By Ei Yupar Min on 8th of May 2020
Hello, welcome!
ဒီArticle ထဲမှာတော့ ပထမဆုံး အလုပ်ခွင် ဝင်တဲ့အခါမှာ လုပ်မိတတ်တဲ့ အမှာ:4ခုကို General ခြုံငုံပြီး ပြောပြပေးသွားမှာပါ။ ကိုယ့်ရဲ့ Task Performance နဲ့ ပတ်သက်တဲ့အမှားတော့ မဟုတ်ပေမဲ့ Manner နဲ့ ပတ်သတ်တဲ့ အမှားတွေပါ။
1.နားလည်ချင်ယောင်ဆောင်ခြင်း
တော်တော်များများ လုပ်လေ့ရှိတဲ့အမှားပါ။ ကိုယ်က အသစ်ဖြစ်တဲ့ အတွက် နားမလည်ဘူးဆိုတာကို Senior တွေလည်း သဘောပေါက်မှာပါ။ လူတိုင်းက အလုပ်စဝင်တဲ့အခါတော့ သင်ယူစရာတွေ အများကြီးရှိပါတယ်။ ကိုယ်နားမလည်တာကို မေးတာက အပြစ်မဟုတ်ပါဘူး။ မမေးပဲ နားလည်ချင်ယောင်ဆောင်တာကမှ အပြစ်ပါ။ အဲ့တော့ မေးခွန်းမေးဖို့ တွန့်ဆုတ်မနေပါနဲ့။
2.မိမိရဲ့ Limit ထက် ပိုပြီး အလုပ်အရမ်းလုပ်ခြင်း
အလုပ်နည်းနည်းပဲ လုပ်ဖို့ အလုပ်ကို ခိုကပ်ဖို့ပြောတာ မဟုတ်ပါဘူးနော်။ လူတိုင်းမှာ အလုပ်လုပ်နိုင်တဲ့ Limit ရှိပါတယ်။ အဲ့ Limit ကို အချိန်နဲ့ ဖြစ်ဖြစ်၊ အလုပ်ပမာဏနဲ့ ဖြစ်ဖြစ် သတ်မှတ်ကြပါတယ်။ ကိုယ်က အလုပ်ဝင်စမို့လို့ အလုပ်ကြိုးစားတာ ကောင်းပါတယ်။ ဒါပေမဲ့ ကိုယ်လုပ်နိုင်တဲ့ Limit ကိုတော့ ကျော်ပြီး မလုပ်သင့်ပါဘူး။ ကိုယ့်ကို Senior တွေ သဘောကျအောင်လို့ အလုပ်တွေဖိလုပ်ပြစရာ မလိုပါဘူး။ ပေးတဲ့အလုပ်ကို အမှားမပါပဲ အချိန်မှီ ပြီးအောင်လုပ်ဖို့ပဲ လိုပါတယ်။
3.အလုပ်အပေါ် တက်ကြွမှုမရှိခြင်း
တော်တော်များများက အလုပ်ဝင်စမှာ တက်ကြွပေမယ့် တစ်ချို့ကတော့ အဲ့လိုမဟုတ်ပါဘူး။ အလုပ်ရသွားတာနဲ့ ရပြီ။ အလုပ်ကြိုးစားစရာ မလိုဘူး ထင်တဲ့သူတွေရှိပါတယ်။ တစ်ချို့ကတော့ ကိုယ့်ရဲ့ ဝမ်းစာကြောင့်ဖြစ်ဖြစ် စိတ်မဝင်စားတဲ့အလုပ်ကို လုပ်ရတဲ့အခါ အလုပ်ကိုလည်း အလေးထားမှု မရှိတော့ပါဘူး။ ကိုယ်လုပ်တဲ့ အလုပ်အပေါ် စိတ်ဝင်စားပြီး အကောင်းဆုံး ကြိုးစားပါ။ ဒါဆိုရင်တော့ အလုပ်က ဒီနေရာမှာတင် ရပ်မနေပဲ ကိုယ်ကြိုးစားသလောက် တိုးတက်လာမှာပါ။
4.လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရင်းနှီးမှုရရန် မကြိုးစားခြင်း
ကိုယ့်အလုပ် ကိုယ်လုပ်နေတာနဲ့ ရပြီလို့ မထင်ပါနဲ့။ အလုပ်လုပ်နေတဲ့သူအတွက် ကိုယ့်ရဲ့ နေစဥ်ဘဝမှာ အများဆုံး ကြုံတွေ့နေရမှာတော့ လုပ်ဖော်ကိုင်ဖက် တွေပါ။ မိသားစုထက်တောင် ပိုပြီး ဆက်ဆံနေရမှာပါ။ ကိုယ် အလုပ်ပေါ်မှာလည်း အများကြီး သက်ရောက်မှု ရှိပါတယ်။ အဲ့တော့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ မိတ်ဖွဲ့ဖို့ မမေ့ပါနဲ့နော်။
