သမုစ္စည်းပိုင်း (သမုစ္စယ) ၊ အပိုင်း (၁)
==============
အရှင်ဝါယာမသာရ _ Ashin Wayamasara ၊
သာသနာဓဇဓမ္မာစရိယ M.A.Q ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ၊
(သာသနာရေးဝန်ကြီးဌာန) (ကမ္ဘာအေး)
အဘိဓမ္မာ၊ ဋီကာ၊ ဝိသုဒ္ဓိမဂ် သင်တန်း (သင်တန်းမှူးဆရာတော်)
+++++++++++++++
သမုစ္စည်းပိုင်း = ယှဉ်ထိုက်သလို သဘောတူရာတရားတို့ကို ပေါင်း၍ ဖော်ပြသော အခန်း
ပရမတ္ထတရားကိုယ် - ၇၂ ပါး
စိတ် ၁ + စေတသိက် ၅၂ + နိပ္ဖန္နရုပ် ၁၈ + နိဗ္ဗာန် ၁ = ၇၂ ပါး
၎င်း ၇၂ ပါးသည် -
၁။ သလက္ခဏာ = ကိုယ်ပိုင်သဘာဝလက္ခဏာ အသီးသီးရှိကြ၏။
၂။ ဝတ္ထုဓမ္မာ = ပရမတ် အလိုအထည်ကိုယ်လည်း ရကောင်း၏။
(အနိပ္ဖန္နရုပ် ၁၀ - ပါးသည် သလက္ခဏာရကောင်းသော်လည်း၊ ဝတ္ထုဓမ္မ မရကောင်း၍ ချန်ထားသည်။)
မှတ်ချက်။ ။ ဝတ္ထုဓမ္မာအရကို ဖော်ပြပါဟု မေးလျှင်လည်း ဤ ၇၂ ပါးကိုပင် ဖြေပါ။ ဝတ္ထုဓမ္မာအရတွင် မပါဝင်သော တရားတို့ကို ရေးပါဟုမေးလျှင် အနိပ္ဖန္နရုပ် ၁၀ ဟုဖြေပါ။
သင်္ဂဟ ၄ မျိုး
၁။ အကုသလသင်္ဂဟ။ ။ အကုသိုလ်တရားတို့ကို ပေါင်းစုပြရာ အခန်း။
၂။ မိဿကသင်္ဂဟ။ ။ ကုသိုလ်၊ အကုသိုလ်၊ အဗျာကတ တရားတို့ကို ရောနှောပေါင်းစုပြရာ အခန်း။
၃။ ဗောဓိပက္ခိယသင်္ဂဟ။ ။ မဂ်ဉာဏ်၏ အသင်းအပင်းဖြစ်သော တရားတို့ကို ပေါင်းစုပြရာ အခန်း။
၄။ သဗ္ဗသင်္ဂဟ။ ။ ပရမတ္ထတရားအားလုံးကို ပေါင်းစု ရေတွက်ပြရာအခန်း။
+++++++++++++++++++++++
အကုသလသင်္ဂဟ
အာသဝ။ ။ အာသဝသဒ္ဒါသည် စိမ်ရည်အရက်ကို ဟော၏။
ဤနေရာ၌ စိမ်ရည်အရက်နှင့် တူသောကြောင့် လောဘ၊ ဒိဋ္ဌိ၊ မောဟတို့ကို အာသဝဟု ခေါ်၏။
အာသဝ ၄ ပါး
အာသဝတရားသည် ကာမာသဝ၊ ဘဝါသဝ၊ ဒိဋ္ဌာသဝ၊ အဝိဇ္ဇာသဝဟု ၄ ပါး ပြား၏။
ဝတ္ထုအာရုံ၊ ကာမဂုဏ်တို့၌ တပ်မက်သော တဏှာကို ကာမာသဝဟု ခေါ်၏။
ရူပဈာန်၊ အရူပဈာန် နှင့် ထိုဈာန်၏ အကျိုးဝိပါက်ဟူသော ဘဝ၌ တပ်မက်နှစ်သက်မှု တဏှာကို ဘဝါသဝဟု ခေါ်၏။
၆၂ ပါးသော မိစ္ဆအယူကို ဒိဋ္ဌာသဝဟု ခေါ်၏။
သစ္စာ ၄ ပါး၊ ပုဗ္ဗန္တ၊ အပရန္တ၊ ပုဗ္ဗန္တာပရန္တ၊ ပဋိစ္စသမုပ္ပါဒ်ဟူသော ၈ ဌာနတို့၌ မသိမှု မောဟကို အဝိဇ္ဇာသဝဟု ခေါ်၏။
အာသဝတရားကိုယ် ၃ ပါး။ ။ အာသဝသည် တရားကိုယ်အားဖြင့် လောဘ၊ ဒိဋ္ဌိ၊ မောဟဟု ၃ ပါး ရှိ၏။
၁။ လောဘမူစိတ် ၈ ပါး၌ ယှဉ်သော လောဘစေတသိက်သည် ကာမာသဝ မည်၏။
၂။ ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄ ပါး၌ ယှဉ်သော လောဘစေတသိက်သည် ဘဝါသဝ မည်၏။
၃။ ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄ ပါး၌ ယှဉ်သော ဒိဋ္ဌိစေတသိက်သည် ဒိဋ္ဌာသဝ မည်၏။
၄။ အကုသိုလ်စိတ် ၁၂ ပါး၌ ယှဉ်သော မောဟစေတသိက်သည် အဝိဇ္ဇာသဝ မည်၏။
+++++++++++++++++++++++
ဩဃ။ ။ ဩဃသဒ္ဒါသည် ရေအလျဉ်ဟူသော အနက်ကို ဟော၏။ ဤနေရာ၌ ရေအလျဉ်နှင့် တူသောကြောင့် လောဘ၊ ဒိဋ္ဌိ၊ မောဟတို့ကို ဩဃဟု ခေါ်၏။
ရေအလျဉ်သည် သတ္တဝါတို့ကို လွှမ်းဖိနှစ်မြှုပ်၍ သတ်တတ်သကဲ့သို့ လောဘ၊ ဒိဋ္ဌိ၊ မောဟတို့သည် မိမိကိန်းရာ သတ္တဝါကို ဒုက္ခ၌ လွှမ်းဖိနှစ်မြှုပ်၍ သတ်ဖြတ်တတ်၏။
ဩဃတရားသည် ကာမောဃ၊ ဘဝေါဃ၊ ဒိဋ္ဌောဃ၊ အဝိဇ္ဇောဃဟု ၄ ပါး ပြား၏။
အမှာ။ ။ ဩဃ၊ ယောဂ တရားကိုယ်ကောက်ပုံမှာ အာသဝနှင့်တူ၏။
++++++++++++++++++
ယောဂ ။ ။ အရာဝတ္ထု နှစ်ခုကို အစေးဖြင့် ကပ်၍ စပ်ဟပ်ထားသကဲ့သို့ သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌ ခိုင်မြဲစွာ စပ်ဟပ်ပေးတတ်သောကြောင့် လောဘ၊ ဒိဋ္ဌိ၊ မောဟတို့ကို ယောဂဟုလည်း ခေါ်၏။
ယောဂ ၄ ပါး။ ။ ယောဂတရားသည် ကာမယောဂ၊ ဘဝယောဂ၊ ဒိဋ္ဌိယောဂ၊ အဝိဇ္ဇာယောဂဟု ၄ ပါး ပြား၏။
+++++++++++++++++++++
ဂန္ထ ။ ။ သံကွင်းချင်းဆက်၌ ဖွဲ့နှောင်ထားသကဲ့သို့ သတ္တဝါတို့၏ နာမကာယနှင့် ရူပကာယကို ပစ္စုပ္ပန်ကာယနှင့် အနာဂတ်ကာယကို ဝဋ်ဆင်းရဲမှ မထွက်ခွာရအောင်၊ မလွတ်မြောက်ရအောင် စုတေပြီးနောက် ပဋိသန္ဓေ၊ ပဋိသန္ဓေပြီးနောက် စုတိဟု ဆက်စပ်ပေးတတ်သောကြောင့် လောဘ၊ ဒေါသ၊ ဒိဋ္ဌိတို့ကို ဂန္ထဟု ခေါ်၏။
ဂန္ထ ၄ ပါး ။ ။ ဂန္ထသည် အဘိဇ္ဈာကာယဂန္ထ၊ ဗျာပါဒကာယဂန္ထ၊ သီလဗ္ဗတပရာမာသကာယဂန္ထ၊ ဣဒံသစ္စာဘိနိဝေသကာယဂန္ထ ဟု ၄ ပါး ပြား၏။
အာရုံ တစ်ခုခုကို ရှေးရှုကြံစည်ခြင်း၊ လိုချင်ခြင်း လောဘကို အဘိဇ္ဈာဟုခေါ်၏။
အထူး ။ ။ အကုသလ ကမ္မပထ၌ သူတစ်ပါး စည်းစိမ် ဥစ္စာကို မတရား လိုချင်သော လောဘသည်သာ အဘိဇ္ဈာမည်၏။ ဤ၌ အာရုံတစ်ခုခုကို ရှေးရှုကြံစည်ခြင်း၊ လိုချင်ခြင်း လောဘ ဟူသမျှသည် အဘိဇ္ဈာမည်၏။
စိတ်ဖောက်ပြန် ပျက်စီးခြင်းသို့ရောက်ကြောင်း ဒေါသကို ဗျာပါဒဟု ခေါ်၏။
အထူး ။ ။ အကုသလကမ္မပထ၌ သူတစ်ပါးကို သေစေလိုသော ဒေါသသည် ဗျာပါဒမည်၏။ ဤ၌ စိတ်ဖောက်ပြန် ပျက်စီးခြင်းသို့ ရောက်ကြောင်း ဒေါသမှန်သမျှသည် ဗျာပါဒမည်၏။
နွား၊ ခွေး စသည်တို့၏ အလေ့အကျင့်ကို ကျင့်လျှင် ကိလေသာမှလည်း စင်ကြယ်၏။ သံသရာမှလည်း လွတ်မြောက်နိုင်၏ဟု မှားယွင်းစွာ သုံးသပ်တတ်သော ဒိဋ္ဌိစေတသိက်ကို သီလဗ္ဗတပရာမသဟု ခေါ်၏။
အလွဲလွဲအမှားမှား ယူပြီးလျှင် ငါ့အယူသာမှန်သည်၊ ကျန် အယူအားလုံး အလွဲအမှားချည်း ဖြစ်သည်ဟု လွန်လွန်ကဲကဲ စွဲလန်းမှု ဒိဋ္ဌိစေတသိက်ကို ဣဒံသစ္စာဘိနိဝေသဟု ခေါ်၏။
+++++++++++++++++++++++++++
ဂန္ထတရားကိုယ် ၃ ပါး ။ ။ ဂန္ထသည် တရားကိုယ်အားဖြင့် လောဘ၊ ဒေါသ၊ ဒိဋ္ဌိဟု ၃ ပါး သာရှိ၏။
တရားကိုယ်ကောက်ပုံ
၁။ လောဘမူစိတ် ၈ ပါး၌ ယှဉ်သော လောဘစေတသိက်သည် အဘိဇ္ဈာကာယ ဂန္ထမည်၏။
၂။ ဒေါသမူဒွေ၌ယှဉ်သော ဒေါသစေတသိက်သည် ဗျာပါဒကာယဂန္ထ မည်၏။
၃။ ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄ ပါး၌ ယှဉ်သော ဒိဋ္ဌိစေတသိက်သည် သီလဗ္ဗတပရာမာသကာယဂန္ထ၊ ဣဒံသစ္စာဘိနိဝေသကာယဂန္ထ မည်၏။
++++++++++++++++++++++++
ဥပါဒါန်။ ။ မြွေက ဖားကို ဖမ်းထားသကဲ့သို့ မစွန့်လွှတ်နိုင်ဘဲ စွဲစွဲလန်းလန်း ခိုင်မြဲစွာ အာရုံပြုတတ်၊ ယူတတ်သောကြောင့် လောဘ၊ ဒိဋ္ဌိတို့ကို ဥပါဒါန်ဟု ခေါ်၏။
ဥပါဒါန် ၄ ပါး
ဥပါဒါန်သည် ကာမုပါဒါန်၊ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန်ဟု ၄ ပါး ပြား၏။
ငါးပါးအာရုံ ကာမဂုဏ်၌ စွဲလန်းတတ်သော လောဘစေတသိက်ကို ကာမုပါဒါန်ဟု ခေါ်၏။
သီလဗ္ဗတပရာမာသ၊ အတ္တဝါဒ ဒိဋ္ဌိတို့မှတစ်ပါး ကျန်ဒိဋ္ဌိအမျိုးမျိုးကို ဒိဋ္ဌုပါဒါန်ဟု ခေါ်၏။
အတ္တရှိ၏ဟု ပြောဆိုစွဲလန်းမှု ဒိဋ္ဌိစေတသိက်ကို အတ္တဝါဒုပါဒါန်ဟု ခေါ်၏။
+++++++++++++++++++++++
ဥပါဒါန် တရားကိုယ် ၂ ပါး ။ ။ ဥပါဒါန်သည် တရားကိုယ်အားဖြင့် လောဘ၊ ဒိဋ္ဌိဟု နှစ်ပါးသာ ရှိ၏။
တရားကိုယ်ကောက်ပုံ
၁။ လောဘမူစိတ် ၈ ပါး၌ယှဉ်သော လောဘစေတသိက်သည် ကာမုပါဒါန် မည်၏။
