By Thet Hsu Mon on May 8
Leadership သင်တန်း၊ Leadership Certificate၊ Leadership…. Leadership… ဆိုတာတွေ ခဏခဏ ကြားဖူး ကြတယ်ဟုတ်။ Organization တစ်ခု Company တစ်ခု တိုင်းပြည် တစ်ခု မှာ ခေါင်းဆောင်တွေ ကအရေးပါတဲ့ အခန်း မှာရှိပါတယ်။ ဒီလို ခေါင်းဆောင်ကောင်းတွေ ပေါ်ထွက် လာရေး ကိုပဲ အာရုံစိုက်ကြရင်း Followers တွေရဲ့ Role ဟာလည်း ဘယ်လောက် အရေးပါတယ် ဆိုတာ မေ့လျော့ လာကြပါတယ်။ အခုအချိန် လူတော်တော်များများ ရဲ့ Mindset မှာ သူများ နောက်လိုက် လုပ်ရတာ ရှက်စရာ ကောင်းတယ်၊ ခေါင်းဆောင်ပဲ လုပ်ချင်တယ်၊ ဘယ်သူ ဆရာလုပ်တာမှ မခံနိုင်ဘူး ဆိုတာတွေ အနည်းနဲ့အများ ရှိပါတယ်။
Leaders and followers ဆိုတာ တစ်ဦးအပေါ် တစ်ဦး အပြန်အလှန် မှီခို နေကြတာပါ။ ကိစ္စ တစ်ခု ပြီးမြောက်အောင်မြင်ဖို့ ခေါင်းဆောင်တွေကြီးပဲ လုပ်လို့ မရသလို ခေါင်းဆောင်မရှိ ခဲ့ရင်လည်း တစ်ကွဲတစ်ပြားနဲ့ လိုရာပန်းတိုင် ရောက်မှာ မဟုတ်ပါဘူး။ ခေါင်းဆောင်တွေက Superior ဖြစ်ပြီး Followers တွေက နိမ့်ကျ တယ်ဆိုတာ အယူအဆ မှားကြီးတစ်ခုပါ။ အကုန်လုံး က ကိုယ့်နေရာမှာ ကိုယ့်တာဝန်ကိုယ် ကြေပွန်အောင် ထမ်းဆောင် နေကြရမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ခေတ်ကာလ တစ်ခုတုန်း ကတော့ ခေါင်းဆောင်တွေ ဆိုတာ လုပ်ပိုင်ခွင့် အာဏာ အပြည့် ချုပ်ကိုင်ထားကြတာပါ။ နောက်လိုက် တွေကတော့ ခေါင်းဆောင်အမိန့်ကို နာခံရမယ်။ ပြန်မပြောရဘူး ဆိုတဲ့ သတ်မှတ်ချက် တွေနဲ့ ခေါင်းငုံ့ နေခဲ့ကြရတာပါ။ ဒီနေ့ ခေတ်ကာလ ရောက်တဲ့ အချိန်မှာတော့ ဒီလိုမျိုး သတ်မှတ်ချက်တွေ ခေတ်ကုန်သွား ခဲ့ပါပြီ။
Follower-ship ဆိုတာ ကိစ္စတစ်ခု ပြီးမြောက် အောင်မြင်ဖို့ ပူးပေါင်း ဆောင်ရွက်လိုစိတ် ရှိခြင်း၊ အဖွဲ့အစည်း စိတ်ဓာတ် ရှိခြင်း၊ သဟဇာတ ဖြစ်အောင် နေထိုင်တတ်ခြင်း လို့ ဆိုလိုချင် ပါတယ်။ Effective Follower-ship တစ်ခုကသာ Effective Leadership ကို ဖော်ဆောင်နိုင် ပါတယ်။
American Political Analyst တစ်ယောက်ဖြစ်တဲ့ Robert Kelly က Followers တွေကို သူတို့ရဲ့ Behavioral ပုံစံ ကို နှစ်မျိုး သတ်မှတ်ခဲ့ပါတယ်။ ပထမ ပုံစံ က တော့ Followers တွေရဲ့ Independent ဖြစ်ဖြစ်နဲ့ ဝေဖန်စဥ်းစားဆုံးဖြတ် နိုင်တဲ့ပုံစံ ဖြစ်ပြီး ဒုတိယ ပုံစံ ကတော့ Followers တွေရဲ့ ဆက်ဆံတဲ့ပုံစံ က Active လား Passive လား ဆိုတဲ့ အချက်ပါ။ အထက်ပါ ပုံစံတွေကနေ Follower Types ၅မျိုး ထပ်ခွဲ ပါတယ်။ (Kelley, Op.cit., 2008)
The Sheep - Passive ဖြစ်ပြီး Leaders တွေကိုပဲ မှီခိုပါတယ်။
The Yes-People - Leaders တွေ စဥ်းစား သမျှ၊ လုပ်ဆောင် သမျှကို မှီခိုပါတယ်၊ Positive ဖြစ်ပြီး Leaders တွေကို ထောက်ခံကြပါတယ်။
The Alienated - လူ့ဂွစာ တွေပါ။ Independent ဖြစ်ဖြစ် တွေးခေါ် နိုင်သော် လည်း ကန့်လန့်တိုက် ကြပါတယ်။
The Pragmatic - တိကျတဲ့ လမ်းကြောင်း မပေါ်မချင်း ဘာမှ ဝင်ပြောလေ့ မရှိသူ တွေပါ။ Critical Thinking မလုပ်ကြ တဲ့သူတွေ ပေါ့။
