Career Center Program ကို ၂၀၁၉ ဧပြီလ တွင် တည်ထောင်သူ ကိုမင်းရဲထွဋ်မှ စတင် ပြုလုပ်ခဲ့ပါတယ်။ ကိုမင်းရဲထွဋ်သည် မြန်မာနိုင်ငံ ရေကြောင်းတက္ကသိုလ်မှဆင်းသော ဘွဲ့ရတစ်ဉီးဖြစ်သော်လည်း သူတကယ် ဝါသနာပါတဲ့ စီပွားရေးကိုသာ Career အဖြစ်ရွေးချယ်ခဲ့သူဖြစ်တာကြောင့် ဒါအတွက် ပေးဆပ်ခဲ့ရတာတွေ များစွာ ရှိခဲ့ပါတယ်။
ထိုအရာများမှ သင်ခန်းစာယူပြီး သူ့လို Career အတွက် ကြိုးစားရှာဖွေနေရတဲ့ မြန်မာနိုင်ငံမှ အသက်မွေးဝမ်းကြောင်းပြုနေသူများကို ကူညီပေးချင်သော ဆန္ဒတစ်ခုဖြင့် Career Center ကို စတင်ခဲ့ခြင်း ဖြစ်ပါသည်။
Career Center သည် မြန်မာနိုင်ငံ၏ ပထမဆုံးနဲ့ အကောင်းဆုံးသော အလုပ်အကိုင်ဆိုင်ရာ ဆွေးနွေးတိုင်ပင်မှု စင်တာအဖြစ် ရပ်တည်ကာ လူတိုင်းရဲ့ အနာဂတ်ရည်ရွယ်ချက်များကို အောင်မြင်စွာ ပိုင်ဆိုင်နိုင်ရန်နှင့် လုပ်ငန်းခွင်တွင် စိတ်ပျော်ရွှင်ကျေနပ်မှု ရရှိစေရန် ဦးတည်ဆောင်ရွက်သွားမည်။
ထိုတန်ဖိုးထားမှုများ ပြည့်မှီစေရန် Career Development အတွက် အထောက်အကူပြုစေမည့် Program များ၊ Service များကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိပါသည်။
OCC Program အနေနဲ့ လက်ရှိမှာ ဝန်ဆောင်မှုပေးနေသော Service များမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
Career Center မှ June လ တစ်ရက်နေ့ 2020 မှ စတင်ကာ July ၁၀ နေ့ အထိ CV Coaching Service ကို Soft Launch အနေဖြင့် ရက် ၄၀ အတွင်း လူပေါင်း ၁၀၀ ကျော်ကို ဝန်ဆောင်မှုပေးခဲ့ပြီး ဖြစ်ပါသည်။
ထိုကာလအတွင်း ဝန်ဆောင်မှု ပိုကောင်းမွန်ရန် ပြင်ဆင်မှုများကို စဉ်ဆက်မပြတ် ပြုလုပ်ခဲ့ရုံသာမက OCC CV Coach များအနေနဲ့လည်း အရည်အချင်း ဖြည့်စွက်မှုများကို စနစ်တကျ ဆောင်ရွက်ခဲ့ပါတယ်။
22/07/2020 မှ စတင်ကာ CV and Cover Letter Coaching Service ကို Second Version နဲ့ Official Launch လုပ်ခဲ့ပါတယ်။
==================================================================
Two Steps Service ဖြစ်ခြင်း
☑️ The First Step
Face to Face Coaching မတိုင်ခင် သင့် CV နဲ့ Cover Letter ကို အရင် Checking လုပ်ဆောင်ပေးမှာပါ။
ထို့နောက် ပြင်ဆင်ရမည့် အပိုင်းများပါဝင်သည့် Check List နဲ့အတူ OCC CV Team မှ ရေးသားပြုစုထားတဲ့ ALL ABOUT CV & COVER LETTER စာအုပ်ကို ပို့ပေးပါ့မယ်။
All about CV & Cover Letter စာအုပ်ဟာဆိုရင် Soft Launch အတွင်း User အယောက်တစ်ရာကျော်ကို Coaching လုပ်ပေးရာမှ ရရှိခဲ့တဲ့ Coaching Team ၏ အတွေ့အကြုံများ၊ ထို့နောက် CV ရေးသူများ သိသင့်သိထိုက်သည်တို့ကို ရေးသားပြုစုထားခြင်းဖြစ်ပါတယ်။
☑️ The Second Step