ကိုယ့်ရဲ့ အလုပ်နဲ့ ပတ်သက်ပြီး အမှားလုပ်မိတဲ့ အခါလည်း နောင်တရမနေပဲ အမှားကနေ သင်ယူလိုက်ပါ။ ဒီ Article လေးက သင့်ရဲ့ ပထမဆုံး အလုပ်မှာ အထောက်အကူရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးလို့ Career Center မှ ကျေးဇူးတင်ပါတယ်။
By Ei Yupar Min on 8th of May 2020
ဒီarticle ထဲမှာတော့ ပထမဆုံး လုပ်ငန်းခွင်ထဲကို Volunteer , Intern, Part-Time Worker, Full-Time Worker အနေနဲ့ဝင်ရောက်မယ့်သူတွေ အားလုံးအတွက် လုပ်ငန်းခွင်မှာ လုပ်ဆောင်ရမဲ့ Tips လေးတွေကိုပြောပြပေးသွားပါမယ်။
ပထမဦးဆုံး လုပ်ငန်းအတွေ့အကြုံဆိုတော့ လူတိုင်းကတော့ စိတ်လှုပ်ရှားနေကြမှာပါ။ ဒီ Tips လေးတွေအတိုင်း လုပ်ရင် ကိုယ့်ရဲ့ပထမဆုံး အလုပ်မှာ အကောင်းဆုံး လုပ်နိုင်ကြမှာသေချာပါတယ်။
💬ကိုယ့်အရည်အချင်းတွေကို ပေါ်လွင်အောင်နေပါ။
အရည်အချင်းတွေကို ပေါ်လွင်အောင် နေဖို့ဆိုရင် အလုပ်လုပ်ပြရပါမယ်။ ကိုယ့်ကို အလုပ်ရှင်က ခန့်လိုက်တယ်ဆိုတာ သူတို့သဘောကျတဲ့ အချက်တွေ ကိုယ့်မှာရှိလို့ပါ။ အဲဒီတော့ Interview တုန်းက Impression ကိုဆက်ထိန်းထားပါ။ အလုပ်ရရုံနဲ့ မပြီးသေးပါဘူးနော်။ အလုပ်မှာ ကြာရှည်ခံဖို့လည်း လိုသေးပါတယ်။ အလုပ်သင်ဖြစ်နေပေမယ့်လည်း လေ့လာသင်ယူပြီး ကိုယ်ပိုင်နိုင်တဲ့ အလုပ်တွေမှာတော့ ကျွမ်းကျင်စွာ ဆောင်ရွက်ပါ။
💬မေးခွန်းတွေမေးပါ။
ကိုယ့်မှာ သင်ယူစရာတွေ အများကြီးရှိတဲ့အတွက် အထက်လူကြီးတို့ စီနီယာတို့က်ို ကိုယ်နားမလည်တာ မသိတာတွေကို မေးဖို့ ဝန်မလေးပါနဲ့။ အသေးစိတ်လေးတွေကအစ Checkလုပ်ပါ။ ကိုယ်လုပ်နေတာ မှန်ရဲ့လားဆိုတာ အမြဲ ဆန်းစစ်နေပါ။
💬ဒီမေးခွန်းက မေးသင့်ရဲ့လား။
မေးလို့ရတယ်ဆိုတိုင်းတော့ တစ်ချိန်လုံး သူများကို အားကိုးမနေပါနဲ့။ ကိုယ့်ဘာသာလည်း လေ့လာဖို့ ကြိုးစားပါ။ ကိုယ်တစ်ခု မေးတော့မယ်ဆိုလည်း မေးသင့်တဲ့ မေးခွန်းလားဆိုတာ ဆန်းစစ်ပြီးမှ မေးသင့်ပါတယ်နော်။ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အချိန်ကို လေးစားတဲ့အနေနဲ့ တကယ်လိုအပ်တဲ့ အရာတွေပဲမေးပါ။
💬Notes ရေးပါ။
ကိုယ်လုပ်ရမဲ့ အလုပ်ပဲဖြစ်ဖြစ် Meetingထိုင်တဲ့ အခါမှာပဲဖြစ်ဖြစ် အမြဲ Notesနဲ့လိုက်မှတ်ထားပါ။ Memory ကိုပဲ အားမကိုးပါနဲ့ ။ Detailsတွေအစ မှတ်သားထားဖို့ဆိုရင် Notes မှတ်ဖို့ လိုပါတယ်။
💬စနစ်တကျ အလုပ်လုပ်ပါ။
