By Thet Hsu Mon on May 8th of 2020
သင့်မှာ Career Burnout ဖြစ်နေလား မဖြစ်နေလား ဆိုတာ မစမ်းစစ်ခင် Career Burnout က ဘာလဲ ဆိုတာ အရင် ရှင်းပြ ပါမယ်။ Career Burnout ဆိုတာ WHO ကနေ တရားဝင် သတ်မှတ် ထားတဲ့ ရောဂါလက္ခဏာ တစ်မျိုးပါ။ လုပ်ငန်းခွင် မှာ ကြုံတွေ့နေရတဲ့ Stress တွေကို သေချာ Manage မလုပ်ထားနိုင်တာ နှစ်ရှည်လများ ကြာရှည်လာတဲ့ အခါ Career Burnout လို့ ခေါ်တဲ့ ရောဂါ ဖြစ်ပေါ်လာခြင်း ပဲ ဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာ အရမ်းတက်ကြွတဲ့ Passion အပြည့်နဲ့ လူတစ်ယောက် ဟာ အလုပ်မှာ စိတ်မဝင်စားတော့တာ စွမ်းဆောင်ရည်တွေ ကျဆင်း လာတာ စတာ တွေဟာ Burnout ကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ဆိုးကျိုး တွေပဲ ဖြစ်ပါတယ်။
Burnout နဲ့ Stress နဲ့က အတူတူပဲလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် သူတို့ နှစ်ခု က ကွဲပြားပါတယ်။ Stress ဆိုတဲ့အရာ ဟာ လူတိုင်းမှာရှိပါတယ်။ နေ့တဓူဝ လှုပ်ရှားရုန်းကန် နေတယ်၊ အလုပ်သွား၊ ရုံးတက်၊ Stress တွေလည်းရှိနေတယ်။ ဒါပေမယ့် နေ့တိုင်း Stress ကို တစ်နည်းနည်း နဲ့ ဖြေဖျောက်နိုင်ကြတယ်။ ထိန်းချုပ် နိုင်ကြတယ်။ Burnout ကတော့ အဲ့လို မဟုတ်ဘူး။ အလုပ်ကို စိတ်ပျက် နေတာ နေ့စဥ် လုပ်ဆောင်နေရ တာတွေကို စိတ်ပျက်နေတာ၊ မလုပ်ချင် တော့တာတွေ က Burnout ကြောင့်ပါ။ သူတို့ကတော့ မထိန်းချုပ်နိုင် တဲ့ မသိမသာ ဝင်ရောက်လာတဲ့ Feelings တွေဖြစ်ပါတယ်။
Burnout ဖြစ်နေတယ်ဆိုတာကို ပြတဲ့ Symptoms တွေကတော့
အားအင်ကုန်ခမ်း ပြီး ပင်ပန်းနွမ်းနယ် နေတာ
ကိုယ့်အလုပ် နဲ့ စိတ်ပိုင်းဆိုင်ရာ အရ မကောင်းတဲ့ ခံစားချက်တွေ ရနေတာ
ကိုယ့်အလုပ် မှာ စိတ်မပါတာ
အလုပ်မှာ လုပ်ရည်ကိုင်ရည် ကျဆင်းလာတာ
ကျန်းမာရေး ထိခိုက်လာတာ
မိသားစုဝင် တွေနဲ့ဆက်ဆံရေးမှာ အဖုအထစ်တွေ ဖြစ်လာတာတို့ပဲဖြစ်ပါတယ်။
Career Burnout ကိုဖြစ်စေတဲ့ အကြောင်းရင်းတွေ ကတော့ လုပ်ငန်းခွင်မှာ Boss ဆီက သော်လည်းကောင်း လုပ်ဖော်ကိုင်ဖက် တွေဆီက သော်လည်းကောင်း Support မရရှိတာ၊ Work-Life Balance မရှိတာ၊ ကိုယ်နဲ့ မကိုက်ညီတဲ့အလုပ် ဖြစ်နေတာ စတာတွေ ဖြစ်ပါတယ်။ လူတွေရဲ့ ဘဝမှာ အလုပ် နဲ့ ကိုယ်ပိုင် ဘဝ ဟာ အချင်းချင်း မှီခို နေတာကြောင့် Career Life မှာ Fail ဖြစ်ရင် Personal Life ကိုပါ Affect ဖြစ်ပါတယ်။ အဲ့တာကြောင့် ကိုယ်ပျော်တဲ့ အရာတစ်ခုခုကို လုပ်တာ၊ External Support ရှာတာ၊ အလုပ်လုပ်တဲ့ ပုံစံကို ပြောင်းကြည့်တာ စသဖြင့် လုပ်ဆောင်ခြင်းအားဖြင့် အခြေအနေကို အရမ်း မဆိုး သွားအောင် ကာကွယ်နိုင်ပါတယ်။ ဒီပြဿနာဟာ ရှက်စရာကိစ္စ မဟုတ်တာကြောင့် လိုအပ်ရင် အကူအညီ တောင်းဖို့ မကြောက်ပါနဲ့။ ကျွမ်းကျင်တဲ့ Consultants တွေနဲ့ ဆက်သွယ်ပြီး ကိုယ့်ဘဝရဲ့ Balance ကို ပြန်ရှာတွေ့နိုင် ဖို့ ဆုမွန်ကောင်း တောင်းပေး လိုက်ပါတယ်။
“You are so close to the victory, don’t you dare give up now.”
