By Thet Hsu Mon on 7th May 2020
အားလုံးပဲ သိထားကြတဲ့အတိုင်း လစာဆိုတာ အလုပ်လုပ်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်တွေထဲက တစ်ချက် ဖြစ်ပါတယ်။ ဒါပေမယ့် အားလုံး ကြုံတွေ့ရတဲ့ အခက်အခဲ တစ်ခုက ဘာလဲဆိုရင် လစာ ညှိနှိုင်းခြင်းပဲ ဖြစ်ပါတယ်။ အင်တာဗျူး အတွေ့အကြုံ ရှိသူတိုင်း အမေးခံရတဲ့ မေးခွန်း တစ်ခုက မျှော်မှန်းလစာ ဘယ်လောက်လဲ ဆိုတာပါ။ အလုပ်ခန့်မယ့် သူတွေက ဒီမေးခွန်းကို မေးကြတာ အကြောင်းအရင်း သုံးချက် ရှိနိုင်ပါတယ်။
ပထမ အချက်က သူတို့မှာ ဒီအလုပ် နေရာမှာ ဝန်ထမ်း ခန့်ဖို့အတွက် လျာထားတဲ့ ဘက်ဂျက် တစ်ခု ရှိပါတယ်။ အဲ့တော့ သူတို့ သိချင်တာက အခု အင်တာဗျူးခံတဲ့သူရဲ့ မျှော်မှန်းလစာက သူတို့ ဘက်ဂျက်ထက် ကျော်နေမလား ဆိုတာပေါ့နော်။
ဒုတိယ အချက်က အခု အင်တာဗျူးခံတဲ့ သူက ကိုယ့်ရဲ့ တန်ဖိုးက ဘာတွေဆိုတာ သေချာသိရဲ့လား ဆိုတာကို သိချင်ကြလို့ စမ်းသပ် ကြတဲ့ သဘောပါ။
တတိယ အချက်က သင့်ရဲ့ Salary Expectation ကို ကြည့်ပြီး သင့်ရဲ့ Professional Level ကို တီးခေါက် ကြည့်တဲ့ သဘောပေါ့။ ဘာလို့လဲ ဆိုရင် သင်တောင်းတာ အခု ခေါ်တဲ့ ရာထူးလစာ ထက် တော်တော်များနေတယ် ဆို သင်ဟာ ဒီရာထူးထက်ပို Senior ကျနေတယ်။ တော်တော်နည်း နေရင် ကျပြန်တော့လည်း သင်က ဒီတာဝန် ကို ယူနိုင်လောက်တဲ့ Experience မရှိဘူး လို့ အကြမ်းဖျင်း သတ်မှတ် ကြခြင်း ဖြစ်ပါတယ်။
အလုပ်ခန့်မယ့် သူတွေဆီက မျှော်မှန်းလစာ အမေးခံရပြီ ဆိုရင် Salary Negotiation စကြပြီ ဆိုတဲ့ Stage ကို ရောက်ပါပြီ။ အခု ဆက်လက်ပြီး Salary Negotiation ကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ဖို့ Tips ၆ခု ပေးသွားပါမယ်။
First Tip ကတော့ လုံးဝ (လုံးဝ) Interview Process မပြီးမချင်း လစာအကြောင်း မမေးမိ ပါစေနဲ့။ Interview Process မပြီးမချင်း ဆိုတာက သူတို့ဘက်က ကိုယ့်ကို ခန့်ချင်တယ်၊ လက်လွှတ် မခံချင်ဘူး၊ ကိုယ့်ရဲ့ အရည်အချင်း တွေကို သူတို့ မြင်သွားပြီးပြီ ဆိုတဲ့ အနေအထား ရောက်တဲ့အချိန် တစ်ခုဖြစ်ပါတယ်။
နောက်တစ်ခုက ကိုယ်က ဘယ်လိုတွေ တန်ဖိုးရှိပါတယ် ဆိုတာကို အလုပ်ခန့်သူတွေ သေချာ မြင်အောင် ပြောပြပါ။ Personal Branding ကောင်းကောင်းလုပ်ထားပါ။ ကိုယ့်ရဲ့ Achievements တွေ၊ ကိုယ်က ဘာတွေ စွမ်းဆောင်နိုင်တယ်၊ လူတွေ အများကြီးကြားမှာ ကိုယ်က ဘာလို့ Stand Out ဖြစ်ရတယ် ဆိုတဲ့အချက်ကို သူတို့ သိအောင် Confident ရှိရှိ နဲ့ တည်တည်ငြိမ်ငြိမ် ပြောနိုင်အောင် “ပွဲမဝင်ခင် အပြင်က ကျင်းပ” သွားသင့်ပါတယ်။