၂။ ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄ ပါး၌ယှဉ်သော ဒိဋ္ဌိစေတသိက်သည် ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန် မည်၏။
++++++++++++++++++++++++++++
နီဝရဏ ။ ။ ဈာန်စသော ကုသိုလ်စိတ်များ ဖြစ်ခွင့်မရအောင် တားမြစ်ပိတ်ပင် တတ်သောကြောင့် လောဘ၊ ဒေါသစသော တရားတို့ကို နီဝရဏဟု ခေါ်၏။
နီဝရဏ ၆ ပါး
နီဝရဏသည် ကာမစ္ဆန္ဒနီဝရဏ၊ ဗျာပါဒနီဝရဏ၊ ထိနမိဒ္ဓ နီဝရဏ၊ ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ၊ ဝိစိကိစ္ဆာနီဝရဏ၊ အဝိဇ္ဇာနီဝရဏဟု ၆ ပါး ပြား၏။
ငါးပါးအာရုံ ကာမဂုဏ်ကို လိုချင်နှစ်သက်မှုလောဘ စေတသိက်ကို ကာမစ္ဆန္ဒနီဝရဏဟု ခေါ်၏။ ကြွင်းသော နီဝရဏတရားများမှ ထင်ရှားပြီ။
နီဝရဏတရားကိုယ် ၈ ပါး။ ။ နီဝရဏသည် တရားကိုယ်အားဖြင့် လောဘ၊ ဒေါသ၊ ထိန၊ မိဒ္ဓ၊ ဥဒ္ဓစ္စ၊ ကုက္ကုစ္စ၊ ဝိစိကိစ္ဆာ၊ မောဟဟု ၈ ပါး ရှိ၏။
တရားကိုယ်ကောက်ပုံ
၁။ လောဘမူစိတ် ၈ ပါး၌ယှဉ်သော လောဘစေတသိက်သည် ကာမစ္ဆန္ဒနီဝရဏ မည်၏။
၂။ ဒေါသမူဒွေ၌ယှဉ်သော ဒေါသစေတသိက်သည် ဗျာပါဒနီဝရဏ မည်၏။
၃။ သသင်္ခါရိကစိတ် ၅ ပါး၌ယှဉ်သော ထိနစေတသိက်သည် ထိနနီဝရဏ မည်၏။
၄။ သသင်္ခါရိကစိတ် ၅ ပါး၌ယှဉ်သော မိဒ္ဓစေတသိက်သည် မိဒ္ဓနီဝရဏ မည်၏။
၅။ အကုသိုလ်စိတ် ၁၂ ပါး၌ယှဉ်သော ဥဒ္ဓစ္စစေတသိက်သည် ဥဒ္ဓစ္စနီဝရဏ မည်၏။
၆။ ဒေါသမူဒွေ၌ယှဉ်သော ကုက္ကုစ္စစေတသိက်သည် ကုက္ကုစ္စနီဝရဏ မည်၏။
၇။ ဝိစိကိစ္ဆာသဟဂုတ်စိတ်၌ယှဉ်သော ဝိစိကိစ္ဆာစေတသိက်သည် ဝိစိကိစ္ဆာနီဝရဏ မည်၏။
၈။ အကုသိုလ်စိတ် ၁၂ ပါး၌ယှဉ်သော မောဟစေတသိက်သည် အဝိဇ္ဇာနီဝရဏ မည်၏။
++++++++++++++++++++++
(မှတ်။ ။ အကုသလသင်္ဂဟပိုင်း ကျန်တဲ့အပိုင်းတွေကို ပို့စ် စာမျက်နှာ အခက်အခဲကြောင့် ခေါင်းစဉ်လေးတွေပဲ ဖော်ပြပါတော့မည်။)
++++++++++++++++++
အနုသယ။ ။ သတ္တဝါတို့၏ သန္ထာန်၌ အစဉ်တစိုက် ကိန်းအောင်း ပါဝင်နေသော ကိလေသာကို အနုသယဟုခေါ်၏။
အနုသယ ရ ပါး။ ။ ကာမာရာဂါနုသယ၊ ဘဝရာဂါနုသယ၊ ပဋိဃာနုသယ၊ မာနာနုသယ၊ ဒိဋ္ဌာနုသယ၊ ဝိစိကိစ္ဆာနုသယ၊ အဝိဇ္ဇာနုသယ။
တရားကိုယ် ၆ ပါး။ ။ အနုသယသည် တရားကိုယ်အားဖြင့် လောဘ၊ ဒေါသ၊ မာန၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ မောဟဟု ၆ ပါး ရှိ၏။
+++++++++++++++++++
သံယောဇဉ်။ ။ သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် ကြိုးဖြင့်ချည်နှောင် ထားသကဲ့သို့ ချည်နှောင်တတ်သော တရားတို့ကို သံယောဇဉ်ဟု ခေါ်၏။ ကြိုးနှင့်တူသော တရားဟူလို။
သုတ္တန်နည်းသံယောဇဉ် ၁၀ ပါး။ ။ ကာမရာဂသံယောဇဉ်၊ ရူပရာဂသံယောဇဉ်၊ အရူပရာဂသံယောဇဉ်၊ ပဋိဃသံယောဇဉ်၊ မာနသံယောဇဉ်၊ ဒိဋ္ဌိသံယောဇဉ်၊ သီလဗ္ဗတပရာမာသသံယောဇဉ်၊ ဝိစိကိစ္ဆာသံယောဇဉ်၊ ဥဒ္ဓစ္စသံယောဇဉ်၊ အဝိဇ္ဇာသံယောဇဉ်။
အဘိဓမ္မာနည်း သံယောဇဉ် ၁၀ ပါး။ ။ ကာမရာဂသံယောဇဉ်၊ ဘဝရာဂသံယောဇဉ်၊ ပဋိဃသံယောဇဉ်၊ မာနသံယောဇဉ်၊ ဒိဋ္ဌိသံယောဇဉ်၊ သီလဗ္ဗတပရာမာသသံယောဇဉ်၊ ဝိစိကိစ္ဆာသံယောဇဉ်၊ ဣဿာသံယောဇဉ်၊ မစ္ဆရိယသံယောဇဉ်၊ အဝိဇ္ဇာသံယောဇဉ်။
++++++++++++++++
ကိလေသာ။ ။ စိတ်ကို ပူလောင်စေတတ်၊ နှိပ်စက်တတ်သောကြောင့်လည်းကောင်း၊ စိတ်ကို ပြောင်လက်လက် မဖြစ်စေဘဲ၊ ညစ်ပေအောင် ပြုလုပ်တတ်သောကြောင့်လည်းကောင်း၊ လောဘ၊ ဒေါသ စသည်တို့ကို ကိလေသာဟု ခေါ်၏။
ကိလေသာ ၁၀ ပါး။ ။ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ ထိန၊ ဥဒ္ဓစ္စ၊ အဟိရိက၊ အနောတ္တပ္ပ။
တစ်ထောင့်ငါးရာ ကိလေသာ။ ။ ကိလေသာ၏ အာရုံဖြစ်သော တရားသည် စိတ် ၁ ပါး၊ စေတသိက် ၅၂ ပါး၊ နိပ္ဖန္နရုပ် ၁၈ ပါး၊ လက္ခဏရုပ် ၄ ပါး = ပေါင်း ၇၅ ပါး ဖြစ်၏။
ထို ၇၅ ပါးကို တည်လျက် အဇ္ဈတ္တသန္တာန်၌ ဖြစ်သော အာရုံ၊ ဗဟိဒ္ဓသန္တာန်၌ ဖြစ်သော အာရုံဟု သန္တာန် ၂ ပါးဖြင့် မြှောက် (၇၅ x ၂) = ၁၅၀ ဖြစ်၏။
ကိလေသာ ၁၀ ပါးတို့သည် ထို ၁၅၀ သော အာရုံကို အသီးအသီး အာရုံပြုနိုင်သောကြောင့် ယင်း ၁၅၀ ကိုတည်လျက် ကိလေသာ ၁၀ ပါးဖြင့် မြှောက်လျှင် (၁၅၀ x ၁၀) = ၁၅၀၀ ဖြစ်၏။ ယင်းကိုပင် ၁၅၀၀ ကိလေသာဟု ဆိုကြ၏။
ဒီနေ့တရားအညွှန်း နားပါဦးမည်။
ကောင်းစွာ ဆက်လက်နာယူမှတ်သား သင်ယူနိုင်ကြပါစေ။
TNO(20.5.2020)
Thein Naing Ohn
သမုစ္စည်းပိုင်း (သမုစ္စယ) ၊ အပိုင်း (၂)
==============
အရှင်ဝါယာမသာရ _ Ashin Wayamasara ၊
သာသနာဓဇဓမ္မာစရိယ M.A.Q ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ၊
(သာသနာရေးဝန်ကြီးဌာန) (ကမ္ဘာအေး)
အဘိဓမ္မာ၊ ဋီကာ၊ ဝိသုဒ္ဓိမဂ် သင်တန်း (သင်တန်းမှူးဆရာတော်)
+++++++++++++++
သံယောဇဉ်။ ။ သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် ကြိုးဖြင့်ချည်နှောင် ထားသကဲ့သို့ ချည်နှောင်တတ်သော တရားတို့ကို သံယောဇဉ်ဟု ခေါ်၏။ ကြိုးနှင့်တူသော တရားဟူလို။
သုတ္တန်နည်းသံယောဇဉ် ၁၀ ပါး။ ။ ကာမရာဂသံယောဇဉ်၊ ရူပရာဂသံယောဇဉ်၊ အရူပရာဂသံယောဇဉ်၊ ပဋိဃသံယောဇဉ်၊ မာနသံယောဇဉ်၊ ဒိဋ္ဌိသံယောဇဉ်၊ သီလဗ္ဗတပရာမာသသံယောဇဉ်၊ ဝိစိကိစ္ဆာသံယောဇဉ်၊ ဥဒ္ဓစ္စသံယောဇဉ်၊ အဝိဇ္ဇာသံယောဇဉ်။
ရူပဈာန်နှင့် ထိုဈာန်၏ အကျိုးဝိပါက်၌ နှစ်သက်မှု တဏှာကို ရူပရာဂ သံယောဇဉ်ဟု ခေါ်၏။
အရူပဈာန်နှင့် ထိုဈာန်၏ အကျိုးဝိပါက်၌ နှစ်သက်မှု တဏှာကို အရူပရာဂ သံယောဇဉ်ဟု ခေါ်၏။
ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄ ပါး၌ ယှဉ်သော လောဘစေတသိက်သည် ရူပရာဂ သံယောဇဉ်၊ အရူပရာဂ သံယောဇဉ် မည်၏။ အကြွင်းမှာ ထင်ရှားပြီ။
တရားကိုယ် ၇ ပါး။ ။ သုတ္တန်နည်း သံယောဇဉ်သည် လောဘ၊ ဒေါသ၊ မာန၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ ဥဒ္ဓစ္စ၊ မောဟ ဟု တရားကိုယ်အားဖြင့် ၇ ပါးသာရှိ၏။
အဘိဓမ္မာနည်း သံယောဇဉ် ၁၀ ပါး။ ။ ကာမရာဂသံယောဇဉ်၊ ဘဝရာဂသံယောဇဉ်၊ ပဋိဃသံယောဇဉ်၊ မာနသံယောဇဉ်၊ ဒိဋ္ဌိသံယောဇဉ်၊ သီလဗ္ဗတပရာမာသသံယောဇဉ်၊ ဝိစိကိစ္ဆာသံယောဇဉ်၊ ဣဿာသံယောဇဉ်၊ မစ္ဆရိယသံယောဇဉ်၊ အဝိဇ္ဇာသံယောဇဉ်။
တရားကိုယ် ၈ ပါး ။ ။ အဘိဓမ္မာနည်း သံယောဇဉ်တရားကိုယ်မှာ လောဘ၊ ဒေါသ၊ မာန၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ ဣဿာ၊ မစ္ဆရိယ၊ မောဟ ဟု ၈ ပါးရှိ၏။
မှတ်ချက်။ ။ နဝသံယောဇနာ၌ နဝအရ --
လောဘ၊ ဒေါသ၊ မာန၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ ဥဒ္ဓစ္စ၊ ဣဿာ၊ မစ္ဆရိယ၊ မောဟ ဟူ၍ သုတ္တန်နည်း၊ အဘိဓမ္မာနည်း ၂ ပါးကို ရောနှော ပေါင်းစပ်၍ ၉ ပါး ဖြစ်လာရ၏။
++++++++++++++++++
ကိလေသာ။ ။ စိတ်ကို ပူလောင်စေတတ်၊ နှိပ်စက်တတ်သောကြောင့်လည်းကောင်း၊ စိတ်ကို ပြောင်လက်လက် မဖြစ်စေဘဲ၊ ညစ်ပေအောင် ပြုလုပ်တတ်သောကြောင့်လည်းကောင်း၊ လောဘ၊ ဒေါသ စသည်တို့ကို ကိလေသာဟု ခေါ်၏။
