၁။ ပုဗ္ဗေနိဝါသာနုဿတိဉာဏ် = ရှေးရှေးဘဝတို့၌ ဖြစ်ပျက်ခဲ့သမျှကို ပြန်၍ သတိရနိုင်သောဉာဏ်။
၂။ ဒိဗ္ဗစက္ခုဉာဏ် = နတ်မျက်စိကဲ့သို့ အဝေး၌ရှိသောအရာ၊သေးငယ်သော အရာတို့ကိုမြင်နိုင်သောဉာဏ်။
၃။ အာသဝက္ခယဉာဏ် = ကိလေသာ အာသဝေါတို့ကို ကုန်ခန်းစေသော ဉာဏ်။
၁။ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်။
၂။ ဒိဗ္ဗစက္ခုဉာဏ်။
၃။ အာသဝက္ခယဉာဏ်။
၄။ ဝိပဿနာဉာဏ် = ရုပ်နာမ်တို့၏ အနိစ္စ ဒုက္ခ အနတ္တ သဘောတို့ကို သိသောဉာဏ်။
၅။ စေတောပရိယဉာဏ် = သူတစ်ပါးစိတ်ကိုသိသောဉာဏ်။
၆။ မနောမယိဒ္ဓိဉာဏ် = မိမိခန္ဓာကိုယ်အတွင်း၌ တစ်ခြားခန္ဓာကိုယ်တစ်ခုကို စိတ်ဖြင့်ဖန်ဆင်းနိုင်းသော ဉာဏ်။
၇။ ဒိဗ္ဗသောတဉာဏ် = အဝေးမှ အသံ၊ သေးငယ်သော အသံတို့ကို ကြားနိုင်သောဉာဏ်။
၈။ ဣဒ္ဓိဝိဓဉာဏ် = တန်ခိုး အမျိုးမျိုး ဖန်ဆင်းနိုင်သော ဉာဏ်။
၁။ သီလ = ကိုယ် နှုတ် နှစ်ပါးကို စောင့်စည်း ထိန်းသိမ်းခြင်း ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ပါတိမောက္ခသီလစသည်များ။
၂။ ဣန္ဒြိယသံဝရ = မျက်စိ နား နှာခေါင်း လျှာ ကိုယ် စိတ် ဟူသော ဣန္ဒြေခြောက်ပါးနှင့်စပ်၍ ကိလေသာမဖြစ်ရအောင် ဖြစ်ပေါ်သမျှကို သတိဖြင့် ရှုသိနေခြင်း။
၃။ ဘောဇနေ မတ္တညုတာ = ချင့်ချိန်၍ စားသောက်ခြင်း။
၄။ ဇာဂရိယာနုယောဂ = နိုးနိုးကြားကြားရှိမှု၊ သတိတည်းဟူသော နိုးကြားမှု အမြဲရှိနေခြင်း။
၅။ သဒ္ဓါ = ရတနာ သုံးပါးနှင့် ကံ ကံ၏ အကျိုးကို ယုံကြည်မှု။
၆။ သတိ = ကုသိုလ်ကောင်းမှုတို့ကို သတိရခြင်း။
၇။ ဟီရိ = မကောင်းမှုပြုရမည်ကို ရှက်ခြင်း။
၈။ သြတ္တပ္ပ = မကောင်းမှုပြုရမည်ကို ကြောက်လန့်ခြင်း။
၉။ ဝီရိယ = ကုသိုလ်ရေးတို့၌ အားထုတ်ခြင်း။
၁၀။ သုတ = အပြစ်ကင်းသော အကြားအမြင်ဗဟုသုတ။
၁၁။ ပညာ = အသိ၊ အလိမ္မာ၊ အတတ်ပညာ။
၁၂။ ပထမစျာန်။
၁၃။ ဒုတိယစျာန်။
၁၄။ တတိယစျာန်။
၁၅။ စတုတ္ထစျာန်။