တတိယ တစ်ချက်က Market Research လုပ်ပါ။ ကိုယ် Apply လုပ်တဲ့ Position ရဲ့ Market Value ကို စုံစမ်းရပါမယ်။ Recruiters တွေ ကနေ တစ်ဆင့် စုံစမ်းတာတို့၊ အလားတူ Position နဲ့ အခြား Companies တွေမှာ လုပ်နေတဲ့ သူတွေကို မေးမြန်းပါ။ တစ်ယောက်တည်းကို မေးတာထက် တတ်နိုင်သလောက် များများမေးပြီးမှ ပြန်ခွဲခြမ်း စိတ်ဖြာပါ။
Tip No.4 ကတော့ Salary Negotiation လုပ်ရင် ကိုယ့်ဘက်က စပြီး Salary Amount ကိုမပြောမိပါစေနဲ့။ သူတို့ကတော့ ဘယ်လောက်လဲ ဆိုတာ အရင်မေးမှာပါ။ အဲ့အခါကျ အလိမ္မာလေးနဲ့ ပရိယာယ်လေး သုံးပြီး လှည့်ပတ် ရှောင်ရှားပေါ့။
မရဘူးဆိုရင် Tip No. 5 အတိုင်း ဆက်လုပ်ကြစို့။ Employer က သူ့စိတ်ထဲမှန်းထားတဲ့ Range တစ်ခု ရှိပါတယ်။ ခန့်မှန်းကြည့်ပါ။ ဘယ်လို ခန့်မှန်း မလဲဆိုရင် ကိုယ့်ရာထူးရဲ့ အထက် နဲ့ အောက်က ရာထူးတွေရဲ့ လစာ ကနေ ခန့်မှန်း ကြမယ်။ အောက်က လစာက သုံးသိန်းခွဲ အထက်ကလစာ က လေးသိန်းခွဲ ဆိုကြပါစို့။ ကိုယ့်ရာထူးရဲ့ လစာက အဲ့နှစ်ခုကြား ပေါ့။ အဲ့တာသိပြီဆိုရင် ကိုယ့်စိတ်ထဲ ကိန်းဂဏန်းတစ်ခု ရှိလာပြီ။ Willing to Settle Number ဆိုကြပါစို့။ အဲ့ လစာကို ကိုယ်ရချင်တဲ့ လစာ ကိုယ်နဲ့ ကိုက်ညီမှု ရှိတဲ့ လစာ လို့ မှတ်ထားပါ။ နောက်ပြီး အဲ့တာထက် အနည်းငယ် မြင့်တဲ့ Number တစ်ခု သတ်မှတ်မယ်။ အဲ့တာကို Ideal Number လို့ မှတ်ရအောင်။ မျှော်မှန်းလစာ ကို ပြောရမယ် ဆိုရင် Ideal Number ကို ပြောလိုက်ပါ။ အဲ့အခါကျ Employer က သူပေးနိုင်တဲ့ လစာဖြစ်တဲ့ Number ကို သတ်မှတ်တဲ့အခါမှာတော့ နိမ့်လည်းမနိမ့် နှစ်ဖက်လုံး အတွက်လည်း Fair ဖြစ်တဲ့ Willing to Settle Number မှာ Set လုပ်နိုင်ပါလိမ့်မယ်။
Let the Hiring Manager Know that You are Offered By Others. သင့်မှာ တခြား Offer တွေရှိကြောင်း သိအောင်ပြောပြပါ။ ဒါကိုလည်း စောစောစီးစီး သွားမပြောလေနဲ့။ အချိန်ကောင်းလေးကို စောင့်ပါ။ ပြောပြတဲ့ နေရာမှာလည်း အပေါ်စီး ကနေ Arrogant ဖြစ်တဲ့ပုံနဲ့ မပြောပါနဲ့နော်။
အလုပ်ရှာတာဟာ အရမ်းပင်ပန်းပြီ အချိန်ပေး ရတဲ့ ကိစ္စ တစ်ခုပါ။ အလုပ် ရွေးတဲ့ နေရာမှာလည်း Rush မလုပ်ပဲ သေချာစဥ်းစားပါ။ Job Offer တွေကို နှိုင်းယှဥ် ရွေးချယ်ရာ မှာလည်း အခြေခံ လစာ အပြင် တခြားအကျိုးခံစားခွင့် တွေဖြစ်တဲ့
အသက်အာမခံ၊
ကျန်းမာရေးအာမခံ၊
Learning Opportunities၊
Job Experience
စတာတွေကို ထည့်သွင်းစဥ်းစား ပြီး နှိုင်းယှဥ် သင့်ပါတယ်။