စာအုပ်ထဲမှ လမ်းညွှန်မှုများကို ဖတ်ရှု၍ လိုအပ်သည့်နေရာများကို ပြင်ဆင်ပြီးနောက် Updated CV နဲ့ Cover Letter ကို Video Meeting မှတဆင့် CV Coach နဲ့ အပြန်အလှန် ဆွေးနွေးမှု Session ရှိမှာ ဖြစ်ပါတယ်။
Coaching Session Time: 40 minutes ⏱️
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
Service Package အမျိုးအစား (3) မျိုးကို အသုံးပြုသူတို့ဘက်က ရွေးချယ်လို့ရမှာ ဖြစ်ပါတယ်။
👉 3 years and above Working Experience ရှိသူဆိုရင် 🔖 OCC CV Package (1)
👉 1 years to 3 years Working Experience ရှိသူဆိုရင် 🔖 OCC CV Package (2)
👉 University Students and Fresh Graduate ဆိုရင်တော့ 🔖 OCC CV Package (3)
Grantee + Promotion
6 months Grantee ကို (10,000 Kyats) နဲ့ ဝန်ဆောင်မှုပေးပါတယ်။ Service ယူပြီးလို့ 6 လအတွင်း သင့်ရဲ့ CV နဲ့ Cover Letter ကို အချိန်မရွေး လာရောက်ဆွေးနွေး Update လုပ်နိုင်ပါတယ်။
Service စတင်ခြင်းအထိမ်းအမှတ် Promotion ကို နောက်ထပ် Grantee 6 months ပိုတိုးပေးထားကာ 1 Year Grantee ရယူလိုက်ပါ။
(8 လပိုင်း 22 ရက်နေ့အထိသာ Promotion ကာလ ဖြစ်ပါတယ်။)
Package များ၊ Pricing များနဲ့ ပတ်သက်လို့ စုံစမ်းလိုပါက 09782344979 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ ဒါမှမဟုတ် Career Center ရဲ့ Chat Bot မှာလည်း လာရောက် လေ့လာနိုင်ပါတယ်။
Visit Here: m.me/CareerCenterMM
လက်တလော မိမိရဲ့ Career မှာ ပြဿနာ၊အခက်အခဲ တစ်ခုခုကြောင့် စိတ်အားငယ်နေသူများအနေနဲ့ စိတ်သက်သာမှု ရရှိအောင် ရင်ဖွင့်ဆွေးနွေးနိုင်ပြီး၊ Mental Energy ပြန်တည်ဆောက်နိုင်အောင် Cheer-leading အားပေးကူညီပေးနေတဲ့ Service တစ်ခု ဖြစ်ပါတယ်။
Career Center မှ Trained Volunteers များက အသုံးပြုသူ အတွက် မျှဝေခံစားနားထောင်ပေးခြင်း (Empathetic Listening) ၊ အားပေးခြင်း (Cheer leading) နှင့် ပံ့ပိုးကူညီခြင်း (Facilitation) များကိုသာ ပြုလုပ်ပေးမည်ဖြစ်ပြီး
Career Coaching (or) Counselling ဝန်ဆောင်မှု မဟုတ်ပါ။
မှတ်ချက် --- Career & Workplace နဲ့ သက်ဆိုင်သည့် အခက်အခဲများကိုသာ နားထောင်အားပေးမှာ ဖြစ်တာကြောင့် အခြားသော
Relationship Issues
Life Issues
Mental illness/ disorder ရှိသူများအနေနဲ့ OCC Career Power Plusက လုံးလုံး သက်ဆိုင်မှု မရှိကြောင်း ပြောပါရစေ။
Power Plus Service ကို လက်ရှိမှာ လူတိုင်းအတွက် အခမဲ့ ဆောင်ရွက်ပေးလျှက် ရှိပါတယ်။
အသုံးပြုလိုပါက ဒီ Link မှ m.me/CareerCenterMMService ဝင်ရောက်ကာ Service အတွက် Appointment ယူနိုင်ပါတယ်။
Career Coaching ဆိုတာဘာလဲ။
