အဋ္ဌဝီသံ - သုံးပါးဘဝ သုံးလောကတွင် ဉာဏ ရောင်ဖိတ် အောင်ဘိသိက်နှင့် နှစ်ကျိပ်ရှစ်ဆူကုန်သော၊ သမ္ဗုဒ္ဓေ စ - တန်ဆောင်ပမာ ဉာဏ်ရောင်ဝါဖြင့် သစ္စာပွင့်လင်း တရားမင်းတို့ကို လည်းကောင်း၊
ဒွါဒသဉ္စ သဟဿကေ - နိဗ္ဗာန်ကိန်းအောင်း စက် မွေ့လျောင်းသည့် တစ်သောင်းနှစ်ထောင်ကုန်သော၊ သမ္ဗုဒ္ဓေစ - လရောင်ပမာ ဉာဏ်ရောင်ဝါဖြင့် သစ္စာလင်းပြောင် မြတ်ဘုန်းခေါင်တို့ကိုလည်းကောင်း၊
ပဉ္စသတ သဟဿာနိ - သောင်းထိုက်စကြဝဠာ ဂုဏ်ဝါရောင်ရှိန်း ငါးသိန်းကုန်သော၊ သမ္ဗုဒ္ဓေစ - နေရောင်ပမာ ဉာဏ်ရောင်ဝါဖြင့် သစ္စာလင်းထိန် မြတ်မုနိန်တို့ကိုလည်းကောင်း၊
အဟံ - အကျွန်ုပ်သည်၊ သိရသာ - ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့်၊ နမာမိ - ရိုသေညွတ်ကျိုး လက်စုံမိုး၍ ရှိခိုးပါ၏။
ဂင်္ဂါ - ဂင်္ဂါယ - ဂင်္ဂါမြစ်တွင်း၌၊ ဝါဠုကာ - ရှိကြကုန်သော သဲတို့သည်၊ အပ္ပကာ - နည်းကြကုန်သေး၏။
နိဗ္ဗုတာ - ဘုံဇာတ်သိမ်း၍ ငြိမ်းအေးတော်မူကြကုန်ပြီးသော၊ ဇိနာ - နှောင့်ယှက်ဖန်လာ မာရ်ငါးဖြာကို အရိယာမဂ် ဘုန်းရောင်စက်ဖြင့် ချိုးဖျက်လွယ်ကူ အောင်တော်မူသော ဘုရားရှင်အပေါင်းတို့ကား၊ အနန္တာ - သင်္ချာဂဏန်း ရေတွက် မှန်းလည်း ဆုံးခန်းတိုင်မြောက် မရောက်နိုင်ကြကုန်။
တေ ဇိနေစ - ထိုဘုရားရှင်တို့ကိုလည်းကောင်း၊
တေသံ - ထိုငါးသိန်း တစ်သောင်း နှစ်ထောင် နှစ်ကျိပ် ရှစ်ဆူကုန်သော ဘုရားရှင်၊ မရေမတွက်နိုင်သော ဘုရားရှင်တို့၏၊
ဓမ္မဉ္စ - တရားတော်မြတ်ကိုလည်းကောင်း၊ သံဃဉ္စ - တပည့်သား သံဃာတော်မြတ်ကိုလည်းကောင်း၊
အဟံ - အကျွန်ုပ်သည်၊ အာဒရေန - အာဒရံ - ရိုသေစွာ၊ နမာမိ - ရှိခိုးပါ၏။
နမက္ကာရာနုဘာဝေန - ဤသို့ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ရသော ပဏာမကုသိုလ် စေတနာကြောင့်၊ သဗ္ဗေ - ခပ်သိမ်းကုန်သော၊ ဥပဒ္ဒဝေ - ဘေးရန်တို့ကို၊ ဟိတွာ - ပယ်ဖျောက်၍၊ အနေကာ အန္တရာယာပိ - တစ်ပါးမက များလှသွယ်သွယ် အန္တရာယ်တို့သည်လည်း၊ အသေသတော - အကြွင်းအကျန်မရှိသော အားဖြင့်၊ ဝိနဿန္တု - ပျောက်ပျက်ပါစေသတည်း။