By Ye Zaw Khant on 1st of June 2020
ဒီနေ့ခေတ်မှာ တစ်ဟုန်ထိုးတိုးတက်လာတဲ့ Social Media အသုံးပြုမှုတွေကြောင့် လူငယ်တွေရော လူကြီးတွေပါ Peer Pressure နဲ့ပတ်သတ်ပြီး ပိုမိုတွေ့ကြုံလာကြရပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးမှာတော့ Peer Pressure ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေနဲ့ သူနဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေကို ဝေမျှပေးသွားမှာပဲ ဖြစ်ပါတယ်။
What is peer pressure?
Peer Pressure ဆိုတဲ့ စကားလုံးမှာ Peer ဆိုတာ ကိုယ့်ရွယ်တူတွေကိုဆိုလိုတာပေါ့နော်။ ဒါကြောင့် ရိုးရိုးရှင်းရှင်းလေး အဓိပ္ပာယ်ဖွင့်တးဆိုရမယ်ဆိုရင် မိမိနဲ့ သက်တူရွယ်တူတွေကြောင့် ကိုယ့်မှာ ဖြစ်ပေါ်လာတဲ့ ခံစားမှု Pressure တစ်မျိုးပဲ ဖြစ်ပါတယ်။ သို့သော် Peer Pressure လို့ဆိုလိုက်တိုင်း မကောင်းတာတော့ မဟုတ်ပါဘူး။ သူ့ဟာနဲ့သူ ရှိထိုက်သလောက်တော့ ရှိတာက ကိုယ့်အတွက် အနည်းနဲ့အများတော့ အကျိုးရှိစေမှာပါ။
Children
အသက် 5 နှစ်ကနေ 10 နှစ်အတွင်းမှာရှိတဲ့ ကလေးတွေက သူတို့ရဲ့ ဘဝမှာ ပထမဆုံးသင်ယူလေ့လာမှုတွေကို ပြုလုပ်ရတဲ့အတွက် သူတို့ရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေရဲ့ Behavior တွေကို လိုက်လံတုပလေ့ရှိကြတယ်။ ရွယ်တူတွေနဲ့အတူတူ စာသင်ကြားရတဲ့ ကျောင်းစာသင်ခန်းတွေမှာဆိုရင်လည်း Peer Pressure ဟာ ကလေးတွေအပေါ် သက်ရောက်မှုကြီးမားကြောင်း တွေ့ရှိရပါတယ်။
Adolescents
ဆယ်ကျော်သက်ဘဝမှာတော့ Peer Pressure ဆိုတာ ကျွန်တော်တို့အားလုံးနီးပါး ကြုံတွေ့လေ့ရှိကြတဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။ ဥပမာအားဖြင့် ကိုယ့်သူငယ်ချင်းတွေက တန်ဖိုးကြီးအသုံးအဆောင်တွေကို သုံးပြီး မိမိက သူတို့လိုမသုံးနိုင်တဲ့အခါ ဖြစ်ပေါ်လာတဲ့ ခံစာမှုမျိုးပေါ့။ ဒီလို ခံစားချက်မျိုးက ခံစားရခက်ပါတယ်။ သို့သော် ကျွန်တော်တို့အနေနဲ့ ကိုယ့်ရဲ့ Limit ကို နားလည်းပြီး ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကို လက်ခံတတ်ဖို့တော့ လိုအပ်ပါတယ်။
Cliche