Career Coaching ဆိုတာ အလုပ်အကိုင် အနာဂါတ်လမ်းကြောင်းနဲ့ပက်သက်ပြီး ကူညီစဉ်းစားပေးနိုင်တဲ့ လူတစ်ယောက်ဆီက အနေ အတွေးအခေါ် ၊ အကြံဉာဏ်နှင့် အားပေးမှုတွေ ယူပြီး မိမိရဲ့ အနာဂါတ်အတွက် ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေကို ဖန်တီးတဲ့ အစီအစဉ်ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ ဒီလို လုပ်ပေးတဲ့ အလေ့အထက အသစ်ဖြစ်တဲ့အတွက် လူအများက သိပ်ပြီး ရင်းနှီးမှာတော့ မဟုတ်သေးဘူး။ ဒါဆိုရင်
Career Coaching က ဘယ်သူတွေအတွက် ဖြစ်မလဲ။
အလုပ်ထဲတွင် စိတ်ပါဝင်စားမှု လျော့နည်း ပျောက်ဆုံးနေသူများ
အလုပ်လျှောက်ထားရာတွင် ထိထိရောက်ရောက် ပြင်ဆင်လိုသူများ
အလုပ်အကိုင် ပြောင်းရန် စဉ်းစားရခက်နေသူများ
အလုပ်အကိုင် လမ်းကြောင်း ရွေးချယ်ရခက်ခဲနေသူများ
မိမိအလုပ်အကိုင်နဲ့ပက်သက်သော ပြဿနာများကို ရင်ဖွင့်တိုင်ပင်လိုသူများ
Career Coach တစ်ယောက်က ဘာတွေလုပ်ပေးသလဲ။
၁) Listening & Encouraging
နားထောင်ကောင်းတဲ့သူ တစ်ယောက်ယောက်ကို ကိုယ့်ရဲ့ ပြဿနာတွေ ဖွင့်ပြောလိုက်တဲ့အခါမှာ ရင်ထဲ ပေါ့သွားပြီး အားတက်လာကြတာကို လူတိုင်း အတွေ့အကြုံရှိမှာပါ။ ဒီလိုပါပဲ Career Coach တွေကလည်း သင့်ကို ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ရင်ဆိုင်နိုင်အောင် အားပေးနိုင်ကြပါတယ်။ ဒါက ပထမဆုံး Career Coaching က ရနိုင်တဲ့ အကျိုးတစ်ခုပါ။
၂) Facilitation - Self-reflection
လူအများစု ထင်ကြတာက Career Coaching ကနေ အကြံဥာဏ် ရမယ်လို့ပဲ ယူဆထားတာ များပါတယ်။ ဒါပေ့မယ့် ပုံမှန်အားဖြင့် Career Coach တွေက အကြံဥာဏ်ကို ဒီအတိုင်းကြီးပေးတာထက် Client ကို ကိုယ်တိုင် စဉ်းစားနိုင်အောင် ကူညီပေးလေ့ ရှိပါတယ်။ အဓိကကတော့ မိမိကိုယ့်ကို ပိုမို သိမြင်သုံးသပ်နိုင်အောင် Self-reflection လေ့ကျင့်ခန်းတွေ လုပ်ပေးလေ့ရှိပါတယ်။
၃) Career Information & Guidance support
Career Coach တွေက သက်ဆိုင်ရာ နယ်ပယ်အလိုက် အတွေ့အကြုံ ၊ အဆက်အသွယ်ရှိသူတွေ ဖြစ်တဲ့အတွက် မိမိအနေနဲ့ ပုံမှန်ဆိုရင် သိဖို့ခက်ခဲတဲ့ နယ်ပယ်တစ်ခုချင်းစီရဲ့ သတင်းအချက်အလက်တွေကို တစ်ထိုင်တည်းမှာ ရရှိစေမှာ ဖြစ်ပါတယ်။
Career Coaching တွေက ဘယ်လိုကျသင့်သွားမှာလဲ။
ပထမဆုံး Career Coaching Session တစ်ခုအတွက် တစ်နာရီ ၂၅၀၀၀ ကျပ်ကျသင့်မှာ ဖြစ်ပြီးတော့ နောက်ပိုင်း session တွေထပ်ယူမယ်ဆိုရင် တစ်နာရီ ၂၀၀၀၀ ကျပ်ကျသင့်မှာ ဖြစ်ပါတယ်။
သင့်ဟာ အမှန်တကယ်လည်း Career Support အကူအညီလိုအပ်နေတယ်။ Coaching Fess ပေးဖို့ ခက်ခဲတယ်ဆိုရင် Fee သက်သာခွင့် လျှောက်ထားနိုင်ပါတယ်။
Service ရယူမယ်ဆိုပါက Client Information Form ဖြည့်ပေးပါ။
Fill up the form: https://forms.gle/asEKKGzmn718cUn26
Career Center မှာတော့ အခုလိုမျိုး Career Coaching မှာ ဆွေးနွေးပြီးလို့ သက်ဆိုင်ရာ နယ်ပယ်အလိုက် ပိုပြီး နက်နက်နဲနဲ ဆွေးနွေးချင်တယ်ဆိုရင် Career Mentoring အစီအစဉ်လည်းရှိပါသေးတယ်။ အောက်မှာ ဆက်လေ့လာပေးပါ။
