Professional Profile
နော်ရို့(စ်)မင်းသည် အမေရိကန်စင်တာ အခြေစိုက် World Learning- Myanmar ၏ အစီအစဉ်တစ်ခုဖြစ်သည့် English Language Program (ELP) တွင် Senior Program Associate အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။ ဤအစီအစဉ်တွင် သူမသည် လူစွမ်းအားအရင်းအမြစ်နှင့် စီမံခန့်ခွဲမှုတာဝန်ကို လုပ်ဆောင်သည့်အပြင်၊ အစိုးရဝန်ထမ်းများ၊ တက္ကသိုလ် ဆရာ၊ဆရာမများ၏ English စာ စွမ်းရည်ကို မြှင့်တင်ရန်အတွက် နိုင်ငံခြားမစ်ရှင်များနှင့် ပူးပေါင်း၍ ညှိနှိုင်းဆောင်ရွက်လျှက်ရှိပါသည်။
လုပ်ငန်းအတွေ့အကြုံ ၅ နှစ်ကျော်ရှိပြီး မြန်မာနိုင်ငံရှိ မတူကွဲပြားသော အဖွဲ့အစည်းများတွင်လည်း လုပ်ကိုင်ခဲ့ဖူးသူ တစ်ဦးဖြစ်သည်။ လူငယ်များ၏ အလားအလာနှင့် စွမ်းဆောင်ရည်ကို နားလည်သဘောပေါက်ရန် ကူညီရန် စိတ်အားထက်သန်ပါသည်။
Passion to be a Mentor
၂၀၁၃ ခုနှစ်တွင် ဘွဲ့ရပီးနောက် အလုပ်အကိုင်ရှာဖွေရန် ရန်ကုန်သို့ ရောက်ရှိခဲ့သည်။ အခွင့်အလမ်းနည်းပါးသော နယ်မြို့မှ လာသည့်အတွက် သင့်တော်သော အလုပ်တစ်ခုရရန် မလွယ်ကူခဲ့ပါ။ ထို့ကြောင့် သူမ၏ အသက်မွေးဝမ်းကြောင်းခရီးတွင် တွေ့ကြုံခဲ့ရသော စိန်ခေါ်မှုများနှင့် ထိုအရာများကို မည့်ကဲ့သို့ ကျော်လွှားခဲ့ပုံ၊ မိမိလိုချင်သည့် ပန်းတိုင်ရောက်ရှိအောင် ကြိုးစားလုပ်ဆောင်ခဲ့ပုံ အစရှိသည့် အတွေ့အကြုံများကို အလုပ်အကိုင်ရှာဖွေနေသော လူငယ်များသို့ ခွန်အားပေး မျှဝေကာ သူတို့လျှောက်လှမ်းမည့် အသက်မွေးဝမ်းကြောင်းခရီးနှင့် ပန်းတိုင်တွင် တစ်ထောင့်တစ်နေရာကနေ ပါဝင်ပြီး လက်တွဲကူညီရန် စိတ်အားထက်သန်သောကြောင့် Career Consulting Program တွင် ပါဝင်ဖြစ်ခဲ့ပါတယ်။
Target Professional Field and Mentee
လူ့စွမ်းအားအရင်းအမြစ် (Human Resource) နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs) နယ်ပယ်သို့ ဝင်ရောက်မည့် လုပ်ငန်းအတွေ့အကြုံမရှိသေးသော လူငယ်များ၊ Career Change လုပ်ချင်ပြီး အတွေ့အကြုံနည်းပါးသော လူငယ်များနှင့် အထူးသဖြင့် အခွင့်အလမ်းနည်းပါးသော နေရာများမှလာသော လူငယ်များအတွက် ဖြစ်ပါသည်။
Professional Profile
ကိုမိုးဇူလိုင်အောင် သည် လက်ရှိတွင် Norwegian Refugee Council အဖွဲ့အစည်းတွင် Shelter Officer အဖြစ် ကရင်ပြည်နယ်နှင့် ပဲခူးအရှေ့ခြမ်းဒေသများတွင် လူသားချင်းစာနာထောက်ထားမူ အကူအညီပေးရေး တာဝန်များ ထမ်းဆောင်လျှက် ရှိပါတယ်။