တစ်ခါတစ်လေမှာ ကျွန်တော်တို့ဟာ ကြုံတွေ့ခံစားနေရတဲ့ Peer Pressure တွေကြောင့် အချို့အရာတွေကို အမှတ်မှားနေလေ့ရှိကြပါတယ်။ ဥပမာပြောရမယ်ဆိုရင် Teenager ဖြစ်တာနဲ့ ရည်စားရှိရမယ်ဆိုတာမျိုး။ အကယ်၍ ကိုယ့်မှာမရှိတဲ့အခါ အသုံးမကျတဲ့လူတစ်ယောက် ခံစားရစေတာက Peer Pressure ရဲ့ အကျိုးသက်ရောက်မှုတွေပဲ ဖြစ်ပါတယ်။ အရက်သောက်တာတို့ ဆေးလိပ်သောက်တို့ကို ကောင်းတယ် မကောင်းဘူးလို့တော့ မပြောချင်ပါဘူး။ သို့သော် အရက်သောက်တတ်မှ လူရာဝင်မယ် ဆေးလိပ်သောတတ်မှ လူရာဝင်မယ်လို့ မိမိကိုယ်ကိုထင်နေခြင်းကလည်း Peer Pressure ကြောင့် ဖြစ်ပေါ်လာတဲ့ ခံစားမှုတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။
ကဲ ..... အားလုံးပဲ ဒီဆောင်းပါးလေးမှာ ကျွန်တော် Sharing လုပ်ပေးသွားတာလေးတွေနဲ့ ပတ်သတ်ပြီး စိတ်ကျေနပ်မှု ရှိကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
By Ye Zaw Khant on September 04
လုပ်ငန်းခွင်ဆိုတာ လူအမျိုးမျိုးနဲ့ ဆက်ဆံနေရတဲ့နေရာပါ။ ကိုယ့်ထက် ရာထူးနိမ့်သူတွေလည်း ရှိသလို ကိုယ့်အထက်က Supervisor တွေဆိုတာလည်း ရှိလေ့ရှိကြစမြဲပါ။ တစ်ခါတစ်လေမှာ ကိုယ့်ရဲ့ Boss က အရမ်း Creative ဖြစ်လွန်းပြီး Idea တွေ တစ်ခုပြီးတစ်ခုပေါ်တဲ့အခါ ကိုယ့်အနေနဲ့ သူပြောသမျှကို လိုက်လုပ်ဖို့ကြိုးစားရာမှာ ပြဿနာအချို့နဲ့ ကြုံတွေ့ရလေ့ရှိပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အဲ့လို Boss မျိုးနဲ့တွေ့တဲ့အခါ မိမိအနေနဲ့ ဘယ်လိုလုပ်ဆောင်သင့်လဲ ဆိုတာကို ဝေမျှပေးသွားမှာပဲ ဖြစ်ပါတယ်။
(1) အပြန်အလှန်လေးစားမှု ထားပါ။
ကိုယ့် Boss မှာရှိတဲ့ Creative Idea တွေကြောင့် သူခိုင်းသမျှ ကို လိုက်လုပ်ရတဲ့အခါ ကိုယ်ကချည်းပဲ အလုပ်လုပ်နေရတယ်လို့ မှတ်ထင်ပြီး Boss အပေါ်မှာ အထင်လွဲမှားတတ်ပါတယ်။ တကယ်တော့ မိမိကလည်း Company ကို အလုပ်လုပ်ပြီးတော့ အကျိုးပြုနေတာဖြစ်ပြီး Boss ကလည်း သူ့ရဲ့ အကြံဉာဏ်တွေနဲ့ အထောက်အကူပြုနေသူ တစ်ယောက်ဖြစ်တာကြောင့် နှစ်ယောက်လုံးဟာ Company ကို ဒီထက်ပိုပြီး တစ်ဆင့်မြင့်မားအောင် ကြိုးပမ်းနေကြသူတွေဖြစ်ပါတယ်။ ဒါကြောင့် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်လေးစားမှုထားပြီး ပြူမူကျင့်ကြံနေထိုင် သင့်ပါတယ်။
(2) အရာအားလုံးကို လိုက်လုပ်စရာ မလိုပါဘူး။
Creative ဖြစ်တဲ့သူတွေဆိုတာ Breakfast စားနေတုန်းမှာတင် Idea လေးငါးဆယ်ခုလောက် ထွက်နေကြသူတွေပါ။ တစ်ခါတစ်လေကျရင် သူတို့ဟာ ကိုယ့်ကို သူတို့ရဲ့ Idea တွေနဲ့ ပတ်သတ်ပြီး ဆွေးနွေးကြပေမယ့် တစ်ကယ်တမ်းမှာတော့ မိမိအနေနဲ့ သူတို့ပြောသမျှကို လိုက်လုပ်နေစရာ မလိုပါဘူး။