Coaching နဲ့ Mentoring ရဲ့ ကွာခြားချက်
Coaching နဲ့ Mentoring ကို နားလည်လွယ်အောင် ဆေးရုံတစ်ခုနဲ့ ဉပမာပေးချင်ပါတယ်။ ဆေးရုံမှာ Generalist နဲ့ Specialist ဆိုပြီးရှိသလိုပေါ့
အထွေထွေရောဂါကု (Generalist) က Patient ရဲ့ ဖြစ်နေတဲ့ရောဂါကို Identify လုပ်နိုင်ဖို့ လိုအပ်တဲ့ စစ်ဆေးမေးမြန်းချက်တွေ လုပ်ဆောင်မယ်။ ရောဂါက သာမာန်ပဲဆိုရင်တော့ သူတို့နဲ့တင် ကိစ္စပြတ်တယ်ပေါ့လေ။ ဒါပေမဲ့ ရောဂါက specific ဖြစ်တယ်။ ဉီးနှောက်က၊ နှလုံးကစသဖြင့် ရှိလာတယ်ဆိုရင်တော့ သက်ဆိုင်ရာ အထူးကု (Specialist) ဆီ လွှဲပေးရတယ် မဟုတ်လား။
ဒီလိုပါပဲ Career Coach ဟာ Client ရဲ့ တန်ဖိုးထားမှုတွေ၊ ကိုယ့်ကိုကိုယ် ပြန်လှည်သိမြင်လာအောင် ကူညီပေးမယ်။ Career အတွက် ပြင်ဆင်မှုတွေကို အကြံပေးမယ်။ အဲ့အဆင့်ကို ကျော်လွန်သွားပြီး Client က Professional နယ်ပယ်တစ်ခုကို စိတ်ဝင်စားတာ သူကိုယ်တိုင် သိနေပြီး၊ ဒါအတွက် ပြင်ဆင်ရာမှာ သီသန့် နယ်ပယ်အလိုက် အတွေ့အကြုံရှိသူတွေနဲ့ ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ Career Mentor တွေက ဆောင်ရွက်ပေးကြပါတယ်။
Career Mentoring က ဘယ်သူတွေအတွက် ဖြစ်မလဲ။
စိတ်ဝင်စားတဲ့ Career နယ်ပယ်ကို သိသော်လည်း ဝေဝါးနေသေးသူများ၊
နောက်တစ်မျိုးကတော့ စိတ်ဝင်စားတဲ့ Career နယ်ပယ်ကို အတိအကျသိတယ်၊ သို့သော် ဘယ်ပုံဘယ်နည်း အကောင်အထည်ဖော်ရမလဲဆိုပြီး နည်းလမ်းမသိသူများ၊
မိမိလျှောက်လှမ်းချင်တဲ့ နယ်ပယ်ထဲမှ အတွေ့အကြုံရှိသူနှင့် တိုင်ပင်ဆွေးနွေးချင်သူများအတွက် သင့်တော်ပါတယ်။
Mentor တစ်ယောက်က ဘာတွေလုပ်ပေးနိုင်သလဲ။
Mentor ဆိုတာ ယုံကြည်ရတဲ့ ဆွေးနွေးတိုင်ပင်နိုင်သူ၊ နည်းပေးလမ်းပြပေးနိုင်သူဖြစ်ပါတယ်။ Mentor တစ်ဉီးသည် Mentee ၏ Career တိုးတက်မှုဖြစ်လာစေရန်
လုပ်ငန်းနှင့် ပတ်သက်သည့် ဗဟုသုတမျှဝေခြင်း၊
လုပ်ငန်းနှင့်ပတ်သက်သည့် အတွင်းသဘောတရားများကို အတွေ့အကြုံနှင့်ယှဉ်ကာ ပြောပြပေးခြင်း၊
လုပ်ငန်းကျွမ်းကျင်မှုအတွက် လိုအပ်သည့် ပညာရပ်များလေ့လာနိုင်ရန် လမ်းညွှန်ပေးခြင်း၊
မိမိလျှောက်ဖို့ ရည်ရွယ်ထားတဲ့ Career လမ်းကြောင်းမှာ ပန်းတိုင်တစ်ခုစီသေချာရောက်စေရန် မှန်ကန်တဲ့ နည်းစနစ်များအား ကူညီချမှတ်ပေးခြင်း၊
ထို့နောက် Mentee ၏ Career တွင် လိုအပ်သော အဆက်အသွယ် အထောက်အပံ့များကိုလည်း တတ်နိုင်သလောက် ဆောင်ရွက်ပေးကြပါတယ်။
Career Mentoring တွေက ဘယ်လိုကျသင့်သွားမှာလဲ။
ပထမဆုံး Career Mentoring Session တစ်ခုအတွက် တစ်နာရီ ၃၀၀၀၀ ကျပ်ကျသင့်မှာ ဖြစ်ပြီးတော့ နောက်ထပ် session တွေထပ်ယူမယ်ဆိုရင် တစ်နာရီ ၂၅၀၀၀ ကျပ်ကျသင့်မှာ ဖြစ်ပါတယ်။
သင့်ဟာ အမှန်တကယ်လည်း Career Support လိုအပ်တယ်။ Consulting Fee ပေးဖို့လည်း ခက်ခဲတယ်ဆိုရင် Fee သက်သာခွင့် လျှောက်ထားနိုင်ပါတယ်။
