သရဏဂုံ တကယ်မြဲရင်၊ အပါယ်ငရဲ ကြောက်ဖို့မလို။
နတ်ဖြစ်သော်လည်း တူနိုင်ရိုးလား၊ ဆယ်မျိုးဂုဏ်စု သူ့ထက်ပို။
ငါးဖြာအာရုံ လာမတုနှင့်၊ အာယု, ဝဏ္ဏ, သုခဆို။
အာဏာပိုင်စိုး၊ ခြွေရံတိုး၊ ဆယ်မျိုးဂုဏ်ကဲပို။
အဲဒါကြောင့် သရဏဂုံပန်း, အစဉ်လန်း, ဆင်မြန်းပန်စေလို။
<<