The Star Followers - ကိုယ့်အတွက် ကိုယ် စဥ်းစားတယ်၊ Positive ဖြစ်တယ်။ တက်တက်ကြွကြွ ပါဝင်တယ်။ သူတို့က Leaders တွေနဲ့ တက်တက်ကြွကြွ ပြောစရာရှိတာ ပြောတတ်၊ မေးခွန်း ထုတ်တတ်ကြတဲ့ သူတွေပါ။
ဒီလို ပုံစံတွေကို ကွဲကွဲပြားပြား သိရှိခြင်း အားဖြင့် သက်ဆိုင်ရာ ပုံစံအလိုက် Effective ဖြစ်ဖြစ် စီမံအုပ်ချုပ်နိုင် မှာဖြစ်ပါတယ်။ ဒါ့အပြင် Followers တွေ မှာ ရှိသင့်တဲ့ အရည်အချင်း Courage တွေ လည်း ရှိပါသေးတယ်။ ဒါတွေကတော့
Leader ကို Support လုပ်ပေးနိုင်တဲ့ အရည်အချင်း
ပုံမှန် ကိစ္စတွေကို တာဝန်ယူ နိုင်တဲ့ အရည်အချင်း
Leader တစ်ယောက် ရဲ့ Behavior ကို ထိန်းကြောင်း တည့်မတ်ပေး နိုင်တဲ့ အရည်အချင်း
အပြောင်းအလဲ တွေ ဆောင်ရွက် ရတိုင်း ပါဝင် ဆောင်ရွက် နိုင်တဲ့ အရည်အချင်း
Ethical Abuses တွေကို ယုံကြည်ချက် ခိုင်မာစွာ တော်လှန်နိုင်တဲ့ အရည်အချင်း
တို့ ဖြစ်ကြောင်း စာရေးဆရာ Ira Chalet က သုံးသပ်ပြ ထားတာပါ။
Leaders ဆိုတာ ပိရမစ်ရဲ့ ထိပ်ဖျားလိုပဲ လူနည်းစုဖြစ်ပြီး Followers တွေကတော့ လူအများစု ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်၊ တစ်ဦးအပေါ် တစ်ဦး Considerate ဖြစ်မယ်၊ တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် မှီခို ပြီး ပူးပေါင်း ဆောင်ရွက်မယ် ဆိုရင် အောင်မြင် နိုင်မှာ မလွဲ ပါဘူး။
By Ei Yupar Min on 21st of May of 2020
Leader နဲ့ Member နဲ့ ဘာကွားခြားတယ်လို့ ထင်ပါသလဲ။ Skills လား? Maybe! ဒါပေမယ့် Skills ဆိုတာ သင်ရင် တတ်မြောက်လာနိုင်တာပဲလေ။ Leader တွေ Manager တွေမှာ ရှိတဲ့ Weapon ကတော့ Emotional Intelligence ပဲဖြစ်ပါတယ်။ Leaderကောင်း တစ်ယောက်ဖြစ်ဖို့တော့ Emotional Intelligence က အဓိကပါပဲ။
⭕️Emotional Intelligence ဘာလဲ ❓
ကိုယ့်ရဲ့ Thoughts တွေ Emotions တွေကို ကောင်းကောင်းနားလည်ပြီး ထိန်းချုပ်နိုင်တဲ့အပြင် တစ်ခြားသူတွေရဲ့ ခံစားချက်ကိုပါ နားလည်ပေးနိုင်တာ ဖြစ်ပါတယ်။
⭕️Leader တစ်ယောက်အတွက် Emotional Intelligence က ဘယ်လို အရေးပါတာလဲ❓
Leader ကောင်းတစ်ယောက်နဲ့ Leader မပီသသူ ဘာကွာလဲဆိုရင် နားလည်ပေးတတ်မှုပါ။ Leader ပီသသူဟာ ကိုယ့်ရဲ့ အမြင်ရော သူတစ်ပါးရဲ့ အမြင်ရောပါ နားလည်ပေးနိုင်ပါတယ်။ Open-Minded Person ပေါ့။
⭕️ Emotional Intelligence ကို Improve ဖြစ်စေမဲ့Tips 6ခု
1.ကိုယ့်ရဲ့ အတွင်းစိတ်ကို လေ့လာပါ။
ကိုယ့်စိတ်ကို နားလည်တဲ့သူတွေပဲ သူများကိုစိတ်ကိုယ်ပါ နားလည်ပေးနိုင်တာပါ။ အဲ့တော့ ကိုယ့်ကိုကိုယ် စောင့်ကြည့်ပါ။ ကိစ္စ တစ်ခုခုရှိလာရင် ကောင်းရင် ကိုယ်က ဘယ်လိုတုန့်ပြန်တတ်လဲ။ ဆိုးရင်ရော ကိုယ်ဘယ်လို ခံစားရလဲ။ ကိုယ့်ကိုကိုယ် စောင့်ကြည့်ရတာ အရမ်းမလွယ်ကူပေမယ့် ကိုယ့်စိတ်ကို နားလည်လာမှာပါ။
2.တစ်ခြားသူတွေရဲ့ ထင်မြင်ချက်ကို နားထောင်ပါ။
ကိုယ်အယုံကြည်ရဆုံး သူတွေ ကိုယ့်ကို ဘယ်လိုမြင်လဲ သိအောင်မေးပါ။ Honest Answers ပေးနိုင်မယ့် သူတွေပေါ့နော်။ ပြီးရင် သူတို့တွေ ပြောတဲ့အထဲက ကိုယ့်ရဲ့ မကောင်းတဲ့အချက်လေးတွေကို ရွေးထုတ်ပြီး ဘာလို့ အဲ့လို ဖြစ်ရလဲ ဆန်းစစ်ပါ။
