ အရည်အချင်းတွေကို တင်ပြတဲ့အခါ Proof ပြဖို့ မမေ့ပါနဲ့။ ကိုယ်အရင်တုန်းက ဘယ်အလုပ်မှာ ဘယ်လို Achievement ရဖူးတယ်ပေါ့လေ။Body Language သုံးဖို့တော့ မမေ့ပါနဲ့။
5.Personality
Interviewer တွေက အလုပ်လာလျှောက်တဲ့သူတွေရဲ့ Personality ကိုလည်း စိတ်ဝင်စားကြပါတယ်။ အဲ့ Personality က အလုပ်ပေါ်မှာလည်း သက်ရောက်မှုရှိလို့ပါ။ ကိုယ့်ရဲ့ Personality ကိုပြေတဲ့အခါမှာလည်း အလုပ်နဲ့ ဆက်စပ်ပေးပါ။ ဥပမာ HR Manager Position ဆိုရင် ကိုယ်က အရမ်းလူတွေအပေါ် Influence လုပ်နိုင်တော့ အလုပ်မှာ ကောင်းကောင်း Management လုပ်နိုင်ပါတယ်လိုမျိုးပေါ့။
ဒါဆိုရင်တော့ အလုပ်လျှောက်ရင် လိုအပ်တဲ့ ဒီP 5 ခုကို သိသွားကြပြီဆိုတာ့ အသုံးချနိုင်မယ်လို့ ယုံကြည်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးလို့ Career Center မှ ကျေးဇူးတင်ပါတယ်။
By Ye Zaw Khant on 25th of May 2020
Covid-19 ရဲ့ ဂယက်ရိုက်ခတ်မှုကြောင့် ကမ္ဘာတစ်ဝန်းမှာသာမက မြန်မာနိုင်ငံမှာပါ လုပ်ငန်းအချို့ ပိတ်သိမ်း ရပ်နားလိုက်ရတဲ့ အခြေအနေတွေကို အားလုံးပဲသိပြီး ဖြစ်မှာပါ။ ဒါကြောင့် ဒီလိုအချိန်မှာ လူအများစုက မိမိရဲ့ လက်ရှိအလုပ်နဲ့ပတ်သတ်ပြီး စိုးရိမ်ပူပန်မှုအချို့လည်း ရှိနေကြပြီး ဖြစ်ပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ အလုပ်ပြုမှာကို စိုးရိမ်နေကြတဲ့ လူတွေအတွက် ဘာတွေလုပ်သင့်လဲဆိုတာနဲ့ ပတ်သတ်တဲ့ Tips လေးတွေကို ဝေမျှပေးသွားမှာပဲ ဖြစ်ပါတယ်။
(1) အချိန်ပေးပါ။
ဘာကို အချိန်ပေးရမလဲဆိုတော့ အလုပ်ပြုတ်မှာကို စိုးရိမ်နေတဲ့ စိတ်ကို နားလည်အောင်လုပ်ဖို့ အချိန်ပေးရမှာပါ။ စိုးရိမ်ကြောက်ရွံ့မှုတွေနဲ့ တွေ့ကြုံရတဲ့အခါ ထိပ်တိုက်မရင်ဆိုင်ပဲ ပြဿနာကို အရင်နားလည်အောင် လုပ်တာက အကောင်းဆုံးနည်းလမ်း ဖြစ်တယ်လို့ အောက်စ်ဖို့ဒ်ဆရာတော်က ပြောကြားခဲ့ဖူးပါတယ်။ မိမိလက်ရှိခံစားနေရတဲ့ စိုးရိမ်မှုတွေကို စာရွက်တစ်ရွက်မှာ ချရေးကြည့်ပြီး ကိုယ့်ကိုကိုယ် သေချာနားလည်အောင် ပြန်လည်ဆန်းစစ်ပြီး အဖြေရှာကြည့်သင့်ပါတယ်။
(2) နားလည်ပါ။
