သီလတရားဟူသည် ကိုယ်တိုင်ကျင့်ကြံမှ ရရှိသော တရားဖြစ်သည်။ တောင်း၍ ယူ၍ရသော တရားမဟုတ်။ သို့သော် ရိုသေလေးစားသောအားဖြင့် လည်းကောင်း၊ သီလ စင်ကြယ်တော် မူကြသော ရတနာမြတ်သုံးပါး ဆရာသမားတို့ကို အသိပေး သက်သေထားသောအားဖြင့် လည်းကောင်း၊ "အဟံ ဘန္တေ တိသရဏေန ” စသည်ဖြင့် သီလတောင်းခံခြင်း ဖြစ်သည်။ တစ်နည်း အားဖြင့် သီလကို တောင်းခံခြင်း မဟုတ်၊ သီလစောင့်ပုံ စောင့်နည်းကို တောင်းခံခြင်း ဖြစ်သည်။