3.Diary ရေးပါ။
ဒါက ကိုယ့်ရဲ့ Reactionတွေကို ဆန်းစစ်နိုင်မယ့် နည်းတစ်ခုပါလဲ။ ကိုယ်က ဒီနေ့ ဘယ်လို Event မျိုးကို ဘယ်လို React လုပ်နိုင်ခဲ့သလဲပေါ့။ ဒါဆို အရင်ကထက် ပိုကောင်းအောင် ကိုယ်ဘယ်လို ပြုပြင်နိုင်လဲဆိုတာ သိလာမှာပါ။
4.သူများတွေကို နားထောင်ပါ။
ဒါက အခြားသူတွေရဲ့ ခံစားချက်ကို နားထောင်ပါ။ နားထောင်နေရင် အာရုံစူးစိုက်ထားပါ။ ဘာမှ မတွေးပါနဲ့။ ကိုယ့်ရဲ့ Judgement တွေ Thought တွေမပါပဲ သူရဲ့ အတွေးကို နားထောင်ပါ။ကျွန်မတို့ တော်တော်များများက တစ်ခုခုကို နားထောင်ပြီဆို ကိုယ့်အတွေးထဲမှာ အမြဲ Judgement ကတွဲ ပါလာတတ်ပါတယ်။ဘာမှ မတွေးဘဲ နားထောင်မှ ကိုယ်က သူ့ရဲ့ Story ကို သူခံစားတဲ့အတိုင်း အပြည့်အဝနားလည်သွားမှာပါ။ အဲ့တော့မှ ကိုယ် Advice ပေးရင်လည်း သူအတွက် အကျိုးရှိနေစေမှာပါ။
5.သူများနေရာက ဝင်ခံစားပါ။
သူတို့ဖြစ်နေတဲ့ နေရာမှာ ကိုယ်ဝင်ခံစားကြည့်ပါ။ တစ်ခုခုကို ကြည့်တဲ့အခါ သူတို့ရဲ့ အတွေးမျက်စိနဲ့ကြည့်လိုက်ပါ။ ဒါဆိုရင် သူတို့ရဲ့စိတ်ကို အပြည့်အဝ နားလည်လာမှာပါ။
6.ကိုယ့်ရဲ့ အတွေးကိုလည်း မျှဝေပါ။
လူတွေက ကိုယ့်ရဲ့ Storyကို သူများနဲ့ မျှဝေတာ Professional မကျဘူးလို့ ထင်ကြပါတယ်။ အမှန်တော့ ကိုယ်ရဲ့ Experiences တွေ၊ သူတို့ အခက်အခဲတွေနဲ့ ဆင်တူတဲ့ အခါမျိုးတွေရှိခဲ့ဖူးတာတွေ Shareပေးရင် ကိုယ်နဲ့ ကိုယ့်အဖွဲ့သားတွေရဲ့ Relationship ကိုလည်း Strong ဖြစ်စေပြီး သူတို့ကိုလည်း Influence လုပ်နိုင်ပါလိမ့်မယ်။
ဒီလောက်ဆို Emotional Intelligenceက Leader တစ်ယောက်အတွက် ဘယ်လိုအရေးပါတယ်ဆိုတာ သိပြီထင်ပါတယ်။ ဒီTipလေးတွေအတိုင်းလည်း Improve လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်။
အချိန်ပေးပြီး ဖတ်ရှုပေးလို့ Career Center မှ ကျေးဇူးတင်ပါတယ်။
By Yee Mon Min on 2nd of June 2020
အဖွဲ့အစည်းတစ်ခုက ခေါင်းဆောင်လည်း ကောင်းသလို နောက်လိုက်လည်း ကောင်းမှ ပြည့်စုံမှာပါ။ လူမျိုးမျိုး စိတ်အထွေထွေဆိုတဲ့ စကားအတိုင်း လူတိုင်းက မတူညီတဲ့ စိတ်နေစိတ်ထားတွေ ရှိတတ်ကြပါတယ်။ ခေါင်းဆောင်အမျိုးမျိုး၊ နောက်လိုက်အမျိုးမျိုးရှိတဲ့ထဲက Followers 7 မျိုးကို ဖော်ပြပေးချင်ပါတယ်။ ၎င်းတို့ကတော့-
Sycophants
ဒီလို type မျိုးက ကျွန်တော်တို့ အဖွဲ့အစည်းတော်တော်များများမှာ တွေ့ရလေ့ရှိပါတယ်။ အထက်လူကြီးကို မြှောက်ပင့်လေ့ရှိတဲ့ YES-MAN တွေပါ။ သူတို့ကတော့ အန္တရာယ်များတဲ့ လူစားထဲမှာပါပါတယ်။ ဘယ်တော့မှ သူတို့ရဲ့ သရုပ်အမှန်ကိုမပြပဲ leader ဘာလုပ်လုပ် ထောက်ခံနေတတ်တဲ့အတွက် အဖွဲ့အစည်းရဲ့ တိုးတက်နှုန်းကို အထောက်အကူ မပြုပါဘူး။ သူတို့က အထူးသဖြင့် နေရာတစ်နေရာကို လိုချင်လို့ ကပ်လေ့ရှိတဲ့ လူမျိုးပါ။
Critics