By Thet Hsu Mon on 23rd May 2020
Career Burnout ဆိုတာ WHO ကနေ တရားဝင် သတ်မှတ် ထားတဲ့ ရောဂါလက္ခဏာ တစ်မျိုး ဖြစ်ပါတယ်။ လုပ်ငန်းခွင် မှာ ကြုံတွေ့နေရတဲ့ Stress တွေကို သေချာ Manage မလုပ်ထားနိုင်တာ နှစ်ရှည်လများ ကြာရှည်လာတဲ့ အခါ Career Burnout လို့ ခေါ်တဲ့ ရောဂါ ဖြစ်ပေါ်လာခြင်း ပဲ ဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာ အရမ်းတက်ကြွတဲ့ Passion အပြည့်နဲ့ လူတစ်ယောက် ဟာ အလုပ်မှာ စိတ်မဝင်စား တော့တာ စွမ်းဆောင်ရည်တွေ ကျဆင်းလာတာ စတာတွေဟာ Burnout ကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ဆိုးကျိုး တွေပဲ ဖြစ်ပါတယ်။
Career Burnout ဟာ ဘယ်လောက် Common ဖြစ်လဲဆိုရင် လူ ၁၀ ယောက်မှာ ၇ ယောက်က ဒီရောဂါကို ခံစားနေရပြီး ဒီလို Burnout ကို ဂရုမစိုက်ပဲ Treatment တွေမယူကြတာကို တွေ့ရပါတယ်။ ဖွံ့ဖြိုးပြီးတိုင်းပြည်တွေမှာ ဒီလို Career Burnout ကြောင့် Suicide လုပ်ကြတဲ့သူတွေ တိုးပွား လာတာကြောင့် ဒီလက္ခဏာဟာ မကုသပဲ ပစ်ထားဖို့ မသင့်ကြောင်း ထင်ရှားနေပါတယ်။
လူအများစုဟာ ဒီလိုကိစ္စမျိုးနဲ့ ကြုံလာရင် တတ်သိနားလည်တဲ့ ပညာရှင်ရဲ့ အကူအညီကို မခံယူပဲ ကိုယ်နိုင်သလောက် ကျိတ်ဖြေရှင်းကြပါတယ်။ ဒီဆောင်းပါးမှာတော့ ဒီလိုဖြေရှင်းရာမှာ အထောက်အကူရ နိုးနိုး အသုံးပြုနေကြပေမယ့် မှားယွင်းနေတဲ့ နည်းလမ်းသုံးခုကို ပြောပြပေးသွားပါမယ်။
Desktop Dining
လုပ်ငန်းခွင်ထဲက သူတွေအများစုရဲ့ ထမင်းစားစားပွဲ လို့ပြောရင်မမှားတဲ့နေရာတစ်ခုက သူတို့ရဲ့ အလုပ်စားပွဲပါ။ အလုပ်တွေများများမြန်မြန်ပြီးချင်ဇောနဲ့ ထိုင်ရာမထ၊ နေ့လည်စာတောင် ကိုယ့်စားပွဲမှာစားကြတဲ့ သူတွေ ဒုနဲ့ဒေးပါ။ တစ်ကယ်တော့ ဒီလိုလုပ်တာက မကောင်းပါဘူး။ ထင်နေကြတာက ဒီလိုလုပ်ရင် အလုပ်မြန်မြန်ပြီးမယ်။ Stress တွေပိုလျော့မယ်ပေါ့။ ဒါပေမယ့် လူတွေဟာ စက်ရုပ်တွေမဟုတ်ကြပါဘူး။ မနားပဲ အလုပ်တွေ တောက်လျှောက်လုပ်နေရင် သင့်ဦးနှောက်ဟာ နားချိန်မရှိတော့ပဲ ပင်ပန်းနွမ်းနယ်လာမှာပါ။ ထမင်းစားချိန်တွေမှာ ထမင်းစားရင်း လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားစမြည်ပြောဆိုပြီး Socialize လုပ်တာဟာ Oxitocin လို့ခေါ်တဲ့ Stress Relieving Hormone ကို ထုတ်လွှတ်ပေးတာကြောင့် အလုပ်စားပွဲမှာချည်း အချိန်မကုန်ပါနဲ့။
