၁။ တို့ကိုးကွယ်ကြ၊ မြတ်ဗုဒ္ဓ၊ ဖြည့်ရပါရမီ။
၂။ လေးသင်္ချေကိန်း၊ ကပ်တစ်သိန်း၊ ထိန်းသိမ်းကြာခဲ့ပြီ။
၃။ အချိန်ကာလ၊ လွန်ကြာမှ၊ ဘုရားဖြစ်လေသည်။
၄။ ဘုရားရှိမှ၊ သာဝက၊ ဖြစ်ရပေါ်ရသည်။
၅။ သာဝကလဲ၊ လွန်ဖြစ်ခဲ၊ ရခဲလှပေသည်။
၆။ ထို့ကြောင့် ဗုဒ္ဓ၊ သာဝက၊ ဖြစ်ရဂုဏ်ရှိသည်။
၇။ ဗုဒ္ဓသားတော်၊ သမီးတော်၊ ဂုဏ်ဖော်ထိုက်လှသည်။