ကိလေသာ ၁၀ ပါး။ ။ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ ထိန၊ ဥဒ္ဓစ္စ၊ အဟိရိက၊ အနောတ္တပ္ပ။
ကိလေသာ အမည်မရသော အကုသိုလ်စေတသိက်များ။ ။ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ၊ မိဒ္ဓ
တစ်ထောင့်ငါးရာ ကိလေသာ။ ။ ကိလေသာ၏ အာရုံဖြစ်သော တရားသည် စိတ် ၁ ပါး၊ စေတသိက် ၅၂ ပါး၊ နိပ္ဖန္နရုပ် ၁၈ ပါး၊ လက္ခဏရုပ် ၄ ပါး = ပေါင်း ၇၅ ပါး ဖြစ်၏။
ထို ၇၅ ပါးကို တည်လျက် အဇ္ဈတ္တသန္တာန်၌ ဖြစ်သော အာရုံ၊ ဗဟိဒ္ဓသန္တာန်၌ ဖြစ်သော အာရုံဟု သန္တာန် ၂ ပါးဖြင့် မြှောက် (၇၅ x ၂) = ၁၅၀ ဖြစ်၏။
ကိလေသာ ၁၀ ပါးတို့သည် ထို ၁၅၀ သော အာရုံကို အသီးအသီး အာရုံပြုနိုင်သောကြောင့် ယင်း ၁၅၀ ကိုတည်လျက် ကိလေသာ ၁၀ ပါးဖြင့် မြှောက်လျှင် (၁၅၀ x ၁၀) = ၁၅၀၀ ဖြစ်၏။ ယင်းကိုပင် ၁၅၀၀ ကိလေသာဟု ဆိုကြ၏။
ကိလေသာအဆင့် ၃ မျိုး
(၁) ဝိတိက္ကမကိလေသာ (လွန်ကျူးသည့် ကိလေသာ)
(၂) ပရိယုဋ္ဌာနကိလေသာ (ထကြွဆူပွက်နေသောကိလေသာ)
(၃) အနုသယကိလေသာ (မျိုးဗီဇ ဓာတ်သဖွယ် ကိန်းနေသော ကိလေသာ)
+++++++++++++++++++++++
တစ်ထောင့်ငါးရာ ကိလေသာ ဆောင်ပုဒ်။ ။
နာမ်တေပညံ၊ ရုပ်နိပ္ဖန်၊ လက္ခဏံ ရုပ်လေး (၇၅)
သန္တာန်နှစ်ဝ၊ မြှောက်ဆင့်က၊ တစ်ရာ့ငါးဆယ်ရေ (၇၅ x ၂ = ၁၅၀)
ဆယ်ကိလေသာ၊ မြှောက်ဆင့်ကာ၊ ငါးရာတစ်ထောင်တွေး။ (၁၅၀ x ၁၀ = ၁၅၀၀)
++++++++++++++++++++++
တဏှာအစစ်၊ တစ်ရာရှစ်
တဏှာ ၃ တန်၊ တည်ထားပြန်၊ အာ + ကာ + သန်နှင့်မြှောက် (၃ x ၆ = ၁၈)
တဏှာအစစ်၊ တစ်ရာ့ရှစ်၊ ဖြစ်၏ကိုယ်မှာရောက် (၁၈ x ၃ = ၅၄)
(၅၄ x ၂ = ၁၀၈)
(တဏှာ ၃ တန် = ကာမတဏှာ၊ ဘဝတဏှာ၊ ဝိဘဝတဏှာ။)
(အာ = အာရုံ ၆ ပါး၊ ကာ = ကာလ ၃ ပါး၊ သန် = သန္တာန် ၂ ပါး)
+++++++++++++++++++++++++++++
အကုသလသင်္ဂဟအချုပ်
အကုလသင်္ဂဟ၌ တရားကိုယ်ယူပုံမှာ - ကာမ၊ ဘဝ၊ ရာဂ၊ အဘိဇ္ဈာ၊ ကာမစ္ဆန္ဒ၊ အမည်မာျးကို လောဘဟု၎င်း။
ဗျာပါဒ၊ ပဋိဃ၊ အမည်များကို ဒေါသဟု ၎င်း။
သီလဗ္ဗတပရာမာသ၊ ဣဒံသစ္စာဘိနိဝေသ၊ အတ္တဝါဒုပါဒါန် အမည်များကို ဒိဋ္ဌိဟု၎င်း တရားကိုယ် ကောက်ပါ။
+++++++++++++++++++++++++++++++++++++++++++++++++++++++++++
မိဿကသင်္ဂဟ (ကု + အကု + အဗျာကတ၊ ရောရာအခန်း)
ဟိတ် ၆ ပါး။ ။ လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟ ဟု ဟိတ် ၆ ပါး။
၎င်း ဟိတ် ၆ ပါးကို ရေသောက်မြစ်နှင့် ခိုင်းနှိုင်းပါသည်။ ရေသောက်မြစ်သည် မိမိနှင့်တကွဖြစ်သော သစ်ပင်ကို ခိုင်မြဲ စည်ပင်စေရန် ကူညီထောက်ပံ့သကဲ့သို့၊ ထို့အတူ မိမိနှင့်အတူတကွ ဖြစ်ကြသော ရုပ်နာမ်တရားတို့ကို ခိုင်မာ ပြန့်ပွားစေရန် ထောက်ပံ့ကျေးဇူးပြုတတ်သော တရားကို ဟေတု - ဟိတ်ဟု ခေါ်၏။ တရားကိုယ်ကောက်ပုံ ထင်ရှား၏။
+++++++++++++++++++++
ဈာနင်္ဂ ။ ။ ဆိုင်ရာအာရုံကို စူးစူးစိုက်စိုက် အာရုံပြုတတ်၊ ရှုတတ်သော ဝိတက်၊ ဝိစာရ စသော တရားအပေါင်းကို ဈာန်ဟုခေါ်၏။ ထိုဈာန်အပေါင်း၏ တစ်ခုစီ တစ်ခုစီသော အစိတ်အစိတ် အင်္ဂါများကို ဈာန်အင်္ဂါဟု ခေါ်၏။
ဈာနင်္ဂ ၇ ပါး။ ။ ဈာနင်္ဂသည် ဝိတက်၊ ဝိစာရ၊ ပီတိ၊ ဧကဂ္ဂတာ၊ သောမနဿ၊ ဒေါမနဿ၊ ဥပေက္ခာ ၇ ပါး ပြား၏။
တရားကိုယ် ၅ ပါး။ ။ ဝိတက်, ဝိစာရ, ပီတိ, ဧကဂ္ဂတာ, ဝေဒနာဟု ဈာနင်တရားကိုယ် ၅ ပါးသာ ရှိ၏။
တရားကိုယ်ကောက်ပုံ
၁။ ဝိတက်ယှဉ်ကာစိတ် ၅၅ ပါး၌ ယှဉ်သော ဝိတက်စေတသိက်သည် ဝိတက်ဈာနင် မည်၏။
၂။ ဝိစာရယှဉ်ရာစိတ် ၆၆ ပါး၌ ယှဉ်သော ဝိစာရစေတသိက်သည် ဝိစာရဈာနင် မည်၏။
၃။ ပီတိယှဉ်ရာစိတ် ၅၁ ပါး၌ ယှဉ်သော ပီတိစေတသိက်သည် ပီတိဈာနင် မည်၏။
၄။ ဒွေပဉ္စဝိညာဏ် ၁၀။ ကြဉ်သော စိတ် ၇၉ ပါး၌ယှဉ်သော ဧကဂ္ဂတာစေတသိက်သည် ဧကဂ္ဂတာဈာနင် မည်၏။
၅။ သောမနဿသဟဂုတ်စိတ် ၆၂ ပါး၌ ယှဉ်သော ဝေဒနာစေတသိက်သည် သောမနဿဈာနင် မည်၏။
၆။ ဒေါသမူဒွေ၌ ယှဉ်သော ဝေဒနာစေတသိက်သည် ဒေါမနဿဈာနင် မည်၏။
၇။ စက္ခုဝိညာဏ်ဒွေ၊ သောတဝိညာဏ်ဒွေ၊ ဃာနဝိညာဏ်ဒွေ၊ ဇိဝှါဝိညာဏ်ဒွေ ကြဉ်သော ဥပေက္ခာသဟဂုတ်စိတ် ၄၇ ပါး၌ ယှဉ်သော ဝေဒနာစေတသိက်သည် ဥပေက္ခာဈာနင် မည်၏။
မှတ်ချက်။ ။ ဧကဂ္ဂတာစေတသိက်သည် စိတ်အားလုံးနှင့် ယှဉ်သော်လည်း “ပဉ္စဝိညာဏေသု ဈာနင်္ဂါနိ၊ ဒွေပဉ္စဝိညာဏ် ၁၀ ၌ ဈာနင် တရားကိုယ် မကောက်ရဟူသော သတ်မှတ်ချက် စကားအရ ဒွေပဉ္စဝိညာဏ် ၁၀ ကို ကြဉ် ကောက်ရ၏။
+++++++++++++++++++++++
မဂ္ဂင်္ဂ ။ ။ သုဂတိဘုံ၊ ဒုဂ္ဂတိဘုံသို့ သွားရောက်ဖို့ရာ လမ်းကြောင်းဖြစ်သောတရားအပေါင်းကို မဂ္ဂင်ဟု ခေါ်၏။ မှန်၏။ သမ္မာဒိဋ္ဌိစသော တရားအပေါင်းသည် သုဂတိဘုံသို့ သွားရောက်ဖို့ရာ လမ်းကြောင်း ဖြစ်၏။ မိစ္ဆာဒိဋ္ဌိစသော တရားအပေါင်းသည် ဒုဂ္ဂတိဘုံသို့ သွားရောက်ဖို့ရာ လမ်းကြောင်းဖြစ်၏။
ထိုမဂ္ဂမည်သော တရားအပေါင်း၏ တစ်ခုတစ်ခုစီသော အစိတ်အစိတ် အင်္ဂါများကို မဂ္ဂင်ဟု ခေါ်၏။
မဂ္ဂင် ၁၂ ပါး ။ ။ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ၊ မိစ္ဆာဒိဋ္ဌိ၊ မိစ္ဆာသင်္ကပ္ပ၊ မိစ္ဆာဝါယာမ၊ မိစ္ဆာသမာဓိ ဟု ၁၂ ပါး ပြား၏။
မဂ္ဂင်တရားကိုယ် ၉ ပါး။ ။ မဂ္ဂင်သည် တရားကိုယ်အားဖြင့် ပညာ၊ ဝိတက်၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ ဝီရိယ၊ သတိ၊ ဧကဂ္ဂတာ၊ ဒိဋ္ဌိ ဟု ၉ ပါး သာ ရှိ၏။
+++++++++++++++++++++++++++++++++++++
ဣန္ဒြေ ။ ။ မိမိဆိုင်ရာကိစ္စ၌ အလွန်အစိုးရသော၊ မိမိနှင့် သက်ဆိုင်သော တရားများကို မိမိအလိုအတိုင်း ဖြစ်စေနိုင်သော တရားများကို ဣန္ဒြေဟု ခေါ်၏။
ဣန္ဒြေ ၂၂ ပါး ။ ။ စက္ခုန္ဒြေ၊ သောတိန္ဒြေ၊ ဃာနိန္ဒြေ၊ ဇိဝှိန္ဒြေ၊ ကာယိန္ဒြေ၊ ဣတ္ထိန္ဒြေ၊ ပုရိသိန္ဒြေ၊ ဇီဝိတိန္ဒြေ၊ မနိန္ဒြေ၊ သုခိန္ဒြေ၊ ဒုက္ခိန္ဒြေ၊ သောမနဿိန္ဒြေ၊ ဒေါမနဿိန္ဒြေ၊ ဥပေက္ခိန္ဒြေ၊ သဒ္ဓိန္ဒြေ၊ ဝီရိယိန္ဒြေ၊ သတိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေ၊ အနညာတညဿာမီတိန္ဒြေ၊ အညိန္ဒြေ၊ အညာတာဝိန္ဒြေ။
(မှတ်ချက်။ ။ ဣန္ဒြေနဲ့ပတ်သက်လို့ ကျနော်ဇယားလေး တစ်ခု comment မှာ ထည့်ပေးပါမယ်။ ဒီမှာ အကျယ်မရှင်းတော့ပါ။ ဆရာတော်ဟောတာကိုသာ နာယူကြပါ။)
++++++++++++++++++++++++++++++++++++++
ဗိုလ် ၉ ပါး ။ ။ သဒ္ဓါဗိုလ်၊ ဝီရိယဗိုလ်၊ သတိဗိုလ်၊ သမာဓိဗိုလ်၊ ပညာဗိုလ်၊ ဟိရိဗိုလ်၊ ဩတ္တပ္ပဗိုလ်၊ အဟိရိကဗိုလ်၊ အနောတ္တပ္ပဗိုလ်။
တရားကိုယ်ကောက်ပုံ
၁။ သောဘနစိတ်တစ်ခုယုတ် ခြောက်ဆယ်၌ရှိသော ဟိရိစေတသိက်သည် ဟိရိဗိုလ်မည်၏။
၂။ သောဘနစိတ် တစ်ခုယုတ် ခြောက်ဆယ်၌ရှိသော ဩတ္တပ္ပစေတသိက်သည် ဩတ္တပ္ပဗိုလ်မည်၏။
၃။ အကုသိုလ်စိတ် ၁၂ ပါး၌ရှိသော အဟိရိကစေတသိက်သည် အဟိရိကဗိုလ်မည်၏။
၄။ အကုသိုလ်ဟိတ် ၁၂ ပါး၌ရှိသော အနောတ္တပ္ပစေတသိက်သည် အနောတ္တပ္ပဗိုလ်မည်၏။