(3) ကြာမယ့်အချိန်ကို သေချာရှင်းပြပါ။
သူတို့ဟာ တစ်ခါတစ်ရံမှာ သူတို့ရဲ့ Idea တွေ အကြောင်းကိုသာ စဉ်းစားလေ့ရှိကြပြီး တစ်ကယ်တမ်းလက်တွေ့ အကောင်အထည်ဖော်ရာမှာ လိုအပ်တဲ့ Resources တွေနဲ့ ကြန့်ကြာမယ့်အချိန်တွေကို မေ့လျော့နေလေ့ရှိတတ်ကြပါတယ်။ ဒါကြောင့် မိမိအနေနဲ့ Boss ကို သူပြောတဲ့ Idea ကို အကောင်အထည် ဖော်တဲ့အခါ ကြာနိုင်မည့် အချိန်နဲ့ ပတ်သတ်ပြီး သေချာရှင်းပြသင့်ပါတယ်။
(4) စိတ်မညစ်ပါနဲ့။
လူတိုင်းဟာ မိမိလို Creative Idea တွေရှိတဲ့ Boss ကို ပိုင်ဆိုင်ကြရတာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်အနေနဲ့ Boss လက်အောက်မှာလုပ်ရချိန်ကို အခွင့်အရေးလို့သတ်မှတ်ပြီး အကောင်းဆုံး ကြိုးစားသင့်ပါတယ်။
ကဲ ..... အားလုံးပဲ ဒီဆောင်းပါးလေးမှာ ကျွန်တော် Sharing လုပ်ပေးသွားတာလေးတွေနဲ့ ပတ်သတ်ပြီး စိတ်ကျေနပ်မှု ရှိကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
By Yee Mon Min on 6th of June 2020
လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရင်းရင်းနီးနီးလဲနေချင်ပါရဲ့ ဒါပေမဲ့ ဘယ်လိုစပြီး ခေါ်ရမယ်မသိတဲ့ သူတွေရှိလား? အဲ့တာဆို သည်ဆောင်းပါးလေးက သင့်အတွက်ပါပဲ။ ကျွန်တော်တို့ ဘယ်လိုမှ ငြင်းမရတဲ့ အချက်ကတော့ မိမိတို့အလုပ်ခွင်မှာ အနီးစပ်ဆုံးလူတွေကတော့ လုပ်ဖော်ကိုင်ဖက်တွေပါ။ အဲ့ဒီအတွက် လူတိုင်း လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရင်းနီးဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် လူတိုင်းက ဘယ်လို ရင်းနီးအောင် လုပ်ရမယ်ဆိုတာကို မသိကြတဲ့အတွက် သည်ဆောင်းပါးလေးမှာ ဖော်ပြပေးလိုက်ရပါတယ်။
"မလောပါနဲ့"
ဟုတ်ပါတယ်။ လောတယ်ဆိုတာက ဘယ်အရာမှာမှ အကျိုးမရှိပါ။ အထူးသဖြင့် ကိုယ့်လုပ်ဖော်ကိုင်ဖက်နဲ့ ခင်ချင်စိတ်ပိုပြီးအတင်းသွားရောတာက ခြေလှမ်းအကြီးကြီး လှမ်းမိသလိုပါပဲ။ တချို့လူတွေက အချိန်ပေးပြီး တည်ဆောက်ထားတဲ့ ခင်မင်မှုကိုပဲ လိုချင်ကြတာပါ။ အကယ်၍ ကိုယ်က အလောတကြီးသွားရောမိလို့ ဟိုဘက်ကအဖက်မလုပ်ရင် ကိုယ်ပဲရှက်ရပါတယ်။ အရာရာတိုင်းကိုအချိန်ပေးပါ။
"တလွဲမာနမကြီးပါနဲ့"