Sycophants တွေရဲ့ ပြောင်းပြန်ဖြစ်တဲ့ ဝေဖန်တတ်တဲ့ followers တွေပါ။ leader ဘာလုပ်လုပ် ဝေဖန်စရာရှာလေ့ ရှိပါတယ်။ သို့ပေမဲ့ positively criticize မလုပ်ပဲ negatively လုပ်တတ်ရင်တော့ အဖွဲ့အစည်းအတွက် အနှောက်အယှက် ဖြစ်စေပါတယ်။ leader အများစုကလည်း သူတို့လို follower မျိုးကို အမြင်မကြည်ပဲ ဖြစ်နေတတ်တာကြောင့် ဝေဖန်သူအနေနဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးများကိုတောင် ဆုံးရှုံးတတ်ပါတယ်။
Realists
အမှန်တရား ဘက်တော်သား followers တွေပါ။ အရှိကို အရှိအတိုင်းပြောလေ့ရှိပါတယ်။ သူတို့အမြင်နဲ့ ကိုက်ရင်လက်ခံပြီး၊ မတူညီရင်တော့ မေးခွန်းထုတ်ဖို့ ဝန်မလေးသူများပါ။ အဖွဲ့အစည်းတိုင်းအတွက် ရှိသင့်တဲ့ follower type လို့ ပြောပါရစေ။
Loyalists
ဒီ type ကတော့ leader တိုင်း လိုလားတဲ့ သစ္စာခံ follower type ပါ။ အလုပ်ချစ်တတ်တဲ့ အလုပ်သူရဲတွေပါ။ ယုံကြည်ထိုက်ပြီး ခေါင်းဆောင်လုပ်သမျှ ကူညီပေးဖို့ ဝန်မလေးသူတွေပါ။ အကြံဥာဏ် အစစ်အမှန်တွေကို ပေးလေ့ရှိပြီး အမြဲ energetic ဖြစ်နေတတ်တဲ့ လူတစ်မျိုးပါ။
Traitors
Loyalists တွေနဲ့ လားလားမျှမတူပဲ သစ္စာဖောက်စိတ်ရှိတဲ့ follower ပါ။ သို့ပေမဲ့ မကြိုက်ရင် မကြိုက်ကြောင်းမပြပဲ ဟန်ဆောင်မုန်း၊ အတင်းပြောတတ်ကြပါတယ်။ leaders များအတွက် Sycophants/ YES MAN တွေ ထက်ပိုပြီး မရှိသင့်တဲ့ type ပါ။ leader အပါအဝင် လူတိုင်းရဲ့ trustworthy person ဖြစ်အောင်လုပ်ယူပြီးမှ အောက်ဆုံးကို ဆွဲချချင်တဲ့ follower အမျိုးအစားပါ။
Spectators
မီးစင်ကြည့်ကတတ်တဲ့ ဖာသိဖာသာ နောက်လိုက်တွေပါ။ leader ကိုကော အဖွဲ့အစည်းကိုပါ စိတ်ထဲမထည့်ပဲ ရသင့်တာကိုပဲ ရအောင်လုပ်တတ်သူတွေပါ။ Spectators တွေ ရှိနေခြင်းအားဖြင့် မိမိတို့အဖွဲ့အစည်း အကျိုးမယုတ်နိုင်ပေမဲ့ အကျိုးလဲရှိမှာ မဟုတ်ပါဘူး။
Opportunists
နောက်ဆုံးပိတ်အိတ်နဲ့ လွယ်ဆိုသလို နောက်ဆုံး follower type ကတော့ သူတို့ရဲ့ အိတ်ထဲပဲကဲ့ ယူတတ်တဲ့ အခွင့်ကောင်းသမားတွေပါ။ သူတို့အခွင့်အရေးရမယ်ဆို ဘာမဆိုလုပ်နိုင်သူတွေပါ။ အဖွဲ့အစည်းကို ၄င်းတို့ရဲ့ တိုးတက်ရာလမ်းကို သွားဖို့လှေကားလို့ သဘောထားတတ်သူများပါ။
နောက်လိုက်မရှိပဲ ခေါင်းဆောင်ဆိုတာ မဖြစ်နိုင်ပါဘူး။ နောက်လိုက်ကောင်းတစ်ယောက်ကသာ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်နိုင်တာပါ။ အမျိုးအစားတစ်ခုကနေ တစ်ခုကို အချိန်မနှောင်းခင် change လို့ရပါတယ်။ အဖွဲ့အစည်းတစ်ခုကောင်းမွန်ဖို့အတွက်ကတော့ Realists တွေ Loyalists တွေရှိဖို့လိုပါတယ်။ ကိုယ့်ရဲ့အရည်အချင်းကို သေချာဖော်ပြပေးနိုင်ဖို့အတွက် realistic ဖြစ်ပြီး မိမိအဖွဲ့အစည်း ကောင်းဖို့အတွက် passionate ဖြစ်ဖြစ်နဲ့ professional ဆန်ဆန် ပြုမူခြင်းက ကောင်းမွန်တဲ့ follower တစ်ဦးရဲ့ characteristic တွေပဲ ဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်ချင်းစီက စတင်ပြီး ပြောင်းလဲကြရအောင်လား။
By Yee Mon Min On 3rd Of June 2020
အရင်ဆုံး Leadership Types ကို ရှင်းပြပေးချင်ပါတယ်။ ကျွန်တော်တို့ အချိန်တိုင်းကြားနေတဲ့ စကားလုံးတွေထဲ Leadership ဆိုတဲ့ စကားလုံးက ပါဝင်နေပါတယ်။ လူတစ်ဦးချင်းတောင် မတူညီတဲ့အတွက် Community တစ်ခုချင်းလဲ မတူညီကြပါဘူး။ Leadership Styles မှာ ယေဘုယျအားဖြင့် ၉မျိုးရှိပါတယ်။