မှတ်ချက်။ ။ သဒ္ဓါဗိုလ်၊ သတိဗိုလ်တို့၏ တရားကိုယ်ကောက်ပုံသည် သဒ္ဓိန္ဒြေ၊ သတိန္ဒြေတို့နှင့် တူ၏။ ဝီရိယဗိုလ်သည် ဝီရိယိန္ဒြေနှင့်တူ၏။ သမာဓိဗိုလ်သည် သမာဓိန္ဒြေနှင့်တူ၏။ ပညာဗိုလ်သည် ပညိန္ဒြေနှင့်တူ၏။
++++++++++++++++++++++++++++++++++
အဓိပတိ ၄ ပါး ။ ။ ဆန္ဒာဓိပတိ၊ ဝီရိယာဓိပတိ၊ စိတ္တာဓိပတိ၊ ဝီမံသာဓိပတိ။
တရားကိုယ်ကောက်ပုံ
၁။ ဒွိဟိတ်ဇော ၁၈၊ တိဟိတ်ဇော ၃၄ ပါး၌ယှဉ်သော ဆန္ဒစေတသိက်သည် ဆန္ဒာဓိပတိမည်၏။
၂။ ဒွိဟိတ်ဇော ၁၈၊ တိဟိတ်ဇော ၃၄ ပါး၌ရှိသော ဝီရိယစေတသိက်သည် ဝီရိယာဓိပတိမည်၏။
၃။ ဒွိဟိတ်ဇော ၁၈၊ တိဟိတ်ဇော ၃၄ ပါးသည် စိတ္တာဓိပတိမည်၏။
၄။ တိဟိတ်ဇော ၃၄ ပါး၌ရှိသော ပညာစေတသိက်သည် ဝီမံသာဓိပတိမည်၏။
++++++++++++++++++++++++
အဓိပတိနှင့်ဣန္ဒြေအထူး
အဓိပတိသည် စကြဝတေးမင်းနှင့်တူ၏။ ပြိုင်ဘက်မရှိ၊ အားလုံးကို စိုးမိုးအုပ်ချုပ်၏။ ဣန္ဒြေသည် ပဒေသရာဇ်မင်းနှင့်တူ၏။ တစ်ပါးသောမင်းတို့၏ အစိုးရမှုကို မတားမြစ်ပဲ မိမိနှင့်ဆိုင်ရာ နယ်ပယ် ကိုသာ စိုးမိုးအုပ်ချုပ်၏။
ထို့အတူ -- အဓိပတိတရားတစ်ပါးပါးဖြစ်လျှင် အခြားတရားတို့ကို ဖြစ်ခွင့်မပေးပဲ ပြိုင်ဘက်မရှိ အစိုးရတတ်သောကြောင့် အဓိပတိဟူ၍ ခေါ်သည်။
+++++++++++++++++++++
ဒီနေ့တရားအညွှန်း နားပါဦးမည်။
ကောင်းစွာ ဆက်လက်နာယူမှတ်သား သင်ယူနိုင်ကြပါစေ။
TNO(21.5.2020)
Thein Naing Ohn
သမုစ္စည်းပိုင်း (သမုစ္စယ) ၊ အပိုင်း (၃)
==============
အရှင်ဝါယာမသာရ _ Ashin Wayamasara ၊
သာသနာဓဇဓမ္မာစရိယ M.A.Q ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ၊
(သာသနာရေးဝန်ကြီးဌာန) (ကမ္ဘာအေး)
အဘိဓမ္မာ၊ ဋီကာ၊ ဝိသုဒ္ဓိမဂ် သင်တန်း (သင်တန်းမှူးဆရာတော်)
+++++++++++++++
ဗောဓိပက္ခိယ သင်္ဂဟ
မဂ်ဉာဏ်၏ အသင်းအပင်းဖြစ်သော တရားတို့ကို ဗောဓိပက္ခိယတရားဟု ခေါ်၏။ ဗုဒ္ဓဘာသာဝင်တို့၏ နောက်ဆုံးပန်းတိုင်သည နိဗ္ဗာန်ဖြစ်၏။ ထိုနိဗ္ဗာန်ကို မဂ်ဉာဏ် ၄ ပါးဖြင့်သာ မျက်မှောက်ပြု (မြင်) နိုင်၏။ မဂ်ဉာဏ်ရအောင် ပွားများရမည့်တရားများကား ဗောဓိပက္ခိယတရား (၃၇) ပါး ဖြစ်၏။
သတိပဋ္ဌာန်။ ။ မိမိဆိုင်ရာအာရုံ၌ လွန်လွန်ကဲကဲ စွဲမြဲစွာ တည်သော သတိထူးကို သတိပဋ္ဌာန်ဟု ခေါ်၏။
သတိပဋ္ဌာန် ၄ ပါး။ ။ ကာကာနုပဿနာ သတိပဋ္ဌာန်၊ ဝေဒနာနုပဿနာ သတိပဋ္ဌာန်၊ စိတ္တာနုပဿနာ သတိပဋ္ဌာန်၊ ဓမ္မာနုပဿနာ သတိပဋ္ဌာန်။
တရားကိုယ်ကောက်ပုံ
ဗောဓိပက္ခိယတရားကို တရားကိုယ်ကောက်ရာ၌ “သဗ္ဗလောကုတ္တရေဟောန္တိ” စသော ဂါထာနှင့်အညီ မဂ်ဖိုလ်နှင့်ယှဉ်သော တရားကိုလည်းကောင်း၊ မဂ်ဖိုလ်၏ ရှေ့သွားဖြစ်သော လောကီကုသိုလ်၊ ကြိယာတို့နှင့် ယှဉ်ခိုက် တရားများကိုလည်းကောင်း ထိုက်သလို ကောက်ယူရမည်။
မဟာကုသိုလ်၊ မဟာကြိယာ၊ အပ္ပနာဇောဆဗ္ဗီသ၌ရှိသော သတိစေတသိက်သည် သတိပဋ္ဌာန်မည်၏။
သမ္မပ္ပဓာန်။ ။ ကောင်းစွာ အားထုတ်မှုကို သမ္မပ္ပဓာန်ဟု ခေါ်၏။
သမ္မပ္ပဓာန် ၄ ပါး
၁။ ဖြစ်ပြီးအကုသိုလ်ကို ပယ်ရန် လုံ့လပြုခြင်း
၂။ မဖြစ်သေးသော အကုသိုလ်ကို မဖြစ်ရန် လုံ့လပြုခြင်း
၃။ မဖြစ်သေးသော ကုသိုလ်ကို ဖြစ်ရန် လုံ့လပြုခြင်း
၄။ ဖြစ်ပြီးကုသိုလ် ပိုဖြစ်ရန် လုံလပြခြင်း
တရားကိုယ်ကောက်ပုံ။ ။ ကုသိုလ်စိတ် ဧကဝီသ၌ရှိသော ဝီရိယ စေတသိက်သည် သမ္မပ္ပဓာန် မည်၏။
မှတ်ချက်။ ။ ဤသမ္မပ္ပဓာန် ကိစ္စ ၄ ပါးသည် ရဟန္တာများနှင့် မသက်ဆိုင်တော့ပါ။ ထို့ကြောင့် ရဟန္တာများသန္တာန်၌သာဖြစ်သော ကြိယာစိတ်၌ရှိသော ဝီရိယကို သမ္မပ္ပဓာန် တရားကိုယ်အရ မကောက်ရ။
ဖိုလ်ဝိပါက်စိတ်သည်လည်း သမ္မပ္ပဓာန်ကိစ္စ ၄ ပါးကို မဆောင်ရွက်နိုင်သောကြောင့် ဖိုလ်စိတ်၌ရှိသော ဝီရိယကို သမ္မပ္ပဓာန်တရားကိုယ် မကောက်ရ။
ဣဒ္ဓိပါဒ်။ ။ ပြီးစီးထမြောက်သော ဈာန်၊ မဂ်၊ ဖိုလ် တည်းဟူသော အကျိုးတို့၏ အခြေခံ အကြောင်းတရားများကို ဣဒ္ဓိပါဒ်ဟု ခေါ်၏။
ဣဒ္ဓိပါဒ် ၄ ပါး။ ။ ဆန္ဒိဒ္ဓိပါဒ်၊ ဝီရိယိဒ္ဓိပါဒ်၊ စိတ္တိဒ္ဓိပါဒ်၊ ဝီမံသိဒ္ဓိပါဒ်။
တရားကိုယ်ကောက်ပုံ
၁။ ကုသိုလ်စိတ် ဧကဝီသ၌ရှိသော ဆန္ဒစေတသိက်သည် ဆန္ဒိဒ္ဓိပါဒ် မည်၏။
၂။ ကုသိုလ်စိတ် ဧကဝီသ၌ရှိသော ဝီရိယစေတသိက်သည် ဝီရိယိဒ္ဓိပါဒ် မည်၏။
၃။ ကုသိုလ်စိတ် ဧကဝီသသည် စိတ္တိဒ္ဓိပါဒ် မည်၏။
၄။ တိဟိတ်ကုသိုလ်စိတ် ၁၇ ပါး၌ရှိသော ပညာစေတသိက်သည် ဝီမံသိဒ္ဓိပါဒ် မည်၏။
ဣန္ဒြေ ၅ ပါး။ ။ သဒ္ဓိန္ဒြေ၊ ဝီရိယန္ဒြေ၊ သတိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေ။
တရားကိုယ်ကောက်ပုံ
၁။ မဟာကုသိုလ်စိတ် ၈ ပါး၊ မဟာကြိယာစိတ် ၈ ပါး၊ အပ္ပနာဇော ၂၆ ပါးတို့၌ရှိသော သဒ္ဓါစေတသိက်သည် သဒ္ဓိန္ဒြေ မည်၏။
၂။ မဟာကုသိုလ်စိတ် ၈ ပါး၊ မဟာကြိယာစိတ် ၈ ပါး၊ အပ္ပနာဇော ၂၆ ပါးတို့၌ရှိသော ဝီရိယစေတသိက်သည် ဝီရိယိန္ဒြေ မည်၏။
၃။ မဟာကုသိုလ်စိတ် ၈ ပါး၊ မဟာကြိယာစိတ် ၈ ပါး၊ အပ္ပနာဇော ၂၆ ပါးတို့၌ရှိသော သတိစေတသိက်သည် သတိန္ဒြေ မည်၏။
၄။ မဟာကုသိုလ်စိတ် ၈ ပါး၊ မဟာကြိယာစိတ် ၈ ပါး၊ အပ္ပနာဇော ၂၆ ပါးတို့၌ရှိသော ဧကဂ္ဂတာ စေတသိက်သည် သမာဓိန္ဒြေ မည်၏။
၅။ မဟာကုသိုလ် ဉာဏသမ္ပယုတ်စိတ် ၄ ပါး၊ မဟာကြိယာဉာဏသမ္ပယုတ်စိတ် ၄ ပါး၊ အပ္ပနာဇော ၂၆ ပါးတို့၌ရှိသော ပညာစေတသိက်သည် ပညိန္ဒြေ မည်၏။
ဗိုလ် ၅ ပါး။ ။ သဒ္ဓါဗိုလ်၊ ဝီရိယဗိုလ်၊ သတိဗိုလ်၊ သမာဓိဗိုလ်၊ ပညာဗိုလ်။
မှတ်ချက်။ ။ ဗိုလ်တရားကိုယ်ကောက်ပုံသည် ဣန္ဒြေနှင့်တူ၏။ ဣန္ဒြေဗိုလ်တို့၏ အဓိပ္ပာယ်ကို မိဿကသင်္ဂဟ၌ ပြခဲ့ပြီ။
ဗောဇ္ဈင် ။ ။ သစ္စာ ၄ ပါးကို သိကြောင်း ဗောဓိမည်သော တရားအပေါင်း၏ အစိတ်အစိတ်ကို ဗောဇ္ဈင်ဟု ခေါ်၏။
ဗောဇ္ဈင် ၇ ပါး။ ။ သတိသမ္ဗောဇ္ဈင်၊ ဓမ္မဝိစယသမ္ဗောဇ္ဈင်၊ ဝီရိယသမ္ဗောဇ္ဈင်၊ ပီတိသမ္ဇောဇ္ဈင်၊ ပဿဒ္ဓိသမ္ဗောဇ္ဈင်၊ သမာဓိသမ္ဗောဇ္ဈင်၊ ဥပေက္ခာသမ္ဗောဇ္ဈင်။
(တရားကိုယ်ကောက်ပုံ မဖော်ပြတော့ပါ။ မိမိတို့ဖာသာဆက်လက်လေ့လာကြပါခင်ဗျာ။)
မဂ္ဂင် ၈ ပါး ။ ။ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယမ၊ သမ္မာသတိ၊ သမ္မာသမာဓိ။
ဗောဓိပက္ခိယတရားဖြစ်သော မဂ္ဂင် ၈ ပါးသည် ကိလေသာတို့ကို ပယ်သတ်ကြောင်း၊ သံသရာဝဋ်မှ ထွက်မြောက်ကြောင်း၊ အရိယာဘုံဖြစ်သော နိဗ္ဗာန်သို့ ရောက်ကြောင်း ဖြစ်သောတရား ဖြစ်ပါသည်။
မဂ်၏ အစိတ်အပိုင်း အကြောင်းအင်္ဂါဖြစ်သော တရားတို့သည် ‘မဂ္ဂင်’ မည်ပါသည်။
တရားကိုယ်တို့မှာ မဟာကုသိုလ်စိတ် ၈ ပါး၊ မဟာကြိယာစိတ် ၈ ပါး၊ အပ္ပနာဇော ၂၆ ပါး အားဖြင့် ၄၂ ပါးသော စိတ်တို့၌ယှဉ်သော (ပညာစသည့်) တရား ၈ ပါး တို့ဖြစ်ပါသည်။
ဒီနေ့တရားအညွှန်း ဒီမှာ နားပါမည်။
ကောင်းစွာ ဆက်လက်နာယူမှတ်သား သင်ယူနိုင်ကြပါစေ။
TNO(22.5.2020)
Thein Naing Ohn
သမုစ္စည်းပိုင်း (သမုစ္စယ) ၊ အပိုင်း (၄)
==============
အရှင်ဝါယာမသာရ _ Ashin Wayamasara ၊
