By Ei Yupar Min on 18th of May 2020
Manager တစ်ယောက်အတွက် အလုပ်ခွဲဝေပေးရတဲ့ တာဝန်က အားလုံးကို ကိုယ်ပဲ လုပ်ရတာထက်ပိုပြီး ခက်ပါတယ်။ ဒါပေမဲ့ အသေးအဖွဲက အစကိုယ်ပဲ လုပ်နေလို့မရပါဘူး။ Manager ရဲ့ အလုပ်က ကိုယ့်လက်အောက်က လူတွေကို စီမံခန့်ခွဲပြီး သူတို့ရဲ့ တိုးတက်မှုအတွက်လည်း အလုပ်တွေကို ခွဲဝေပေးတတ်ရပါတယ်။ Manager တော်တော်များများက လက်အောက်ငယ်သားတွေကို လုပ်နိုင်မယ်လို့ မယုံကြည်တာ၊ အမှားလုပ်မိမှာ စိုးရိမ်တာ တွေကြောင့် အလုပ်တွေကိုခွဲဝေပေးဖို့ တွန့်ဆုတ်နေကြပါတယ်။ ဒီ Article ထဲမှာတော့ အလုပ်တွေကို လွယ်လွယ်ကူကူ ခွဲဝေပေးနိုင်မယ့် အချက်5ချက်ကို ပြောပြပေးသွားပါမယ်။
1.အလုပ်အတွက် သင့်လျော်တဲ့ သူကိုရွေးပါ။
Manager ကောင်း တစ်ယောက်ဖြစ်ဖို့ဆိုတာ ကိုယ့်ရဲ့ Teamရဲ့ Strength နဲ့ Weakness တွေကိုပါ သိရပါတယ်။ ဘယ်သူကတော့ ဘာတွေအားသာပြီး ဘယ်သူကတော့ ဘာတွေအားနည်းလဲ သိရပါမယ်။ ပြီးတော့ အလုပ်အတွက် သင့်တော်တဲ့သူကို ရွေးချယ်တတ်ရပါမယ်။ ဥပမာ လူအများနဲ့ ဆက်ဆံရမယ့် အလုပ်မျိုးဆို တစ်ယောက်ထဲ နေတတ်တဲ့သူထက် အပေါင်းအသင်း ကောင်းတဲ့သူကို ပေးရမှာပါ။
2.Instructions နဲ့ Training ပေးပါ။
အလုပ်ကို ခွဲဝေပေးရင်လည်း ဒီတိုင်း လုပ်ခိုင်းတာထက် ဘယ်လိုလုပ်ရမလဲ ဆိုတာ သေချာ ပြောပြပေးပါ။ နမူနာ လုပ်ပြပေးပြီးမှ လုပ်ခိုင်းရင်တော့ အကောင်းဆုံးပါပဲ။
3.လုပ်ပိုင်ခွင့်နဲ့ တာဝန်ယူမှုပါပေးပါ။
တစ်ခုကို လုပ်ခိုင်းမယ်ဆိုရင် အလုပ်နဲ့ ပတ်သက်တဲ့ လုပ်ပိုင်ခွင့်တော့ အပြည့်အဝပေးဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ လုပ်ပိုင်ခွင့် ပေးထားတာတဲ့အမျှ ဖြစ်လာတဲ့ အကောင်းရော အဆိုးပါ တာဝန်ယူမှုရှိပါစေ။
4.Feedback ပေးပါ။
Manager ဖြစ်တဲ့အတွက်တော့ အလုပ်တွေကိုတော့ ပြန် Check လုပ်ပေးရပါမယ်။ ပြီးတော့ Feedback ပေးဖို့ မမေ့ပါနဲ့။ အမှားလုပ်ထားရင်လည်း ဆူတာထက် ဘယ်လို လုပ်ရင် ပိုကောင်းမလဲဆိုတာ အကြံပေးပါ။ ကိုယ်မျှော်လင့်ထားတဲ့ အတိုင်း အလုပ်ကောင်းကောင်း လုပ်နိုင်ရင်တော့ ထိုက်ထိုက်တန်တန် ချီးကျူးပေးပါ။
5.Say “Thank You!”
အလုပ်တွေကို ခွဲဝေပေးရင်တော့ ခိုင်းတဲ့ ပုံစံမျိုး မဖြစ်ပါစေနဲ့။ သူက ကိုယ့်အလုပ်ကို ကူညီပေးသလို သဘောထားပါ။ အလုပ်ပြီးသွားတဲ့အခါ ကျေးဇူးတင်ဖို့ မမေ့ပါနဲ့။
ဒီအချက်တွေ အတိုင်းလုပ်မယ်ဆိုရင်တော့ အလုပ်တွေ ခွဲဝေပေးတဲ့အခါ ခေါင်းရှုပ်ခံစရာ မလိုတော့ပဲ လွယ်လွယ်ကူကူ အလုပ်တွေပြီးအောင် ဆောင်ရွက်နိုင်မှာ သေချာပါတယ်။
အချိန်ပေးပြီး ဖတ်ရှုပေးလို့ Career Center မှကျေးဇူးတင်ပါတယ်။