1) Transformational Leadership (Leader ကနေ Followers များကို Leaders တွေဖြစ်လာအောင်ပါပျိုးထောင်ပေးတဲ့စနစ်)
2) Transnational Leadership (ဆုပေးဒဏ်ပေးစနစ်)
3) Servant Leadership (အနစ်နာခံတဲ့ Leader ဦးဆောင်တဲ့စနစ်)
4) Autocratic Leadership (တသွေးတသံတစ်မိန့်စနစ်)
5) Laissez-faire Leadership (Leader ကဝင်ရောက်ပါဝင်ခြင်းမရှိပဲ Followers တွေပဲအစအဆုံးလုပ်ရတဲ့စနစ်)
6) Democratic Leadership (Followers အားလုံးပြောပိုင်ဆိုပိုင်ခွင့်ရှိပြီးလွတ်လပ်တဲ့စနစ်)
7) Bureaucratic Leadership (ရာထူးအဆင့်ဆင့်လုပ်ဆောင်ရတဲ့စနစ်)
8) Charismatic Leadership (Leader က Followers များကို Motivate ပြီးဦးဆောင်တဲ့စနစ်)
9) Situational Leadership (Fixed System ကိုမသုံးပဲအခြေအနေအလိုက် Adapt လုပ်လေ့ရှိတဲ့စနစ်) တို့ပဲဖြစ်ပါတယ်။
ဦးဆုံးအာရှနိုင်ငံတွေရဲ့ Leadership Style Comparison လေးနဲ့စပါရစေ။
မိမိတို့နဲ့ အိမ်နီးချင်းနိုင်ငံဖြစ်ပြီး ကျွန်တော်တို့နိုင်ငံထက် တိုးတက်နေတဲ့ ထိုင်းနိုင်ငံကတော့ Transformational Leadership Style ကို အသုံးပြုလာကြပါတယ်။ အခုအခါမှာ ထိုင်းနိုင်ငံကတဖြည်းဖြည်း Developed Country အသွင်ကို ရောက်လာတဲ့အတွက် Effective တဲ့ စနစ်တစ်ခုလို့ ဆိုရပါမယ်။
Asean နိုင်ငံများထဲက အချမ်းသာဆုံးဖြစ်တဲ့ စင်ကာပူနိုင်ငံရဲ့ Leadership Style ကို ဖော်ပြချင်ပါတယ်။ Singapore နိုင်ငံက Autocratic (Authoritarian) Leadership ကိုသုံးတာပါ။ Citizens များကလည်း စည်းကမ်းလိုက်နာတဲ့အတွက် ကမ္ဘာပေါ်မှာ Top Ten Cleanest Country ဖြစ်ပြီး အကျင့်ပျက်ချစားမှုမရှိတဲ့နိုင်ငံအဖြစ် Stand Out နေခြင်းက စနစ်နဲ့လည်း ပတ်သတ်နေတယ်လို့ ထင်ပါတယ်။
First World Countries တွေထဲက တစ်နိုင်ငံအပါအဝင်ဖြစ်တဲ့ ဂျပန်နိုင်ငံကတော့ Autocratic နဲ့ Democratic (Followers တွေကပါ Authority အပြည့်အဝရ) Leadership Styles ရဲ့ ကြားစနစ်သုံးတာပါ။ Power Distance Ranking မှာ 54th ဖြစ်တဲ့ အချက်ကို ကြည့်ခြင်းအားဖြင့် သိသာပါတယ်။ ၅၄ဖြစ်တဲ့အတွက် Neither High Nor Low ပါ။
ကမ္ဘာ့အချမ်းသာဆုံးဝင် The United Arab Emirates (Uae) ကတော့ Democratic Leadership Style ကိုသုံးပါတယ်။ Democratic Leadership Style က Leadership Styles အားလုံးထဲမှာ Effective အဖြစ်ဆုံးတစ်ခု ဖြစ်ပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ Organization အတော်များများကတော့ Autocratic Leadership Style ကို အသုံးပြုပါတယ်။ ဆိုတော့ စာဖတ်သူအနေနဲ့ Least Developing Countries ထဲက တစ်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ ရေရှည်မှာသည် Leadership Style ကို ဆက်လက်ကျင့်သုံးခြင်းက Effective ဖြစ်လာနိုင်မလား? တခြား Leadership Style များကို ပြောင်းလဲသင့်တယ်လို့ ထင်ပါသလား?