သာသနာဓဇဓမ္မာစရိယ M.A.Q ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ၊
(သာသနာရေးဝန်ကြီးဌာန) (ကမ္ဘာအေး)
အဘိဓမ္မာ၊ ဋီကာ၊ ဝိသုဒ္ဓိမဂ် သင်တန်း (သင်တန်းမှူးဆရာတော်)
+++++++++++++++
သဗ္ဗသင်္ဂဟ ။ ။ (စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်တရား အားလုံးကို သိမ်းကျုံးရေတွက်၍ ပြသောတရား)
ခန္ဓာ ။ ။ အပေါင်းအစုဟူသော အနက်ကြောင့် ခန္ဓာမည်၏။
ခန္ဓာ ၅ ပါး ။ ။ ရူပက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာ။
ဥပါဒါနက္ခန္ဓာ။ ။ (ဥပါဒါန်၏အာရုံဖြစ်သောခန္ဓာ) , ဥပါဒါန်တရား, အာသဝေါတရားတို့၏ အာရုံဖြစ်သောကြောင့် ‘ဥပါဒါနက္ခန္ဓာ’ မည်၏။ ဥပါဒါန်၏အာရုံတရားကိုယ်မှာ လောဘ၊ ဒိဋ္ဌိတို့ ဖြစ်သည်။ ၎င်းတို့သည် လောကီနယ်၌ ကျက်စားသောတရားများဖြစ်၍ ဥပါဒါနက္ခန္ဓာ ၅ ပါးကို လောကီဖြစ်သောခန္ဓာ ၅ ပါး ဟုဆိုသည်။
ခန္ဓာ နှင့် ဥပါဒါနက္ခန္ဓာ နှစ်မျိုးခွဲဟောခြင်း (ဝါ) အထူး
ခန္ဓာ၌ လောကီ, လောကုတ္တရာတရားအားလုံး ပါဝင်၏။ ဥပါဒါနက္ခန္ဓာ၌ လောကီတရားသက်သက်သာ ဖြစ်သည်။ (လောကုတ္တရာတရား ၈ ပါးသည် ဥပါဒါနက္ခန္ဓာ မမည်။) ပထမ ခန္ဓာတရားဟောပြီး ဥပါဒါနက္ခန္ဓာတရား ထပ်ဟော ရခြင်းမှာ ဝိပဿနာရှုသောပုဂ္ဂိုလ်ယောဂီများသည် လောကီတရား ဥပါဒါနက္ခန္ဓာကိုသာ အနိစ္စ, ဒုက္ခ, အနတ္တ စသည် ရှုရသည်ကို ပြလို၍ ထပ်ဟောရသည်။ (လောကုတ္တရာတရားကို အာရုံပြု၍ ဝိပဿနာ မရှုရ။)
ဥပါဒါနက္ခန္ဓာ ၅ ပါး။ ။ ရူပုပါဒါနက္ခန္ဓာ၊ ဝေဒနုပါဒါနက္ခန္ဓာ၊ သညုပါဒါနက္ခန္ဓာ၊ သင်္ခါရုပါဒါနက္ခန္ဓာ၊ ဝိညာဏုပါဒါနက္ခန္ဓာ။
အာယတန ။ ။ စိတ်၊ စေတသိက်တို့ဖြစ်ကြောင်းတရားကို အာယတန ဟု ခေါ်သည်။
အာယတန ၁၂ ပါး။ ။ စက္ခာယတန၊ သောတာယတန၊ ဃာနာယတန၊ ဇိဝှာယတန၊ ကာယာယတန၊ မနောယတန၊ ရူပါယတန၊ သဒ္ဒါယတန၊ ဂန္ဓာယတန၊ ရသာယတန၊ ဖောဋ္ဌဗ္ဗာယတန၊ ဓမ္မာယတန။
ဓာတ် ။ ။ (မိမိသဘောကို ဆောင်တတ်သောကြောင့် ဓာတ်မည်၏) ဆောင်သည်ဆိုသည်မှာ မိမိပင်ကိုယ် လက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်၍ပြခြင်းကို ဆိုသည်။
စက္ခု, သောတ စသောတရားတို့သည် မိမိသဘောအတိုင်း တည်ရှိကြပြီး မိမိဆိုင်ရာသဘောကို ဆောင်ရွက်နိုင်ကြသည်။ ထို့ကြောင့် ‘ဓာတု=ဓာတ်’ ဟု အမည်ရပါသည်။
ဓာတ် ၁၈ ပါးမှာ - ဒွါရ ၆ ပါး၊ အာရုံ ၆ ပါး၊ ထို ဒွါရ, အာရုံတို့ကို မှီ၍ ဖြစ်သော ဝိညာဏ် ၆ ပါးစီ ပြားသောကြောင့် ဓာတ် ၁၈ ပါး ပြားရပါသည်။
သစ္စာ ။ ။ ဒုက္ခ၊ ဒုက္ခ၏ ဖြစ်ကြောင်း၊ နိရောဓ၊ နိရောဓသို့ ရောက်ကြောင်း သဘောအားဖြင့် မှန်ကန်သော တရားတို့ကို သစ္စဟုခေါ်၏။
ယင်းသစ္စာ ၄ ပါးကိုပင် အရိယာပုဂ္ဂိုလ်များ သိအပ်သောကြောင့် အရိယသစ္စာဟုခေါ်၏။
သစ္စာ ၄ ပါး။ ။ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ။
သစ္စာလေးပါးမှလွတ်သော သိမှတ်ဖွယ်ရာ တရားမည်သည်မရှိ
လောကီစိတ် ၈၁ပါး, လောဘကြဉ်သော စေတသိက် ၅၁ ပါး, ရုပ် ၂၈ ပါး သည် = ဒုက္ခသစ္စာ
လောဘတဏှာစေတသိက် သည် = သမုဒယသစ္စာ
နိဗ္ဗာန် သည် = နိရောဓသစ္စာ
မဂ်စိတ် ၄ ပါး၌ရှိသော မဂ္ဂင် တရားကိုယ် ၈ ပါး သည် = မဂ္ဂသစ္စာ
မှတ်ချက်။ ။ မဂ်စိတ္တုပ္ပါဒ် - ၂၉ , ဖိုလ်စိတ္တုပ္ပါဒ် - ၃၇ ပါးတို့ကို သစ္စာမဖွဲ့ရပါ။ မဂ်စိတ် ၄ ပါး၌၊ စေတသိက် ၃၆ ပါးယှဉ်၏။ ထိုတွင် မဂ္ဂင်တရားကိုယ် ၈ ပါးကိုနုတ်လျှင် ၂၈ ပါးကျန်၏။ မဂ်စိတ် ၄ ပါးကို အာရုံကိုသိခြင်း လက္ခဏာအားဖြင့် တစ်ပါးတည်းယူ၍ ၂၈ ပါးနှင့်ပေါင်းလျှင် ၂၉ ပါးဖြစ်၏။ ယင်း ၂၉ ပါးကို မဂ်စိတ္တုပ္ပါဒ် ၂၉ ပါးဟု ခေါ်၏။
ဖိုလ်စိတ် ၄ ပါး၌ စေတသိက် ၃၆ ပါးယှဉ်၏။ ဖိုလ်စိတ် ၄ ပါးကို အာရုံကိုသိခြင်း လက္ခဏာအားဖြင့် တစ်ပါးတည်း ယူ၍ ဖိုလ်စိတ်၌ ယှဉ်သော စေတသိက် ၃၆ ပါးနှင့်ပေါင်းလျှင် ၃၇ ပါးဖြစ်၏။ ယင်း ၃၇ ပါးကို ဖိုလ်စိတ္တုပ္ပါဒ် ၃၇ ပါးဟုခေါ်၏။
သစ္စာ ၄ ပါး အရကောက်ဆိုရိုး
သစ္စာအားဖြင့် ၄ ပါး ဟူသော်ကား --
၁။ လောကီစိတ်ဧကာသီတိ၊ လောဘကြဉ်သော စေတသိက် ဧကပညာသ၊ ရုပ်အဋ္ဌဝီသသည် ဒုက္ခသစ္စာ မည်၏။
၂။ လောဘသည် သမုဒယသစ္စာ မည်၏။
၃။ နိဗ္ဗာန်သည် နိရောဓသစ္စာ မည်၏။
၄။ မဂ်စိတ် ၄ ခု၌ရှိသော သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယမ၊ သမ္မာသတိ၊ သမ္မာသမာဓိ ဟု ဆိုအပ်သော သောတာပတ္တိမဂ် ၈ ပါး၊ ၇ ပါး၊ သကဒါဂါမိမဂ် ၈ ပါး၊ ၇ ပါး၊ အနာဂါမိမဂ် ၈ ပါး၊ ၇ ပါး၊ အရဟတ္တမဂ် ၈ ပါး၊ ၇ ပါးသည် မဂ္ဂသစ္စာ မည်၏။
ကြွင်းသော မဂ်စိတ္တုပ္ပါဒ် ၂၉ ခု၊ ဖိုလ်စိတ္တုပ္ပါဒ် ၃၇ ခုသည် သစ္စာဟူသော အရေအတွက်မှ လွတ်၏။
ဤသို့လျှင် သစ္စာအားဖြင့် ၄ ပါး ဖြစ်သတည်း။
မှတ်ချက်။ ။ မဂ်ပထမဈာန်ကို ရည်ရွယ်၍ ၈ ပါးဟု ဆို၏။ ဒုတိယဈာန် စသည်၌ ဝိတက်ဟူသော သမ္မာသင်္ကပ္ပမဂ္ဂင် မယှဉ်သောကြောင့် မဂ်ဒုတိယဈာန် စသည်ကို ရည်ရွယ်၍ ၇ ပါး ဟု ဆို၏။
နိဗ္ဗာန်သည်ခန္ဓာဝိမုတ် (ခန္ဓာမဖွဲ့ရခြင်း)
နိဗ္ဗာန်သည် ကာလသုံးပါး + အဇ္ဈတ္တ + ဗဟိဒ္ဓ , ဩဠာရိက + သုခုမ ၊ ဟီန + ပဏီတ၊ ဒူရေ၊ သန္တိက၊ အားဖြင့် မကွဲပြားသောကြောင့် ခန္ဓာမဖွဲ့ရပါ။
သမုစ္စည်းပိုင်း ပြီးပါပြီ။
ကောင်းစွာ ဆက်လက်နာယူမှတ်သား သင်ယူနိုင်ကြပါစေ။
TNO(23.5.2020)
Thein Naing Ohn
ပစ္စည်းပိုင်း၊ အပိုင်း (၁)
==============
အရှင်ဝါယာမသာရ _ Ashin Wayamasara ၊
သာသနာဓဇဓမ္မာစရိယ M.A.Q ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ၊
(သာသနာရေးဝန်ကြီးဌာန) (ကမ္ဘာအေး)
အဘိဓမ္မာ၊ ဋီကာ၊ ဝိသုဒ္ဓိမဂ် သင်တန်း (သင်တန်းမှူးဆရာတော်)
+++++++++++++++
ပစ္စည်း = အကြောင်းတရား
ဤအပိုင်းသည် အကြောင်းတရားနှင့်စပ်ယှဉ်သောအပိုင်းဖြစ်သဖြင့် အကြောင်းနှင့်မကင်းရာဖြစ်သော အကျိုးတရားကိုလည်း ယှဉ်တွဲ၍ပြဆိုသည်။ ထို့ကြောင့် ဤအပိုင်းသည် အကြောင်း+အကျိုးယှဉ်စပ်ပုံ၊ ဆက်သွယ်ပုံကို ပြသောအပိုင်းဖြစ်သောကြောင့် ပစ္စည်းပိုင်း ခေါ်ပါသည်။
ကြောင်းကျိုးဆက်သွယ်ပုံ ၂ မျိုး
၁။ ပဋိစ္စသမုပ္ပါဒ်နည်း
(ကြောင်း+ကျိုးဆက်သွယ်ပုံသက်သက်= သာမညကို ပြဆိုသောနည်းသည် ပဋိစ္စသမုပွါဒ်နည်း မည်ပါသည်။)
သက်ဆိုင်ရာအကြောင်းတရားများပေါင်းစုံ ညီညွတ်ခြင်းကို စွဲမှီ၍ အကျိုးတရားတို့၏ ဖြစ်ကြောင်း ဖြစ်သောကြောင့် အဝိဇ္ဇာ စသော အကြောင်းတရားသည် ပဋိစ္စသမုပ္ပါဒ် မည်၏။
၂။ ပဋ္ဌာန်းနည်း
(ကြောင်း+ကျိုးဆက်သွယ်ပုံကို အသေးစိတ် = အကြွင်းမရှိ ဝိသေသအားဖြင့် အထူးပြဆိုသော နည်းသည် ပဋ္ဌာန်းနည်း မည်ပါသည်။)
အမျိုးမျိုးသော အကြောင်းတရားဖြစ်သော ပစ္စယသတ္တိ သတ္တိမန္တတရားစုကို ဟောရာဖြစ်သောကြောင့် ပဋ္ဌာန်း မည်၏။
အကြောင်းတရားကို ပစ္စည်း။ အကျိုးတရားကို ပစ္စယုပ္ပန်၊
ကျေးဇူးပြုပုံ - ပြုနည်းအထူးကို = ပစ္စယသတ္တိဟုခေါ်သည်။
