(၁) သီလနှင့်ပြည့်စုံသူသည် မမေ့မလျော့ခြင်းအကြောင်းကြောင့် ကြီးစွာသောစည်းစိမ်ကိုရ၏။
(၂) သီလနှင့်ပြည့်စုံသူသည် ကျော်စော သတင်း ပြန့်နှံ့ ၍ တက်၏။
(၃) သီလနှင့်ပြည့်စုံသူသည် မင်းပရိသတ်၊ သူကြွယ် ပရိသတ်၊ ရဟန်းပရိသတ် စသည့် မည်သည့်ပရိသတ်တွင်မဆို၊ ရဲရဲ ရင့်ရင့်၊ ကြောက်ရွံ့ ခြင်း ကင်းရှင်းစွာ၊ ကျက်သရေ မင်္ဂလာရှိသည့် ရွှင်လန်းသော မျက်နှာဖြင့် ချဉ်းကပ်ရ၏။
(၄) သီလရှိသူသည် မတွေမဝေ၊ ကြည်ကြည် လင်လင်၊ မိမိပြုထားသော ကုသိုလ် ကောင်းမှုတို့ကို ထင်မြင်၍ သေရ၏။
(၅) ကိုယ်ခန္ဓာ ပျက်ကြွေ ၍ သေပြီးနောက်၌ ကောင်းမှုပြုသူတို့၏ လားရာ ဖြစ်သော နတ်ပြည်လောကသို့ မချွတ်ရောက်ရ၏။
−ဒီဃ နိကာယ ၊ မဟာ ပရိနိဗ္ဗာနသုတ်