Global pandemic ကာလမျိုး၊ Economic Crisis လို အချိန်အခါမျိုးမှာ လုပ်ငန်းတိုင်းက ဝန်ထမ်းအင်အားကို လျှော့ချရတာကြောင့် ကိုယ့်အနေနဲ့ ဝန်ထမ်းလျှော့ချတဲ့ အထဲမှာ ပါသွားခဲ့ရင်တောင် စိတ်ဓာတ်မကျပဲ ကြံ့ခိုင်နေဖို့လိုပါတယ်။ ပြောချင်တာကတော့ လောကမှာ ကိုယ်ထိန်းချုပ်နိုင်စွမ်းမရှိတဲ့ အရာတွေကနေ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကြောင့် ကိုယ့်ကိုကိုယ် စိတ်အညစ်မခံပါနဲ့။
(3) ကြိုတင် ပြင်ဆင်ပါ။
စိုးရိမ်မှုတွေကြောင့် ကိုယ့်ရဲ့စိတ်ကို အညစ်နွမ်းမခံပါနဲ့။ အကယ်၍ ကိုယ်ဟာ အလုပ်ပြုတ်တော့မယ်လို့ ယုံကြည်နေလို့ရှိရင် ထိတ်လန့်ကြောက်ရွံ့နေမယ့်အစား မိမိကိုယ်ကို ကြိုတင်ပြင်ဆင်သင့်ပါတယ်။ ဘာတွေ ကြိုတင်ပြင်ဆင်ထားသင့်လဲ ဆိုတာကိုတော့ အောက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
အနာဂတ်အခြေအနေနဲ့ ပတ်သတ်ပြီး ကိုယ့်ရဲ့အထက်က Supervisor နဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးထားကြည့်သင့်ပါတယ်။ ဒါမှသာ မိမိအနေနဲ့ နောက်ထပ်ဘာဆက်လုပ်ရမလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း သိနိုင်မှာဖြစ်ပါတယ်။
ကိုယ့်ရဲ့ Resume မှာလည်း ထည့်သင့်ထည့်ထိုက်တဲ့ဟာတွေနဲ့ အခြားလိုအပ်တဲ့ အချက်အလက်တွေကို ထည့်ပြီး Update လုပ်ထားသင့်ပါတယ်။ ဒါမှသာ နောက်ထပ်အလုပ်တွေကို နှောင့်နှေးကြန့်ကြာမှုမရှိပဲ မြန်မြန်ဆန်ဆန် လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။
နောက်ဆုံး တစ်ချက်အနေနဲ့ကတော့ ကိုယ့်မှာရှိတဲ့ Skills တွေကိုလည်း မြှင့်တင်ထားဖို့ လိုအပ်ပါတယ်။ အခုလိုမျိုး Pandemic ကာလမျိုးမှာ Online Course တွေကို free (သို့) ဈေးလျှော့ပေးနေတာမျိုးတွေလည်း ရှိတာကြောင့် Stay Home Period ကို အကောင်ဆုံးအသုံချပြီး နောက်ထပ် Level တစ်ခုကို တက်လှမ်းနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။
ကဲ ..... အားလုံးပဲ ကျွန်တော် Sharing လုပ်ပေးသွားတယ့် Tips လေးတွေနဲ့ ပတ်သတ်ပြီး စိတ်ကျေနပ်မှု ရှိကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
By Hsu Thiri Soe on 5th June of 2020