ပဋိစ္စသမုပ္ပါဒ်နည်း။ ။ ပစ္စည်း + ပစ္စယုပ္ပန် ၂ မျိုး ဆက်သွယ်ကျေးဇူးပြုပုံ သာမညကို ပြသည်။
အကြောင်းတရားကြောင့် အကျိုးတရားဖြစ်ပုံမျှကိုပြ၍ ပစ္စယသတ္တိကို မပြသော နည်းသည် ပဋိစ္စသမုပ္ပါဒ်နည်း မည်၏။
ပဋ္ဌာန်းနည်း။ ။ ပစ္စည်း + ပစ္စယုပ္ပန် ၂ မျိုး ဆက်သွယ်ကျေးဇူးပြုရာတွင် မည်သို့မည်ပုံ ကျေးဇူးပြုသည် ဟူသော ပစ္စယသတ္တိကိုပါ အထူးဝိသေသအားဖြင့် ပြဆိုသည်။
အကြောင်းတရား၊ အကျိုးတရား၊ ပစ္စယသတ္တိ(၃)မျိုးလုံးကို ပြသော နည်းသည် ပဋ္ဌာန်းနည်း မည်၏။
ဗုဒ္ဓသည် နာမ်ရုပ်သဘာဝတရားများကြောင်းကျိုးဆက်သွယ်၍ ဖြစ်ပေါ်နေပုံကို ပဋိစ္စသမုပ္ပါဒ်နည်း၊ ပဋ္ဌာန်းနည်း၊ သစ္စာ(၄)ပါးနည်းဟု နည်း (၃) မျိုးဖြင့် ထုတ်ဖော် ဟောပြောတော်မူခဲ့၏။
လောကအကြောင်းကို တိတိကျကျနားလည်လိုသူသည် ဗုဒ္ဓ၏ ပဋိစ္စသမုပ္ပါဒ်တရား၊ ပဋ္ဌာန်းကျမ်း၊ သစ္စာ (၄)ပါး တရားတို့ကို နားလည်အောင် လေ့လာသင့်ပါသည်။
ထို့ကြောင့် ဆရာတော်အရှင်ဝါယာမသာရ ဟောကြားတော်မူသော ပဋိစ္စသမုပ္ပါဒ်နည်း၊ ပဋ္ဌာန်းနည်းအကျဉ်းကို ကြိုးစားလေ့လာကြပါကုန်။
ဒီနေ့တရားအညွှန်း ဒီလောက်ပါပဲ။
ကောင်းစွာ ဆက်လက်နာယူမှတ်သား သင်ယူနိုင်ကြပါစေ။
TNO(24.5.2020)
Thein Naing Ohn
ပစ္စည်းပိုင်း၊ အပိုင်း (၂)
==============
အရှင်ဝါယာမသာရ _ Ashin Wayamasara ၊
သာသနာဓဇဓမ္မာစရိယ M.A.Q ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ၊
(သာသနာရေးဝန်ကြီးဌာန) (ကမ္ဘာအေး)
အဘိဓမ္မာ၊ ဋီကာ၊ ဝိသုဒ္ဓိမဂ် သင်တန်း (သင်တန်းမှူးဆရာတော်)
+++++++++++++++
ပဋိစ္စသမုပ္ပါဒ်နည်းအပြား
ပဋိစ္စသမုပ္ပါဒ်နည်းသည် ဘေဒအားဖြင့် ---
အဝိဇ္ဇာ၊ သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ၊ ဇာတိ၊ ဇရာ၊ မရဏ၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ ဟု (၁၈)မျိုး ပြား၏။
သိသင့်သောအရာကို မသိတတ်သော (မသိအောင် ဖုံးလွှမ်း ပိတ်ကာထားသော) တရားကို အဝိဇ္ဇာဟု ခေါ်၏။
အကုသိုလ်စိတ်(၁၂)ပါး၌ယှဉ်သော မောဟသည် အဝိဇ္ဇာမည်၏။
အဝိဇ္ဇာဖုံးလွှမ်းရာ (၈) ဌာန။ ။ သစ္စာ ၄ ပါး၊ ပုဗ္ဗန္တ ၁ ပါး၊ အပရန္တ ၁ ပါး၊ ပုဗ္ဗန္တာပရန္တ ၁ ပါး၊ ပဋိစ္စသမုပ္ပါဒ် ၁ ပါး = ပေါင်း ၈ ပါး။
ဤ (၈) ဌာနကို မသိမြင်အောင် ဖုံးလွှမ်းပိတ်ကာခြင်းကိုသာ အဝိဇ္ဇာဟု ခေါ်၏။
ပုဗ္ဗန္တ။ ။ အတိတ်ဘဝကဖြစ်ခဲ့သော ခန္ဓာ၊ အာယတန၊ ဓာတ်အဖို့အစုကို ပုဗ္ဗန္တ ဟုခေါ်၏။ ပုထုဇဉ်လူလားများ လွန်ခဲ့သော အတိတ်ဘဝကို မယုံကြည်ခြင်းသည် ယင်းအတိတ်ဘဝက ဖြစ်ခဲ့သော ခန္ဓာ၊ အာယတန၊ ဓာတ်အဖို့အစု၌ ဖုံးလွှမ်းထားသော အဝိဇ္ဇာကြောင့် ပင်ဖြစ်၏။
အပရန္တ။ ။ နောင်အနာဂတ်ဘဝ၌ ဖြစ်မည့် ခန္ဓာ၊ အာယတန၊ ဓာတ်အဖို့ အစုကို အပရန္တဟုခေါ်၏။ ပုထုဇဉ်လူသားများ အနာဂတ်ဘဝကို မယုံကြည်ခြင်းသည် ယင်းအနာဂတ်ဘဝ၌ဖြစ်မည့် ခန္ဓာ၊ အာယတန၊ ဓာတ်အဖို့အစု၌ မသိမြင်အောင် ဖုံးလွှမ်းထားသော အဝိဇ္ဇာကြောင့်ပင်ဖြစ်၏။
ပုဗ္ဗန္တပရန္တ။ ။ အတိတ်ဘဝကဖြစ်ခဲ့သော ခန္ဓာ၊ အာယတန၊ ဓာတ်ဖို့အစုနှင့် အနာဂတ်ဘဝ၌ဖြစ်မည့် ခန္ဓာ၊ အာယတန၊ ဓာတ်အဖို့ အစုကို ပုဗ္ဗန္တာပရန္တ ဟုခေါ်၏။ အချို့ပုထုဇဉ်လူသားများ အတိတ်ဘဝနှင့် အနာဂတ်ဘဝ၌ ဖြစ်သောခန္ဓာ၊ အာယတန၊ ဓာတ်အဖို့အစု၌ မသိမြင်အောင် ဖုံးလွှမ်းထားသော အဝိဇ္ဇာကြောင့်ပင် ဖြစ်၏။
+++++++++++
ပြုပြင်စီမံတတ်သော ဝိပါက်နာမက္ခန္ဓာ၊ ကဋတ္တာရုပ် အကျိုးတရားစုကို ပြုပြင်စီမံတတ်သော လောကီကုသိုလ်၊ အကုသိုလ် စေတနာကို သင်္ခါရဟုခေါ်၏။
အကုသိုလ်စိတ် (၁၂) ပါး၊ လောကီကုသိုလ် (၁၇)ပါး၌ ယှဉ်သော စေတနာ (၂၉) ခုသည် သင်္ခါရမည်၏။
သင်္ခါရသည် --
၁။ ပုညာဘိသင်္ခါရ = ကုသိုလ်ဖြစ်လျက် ပြုလုပ်စီမံတတ်သောတရား
၂။ အပုညာဘိသင်္ခါရ = အကုသိုလ်ဖြစ်လျက်ပြုလုပ်စီမံတတ်သောတရား
၃။ အာနေဉ္စာဘိသင်္ခါရ = ဆန့်ကျင့်ဘက်တရားများကြောင့် လှုပ်ရှားမှုမရှိဘဲ တည်တံ့ခိုင်မြဲလျက် ပြုလုပ်စီမံတတ်သောတရားဟု (၃)မျိုး ပြား၏။
မဟာကုသိုလ်စိတ် ၈ ပါး၊ ရူပါဝစရကုသိုလ်စိတ် ၅ ပါး၌ ယှဉ်သော စေတနာ (၁၃) ပါးသည် ပုညာဘိသင်္ခါရ မည်၏။
အကုသိုလ်စိတ် ၁၂ ပါး၌ ယှဉ်သော စေတနာ (၁၂) ပါးသည် အပုညာဘိသင်္ခါရ မည်၏။
အရူပကုသိုလ်စိတ် ၄ ပါး ယှဉ်သော စေတနာ (၄) ပါးသည် အာနေဉ္စာဘိသင်္ခါရ မည်၏။
++++++++++++++++
(ပဋိစ္စသမုပ္ပါဒ်အကျယ်ရှင်းလင်းချက်ကို သိသာရုံ ဤမျှသာဖော်ပြပေးလိုက်ပါသည်။ အသေးစိတ် တရားကိုယ်အရကောက်များကို ကျနော် comment box တွင် JPG ထည့်ပေးလိုက်ပါမည်။ လေ့လာကြည့်ကြပါ။ ဤအပိုင်းတွင် သိသင့်သမျှ တစ်ချို့ကို ဆက်လက်ဖော်ပြပေးပါမည်။)
+++++++++++++++
ပဋိစ္စသမုပ္ပါဒ်ကို ကာလ (၃) ပါးဖြင့် ဝေဖန်ပုံ
၁။ အဝိဇ္ဇာ၊ သင်္ခါရတို့သည် အတိတ်ကာလ၌ ဖြစ်ကြ၏။
၂။ ဇာတိ ဇရာ မရုဏ တို့သည် အနာဂတ်ကာလ၌ ဖြစ်ကြ၏။
၃။ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန် ဘဝ တို့သည် ပစ္စုပ္ပန်ကာလ၌ ဖြစ်ကြ၏။
+++++++++++++++
အင်္ဂါ (၁၂) ပါး
ပဋိစ္စသမုပ္ပါဒ်သည် အင်္ဂါအားဖြင့် အောက်ပါအတိုင်း (၁၂)ပါး ရှိ၏။
အဝိဇ္ဇာ၊ သင်္ခါ၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ၊ ဇာတိ၊ ဇရာမရဏ။
သောက၊ ပရိဒေဝ၊ ဒေါမနဿ၊ ဥပါယာသတို့သည် ဇာတိ၏ အကျိုးဆက်မျှသာ ဖြစ်ကြ၏။ ဇာတိ၏ အကျိုးရင်းမဟုတ်ကြ။ ထို့ကြောင့် ပဋိစ္စသမုပ္ပါဒ်၌ အင်္ဂါအဖြစ် မရေတွက်ရပေ။ ထိုသို့ သောကစသော (၅)ပါးကို အင်္ဂါအဖြစ် မရေတွက်ရခြင်းကြောင့် ပဋိစ္စသမုပ္ပါဒ်သည် အင်္ဂါအားဖြင့် (၁၂)ပါးသာ ရှိ၏။
သောကစသည်တို့သည် အချို့ နတ်လူများနှင့် ဗြဟ္မာများမှာ မဖြစ်ကြ။ ထို့ကြောင့် သောကစသည်တို့သည် ဇာတိ၏ မုချ အကျိုးရင်းမဟုတ်ကြ။ ဆက်သွယ်၍ ဖြစ်ရသော ဇာတိ၏ အကျိုးဆက်သာဖြစ်ကြ၏။ ဇရာမရဏတို့သည် သတ္တဝါတိုင်းမှာ ဖြစ်ကြ၏။ ထို့ကြောင့် ပဋိစ္စသမုပ္ပါဒ်၌ အင်္ဂါအဖြစ်ပါဝင်ရ၏။ ဤစကားအရ ဇရာမရဏသည် ဇာတိ၏ မုချအကျိုးရင်းဖြစ်၏။ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသတို့သည် ဇာတိ၏ အကျိုးဆက်ဖြစ်ကြ၏ဟု မှတ်ပါလေ။
++++++++++++++
ပဋိစ္စသမုပ္ပါဒ်တရားကို ဝဋ် (၃) ပါးဖြင့် ဝေဖန်ပုံ
၁။ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်တို့သည် ကိလေသာဝဋ်မည်၏။
၂။ ကမ္မဘဝဟူသော ဘဝတစ်စိတ်နှင့် သင်္ခါရတို့သည် ကမ္မဝဋ်မည်၏။
၃။ ဥပပတ္တိဘဝဟူသော ဘဝတစ်စိတ်နှင့် ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ဇာတိ၊ ဇရာ၊ မရဏတို့သည် ဝိပါကဝဋ်မည်၏။
+++++++++++++
ခြင်းရာ (၂၀) ၊ အစပ် (၃) ပါး၊ အလွှာ (၄) ပါး
(၁) အတိတ်အကြောင်း ၅ ပါးတစ်လွှာ = အဝိဇ္ဇာ၊ သင်္ခါရ (တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ = ၃ ပါးကိုလည်း ရသင့်၍ထည့်) ၅ ပါး။
