#ပါဠိတော်ရွတ်ဖတ်ပူဇော်တဲ့အခါမခက်ပေမယ့်သတိထားရမည့်အမှားကလေးများ
ရ ,ကောက် တွေ့ ပြန်၊ လျှာလိပ်သံ၊ ဖတ်ရန်ပါဠိမှာ။ (အရဟ-အရဟံ-သရဏ-သရဏံ)
ပ-ဗ-မ-ကို၊ ဖတ်စေလို၊ 'ရ' ('ယ')ပို မထည့်ရ။ (ြ - ျ)
(အမှား=ပြစ်စယော၊ သဗျင်ညု၊ မြစ်တာ၊ ပြဉ်စသီလံ၊ အုပ်ပြဇ်ဇတိ)
(အမှန်= ပစ်စယော၊ သဗ်ဗင်ညု မစ်တာ၊ ပင်စသီလံ၊ အုတ်ပဇ်ဇတိ)
ဝစ္စနှစ်လုံး၊ ပါဠိထုံး၊ အသုံးမရှိပါ။
သီလံဒေထ၊ ဆိုကုန်ကြ၊ ဒေးထ မဆိုရာ။
ရေးတော့အမှန်၊ ဖတ်တော့အသံ၊ ထုံးစံမရှိပါ။
ရေးလည်းအမှန်၊ ဖတ်လည်းမှန်၊ ထုံးစံတိကျတာ။
ပါဠိစာသည် မြတ်ဗုဒ္ဓ၏"ဝစန"စကားတရား ဖြစ်သောကြောင့် အမှန်တရားဖြင့်သာ တည်စေရာ၏။
*ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု*
သာဓု သာဓု သာဓု။ ။