သူသည် ၂၀၁၇ ခုနှစ်တွင် Technological University (Mawlamyine) မှ Civil Engineering အထူးပြုဖြင့် B.E (civil) ဘွဲ့ ရရှိခဲ့ပြီး ကျောင်းပြီးသည်နှင့် NCDD project တွင် စတင်ဝင်ရောက်ကာ NGO လောကနှင့် ထိတွေ့လာခဲ့သူ ဖြစ်ပါတယ်။ လုပ်သက် ၄ နှစ်ဝန်းကျင်ကာလအတွင်း ရခိုင်ပြည်နယ်အပါအဝင် မွန်နှင့်ကရင် ပြည်နယ်များတွင်လည်း မတူညီသော တိုင်းရင်းသားများ၏ယဥ်ကျေးမူ ဘာသာစကား များနှင့်အတူ ဖွံ့ဖြိုးရေးကဏ္ဍ (အထူးသဖြင့် ပညာရေး) နှင့် လူသားချင်းစာနာထောက်ထားမူ ကဏ္ဍများတွင် အတွေ့အကြုံရှိသူတစ်ယောက် ဖြစ်ပါတယ်။ ဒ့ါအပြင် VNG international, The Lutheran World Federation နှင့် Save the Children International အဖွဲ့အစည်းများတွင် လုပ်ကိုင်ဖူးသူတစ်ဉီးလည်း ဖြစ်ပါတယ်။
Passion to be a Mentor
INGO field ထဲတွင် ဝင်ရောက်လုပ်ကိုင်ချင်ပြီး ကိုယ့်ဒေသ ကိုယ့်နိင်ငံ ဖွံ့ဖြိုးရေးနှင့် လူသားချင်းစာနာထောက်ထားမူအကူအညီပေးရေးတို့တွင် အားတက်သရောစိတ်ပါဝင်စားကြတဲ့ ညီငယ် ညီမငယ်များအား လက်တွဲခေါ်ဆောင်ချင်ပြီး ယနေ့ခေတ် လူငယ်များကို Career Goal တွေ ဘယ်လိုချမှတ်ရမလဲဆိုတာကိုလည်း မိမိအတွေ့အကြုံနှင့် ယှဉ်ကာ အကြံပေးဆွေးနွေးပေးချင်တာကြောင့် Career Consulting Program တွင် ပါဝင် အားဖြည့်ဖြစ်ခဲ့ပါသည်။
Target Professional Field and Mentee
Civil Engineering နဲ့ Career ကို ရပ်တည်ချင်သူများ
အမှန်တကယ် ဖွံ့ဖြိုးရေး၊ လူသားချင်းစာနာထောက်ထားရေးတွေမှာ စိတ်ဝင်စားတဲ့ INGO Field ထဲမှာ လုပ်ကိုင်ချင်တဲ့ ညီလေး၊ ညီမလေးများကို ကူညီပေးဖို့ အဆင့်သင့်ပါ။
Professional Profile
အာလုံးပဲ မင်္ဂလာပါ။ ကျွန်မအနေနဲ့ Career Center မှာ Mentor တယောက်အဖြစ် ပါဝင်ခွင့်ရတာ အရမ်း ဝမ်းသာပါတယ်။ ပြည်တွင်း ပြည်ပရှိ MNC Company များစွာတွင် Sale & Marketing အနေဖြင့် လုပ်သက် ၇ နှစ်ကျော်ရှိပြီး Master of Business Administration (MBA) ဘွဲ့ကိုလည်း Assumption University မှ ရရှိထားပါတယ်။
Nielsen MMRD, Unithai Group, Jotun, BASF နှင့် TOA Paint အစရှိသည့် နိုင်ငံခြား Company များတွင် Sales and Marketing နှင့် Business Development role များကို ပြည်းတွင်းပြည်ပ တာဝန်ယူလုပ်ဆောင်ခဲ့ပါသည်။
လုပ်သက် 7 နှစ်ကာလအတွင်း BASF မှ STARS (Strategic Talent And Rising Stars) Program တွင် Talent Employee 2019 အဖြစ် မြန်မာနိုင်ငံ ရုံးခွဲကိုယ်စားပြုအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
အစိုးရဌာနများ၊ NGOs၊ Chamber of commerce များနှင့် ပူးပေါင်းလုပ်ဆောင်ရသော National Food Fortification project တွင်လည်း ပါဝင်လုပ်ဆောင်ခဲ့ပါသည်။
B2B, B2G business များစွာကို လုပ်ကိုင်ခဲ့ပြီး Chemical, Construction Materials နှင့် Service Industry တို့တွင် အဓိက အတွေ့အကြုံရှိခဲ့ပါတယ်။
Passion to be a Mentor