(၂) ပစ္စုပ္ပန်အကျိုး ၅ ပါး တစ်လွှာ = ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ ၅ ပါး။
(၃) ပစ္စုပ္ပန်အကြောင်း ၅ ပါး တစ်လွှာ = တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ (အဝိဇ္ဇာသင်္ခါရ ၂ ပါးကိုလည်း ရသင့်၍ ထည့်) ၅ မျိုး။
(၄) အနာဂတ်အကျိုး ၅ ပါး တစ်လွှာ = ဇာတိ၊ ဇရာ၊ မရဏ
(ဇာတိ၊ ဇရာ၊ မရဏ ၃ ပါးသည် ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ ၅ ပါးနှင့်တူညီသည်)
++++++++
အလွှာ ၄ မျိုးတွင် တရား ၅ မျိုးစီရှိ၍ ( ၄ x ၅ = ၂၀) သော တရားတို့ကို အခြင်းအရာ ၂၀ ဟုခေါ်သည်။
++++++++
အစပ် ၃ ပါး
၁။ အတိတ်အကြောင်း ၅ ပါးနှင့် ပစ္စုပ္ပန်အကျိုး ၅ ပါးအကြားတစ်စပ်
(သင်္ခါရ နှင့် + ဝိညာဏ်အကြားတစ်စပ်)
၂။ ပစ္စုပ္ပန်အကျိုး ၅ ပါးနှင့် ပစ္စုပ္ပန်အကြောင်း ၅ ပါး အကြား တစ်စပ်။
(ဝေဒနာ နှင့် တဏှာ အကြားတစ်စပ်)
၃။ ပစ္စုပ္ပန်အကြောင်း ၅ ပါး နှင့် အနာဂတ်အကျိုး ၅ ပါးအကြား တစ်စပ်။
(ကမ္မဘဝ နှင့် ဇာတိအကြား တစ်စပ်)
++++++++++
ပဋိစ္စသမုပ္ပါဒ်သံသရာကို နှစ်ပိုင်းခွဲလျှင်
၁။ အတိတ်အကြောင်း နှင့် ပစ္စုပ္ပန်အကျိုးတရားတို့ကို သံသရာ ရှေ့ပိုင်း
၂။ ပစ္စုပ္ပန်အကြောင်း နှင့် အနာဂတ်အကျိုးတရားတို့ကို သံသရာ နောက်ပိုင်းဟု ခွဲနိုင်သည်။
ရှေ့ပိုင်းဝဋ်မြစ်ကား အဝိဇ္ဇာ၊ နောက်ပိုင်း ဝဋ်မြစ်ကား တဏှာ ဖြစ်သည်။
ထိုဝဋ်မြစ် ၂ ပါး အမြစ်သဖွယ် စွဲမြဲငုတ်တည်နေသည်ကို တူးဖော်၍ မဖျက်ဆီးနိုင်သေးသမျှ၊ လူ + နတ် + ဗြဟ္မာ စသော ဘဝများ၊ ဆင်းရဲခြင်း၊ ချမ်းသာခြင်းစသော ဘဝသံသရာ အခက်အလက် အသီးအပွင့်များ ဆက်လက် သီးပွင့်နေဦးမည်သာ ဖြစ်သည်။
နားပါဦးမည်။
ကောင်းစွာ ဆက်လက်နာယူမှတ်သား သင်ယူနိုင်ကြပါစေ။
TNO(25.5.2020)
Thein Naing Ohn
ပစ္စည်းပိုင်း၊ အပိုင်း (၃)
==============
အရှင်ဝါယာမသာရ _ Ashin Wayamasara ၊
သာသနာဓဇဓမ္မာစရိယ M.A.Q ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ၊
(သာသနာရေးဝန်ကြီးဌာန) (ကမ္ဘာအေး)
အဘိဓမ္မာ၊ ဋီကာ၊ ဝိသုဒ္ဓိမဂ် သင်တန်း (သင်တန်းမှူးဆရာတော်)
+++++++++++++++
ပဋ္ဌာန်းနည်း
ပဋိစ္စသမုပ္ပါဒ်နည်းတွင် ကြောင်းကျိုးဆက်စပ်ပုံသာမညသာ ပြဆိုပြီး၊ ပဋ္ဌာန်းနည်းတွင် စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်၊ ပညတ်စသော တရားတို့၏ ကြောင်းကျိုးဆက်စပ်ရာတွင် ဟေတုပစ္စယသတ္တိ စသည်တို့ဖြင့် မည်သို့ မည်ပုံ ကျေးဇူးပြုသည်ဟု ကျေးဇူးပြုပုံ ပြုနည်း ပစ္စယသတ္တိ အထူးကိုပါ အသေးစိတ် ပြဆိုသည်။
ပဋ္ဌာန်းနည်းသည် ရုပ်၊ နာမ် တရားတို့၏ အသေးစိတ် ဖြစ်ပုံ ဆက်စပ်ပုံ မည်သို့မည်ပုံ ဆက်သွယ်၍ ကျေးဇူးပြုသည်တို့ကို အကျယ်အားဖြင့် ဝေဖန်ပြဆိုထားသောကြောင့် များစွာကျယ်ဝန်း၍ နက်နဲ ခက်ခဲလှသည်။
ထို့ကြောင့် ဘုရားရှင်၏ အမြင့်ဆုံး သဗ္ဗညုတဉာဏ်၏အရာသာ ဖြစ်သည်. ဘုရားရှင်၏ အမြင့်ဆုံး သဗ္ဗညုတဉာဏ်တော်သည် ဝိနည်း၊ ပိဋကတ်တရား၊ သုတ္တန်တရား၊ အဘိဓမ္မာတွင်လည်း အောက်ပိုင်း (၆)ကျမ်းတွင် မကျက်စားလောက်သေးဘဲ (၇)ကျမ်းမြောက် ပဋ္ဌာန်းကျမ်းကြီးကိုရောက်မှ (ပဋ္ဌာန်းနည်းဖြင့် အဘိဓမ္မာတရားတို့ကို ခွဲခြမ်း ဝေဖန် ဆင်ခြင်ခြင်းကိုပြုမှ) အားရအောင် ကျက်စားခွင့်ရသဖြင့် အလွန်ကျယ်ဝန်း နက်နဲသော တရားတော် ဖြစ်သည်။
နားပါဦးမည်။
ကောင်းစွာ ဆက်လက်နာယူမှတ်သား သင်ယူနိုင်ကြပါစေ။
TNO(26.5.2020)
Thein Naing Ohn
ပစ္စည်းပိုင်း၊ အပိုင်း (၄)
==============
အရှင်ဝါယာမသာရ _ Ashin Wayamasara ၊
သာသနာဓဇဓမ္မာစရိယ M.A.Q ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ၊
(သာသနာရေးဝန်ကြီးဌာန) (ကမ္ဘာအေး)
အဘိဓမ္မာ၊ ဋီကာ၊ ဝိသုဒ္ဓိမဂ် သင်တန်း (သင်တန်းမှူးဆရာတော်)
+++++++++++++++
ပဋ္ဌာန်း နားလည်ဖို့ဆိုယင် --
၁။ အဘိဓမ္မာသရုပ်ကို ကျေကျေမွမွရ,ရမယ်။
၂။ အထူးသဖြင့် - ဝီထိစဉ်တွေကို နားလည်ရမယ်။
၃။ ပဋ္ဌာန်းပစ္စယနိဒ္ဒေသပါဠိကို အမြဲပူဇော်ရွတ်ဆိုထားရမယ်။
+++++++
ပစ္စည်း ၆ မျိုး ခွဲခြား၌ပုံ
၂၄ ပစ္စည်းကို ပစ္စည်းပစ္စယုပ္ပန်တရားသဘောတူရာ ခွဲခြားဝေဖန်ပါက -
၁။ နာမ်က နာမ်အား ကျေးဇူးပြုသောပစ္စည်း ၆ ပါး
၂။ နာမ်ကနာမ်ရုပ်အား ကျေးဇူးပြုသောပစ္စည်း ၅ ပါး
၃။ နာမ်ကရုပ်အား ကျေးဇူးပြုသောပစ္စည်း ၁ ပါး
၄။ ရုပ်ကနာမ်အား ကျေးဇူးပြုသောပစ္စည်း ၁ ပါး
၅။ ပညတ်နာမ်ရုပ်တို့က နာမ်အား ကျေးဇူးပြုသောပစ္စည်း ၂ ပါး
၆။ နာမ်ရုပ် ၂ ပါးက နာမ်ရုပ် ၂ ပါအား ကျေးဇူးပြုသောပစ္စည်း ၉ ပါး
ဤသို့ ၆ မျိုး ကွဲပြား၏။
+++++++++++++++
နာမ်သည် နာမ်အား ၆ ပစ္စည်း
နာမ်ပစ္စည်းတရားသည် နာမ်ပစ္စယုပ္ပန်တရားအား အနန္တရ, သမနန္တရ, အာသေဝန, သမ္ပယုတ္တ, နတ္ထိ, ဝိဂတပစ္စည်း အားဖြင့် ပစ္စယသတ္တိ ၆ မျိုးဖြင့် ကျေးဇူးပြုပါသည်။
+++++++++++
ပစ္စည်းတရား
၁။ (ရဟန္တာစုတိကြဉ်) စိတ် ၈၉, စေ ၅၂, ပဝတ္တိပဋိသန္ဓေ နာမက္ခန္ဓာ ၄ ပါး
၂။ (အဆုံးဇောကြဉ်) ရှေးလောကီဇော ၄၇, စေတသိက် ၅၂၊
၃။ အလုံးစုံသော ပဝတ္တိပဋိသန္ဓေ နာမက္ခန္ဓာ ၄ ပါး
++++++++++
ပစ္စယုပ္ပန်တရား
၁။ ရဟန္တာစုတိနှင့်တကွနောက်နောက်သော နာမက္ခန္ဓာ ၄ ပါး ( ၈၉, ၅၂)
၂။ (ပထမဇော, ဖိုလ်ဇောကြဉ်) နောက်နောက်သောဇော ၅၁, စေ ၅၂၊
၃။ အချင်းချင်းအား
++++++++++++
ပစ္စယသတ္တိ
၁။ အနန္တရ, သမနန္တရ, နတ္ထိ, ဝိဂတ (၄)
၂။ အာသေဝန (၁)
၃။ သမ္ပယုတ္တ (၁)
+++++++++++
၁။ ရဟန္တာတို့၏ စုတိစိတ်ကြဉ်သော အလုံးစုံသော စိတ် ၈၉ ပါး, စေတသိက် ၅၂ ပါး, ပဝတ္တိပဋိသန္ဓေ နာမက္ခန္ဓာ ၄ ပါး ပစ္စည်းတရားတို့သည်၊ ရဟန္တာတို့၏ စုတိနှင့်တကွ, နောက်နောက်သော နာမက္ခန္ဓာ ၄ ပါး၊ ပစ္စယုပ္ပန်တရားတို့ အား အနန္တရ, သမနန္တရ, နတ္ထိ, ဝိဂတပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပါသည်။
၂။ (အဆုံးဇောကြဉ်) ရှေးရှေးသော လောကီဇော ၄၇ ပါး, စေတသိက် ၅၂ ပါး, ပစ္စည်းတရားတို့သည်၊ (ပထမဇော, ဖိုလ်ဇောကြဉ်) နောက်နောက်သောဇော ၅၁ ပါး၊ စေတသိက် ၅၂ ပါး ပစ္စယုပ္ပန်တရားတို့အား အာသေဝနပစ္စယ သတ္တိဖြင့် ကျေးဇူးပြုပါသည်။
၃။ အလုံးစုံသော ပဝတ္တိပဋိသန္ဓေ နာမက္ခန္ဓာ ၄ ပါး၊ ပစ္စည်းတရားတို့သည်၊ အချင်းချင်းအား သမ္ပယုတ္တပစ္စယသတ္တိ ဖြင့် ကျေးဇူးပြုပါသည်။
ဒီနေ့ဆရာတော်က …ဒီ နာမ်က နာမ်အား ကျေးဇူးပြုသောပစ္စည်း ၆ ပါး အကြောင်း ရှင်းလင်း ဟောကြားမှာဖြစ်ပါတယ်။
ကောင်းစွာ ဆက်လက်နာယူမှတ်သား သင်ယူနိုင်ကြပါစေ။
TNO(27.5.2020)
Thein Naing Ohn
ပစ္စည်းပိုင်း၊ အပိုင်း (၅)
==============
အရှင်ဝါယာမသာရ _ Ashin Wayamasara ၊
သာသနာဓဇဓမ္မာစရိယ M.A.Q ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ၊