Complaining
လူတွေက အရမ်းစိတ်တွေရှုပ် Stress တွေပိလာရင် သေးသေးလေးကအစ အရမ်း Irritate ဖြစ်ပြီး သည်းမခံနိုင်ဖြစ်လာကြပါတယ်။ အဲ့အချိန်ကျ ဘေးကလူက အသက်ရှူတာ ပြင်းလိုက်တာ၊ အလင်းရောင်က ဘာလို့ အရမ်းစူးတာလဲ၊ တတောက်တောက်နဲ့ နားညည်းလိုက်တာ စသဖြင့် သေးသေးလေးတွေကအစ သတိထားမိပြီး လိုက် Complain ပါတော့တယ်။ ဒါပေမယ့် အဲ့လို လိုက်ပြောနေလည်း ကိုယ့်ရဲ့ Stress တွေလျော့ကျပြီး စိတ်ပြေသွားမှာ မဟုတ်ဘူးနော်။ သိပ္ပံနည်းအရ ပြောရရင် ဒီလို လိုက်Blame နေတဲ့အချိန်ဆိုရင် လူ့ခန္ဓာကိုယ်က Cortisol လို့ခေါ်တဲ့ Hormone တစ်မျိုးကို ထုတ်လွှတ်ပါတယ်။ အဲ့ဒီ Hormone ဟာ လူရဲ့ Blood Pressure နဲ့ Blood Sugar Level ကို မြင့်တက်စေပြီး လူရဲ့ ဦးနှောက်ကို အကောင်းမြင်စိတ်တွေ ပျောက်ဆုံး အောင်လုပ်ပါတယ်။ ဒါကြောင့်မို့ နောက်ကျရင် ကိုယ်ကထိန်းချုပ်လို့ မရနိုင်တဲ့ အရာတွေဆို လျစ်လျူရှုလိုက်တာ အကောင်းဆုံးဖြစ်ပါတယ်။
Avoiding Confrontation
တစ်ခါတစ်လေမှာ လူတွေက ကိုယ့်ကို အနှောင့်အယှက်ပေးနေတဲ့ သူတွေကို ထိပ်တိုက်ရင်ဆိုင်ဖို့ ဝန်လေးတတ်ကြပါတယ်။ ဒီလိုထိပ်တိုက်တွေ့တာက ဇယားရှုပ်တယ်၊ သည်းခံနိုင်သလောက် သည်းခံမယ် ဆိုပြီး သည်းခံရင်း မြိုသိပ်ရင်း စိတ်တင်းကြပ်လာကြပါတယ်။ ဒီကနေတစ်ဆင့် Stressed ဖြစ်မယ်၊ လုပ်ငန်းခွင်မှာ စိတ်ကျဉ်းကြပ်လာမယ်၊ ဒါ့အပြင် သည်းမခံနိုင်တဲ့အဆုံး ပေါက်ကွဲမိသွားရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် ပြောစရာရှိတာကို အချိန်မှန်နေရာမှန် ရွေးချယ်ပြီး ပြောသင့်ပါတယ်။
အထက်မှာ ဖော်ပြသွားတာတွေကတော့ လုပ်ငန်းခွင်မှာ Stress လျော့အောင်လုပ်ပေမယ့် မလျော့တဲ့အပြင် ပိုဆိုးသွားစေနိုင်တဲ့ အချက်သုံးချက် နဲ့ ဘယ်လိုတွေကိုင်တွယ်သင့်လဲ ဆိုတာတွေပဲ ဖြစ်ပါတယ်။ အကယ်၍ ကိုယ့်ရဲ့ Burnout အခြေအနေဟာ ကိုယ်တိုင်ဖြေရှင်းလို့ မနိုင်တော့တဲ့ အနေအထားကို ရောက်လာတယ်ဆိုရင် ရင်ဖွင့်ဖော်သူငယ်ချင်းကိုဖြစ်စေ၊ Professional Consultant တွေကိုဖြစ်စေ Reach Out လုပ်ပါလို့ အကြံပေးရင်း စာဖတ်သူတို့ရဲ့ ဘဝအမောတွေ ပြေပျောက်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။