သူငယ်ချင်းတစ်ယောက်က ဘာလို့ အလုပ်လုပ်ချင်ရတာလဲလို့ မေးရင် လူတော်တော်များများက ပိုက်ဆံရှာချင်လို့ဆိုပြီး အဖြေပေးမိကြပါလိမ့်မယ်။ Paycheck လို့ခေါ်တဲ့လစာအပြင် တခြား အချက်တွေကလည်း အရေးကြီးပါတယ်။ ဒီဆောင်းပါးလေးထဲမှာတော့ အလုပ်ရှာတဲ့အခါ လစာအပြင် တခြားကြည့်သင့်တဲ့ အချက် ၁၂ ချက်ကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။
၁။ ကောင်းမွန်တဲ့ သက်ရောက်မူတစ်ခု ပေးနိုင်လား။
ကျွန်ုပ်တို့ပတ်ဝန်းကျင် သို့မဟုတ် လူ့အဖွဲ့အစည်းအတွက် ကိုယ့်အလုပ်က ဘယ်လို တန်ဖိုး ပေးနိုင်လဲ ဆိုတာ စဥ်းစားသင့်ပါတယ်။ ဥပမာဆိုရင် ကျောင်းဆရာအလုပ်က ပတ်ဝန်းကျင်က ကလေးတွေ ပညာတတ်ဖြစ်အောင် ကူညီပေးသလိုမျိုးပေါ့။
၂။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ လုပ်ရတာ အဆင်ပြေရဲ့လား။
အလုပ်ပတ်ဝန်းကျင်ကောင်း တစ်ခုဆိုတာကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ့်ကို လေးလေးစားစား နဲ့ ဆက်ဆံမယ်။ ရိုင်းပင်းကူညီ ကြတယ်။ လိုအပ်ချက်တွေကို ရိုးသားစွာ ထောက်ပြပေးတဲ့လူတွေ ရှိနေဖို့ကလည်း အရေးကြီးတာကြောင့် ဒီအချက်ကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။
၃။ တန်ဖိုးထားပြီး အသိမှတ်ပြု ခံရပါသလား။
Paycheck တို့ Bonusတို့လို Extrinsic Reward (ပြင်ပလှုံ့ဆော်မှုပါသော ဆုကြေး) တွေက ကောင်းပေမဲ့ တခါတလေ စကားလေးနဲ့ ချီးကျူးလိုက်တာက ပိုပြီး ထိရောက်တာမျိုးတွေ ရှိပါတယ်။ "ကျေးဇူးတင်ပါတယ်" "မင်းတော်တယ်" ဆိုတဲ့ ပြောစကားတွေက အပြောခံရသူတွေအပေါ် companyက ငါ့ကို အလေးထားတယ် ငါဟာ တန်ဖိုးရှိတဲ့ လူတစ်ယောက်လို့ခံစားစေပါတယ်။
၄။ လူတွေက ကိုယ့်အပေါ် ယုံကြည်မူရှိလား။
ယုံကြည်မူဆိုတာ တည်ဆောက် ရခက်ပါတယ်။ ဒါကြောင့် ကိုယ့်အလုပ်ကလူတွေက ကိုယ့်ကို အရေးကြီးတဲ့ အလုပ် တွေ တာဝန်ယူခိုင်းတယ်ဆိုရင်တော့ ကိုယ့်ကို ယုံကြည်တယ်လို့ ပြောလို့ရပါတယ်။ ယုံကြည် အားကိုးခံရတယ်ဆိုတာက မိမိလုပ်တဲ့ အလုပ်အပေါ် ကျေနပ်မှု၊ တာဝန်ယူချင်တဲ့ စိတ်တွေကို တိုးပွားစေတာကြောင့် အရေးပါပါတယ်။
၅။ ဒီအလုပ်က ငါကြိုက်တဲ့အရာတစ်ခု ဖြစ်လား။
ကျွန်ုပ်တို့ ကြိုက်တဲ့အရာ တစ်ခုကို လုပ်နေရင် အချိန်တွေ ကုန်သွားမှန်း၊ပင်ပန်းမှန်းသိလိုက်မှာတောင် မဟုတ်ဘူးလေနော်။ အလားတူ ကျွန်ုပ်တို့ လုပ်တဲ့အလုပ်ကို သဘောကျရင် paycheck နည်းနည်းများများ ဆက်လုပ်ချင်မိမှာပဲ။