By Yee Mon Min on 3rd of June 2020
ကျွန်တော်တို့အားလုံး ခေါင်းဆောင်ဖြစ်ချင်တဲ့စိတ် ရှိတတ်ကြပါတယ်။ တကယ်လည်း ခေါင်းဆောင် ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ခဲယှဥ်းပါတယ်။ အဲ့ဒီအတွက် ခေါင်းဆောင်ကောင်းတစ်ယောက်မှာ ရှိသင့်တဲ့ Three I's ကိုဖော်ပြပေးချင်ပါတယ်။
Integrity
ပထမ I ကတော့ Integrity ဆိုတဲ့ ဖြောင့်မတ်မှုပါ။ ဖြောင့်မတ်မှုဆိုသည်မှာ ပေးတဲ့ကတိကို တည်တတ်ခြင်း၊ ရိုးသားခြင်းနဲ့ မှန်ကန်တယ်ထင်တာကို လုပ်တတ်ခြင်းလို့ အဓိပ္ပါယ်ဖွင့်ဆိုလို့ ရပါတယ်။ ကောင်းမွန်စွာ ဦးဆောင်တတ်ခြင်းအနုပညာမှာ integrity က အရေးအကြီးဆုံးပါပဲ။ ဖြောင့်မတ်တဲ့ ခေါင်းဆောင်တစ်ယောက်က တခြားခေါင်းဆောင်တွေထက် ပိုပြီး အယုံကြည်ခံရပြီး သူတို့ကိုယ်တိုင်လဲ မိမိကိုယ်ကို ယုံကြည်မှု ပိုရှိပါတယ်။ ဖြောင့်မတ်တဲ့ခေါင်းဆောင်က ဦးဆောင်တဲ့ အဖွဲ့အစည်းက တိုးတက်လေ့ရှိတာ အမှန်ပဲ ဖြစ်ပါတယ်။
Influence
ဒုတိယ I ကတော့ Influence ပဲ ဖြစ်ပါတယ်။ ခေါင်းဆောင်တစ်ယောက် နောက်လိုက်တွေကို လမ်းပြပေးနိုင်မဲ့ အရည်အချင်းရှိရပါမယ်။ ထိုကဲ့သို့ လမ်းပြပေးနိုင်ဖို့အတွက် Power ရှိရပါမယ်။ Power ဆိုတာ Authority လို့ခေါ်တဲ့ အာဏာနဲ့မဆိုင်ပဲ နောက်လူတွေက လိုလိုလားလားနဲ့ လိုက်နာအောင် လုပ်နိုင်စွမ်းတစ်ခုပါ။ Power ရှိဖို့ leader တစ်ယောက်က influence လို့ခေါ်တဲ့ လွှမ်းမိုးနိုင်ရပါမယ်။ ခေါင်းဆောင်ဆိုတာ နောက်လိုက်တွေအတွက် example တစ်ခုပါ။ အရေးကြီးတာကတော့ မိမိကကောင်းမွန်တဲ့ လွှမ်းမိုးမှုတစ်ခု ဖြစ်နေဖို့ပါ။
Impact
နောက်ဆုံး I ကတော့ Impact ပါ။ ကောင်းမွန်တဲ့ သက်ရောက်မှုတွေ ရှိခြင်းအားဖြင့် အဖွဲ့အစည်းရဲ့ goals နဲ့ objectives တွေ ရောက်ရှိယုံသာမကပဲ engagement ကောင်းကောင်းလဲရရှိမှာပါ။ နောက်တစ်နည်းပြောရရင် အဲ့ဒီ ခေါင်းဆောင် ဉီးဆောင်နေတဲ့ ကာလပတ်လုံး အကောင်အထည် ရုပ်လုံးဖော်နိုင်လိုက်တဲ့ Result (ရလာဒ်) ကို ပြောခြင်းပဲ ဖြစ်ပါတယ်။ Result ဟာ လူတစ်ယောက်ရဲ့ စွမ်းရည်ကို တိုင်းတာဖို့ အကောင်းဆုံးနည်းလမ်းထဲက တစ်ခုပဲ မဟုတ်လား?