ကျမကျောင်းပြီးကာစ အလုပ်စရှာတော့ ကိုယ်ဘာကို စိတ်ဝင်စားမှန်း မသိခဲ့ဘူး။ လမ်းညွှန်ဆွေးနွေးပေးမည့်သူလည်း အသိုင်းအဝိုင်းထဲမှာ မရှိသလောက် ရှားခဲ့ပါတယ်။ ဒါပေမယ့် ပထမဆုံးအလုပ်ကို စလုပ်တဲ့အချိန်မှာ ကိုယ်ဘာလုပ်ရတာ ကြိုက်တယ်၊ မကြိုက်ဘူးဆိုတာ ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်ရင်း သိလာခဲ့ရပါတယ်။
ကျမရဲ့ အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုများမှ ရရှိခဲ့သော အတွေ့အကြုံများမှ Sale & Marketing Career နဲ့ International MNC များတွင် ဝင်ရောက်လုပ်ကိုင်လိုသူတို့အတွက် နည်းပြလမ်းညွှန်ပေးလိုသောကြောင့် Career Consulting Program တွင် ပါဝင်ဖြစ်ခဲ့ပါသည်။
Target Professional Field and Mentee
Sale & Marketing Field မှာ Career တည်ဆောက်လိုသူများ၊
B2B, B2G လုပ်ငန်းများ၏ လုပ်ငန်းသဘောသဘာဝကို ပိုမို စိတ်ဝင်စားသူများ၊
Chemical, Construction, Service industry အစရှိသည်တို့မှာ လုပ်ကိုင်လိုသူများနှင့် MNC Company သို့မဟုတ် ပြည်ပတွင် နေထိုင် အလုပ်လုပ်ကိုင်လိုသူများအား တထောင့်တနေရာမှ အကူအညီပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။
Professional Profile
ကျွန်မကတော့ မြန်မာနိုင်ငံရဲ့ Free to Air Channel တစ်ခုဖြစ်တဲ့ MNTV Channel Assistant Digital Marketing Manager အဖြစ် လုပ်ကိုင်ခဲ့ဖူးပါတယ်။ ယခုအခါမှတော့ FMCG လုပ်ငန်တစ်ခုဖြစ်တဲ့ Paradise Myanmar Co.ltd မှာ Digital Marketing Manager အဖြစ် လုပ်ကိုင်လျှက် ရှိပါတယ်။
Local Program များသာမက Japanese Program , Drama ,Event နဲ့ Campaign Promotion တွေ Digital Communication , PR ပိုင်း လုပ်ပေးခဲ့ပါတယ်။ ဒါ့အပြင် Fujifilm Myanmar ၊ Electronic Shopping Mall နဲ့ Photo Studio တို့မှာ Digital Marketing , Graphic နဲ့ Event Operation/ Promotion ပိုင်းတွေမှာ လုပ်ကိုင်ခဲ့ဖူးပါတယ်။
Digital Marketing အပြင် Management နှင့် PR အပိုင်းတို့မှာလည်း အတွေ့အကြုံရှိပါတယ်။
ကျွန်မ ၂၀၀၈ ခုနှစ်မှာ ဆယ်တန်းအောင်ခဲ့ပေမယ့် ၂၀၁၇ ခုနှစ်ရောက်မှ ဘွဲ့ရခဲ့တာပါ။ လုပ်ငန်းခွင်ထဲစဝင်တော့ ခက်ခဲခဲ့တဲ့အပြင် Career လမ်းကြောင်း ရှာဖွေရာမှာလည်း မလွယ်ကူခဲ့ပါတယ်။ ဒါပေမဲ့ အမြဲ ကိုယ်ယုံကြည်ရာကိုပဲ လုပ်ကိုင်ခဲ့တာမို့ အခုဆိုရင် ဖြစ်ချင်တာတွေ 100 % မဖြစ်သေးပေမဲ့ ရုပ်လုံးတော့ ပေါ်လာပါပီ။
Passion to be Mentor
ကျွန်မ ကူညီပေးရမည့် Digital Marketing Field ထဲ ဝင်ချင်သူတို့ကိုလည်း အလုပ်အင်တာဗျူးဝင်တာကစလို့ အလုပ်စဝင်တဲ့အခါ သိထားရမည့်လုပ်ငန်းလိုအပ်ချက်တွေ၊ ပြသနာဖြေရှင်းပုံ ဖြေရှင်းနည်း၊ လူမှုဆက်ဆံရေးတွေ၊ နောက်ပြီး တာဝန်ယူမှု တာဝန်ခံမှု၊ project တစ်ခုကို ဘယ်လိုစစဉ်းစားပြီး အောင်မြင်အောင် ဘယ်လိုအဆုံးသတ်ရမလဲ စတာတွေ ပြောပြပေးချင်တယ်။