စနစ်တကျ အလုပ်လုပ်ဖို့ဆိုတာ ဘယ်အလုပ်ကို ဦးစားပေးရမလဲ ဆိုတာလည်း သိတတ်ရပါသေးတယ်။ အလုပ်တိုင်းကတော့ အရေးပါတာမှန်ပေမယ့် Deadline နီးနေတဲ့ အလုပ်တွေကို ဦးစားပေးပါ။ အရေးမကြီးတဲ့ အလုပ်တွေလုပ်နေမိလို့ Deadlineနီးနေတဲ့ အလုပ်မပြီးတဲ့ အခါကျရင်တော့ စိတ်မောပြီး စိတ်ဖိစီးနေပါလိမ့်မယ်။ အလုပ်တွေကိုလည်း မြန်မြန်ဆန်ဆန် ပြီးဖို့ Time Management လုပ်ပါ။ Career Chat bot Soft Skills မှာလည်း Time Management Article ကိုလည်း ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
💬သပ်သပ်ရပ်ရပ် ဝတ်စားဆင်ယင်ပါ။
Uniformမရှိတဲ့ Jobတွေဆိုရင် ကိုယ့်ရဲ့ စီနီယာတွေကို ကြည့်ပြီး Dress Codeကိုလေ့လာပါ။ Appearance ကအရေးကြီးတဲ့ အတွက် အရမ်း သက်တောင့်သက်သာဖြစ်နေတဲ့ အဝတ်စားမျိုး ကိုရှောင်ပြီး သပ်ရပ်စွာ ဝတ်ဆင်ပါ။
💬အကောင်းမြင်စိတ်ရှိပါ။
ကိုယ့်နားက သူတွေကို ကိုယ့်ရဲ့ Positive Energy နဲ့ ဆွဲဆောင်ပါ။ ပြဿနာ ပေါ်လာတဲ့ အခါမှာလည်း တည်ငြိမ်စွာနဲ့ လုပ်ဖော်ကိုင်ဖက်များနဲ့ အတူဖြေရှင်းပါ။
💬ကိုယ့်ရဲ့ထင်မြင်ယူဆချက်ကို ပြဖို့ ကြောက်မနေပါနဲ့။
လုပ်ငန်းရှင်တွေက အလုပ်သင်တွေအပေါ် ထားရှိတဲ့ မျှော်လင့်ချက်ကတော့ အတွေးခေါ် အသစ်တွေရှိဖို့ပဲ ဖြစ်ပါတယ်။ ကိုယ်တွေးထားတာက ဘယ်သူမှ မတွေးမိတာမျိုးလည်း ဖြစ်နေနိုင်ပါတယ်။
💬ကိုယ့်အမှားတွေကနေ သင်ယူပါ။
ကိုယ့်ရဲ့ အထက်လူကြီးတို့ စီနီယာတို့က ကိုယ့်အမှားတွေ ကိုယ့်မှာ လိုနေတဲ့အချက်တွေကို ပြောပြပေးရင် အမှားတွေကို လေ့လာပြီး ပြင်ဆင်ပါ။ နောက်ထပ် တူညီတဲ့ အမှားမျိုး မမှားစေပါနဲ့။
💬အခွင့်ရေးတွေကြုံလာရင် မငြင်းပယ်ပါနဲ့။
ကိုယ့်ကို အဖွဲ့ရဲ့ အရေးပါတယ့် Taskလုပ်ဖို့ တာဝန်ပေးတဲ့ အခါကျရင် ကိုယ်ကအသစ်မို့လို့ မလုပ်နိုင်ဘူးလို့ မထင်ပါနဲ့။ အခွင့်အရေးကို အသုံးချပြီး ကိုယ့်ရဲ့ အရည်အချင်းတွေကို ပြတတ်ပါစေ။
ဒီအချက်လေးတွေကတော့ လုပ်ငန်းခွင်ကို စတင်ဝင်ရောက်မယ့်သူတွေအတွက် အလုပ်ခွင်မှာ ဘယ်လို အဆင်ပြေချောမွေ့အောင် လုပ်ဆောင်ရမလဲ ဆိုတာကို ကူညီပြောပြပေးပါလိမ့်မယ်။ ဒီအချက်တွေအပြင် အခြေခံအချက်ဖြစ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ မိတ်ဖွဲ့ဖို့လည်း မမေ့ပါနဲ့နော်။
စာဖတ်သူများအားလုံးလည်း ကိုယ့်ရဲ့ ပထမဆုံးအလုပ်မှာ အဆင်ပြေစွာ လုပ်ကိုင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
အချိန်ပေးပြီး ဖတ်ရှုပေးသူ တစ်ယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်။