ဖော်ပြထားတဲ့အရည်အချင်းတွေကတော့ရှိသင့်သမျှအရည်အချင်းအားလုံးကိုခြုံငုံပြီး Three I's ဖြစ်သွားတာပါ။ Integrity ကော Influence ကော Impact ပါအပါအဝင်အားလုံးလုပ်နိုင်မှသာကောင်းမွန်တဲ့ leader တစ်ယောက်ဖြစ်လာနိုင်မှာပါ။
By Hsu Thiri Soe on 9th June of 2020
ခေါင်းဆောင်ကောင်းတွေဟာ ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေ Goal တွေချတတ်သာတင်မဟုတ်ဘဲ Follower တွေရဲ့အသံကို နားထောင်တတ်ဖို့လည်း အရေးကြီးတယ်ဆိုတာ ယုံကြည်ကြသူများဖြစ်ပါတယ်။ သူတို့ဟာနားထောင်ပြီး ရရှိလာတဲ့ Information တွေကိုပြန်သုံးသပ်ပြီး လိုအပ်ချက်ကို ဖြည့်ဆည်းတယ်၊ ပြုပြင်တယ်၊ ရှေ့ဆက်သွားဖို့ဗျူဟာတွေကို စဥ်းစားတွေးတောတတ်ပါတယ်။
Active Listening ဆိုတဲ့ တစူးတစိုက်နားထောင်ပြီး ထိရောက်တဲ့ တုန့်ပြန်မူပေးတတ်တဲ့ စွမ်းရည်ဟာဆိုရင် Leader တိုင်းအတွက်အရေးကြီးတဲ့ Tool တစ်ခု ဖြစ်ပါတယ်။ ကိုယ့် Follower တွေ ဝန်ထမ်းတွေပြောချင်တဲ့ Information တွေ အမြင်ရှုထောင့်တွေကို သိစေနိုင်လို့ ဖြစ်ပါတယ်။ အဖွဲ့အစည်းမှာ ဖြစ်လာနိုင်တဲ့ ပဋိပက္ခတွေကို ဖြေရှင်းရမှာ အထောက်အကူပြုသလို Relationship တစ်ခုတည်ဆောက်တဲ့အခါမှာလည်း အရေးပါပါတယ်။ ကိုယ့်ကိုယုံကြည်လာအောင် သူတို့အပေါ် လွှမ်းနိုးလာနိုင်အောင် ကူညီပေးနိုင်တဲ့ အရည်အချင်းတစ်ခုဆိုလည်း မမှားပါဘူး။
ခေါင်းဆောင်တွေ နားထောင်စွမ်းရည် တိုးတက်အောင် အထောက်အကူပြုစေမည့် နည်းလမ်းအချို့ ပြောပြပေးချင်ပါတယ်။
အနှောင့်အယှက်ဖြစ်စေနိုင်မဲ့အရာများကိုလျော့ချပါ။
အနှောင့်အယှက်မှာတော့ အတွင်းစိတ်နဲ့ ပြင်ပအနှောင့်အယှက်ဆိုပြီး နှစ်မျိုးလုံး ပါဝင်ပါတယ်။ အတွင်းစိတ်ထဲမှာဆိုလည်း တခြားသူပြောတာနဲ့ ချက်ချင်းတုန့်ပြန်ဖို့စဥ်းစားတာတွေ တခြားအလုပ်ကိစ္စတွေထဲ စိတ်ရောက်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ စိတ်ထဲမှာဖြစ်ပေါ်နေတဲ့ အသံတိတ် Conversation တွေကို အသိနဲ့သိပြီး သတိနဲ့ထန်းချုပ်တတ်ဖို့ လိုပါတယ်။ စိတ်ရဲ့ Conversation တွေ ပိုပြီးအာရုံစိုက်မိနေရင် သူများပြောချင်တဲ့ Message လွတ်သွားနိုင်သလို နားလည်မှာလည်း မဟုတ်ပါဘူး။
ပြင်ပအနှောင့်အယှက်တွေဖြစ်တဲ့ တခြားအသံတွေ ပုံရိပ်တွေကိုလည်း အာရုံလွဲထားပြီး ကိုယ့်ကိုပြောနေတဲ့သူအပေါ်မှာ အာရုံစုစည်းတတ်ဖို့ လိုပါတယ်။ ဥပမာစာရေးနေပြီး တခြားသူကလာပြောတာကို နားထောင်တဲ့ပုံစံမျိုးဖြစ်တဲ့ အလုပ်နှစ်လုပ်လုပ်တာကလည်း အာရုံစုစည်းဖို့ ခက်ခဲပါတယ်။
အတွင်းစိတ်ကဖြစ်တဲ့ Conversation ဆိုတာပြောနေတဲ့အရာကို ကိုယ်တိုင် Reflect လုပ်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ တခြားအလုပ်ကိစ္စတွေအတွက်လည်း စဥ်းစားဖို့ အချိန်သက်သက် ပေးသင့်ပါတယ်။ တစ်နေ့ကို နာရီဝက် တစ်နာရီလောက် အချိန်ဖယ်ထားပြီး သက်သက် စဥ်းစားသင့်ပါတယ်။ ပြင်ပ အနှောင့်အယှက်တွေကို အာရုံမစိုက်မိချင်ရင်တော့ တရားထိုင်တာဘဲဖြစ်ဖြစ် စိတ်ငြိမ်စေမဲ့ Exercise မျိုးလေးတွေနဲ့ စိတ်ကိုထိန်းချုပ်တတ်အောင် လေ့ကျင့်သင့်ပါတယ်။