၆။ ကိုယ့် personality နဲ့ ကိုက်ညီမူရှိလား။
ကိုယ့် personality ဘယ်လို Type မျိုးလဲဆိုတာ သိသင့်ပါတယ်။ ကိုယ့် စရိုက် နဲ့ ကိုက်ညီမူရှိတဲ့ အလုပ်ဆိုရင်လည်း လုပ်ရတာ ပျော်နေမှာပါ။
၇။ ကြီးပွားတိုးတက်ဖို့ အခွင့်အလမ်းရှိလား။
ကျွန်ုပ်တို့ကို တခါတလေ တွန်းအားပေးစေတာက Paycheck မဟုတ်ဘဲ အလုပ်အကိုင် တိုးတက်လာမူ နဲ့ အခွင့်အလမ်းတွေပဲ ဖြစ်ပါတယ်။ လူတွေက ခက်ခဲတဲ့အရာတွေနဲ့ အသစ်အသစ်တွေကို လုပ်ကြည့်ရင်း ကိုယ့် အရည်အချင်းတွေကို ပိုမိုမြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။
၈။ ကုမ္ပဏီရဲ့ တန်ဖိုးထားမူ နဲ့ကိုယ်နဲ့ကိုက်ညီမူရှိလား။
ကုမ္ပဏီရဲ့ တန်ဖိုးထားမူတွေက ကိုယ့် ယုံကြည်မူတွေ တန်ဖိုးထားမူတွေနဲ့ အတော်လေး ဆန့်ကျင်နေရင် ရေရှည် အလုပ်လုပ်ရတာ အဆင်မပြေ ဖြစ်တတ်ပါတယ်။
၉။ Flexibility နဲ့ result-oriented ကို အသားပေးတဲ့ cultureလား။
ကိုယ်ဘယ်နာရီပဲ လုပ်လုပ် အလုပ်ပြီးမြောက်ပြီး ရလဒ် ကောင်းတစ်ခုကို ရရင်လက်ခံတဲ့ Result-oriented culture ရှိလားဆိုတာကို စဥ်းစားသင့်ပါတယ်။ ရလဒ်ကိုပဲ အဓိက အလေးပေး တန်ဖိုးမထားဘဲ မရေရာ မသေချာတဲ့ Company Culture ဆိုလည်း စိတ်ညစ်ရပါတယ်။
၁ဝ။ မိသားစုလို သဘောထားလား။
ကိုယ်လည်း ကိုယ့်မိသားစုကို ချစ်ခင်သလို အလုပ်ကလည်း မိသားစုဆန်ဆန်နွေးထွေးတဲ့ ဆက်ဆံရေးမျိုး ရှိသင့်ပါတယ်။ မိသားစုဆိုတာ အကူအညီပေးတယ်လေ။ ကိုယ်လိုအပ်ချိန်မှာ ဘယ်သူကမှ ကူညီမည့်သူ မရှိဘူးဆိုရင် အဆင်မပြေပါဘူးနော်။
၁၁။ Work-life balance ရှိလား။
လူတွေဟာ အလုပ်တစ်ခုပဲ ဖိပြီးလုပ်နေရင် ကိုယ်ပိုင်အချိန်တွေ ဆုံးရှုံးတတ်ပါတယ်။ အလုပ် လည်းမပျက် မိသားစု ကိုယ်ပိုင်အချိန်တွေ မထိခိုက်မဲ့အလုပ်ကို ရွေးသင့်ပါတယ်။
၁၂။ ကိုယ့်ကိုစိတ်ကျေနပ်မူပေးနိုင်လား။
ပိုက်ဆံတွေတော့ ရနေပါလျက် ဒါပေမဲ့အလုပ်က ပျော်ရွှင်မူ မပေးနိုင်ဘူး ဆိုရင်လည်း မကောင်းပါဘူး။ စိတ်ကျေနပ်မူ ပေးနိုင်တဲ့အလုပ်ကိုလုပ်ရင် ကိုယ့်အတွက် အကျိုးကျေးဇူးတွေ အများကြီးရပါတယ်။
နောက်ဆုံးအနေနဲ့ သေချာလေးမှာချင်တာက အလုပ်ရှာတဲ့အခါမှာ Paycheck တမျိုးတည်းကိုပဲ ကြည့်မယ့်အစား အပေါ်က အချက် ၁၂ ချက်ကိုပါ စဥ်းစားကြည့်ဖို့ အကြုံပြုချင်ပါတယ်။