လူသားတိုင်းက ချမ်းသာသည်ဖြစ်စေ မချမ်းသာသည်ဖြစ်စေ ကိုယ်ဆီ မာနရှိကြစမြဲပါ။ ကိုယ့်ကိုကိုယ် တန်ဖိုးထားတဲ့ မာနမဟုတ်ပဲ တလွဲမာနတွေပါ ထားတတ်ကြပါတယ်။ ဒါပေမဲ့ ကိုယ်ကသူများတွေနဲ့ ခင်မင်ချင်တယ် ဆိုကတည်းက မရှိသင့်တဲ့ မာနတွေကို ဘေးချိတ်ထားသင့်ပါတယ်။ ကိုယ့်ကိုကိုယ် အရင်သုံးသပ်ပါ။ ကိုယ်ဟာ Approachable Person တစ်ယောက် အရင်ဖြစ်ဖို့လိုပါတယ်။ အဲ့တာမှလူတိုင်းကစကားစနိုင်မှာပါ။ ကိုယ့်ဘက်ကလဲစကားစပြောဖို့ဝန်မလေးပါနဲ့။
"စစ်မှန်ပါစေ"
အလုပ်ခွင် သူငယ်ချင်းတွေမှာ ဖြစ်လေ့ရှိတတ်တာကတော့ မစစ်မမှန်ကြတာပါပဲ။ အားလုံးက ကျောင်းနေဖက်လဲမဟုတ်၊ အသက်အရွယ်အနေနဲ့လဲအ အားလုံးတူညီနေကြတာမဟုတ်တဲ့အတွက် ဘောင်ဝင်အောင်မိမိရဲ့ Characters တွေကိုပါ ပြောင်းလဲနေကြရပါတယ်။ စစ်မှန်တဲ့ Friendship ဆိုတာ ကိုယ်ကလဲ တဖက်လူရဲ့စရိုက်ကိုလ လက်ခံပြီး ကိုယ့်စရိုက်ကိုလဲ တဖက်က လက်ခံပေးမှရနိုင်တာပါ။
"Social Media တွေမှာရင်းနီးမှုအစပြုပါ"
၂၁ရာစုမှာ Social Media မသုံးတဲ့လူက ခပ်ရှားရှားပါပဲ။ များများသုံးတာနဲ့ နည်းနည်းသုံးတာပဲ ကွာပါလိမ့်မယ်။ အဲ့ဒီအတွက်ကြောင့် လူတိုင်းနဲ့ Keep In Touch ဖြစ်နေဖို့က Social Media တွေကနေ တဆင့်ပြုလုပ်နိုင်ပါတယ်။ တဖက်လူကိုအ နှောက်အယှက်ဖြစ်စေလောက်တဲ့အထိ မလုပ်ဖို့ကတော့ အရေးကြီးပါတယ်နော်! မိမိဘက်ကလဲ တခြားလူတွေအတွက် စိတ်ညစ်စေရမဲ့ Post တွေ မတင်တာ အကောင်းဆုံးပါ။
"နားလည်ပေးပါ"
လုပ်ဖော်ကိုင်ဖက်တွေက ငယ်သူငယ်ချင်းတွေလဲ မဟုတ်တဲ့အတွက် ကိုယ့်အကြိုက်ကြီးပဲ လိုက်မနေနိုင်ပါဘူး။ လူတိုင်းမှာ အကြိုက်ကိုယ်ဆီရှိကြပါတယ်။ စိတ်ညစ်စရာတွေလဲ ရှိကြပါတယ်။ အဲ့အတွက် တစ်ကိုယ်ကောင်းမဆန်ပဲ နားလည်ပေးကြပါ။ နားလည်မှုအပြန်အလှန်ရှိတဲ့ ဆက်ဆံရေးက တကယ် လူတိုင်းအတွက် လိုအပ်ပါတယ်။
"ဘုံဖြစ်နေတဲ့ စိတ်ဝင်စားမှုရှိလားရှာပါ"
လူတိုင်းကအကြိုက်တစ်ခုခုတူညီနေရင် Conversation စဖို့အခွင့်အရေးပိုရပါတယ်။ ဥပမာ ၂ဦးလုံးကဇာတ်ကားတစ်ခုခု၊ အဆိုတော်တစ်ယောက်ယောက်၊ Brand တစ်ခုခုကိုသဘောကျတတ်တာမျိုးပါ။ အဲ့တာဆိုရင်စကားစလဲထွက်လာတတ်ပြီးမိမိကောတစ်ဖက်ပါစိတ်ချမ်းသာရမဲ့ခင်မင်မှုကိုရလာနိုင်ပါတယ်။
နောက်ဆုံးတစ်ခုကတော့
"အလွန်အကြူးမဖြစ်ပါစေနဲ့"
ဒီအချက်ကတော့ အသက်ကွာတဲ့ လုပ်ဖော်ကိုင်ဖက်နဲ့ပဲ ဖြစ်ဖြစ်၊ ရာထူးကွာတဲ့ လုပ်ဖော်ကိုင်ဖက်နဲ့ပဲ ဖြစ်ဖြစ် ခင်မင်ချင်တဲ့ လူတွေအတွက် အဓိကပါ။ ဘယ်လောက်ပဲခင်ခင် ၂ဦးကြားမှာ Mutual Respect လေး ထားပါ။ ခင်မင်နေတုန်း မသိသာပေမဲ့ ကြာလာတဲ့အခါ စိတ်ခုတာမျိုး ဖြစ်တတ်ပါတယ်။ “ချစ်စကို ရှည်စေ မုန်းစကို တိုစေ” ဖြစ်စေချင်လို့ပါ။
