ဘုရား - တရား - သံဃာ ရတနာမြတ်သုံးပါး တို့သည် ဆင်းရဲကို ပယ်ဖျောက်၍ ချမ်းသာသို့ ရောက်စေတတ်သောကြောင့် သရဏ မည်တော်မူ၏။ တစ်နည်းအားဖြင့် ကိုးကွယ် အားထားရာ ဖြစ်သောကြောင့် သရဏ မည်တော်မူ၏။ ကိုးကွယ်ရာဟု သိသောစိတ်ကို သရဏဂမန (သရဏဂုံ) ဟုခေါ်၏။ (သရဏ - ကိုးကွယ်ရာဟူ၍၊ ဂမန - သိသောစိတ် )
ထိုသရဏဂုံစိတ်ဖြင့် ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊ ဓမ္မံသရဏံ ဂစ္ဆာမိ ၊ သံဃံ သရဏံ ဂစ္ဆာမိဟု နှုတ်မြွက်၍ ဆောက်တည်သောသူကို သရဏံဂတ- ကိုးကွယ်ရာသို့ ရောက်သူ (သရဏဂုံ တည်သူ) ဟုခေါ်၏။