တခြားသူတွေဘက်ကိုလည်း စဥ်းစားပါ။
သူတွေရဲ့ idea အသစ်တွေ အမြင်တွေ ကြည့်တဲ့ရှုထောင့်တွေကို နားလည်ပြီး လေးစားတတ်ဖို့လိုပါတယ်။ တခြားသူတွေရဲ့ သဘောထားကို နားထောင်ပြီး သူတို့ဘက်က စဥ်းစားပေးတတ်တာကလည်း ပြဿနာတွေ တခြားလုပ်ငန်းဆောင်တာကို အခြားတစ်ဖက်က ကြည့်တတ်တဲ့ အမြင်မျိုး ရရှိနိုင်မှာ ဖြစ်ပါတယ်။ သူတို့ရဲ့ သဘောထားအမြင်တွေကို မေးခွန်းပြန်မေးတာမျိုးဘဲ ဖြစ်ဖြစ် ချုံငုံပြီး အဓိကအကြောင်းအရာကို ပြန်ပြောတာမျိုးဘဲဖြစ်ဖြစ် လုပ်သင့်ပါတယ်။ သူတို့ပိုပြီးတွေးတတ်လာအောင် ပွင့်ပွင့်လင်းလင်းနဲ့ ကိုယ်ပိုင် idea တွေ ချပြတတ်လာအောင် အားပေးဖို့လည်း လိုအပ်ပါတယ်။
ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် သူဌေးတစ်ယောက်ဟာ သူ့ဝန်ထမ်းတစ်ယောက်ကို နေရာပေးခြင်း ဖြစ်ပါတယ်။ အဲ့ဝန်ထမ်းက သူ့အကြောင်းကို စကားဖြင့် ဖော်ပြနိုင်ပုံက ထူးခြားတယ်။ အလုပ်နဲ့ ပတ်သက်ပြီး Presentation လုပ်ရင်လည်း သူရဲ့ထူးခြားတဲ့ တင်ပြပြောဆိုမူက ဆွဲဆောင်မူရှိတယ်။ ဒီလိုသူ့အရည်အချင်းတစ်ရပ်ကို သိနားလည်ပြီး Meeting တွေမှာ ဦးဆောင်စေတတ်တာကလည်း တစ်ပါးသူကို အသိအမှတ်ပြုတတ်တဲ့ အရည်အချင်းတစ်ခု ဖြစ်ပါတယ်။
Mindful ဖြစ်အောင်ကြိုးစားပါ။
ပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး သတိရှိတတ်သာကလည်း ကောင်းမွန်တဲ့ အလေ့အကျင့်တစ်ခုပါဘဲ။ ခေါင်းဆောင်ကောင်းတွေဟာ တခြားသူပေးချင်တဲ့ Message ကို အသံနဲ့ကိုယ်ဟန်လှုပ်ရှားမူများမှ တစ်ဆင့် နားထောင်သုံးသပ်နိုင်သူများ ဖြစ်ကြပါတယ်။ သူတို့ပြောနေတဲ့အချိန်မှာ ဘယ်လို Body Language ကိုအသုံးပြုနေသလဲ ဘယ်လိုစကားမျိုးကို ပြောသွားလည်းကြည့်ပြီး ကိုယ့်ဘက်က ဘာတုန့်ပြန်သင့်လဲဆိုတာ သိကြသူများ ဖြစ်ကြပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အဖွဲ့သားတွေ ဝန်ထမ်းတွေရဲ့ ပြဿနာတွေကို သေချာတုန့်ပြန်မှုပေးနိင်ပြီး ဖြေရှင်းချက်တစ်ခု ပေးနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်ကလည်း အမြဲလေ့လာသုံးသပ်နေဖို့လည်း လိုအပ်ပါသေးတယ်။
နောက်ဆုံးအနေနဲ့ ပြောပြချင်တာကတော့ Active Listening skill ဆိုတာ ခက်ခဲတဲ့ skill တစ်ခုဆိုပေမဲ့ လေ့ကျင့်လို့ရပါတယ်။ အနာဂတ်ခေါင်းဆောင်ဖြစ်မဲ့ ကျွန်ုပ်တို့လူငယ်တွေဟာ အချိန်ပေးပြီး သူတစ်ပါးပြောတဲ့ အကြောင်းအရာကို နားလည်သဘောပေါက်အောင် နားထောင်တဲ့ အလေ့အကျင့်ကောင်းတစ်ခု လိုပါတယ်။ ပြီးတော့ အဘက်ဘက်က စဥ်းစားပြီး တုန့်ပြန်မူပေးတတ်တယ်။ Constructive Feedback ပေးတတ်တဲ့ ဤအကျင့်ဟာ ဆိုရင် ကိုယ့်အတွက်သာမက ကိုယ်ဦးဆောင်နေတဲ့အဖွဲ့အစည်းလူထုကို ကောင်းတဲ့သက်ရောက်မူတွေ အများကြီးရှိပါတယ်။