လူတွေက တစ်ယောက်ထဲ လောကထဲဝင်လာတတ်ပြီး တစ်ယောက်ထဲ လောကကြီးကနေ ထွက်ခွာရတဲ့အမျိုးပါ။ ဒါပေမဲ့ ထို၂ခုကြားက တစ်ခဏအတွင်းမှာ လူပေါင်းစုံနဲ့ ဆက်ဆံမှရှင်သန်နိုင်မှာပါ။ အထက်တန်းကျောင်းနဲ့ တက္ကသိုလ်တွေမှာ အရမ်းမသိသာပေမဲ့ အလုပ်ခွင်မှာဆို ဆက်ဆံရေးတွေကခ ခေါင်းကိုက်စရာပါ။ သည်ဆောင်းပါးလေးက ဖော်ပြထားပေးတဲ့ အချက်တွေကို လိုက်နာကြည့်ရင် ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းခွင်သူငယ်ချင်းတွေ ရရှိနိုင်မှာ အသေအချာပါပဲ။
လူသားအားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာကြပါပြီး သာလွန်တဲ့ဆက်ဆံရေးတွေရရှိကြပါစေ။
By Yee Mon Min on 7th June of 2020
လူတွေအားလုံး နေ့စဥ်နေ့တိုင်း ပြုလုပ်ရတဲ့ အရာတစ်ခုကတော့ Communication ဆိုတဲ့ အချင်းချင်းဆက်သွယ်ရေးပါပဲ။ ဒါမဲ့ နှုတ်မဲ့ဆက်သွယ်တယ်ဆိုတာက ဘာကြီးတုန်း? စာဖတ်သူကော သိလားမသိဘူး? နှုတ်နဲ့ ဆက်သွယ်ခြင်းမဟုတ်တဲ့ Non-Verbal Communication က ဘယ်လောက်တောင် ထိရောက်လို့လဲ? သည်မေးခွန်းတွေရဲ့ အဖြေများကို သိချင်ရင်တော့ဆက်ဖတ်ဖို့လိုပြီးဗျို့။
ဆက်သွယ်ရေးလို့ဆိုရင် လူအများစုက Verbal ဖြစ်တဲ့ နှုတ်ပြောစကားနဲ့ ဆက်သွယ်တာကိုပဲ ပြေးမြင်တတ်ကြပါတယ်။ တကယ်ပြည့်စုံတဲ့ ဆက်သွယ်မှုဆိုတာ Verbal ကော Non-Verbal ပါ အရေးကြီးပါတယ်။ လူသိနည်းတဲ့ Non-verbal Communication မှာ ပါဝင်တဲ့ အခွဲတွေကို ဦးဆုံးဖော်ပြပေးပါ့မယ်။ ၎င်းတို့ကတော့ Gestures (အမူအယာတွေ)၊ Posture (ကိုယ်ဟန်အနေအထား) ၊ Facial Expression (မျက်နှာအမူအယာ)၊ Tone of Voice (အသံအနိမ့်အမြင့်)၊ Eye-Contact (မျက်လုံးခြင်းဆိုင်ခြင်း) နဲ့ Touch (အထိအတွေ့) တို့ပဲ ဖြစ်ပါတယ်။ ထိုအရာတွေကို လုပ်ရင်ရမဲ့အကျိုးကျေးဇူးတွေကတော့
"မိမိရဲ့စိတ်အားထက်သန်မှုကိုပိုမိုပေါ်လွင်စေတယ်"
အရင်ဆုံးစဥ်းစားကြည့်ပါ။ လူတစ်ယောက်က ကိုယ့်ကိုချီးကျူးနေပေမဲ့မျက်နှာတည်ကြီးနဲ့ အသံ Tone ကလဲ စိတ်ပျက်နေတဲ့ အသံဆို ဘယ်လိုခံစားရမလဲ? ကျောကိုင်းပြီး ထိုင်နေတာတို့ ခြေထောက်တွေ ငြိမ်မနေတာတို့က ပျင်းရိနေတာကို သိစေပါတယ်။ အဲ့ဒီလိုပါပဲ မိမိဘက်ကလဲ မိမိရဲ့စိတ်ကို ပေါ်လွင်စေချင်ရင် မျက်လုံးခြင်းဆိုင်ပြီး တက်တက်ကြွကြွလေသံနဲ့ ပြောသင့်ပါတယ်။ တဖက်လူအတွက်လဲ မိမိ့ရဲ့စိတ်အစစ်မှန်ကို သိစေနိုင်ပါတယ်။