လုပ်ငန်းပိုင်းမှာသာမက လူမှုနယ်ပယ်မှာပါ အဆင်ပြေအောင်နေတတ်ဖို့နဲ့ လေ့လာမှုတွေ ဆက်တိုက် လုပ်ဖို့၊ အမှားအမှန်ခွဲခြားလက်ခံနိုင်ဖို့ စတာတွေ ဆွေးနွေးပေးချင်ပါတယ်။ စိတ်ဓာတ်ကျနေရင်လဲ ပြန်ပြီး motivated ဖြစ်ဖို့ ကူညီပေးချင်သောကြောင့် Career Consulting Program တွင် ပါဝင် ဖြစ်ခဲ့ပါတယ်။
Target Professional Field and Mentee
Digital Marketing, Content Creation, Graphic Design Creation, Management and PR အပိုင်းကို Career အဖြစ် ရွေးချယ်ချင်သူတို့အတွက် ကူညီပေးဖို့ စိတ်အားထက်သန်ပါသည်။
Professional Profile
၂၀၁၂ ခုနှစ်တွင် နည်ပညာတက္ကသိုလ် (သန်လျင်) မှ Mechatronics နဲ့ ဘွဲ့ရရှိခဲ့ပြီး ၂၀၁၂ မှ ၂၀၁၃ ခုနှစ်တွင် Super Top Study Guide Agenda တွင် Founder တစ်ဦးအဖြစ် Career ကို စတင်ခဲ့ပါတယ်။
၂၀၁၄ ခုနှစ်တွင် UMG Myanmar Company တွင် Junior Engineer မှ HR နယ်ပယ်သို့ Career Change လုပ်ခဲ့ပြီး Huationg Company Limited တွင် HR Manager ရာထူးနှင့် တာဝန်ယူ လုပ်ဆောင်ခဲ့ပါသည်။
ယခုမှာတော့ Stonestep Myanmar ASB Micro-Insurance Company တွင် HR Manager အနေနဲ့ ဆက်လက် လုပ်ကိုင်နေပါတယ်။
HR နယ်ပယ်တွင် 6 နှစ်ကြာ ကျင်လည်ခဲ့တဲ့ အတွေ့အကြုံများအရ လုပ်ငန်းရှင်နှင့် ဝန်ထမ်းကြား၊ ဝန်ထမ်းအချင်းချင်း အဆင်မပြေမှု အခက်အခဲများကို ညှိနှိုင်းဖြေရှင်းပေးရာမှာ Win-Win Situation ဖြစ်အောင် ဖန်တီးဆောင်ရွက်ပေးရခြင်းကို မြတ်နိုးနှစ်သက်လာရင် ကျွန်မရဲ့ HR Career က တည်မြဲလာခဲ့ပါတယ်။
Passion to be Mentor
ကိုယ်တိုင် Mechatronics မေဂျာနှင့် ဘွဲ့ရပီး Career Change တဲ့အခါ အခက်အခဲများစွာ ကြုံတွေ့ခဲ့ပြီး ကနဦးမှာ အရှုံပေးချင်စိတ်တွေ ပေါ်ပေါက်ခဲ့ပါတယ်။ ဒါပေမယ့် ကျဆုံးမှုတိုင်းကို ကျေးဇူးတင်စွာ လက်ခံရင်း နေသစ်တိုင်း တူညီတဲ့အမှားမျိုး ထပ်မကြုံမိစေရန် ပြောင်းလဲပြုပြင်ရင်း ကိုယ့် Career ကို တည်ဆောက်ခဲ့ပါတယ်။ ဒါကြောင့် အလုပ်ရှာဖို့ အခက်အခဲဖြစ်နေတဲ့ Fresh Graduate တွေ၊ Career Change ချင်သူများ ကြုံတွေ့နေရတဲ့ အဆင်မပြေမှုတွေကို HR တစ်ယောက်အနေနဲ့ရော ကိုယ်တိုင် Career Change ခဲ့တဲ့ အတွေ့အကြုံနှင့်ယှဉ်ကာ ကူညီပေးချင်သောကြောင့် Career Consulting Program တွင် ပါဝင်ဖြစ်ခဲ့ပါတယ်။
Target Professional Field and Mentee
HR နယ်ပယ်မှာ အလုပ်လုပ်ကိုင်လိုသူ
Engineering Career နဲ့ အသက်မွေးချင်သူ
မတူညီတဲ့ နယ်ပယ်တစ်ခုမှ အမှန်တကယ် စိတ်ဝင်စားတဲ့ Career ကို ပြောင်းလဲလျှောက်လှမ်းချင်များအတွက် ကောင်းမွန်သော ဆွေးနွေးမှုများ ပြုလုပ်ပေးချင်ပါတယ်။