Service ယူမယ်ဆိုရင် Client Information Form ဖြည့်ပေးပါ။
Fill up the form: https://forms.gle/5zGsUcWp6z1yKK1q8
Trainers: Min Ye Htut and Su Su Htet
Things to do before, during, and after Interview (Articles)
Dos and Don’ts of Interview (Tips)
How to be confident in an Interview (Articles)
Phone & Virtual Interview (Tips)
Interview Coaching (Video)
Time Duration (30 minutes)
Giving Feedback and Suggestions (20 minutes)
Note- The available professional areas are Business and Engineering
Service Fees
The customer will be charged 30,000 kyats for whole service
LinkedIn for Professional success (Video)
All-Star LinkedIn Profile Optimization Checklist
Using Job Function in LinkedIn (Video)
Ways to get noticed by Employers on LinkedIn (Article)
Coaching Session ကတော့ Online & Offline နှစ်မျိုးရှိပါတယ်။ Coach မှ သင့်၏ Profile ကို သင့်ရဲ့ Branding ကို အခြေခံကာ အလုပ်ရှင်တွေ စိတ်ဝင်စားမည့် အချက်အလက်တွေနဲ့ ကိုက်ညီတဲ့ Profile တစ်ခုကို ကူညီ တည်ဆောက်ပေးမှာ ဖြစ်ပါတယ်။
All-Star Profile ဖြစ်ချင်းဖြင့် သင့်ရဲ့ Profile ကို LinkedIn က Auto Push လုပ်ပေးတာကြောင့် Employer နဲ့ Recruiters တွေဆီမှ View များများရစေပါတယ်။
Time and Appointment
Coaching အနေနဲ့ 30 minutes အနည်းဆုံးကြာပါမယ်။
Service ကို အသုံးပြု တဲ့အခါ Appointment ကြိုယူရပါမယ်။
Service Fees
Material Package ဝယ်ကာ ကိုယ်တိုင် Profile တည်ဆောက်မယ်ဆိုရင် 8,000 Kyats ကျသင့်ပါမယ်။
Coaching Session ယူပါက 15,000 Kyats ကျသင့်မှာ ဖြစ်ပါတယ်။
Coming Soon....
B2S သင်တန်းဟာဆိုရင် လက်ရှိ University ကျောင်းသား၊ ကျောင်းသူ ဘဝကနေ Professional Life သို့ ကူပြောင်းတော့မည့် လူငယ်များကို Transaction Process မှာ လွယ်ကူ ချောမွေ့စေဖို့ အထောက်အကူပြုရန် ပုံဖော်ပေးထားတဲ့ Training Course တစ်ခု ဖြစ်ပါတယ်။
ပါဝင်သည့် Learning Areas တွေကတော့
Career Planning
CV & Cover Letter Training
Interview Training
LinkedIn and Personal Branding
Communication and Work Ethics
Self Management and Productivity
Creativity at Work
Personal Development in Digital Age
B2S Milestone : Covid ကာလအတွင်း လူငယ်တွေအတွက် အကျိုးရှိစေရန် 30th of April မှ 8th of May 2020 အထိ 9 ရက်တာ B2S Free Sharing for Career Training Course ကို လူငယ်ပေါင်း 1700 ဆီ အောင်မြင်စွာ ပို့ချနိုင်ခဲ့ပါတယ်။
အသေးစိတ်သိရှိလိုပါက Career Center ထံသို့ Phone ဆက်၍ဖြစ်စေ၊ Email မှ တဆင့်ဖြစ်စေ မေးမြန်းနိုင်ပါတယ်။