"တဖက်လူမှ ပိုပြီးစိတ်ဝင်စားစေတယ်"
ကျွန်တော်တို့ငယ်ငယ်ကတည်းက လူကြီးတွေ ပုံပြင်ပြောပြနေရင် ပိုပြီးစိတ်ဝင်စား မျောပါလေ့ရှိပါတယ်။ အသက်ကြီးလာတဲ့အခါ အလုပ်ခွင်တွေ တက္ကသိုလ်တွေမှာ Presentation တွေ နားထောင်တဲ့အခါလဲ အဲ့သလိုပါပဲ။ အကြောင်းအရာက အရမ်းစိတ်ဝင်စားဖို့မကောင်းရင်တောင် အမူအရာကြောင့် စိတ်ဝင်စားဖို့ကောင်းလာတတ်ပါတယ်။ အနီးစပ်ဆုံး ဥပမာပေးရရင်တော့ TEDx က Speakers တွေရဲ့ Video တွေကြည့်ကြည့်ပါ။ Non-Verbal Communication က Speakers တွေရဲ့ လက်နက်တစ်ခုလို ဖြစ်နေတာတွေ့ရပါမယ်။
"ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိ မရှိကြောင်း သိသာစေခြင်း"
လူတိုင်းနှုတ်စကားနဲ့လိမ်မယ်ဆိုလိမ်လို့ရပါတယ်။ ဒါပေမဲ့ အမူအရာတွေ အနေအထားတွေ စကားအသံနှုန်းတွေက လိမ်ဖို့ခဲယဥ်းပါတယ်။ ဥပမာ ကြောက်လာရင် လက်သည်းတွေကိုက်၊ မျက်စိတွေမငြိမ်၊ အသံတွေ တုန်တတ်ပါတယ်။ Non-Verbal Communication ကို ကောင်းကောင်းအသုံးပြုတတ်တဲ့ သူတွေကတော့ Eye-Contact ရမှာ၊ အမှုအရာတွေ သုံးရမှာ ဝန်မလေးတဲ့အတွက် တခြားလူတွေပါ အထင်ကြီးလာတတ်ပြီး ကိုယ့်ကို Trustworthy ဖြစ်တယ်လို့တောင် သတ်မှတ်တတ်ကြပါတယ်။
ထို့အတွက် နှုတ်နဲ့တင်မကပဲ အမူအယာနဲ့ပါ ဆက်သွယ်ခြင်းက မိမိကို တခြားလုပ်ဖော်ကိုင်ဖက်တွေထက် ပေါ်လွင်စေနိုင်ပါတယ်။ သို့ပေမယ့် အမူအယာဆိုသည်မှာ Positively နဲ့ကော Negatively နဲ့ပါ သက်ရောက်စေနိုင်ပါတယ်။ ထို့ကြောင့် လိုတာထက်ပိုပြီး အသုံးမပြုစေလိုပါ။ ချင့်ချိန်ပြီး သုံးစေချင်ပါတယ်။ ဤကားစကားချပ်။
လူတိုင်းစိတ်ချမ်းသာကိုယ်ကျန်းမာပြီးကောင်းမွန်တဲ့ Communicators တွေဖြစ်ကြပါစေ။
By Kyi Shin Khant on 22nd of June 2020
လုပ်ငန်းခွင်မှာ teamwork နဲ့ ပတ်သတ်ပြီး မကြားချင်မှအဆုံး အမြဲတမ်းသုံးလေ့ရှိတဲ့ စကားလုံးနှစ်လုံးကတော့ Collaboration နဲ့ Cooperation ပဲဖြစ်ပါတယ်။ ပူးပေါင်းဆောင်ရွက်မှုလို့ အကြမ်းဖျင်း အဓိပ္ပာယ်ရတဲ့ ထိုစကားလုံးနှစ်လုံးဟာ အပြန်အလှန် အမြဲသုံးနေတဲ့အတွက် အဓိပ္ပာယ်တူတယ်လို့ အမှတ်မှားလာကြပါတယ်။ တကယ်တော့ ဒီစကားလုံးနှစ်လုံးကြားမှာ မတူကွဲပြားမှုလေးတွေရှိနေပါတယ်။ အနည်းငယ်ပဲဖြစ်ပေမဲ့ ကွဲကွဲပြားပြားသိဖို့တော့ အရေးကြီးပါတယ်။ အရင်ဆုံး သူတို့ရဲ့ အဓိပ္ပာယ်လေးတွေ အနည်းငယ်လေ့လာကြည့်ကြည့်ကြရအောင်။
What is Collaboration?
Collaboration ဆိုတာက Project တစ်ခုခု သို့မဟုတ် တစ်စုံတစ်ခုသော အကျိုးအတွက် team အနေနဲ့ လူအများ စုပေါင်းဖွဲ့စည်းပြီး ပူးပေါင်းလုပ်ဆောင်ခြင်းမျိုးဖြစ်ပါတယ်။ ရည်ရွယ်ချက် ( objective) လုပ်ဆောင်ရမဲ့ တာဝန် (mission) နဲ့ vision တွေ တိတိကျကျချမှတ်ထားကာ ထို ရည်မှန်းချက်တွေအတိုင်း အထမြောက်အောင်မြင်အောင် ပါဝင်တဲ့အဖွဲ့သားအားလုံး တူတူကြိုးစားကြခြင်းဖြစ်ပါတယ်။
What is Cooperation?
Cooperation ဆိုတာကတော့ တစ်စုံတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်ခုက လိုအပ်နေတဲ့အချိန်မှာ တခြားတစ်ဉီးတစ်ယောက်က လိုအပ်တဲ့အကူအညီကို ပေးခြင်းမျိုးဖြစ်ပါတယ်။ ပူးပေါင်းဆောင်ရွက်ခြင်းတော့ ဟုတ်ပါတယ် ဒါပေမဲ့ တစ်ဖက်က service ပေးတာမျိုးပဲဖြစ်ပြီးတော့ shared vision ၊ shared goalတေတွတော့ မရှိကြပါဘူး။
What is the difference?
Collaboration မှာဆိုရင် ပါဝင်တဲ့ collaborator တွေဟာ အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက် အောင်မြင်အောင်လုပ်ဖို့အတွက် တာဝန်တွေရှိသလို ရလာတဲ့အကျိုးရလဒ်ကိုလည်း ညီတူညီမျှ ခံစားခွင့်ရှိပါတယ်။ Cooperation မှာဆိုရင်တော့ ownership ပိုင်ဆိုင်ခွင့် က တစ်ဉီးတစ်ဖက်ဆီမှာသာဖြစ်ပြီးတော့ အဖွဲ့အစည်းဆိုင်ရာ Goal တွေ Vision တွေမရှိပါဘူး။ လွယ်လွယ်ပြောရရင် Collaborationဆိုတာက နှစ်ဉီးနှစ်ဖက်အကျိုးအတွက် ပူးပေါင်းကာ ဆောင်ရွက်ကြခြင်းဖြစ်ပြီး Cooperation က တစ်ဖက်သူရဲ့ project သို့မဟုတ် အလုပ်တစ်ခုမှာ ဝင်ပြီးကူညီလုပ်ကိုင်ပေးခြင်းမျိုးဖြစ်ပါတယ်။
ဒီလိုမျိုး နှစ်ခု မတူညီကြတဲ့အတွက် Collaboration လုပ်ရင် Cooperation မလုပ်နိုင်တော့ဘူးလို့ လည်းမဆိုလိုနိုင်ပါဘူး။ အလွန်ကြီးမားတဲ့ အဖွဲ့အစည်းတွေမှာဆိုရင် ဖွဲ့စည်းပုံတွေက အလွန်ရှုပ်ထွေးတဲ့အတွက် တစ်ခါတစ်လေမှာ collaborate လုပ်နေတဲ့ project မှာပဲ cooperate လာလုပ်ရတာမျိုးလည်း ရှိတတ်ပါတယ်။
ကဲ စာဖတ်သူအနေနဲ့ ဒီဆောင်းပါးလေးကနေတစ်ဆင့် Collaborationနဲ့ Cooperation ကို ခွဲခြားသိသွားပြီး မိမိတို့ရဲ့ လုပ်ငန်းခွင်မှာ အထောက်အကူဖြစ်စေနိုင်မယ်လို့ မျှော်လင့်ပါတယ်။