(သာသနာရေးဝန်ကြီးဌာန) (ကမ္ဘာအေး)
အဘိဓမ္မာ၊ ဋီကာ၊ ဝိသုဒ္ဓိမဂ် သင်တန်း (သင်တန်းမှူးဆရာတော်)
+++++++++++++++
နာမ်သည် နာမ်+ရုပ် အား ၅ ပစ္စည်း (ဟေတု + ဈာန + မဂ္ဂ + ကမ္မ + ဝိပါက)
နာမ်သည် နာမ်+ရုပ် အား ၅ ပစ္စည်း ဆိုတာတွေက -- ဟေတု + ဈာန + မဂ္ဂ + ကမ္မ + ဝိပါက = ၅ ပစ္စည်း ဖြစ်ပါတယ်။ အဲဒီထဲက ဟေတု + ဈာန + မဂ္ဂ ပြီးခဲ့ပါပြီ။
ဒီနေ့တရားကို နာမ်သည် နာမ်+ရုပ် အား ၅ ပစ္စည်း မှ ကမ္မပစ္စည်းဖြစ်တဲ့ သဟဇာတကမ္မ နှင့် နာနာက္ခဏိကကမ္မ နှစ်မျိုးနဲ့စမှာ ဖြစ်ပါတယ်။
ဒါပေမယ့် ၅ မျိုးစလုံး အကျဉ်းထပ်ရှင်းပေးပါမယ်။
၁။ ဟိတ် ၆ ပါး ပစ္စည်းတရားတို့သည်၊ သဟိတ်စိတ် ၇၁ ပါး, မောဟမူဒွေ၌ မောဟကြဉ်သော စေတသိက် ၅၂ ပါး, သမ္ပယုတ္တခန္ဓာ သဟိတ်စိတ္တဇရုပ်, သဟိတ်ပဋိသန္ဓေကမ္မဇရုပ် ပစ္စယုပ္ပန်တရားတို့အား ဟေတုပစ္စယသတ္တိဖြင့် ကျေးဇူးပြုပါသည်။
၂။ ဈာနင်တရားကိုယ် ၅ ပါး ပစ္စည်းတရားတို့သည် (ဒွေပဉ္စဝိညာဏ် ၁၀ ကြဉ်) စိတ် ၇၉ ပါး, စေတသိက် ၅၂ ပါး, သမ္ပယုတ္တခန္ဓာ စိတ္တဇရုပ်, ပဋိသန္ဓေကမ္မဇရုပ် ပစ္စယုပ္ပန်တရားတို့အား ဈာနပစ္စယသတ္တိဖြင့် ကျေးဇူးပြုပါသည်။
၃။ မဂ္ဂင်တရားကိုယ် ၉ ပါး ပစ္စည်းတရားတို့သည်၊ သဟိတ်စိတ် ၇၁ ပါး, စေတသိက် ၅၂ ပါ, သမ္ပယုတ္တခန္ဓာ သဟိတ်စိတ္တဇရုပ်, သဟိတ်ပဋိသန္ဓေကမ္မဇရုပ် ပစ္စယုပ္ပန်တရားတို့အား မဂ္ဂပစ္စယသတ္တိဖြင့် ကျေးဇူးပြုပါသည်။
၄။ စိတ် ၈၉ ပါး၌ရှိသော စေတနာ ပစ္စည်းတရားတို့သည်၊ စိတ် ၈၉ ပါး, (စေတနာကြဉ်) စေတသိက် ၅၁ ပါး, သမ္ပယုတ္တခန္ဓာ စိတ္တဇရုပ်, ပဋိသန္ဓေကမ္မဇရုပ် ပစ္စယုပ္ပန်တရားတို့အား သဟဇာတကမ္မပစ္စယသတ္တိဖြင့် ကျေးဇူးပြုပါသည်။ အတိတ်ဖြစ်သော ကုသိုလ်, အကုသိုလ် စေတနာ ၃၃ ပစ္စည်းတရားတို့သည်၊ ဝိပါက် - ၃၆, စေ ၃၅ နာမက္ခန္ဓာ, ကမ္မဇရုပ် ၃ မျိုး ပစ္စယုပ္ပန်တရားတို့အား နာနာက္ခဏိကကမ္မပစ္စယသတ္တိဖြင့် ကျေးဇူးပြုပါသည်။
၅။ အလုံးစုံသော ဝိပါက်, ပဝတ္တိ-ပဋိသန္ဓေ နာမက္ခန္ဓာ ၄ ပါး ပစ္စည်းတရားတို့သည်၊ အချင်းချင်းအားလည်းကောင်း, အချင်းချင်း နာမက္ခန္ဓာ စိတ္တဇရုပ်, ပဋိသန္ဓေကမ္မဇရုပ်၊ ပစ္စယုပ္ပန်တရားတို့အား ဝိပါကပစ္စယသတ္တိဖြင့် ကျေးဇူးပြုပါသည်။
+++++++++++++
(၃) နာမ်သည် ရုပ်အား ၁ ပစ္စည်း (ပစ္ဆာဇာတ)
နာမ်ပစ္စည်းတရားသည် ရုပ်ပစ္စယုပ္ပန်တရားအား ပစ္ဆာဇာတပစ္စည်းအားဖြင့် ပစ္စယသတ္တိ ၁ မျိုးဖြင့် ကျေးဇူးပြုပါသည်။
- ပဉ္စဝေါကာရဘုံ၌ ဖြစ်သောအခါ အရူပဝိပါက် ၄ ပါးကြဉ်သော၊ ပထမဘဝင် အစရှိသော နောက်ဖြစ်သော နာမက္ခန္ဓာ ၄ ပါး ပစ္စည်းတရားတို့သည်၊ ပဋိသန္ဓေအစရှိသော ရှေးရှေးသောစိတ်နှင့် အတူဥပါဒ်၍ ရုပ်၏ဌီသို့ ရောက်သော ဧကဇကာယ, ဒွိဇကာယ, တိဇကာယ, စတုဇကာယ၊ ပစ္စယုပ္ပန်တရားတို့အား ပစ္ဆာဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြုပါသည်။
++++++++++++++++++++++
(၄) ရုပ်သည် နာမ်အား ၁ ပစ္စည်း
(ရုပ်သည် နာမ်အား၊ မျိုးတစ်ပါး၊ မှတ်သားပုရေဇာ)
ရုပ်ပစ္စည်းတရားသည် နာမ်ပစ္စယုပ္ပန်တရားအား ပုရေဇာတပစ္စည်းအားဖြင့် ပစ္စယသတ္တိ ၁ မျိုးဖြင့် ကျေးဇူးပြုပါသည်။
၁။ ပဉ္စာရုံ ပစ္စည်းတရားတို့သည်၊ ပဉ္စဝိညာဏဝီထိ ပစ္စယုပ္ပန်တရားတို့အား အာရမ္မဏပုရေဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြုပါသည်။
ပဝတ္တိအခါ ဆဝတ္ထု ပစ္စည်းတရားတို့သည်၊ ပဉ္စဝေါကာရဘုံ၌ ဖြစ်သောအခါ အရူပဝိပါက် ၄ ပါးကြဉ်သော သတ္တဝိညာဏဓာတ် ပစ္စယုပ္ပန်တရားတို့အား ဝတ္ထုပုရေဇာတ ပစ္စယသတ္တိဖြင့် ကျေးဇူးပြုပါသည်။
++++++++++++++++++
(၅) နာမ်+ရုပ်+ပညတ်သည် နာမ်အား ၂ ပစ္စည်း (အာရမ္မဏ၊ ဥပနိဿယ)
နာမ်+ရုပ်+ပညတ်ပစ္စည်းတရားသည် နာမ်ပစ္စယုပ္ပန်တရားအား အာရမ္မဏ, ဥပနိဿယပစ္စည်းအားဖြင့် ပစ္စယသတ္တိ ၂ မျိုးဖြင့် ကျေးဇူးပြုပါသည်။
၁။ စိတ် ၈၉ ပါး, စေတသိက် ၅၂ ပါး, ရုပ် ၂၈ ပါး, နိဗ္ဗာန်, ပညတ်, အာရုံ ၆ ပါး၊ ပစ္စည်းတရားတို့သည်၊ စိတ် ၈၉ ပါး, စေတသိက် ၅၂ ပါး၊ ပစ္စယုပ္ပန်တရားတို့အား အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုပါသည်။
၂။ အလေးအမြတ်ပြုအပ်သော ဣဋ္ဌဖြစ်သော နိပ္ဖန္နရုပ် ၁၈ ပါး, (ဒေါမူဒွေ, မောမူဒွေ, ဒုက္ခသဟဂုတ်ကာယဝိညာဏ်ကြဉ်) စိတ် ၈၄ ပါး, (ဒေါစတုက်, ဝိစိကြဉ်) စေတသိက် ၄၇ ပါး, နိဗ္ဗာန်၊ ပစ္စည်းတရားတို့သည်၊ အလေးအမြတ်ပြုတတ်သော လောဘမူစိတ် ၈ ပါး, မဟာကုသိုလ်စိတ် ၈ ပါး, လောကုတ္တရာစိတ် ၈ ပါး, မဟာကြိယာဉာဏသမ္ပယုတ်စိတ် ၄ ပါး, နာမက္ခန္ဓာတရား၊ ပစ္စယုပ္ပန်တရားတို့အား အာရမ္မဏူပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပါသည်။
- ရဟန္တာတို့၏ စုတိစိတ်ကြဉ်သော အလုံးစုံသော စိတ် ၈၉ ပါး, စေတသိက် ၅၂ ပါး, ပဝတ္တိပဋိသန္ဓေ နာမက္ခန္ဓာ ၄ ပါး ပစ္စည်းတရားတို့သည်၊ ရဟန္တာတို့၏ စုတိနှင့်တကွ, နောက်နောက်သော နာမက္ခန္ဓာ ၄ ပါး၊ ပစ္စယုပ္ပန်တရားတို့အား အနန္တရူပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပါသည်။ (အနန္တရနှင့် တူ၏။ အနန္တရူပနိဿယ ဆိုသည်သာ ထူး၏။)
- သဒ္ဓါစသော ကုသိုလ်တရားများ, ရာဂစသော အကုသိုလ်တရားများ, သုခ, ဒုက္ခ, ဥတု, ဘောဇန, ပုဂ္ဂလ, သေနာသန၊ ပစ္စည်းတရားတို့သည်၊ ထိုက်သည့်အားလျော်စွာ အဇ္ဈတ္တ, ဗဟိဒ္ဓသန္တာန်၌ ကုသိုလ်စသော ပစ္စယုပ္ပန်တရားတို့အားလည်းကောင်း။
-- ဗလဝဖြစ်သော ကုသိုလ်, အကုသိုလ်စေတနာကံ ပစ္စည်းတရားသည် ဝိပါက် ၃၆ ပါး, နာမက္ခန္ဓာ ပစ္စယုပ္ပန်တရားတို့အား ပကတူပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပါသည်။
ဒီနေ့တရားအညွှန်း ဒီမှာနားပါဦးမည်။
ကောင်းစွာ ဆက်လက်နာယူမှတ်သား သင်ယူနိုင်ကြပါစေ။
TNO(28.5.2020)
Thein Naing Ohn
ပစ္စည်းပိုင်း၊ အပိုင်း (၆)
==============
အရှင်ဝါယာမသာရ _ Ashin Wayamasara ၊
သာသနာဓဇဓမ္မာစရိယ M.A.Q ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ၊
(သာသနာရေးဝန်ကြီးဌာန) (ကမ္ဘာအေး)
အဘိဓမ္မာ၊ ဋီကာ၊ ဝိသုဒ္ဓိမဂ် သင်တန်း (သင်တန်းမှူးဆရာတော်)
+++++++++++++++
(၅) နာမ်+ရုပ်+ပညတ်သည် နာမ်အား ၂ ပစ္စည်း (အာရမ္မဏ၊ ဥပနိဿယ)
အာရမ္မဏပစ္စည်း
အာရုံပြုစရာတရားများ မရှိလျှင်၊ စိတ် + စေတသိက်နာမ်တရားများ ဖြစ်ပေါ်လာဖို့ အကြောင်းမရှိပေ၊ အာရုံ ၆ ပါး (စိတ်+စေ+ရုပ်+နိဗ္ဗာန်+ပညတ်)တရားတို့သည် ဆိုင်ရာနာမ်တရားများ ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေး၏။
တစ်နည်းဥပမာ။ ။ အာရုံ ၆ ပါး ပစ္စည်းတရားတို့သည် ရိုးရိုးသံတုံးသံခဲနှင့်တူ၏။
စိတ်+စေတသိက်(အာရမ္မဏိက ပစ္စယုပ္ပန်တရား)တို့သည် သံလိုက်ဓာတ်ရှိသော သံနှင့်တူ၏။ အာရုံသံတုံးသံခဲမရှိသော်၊ သံလိုက်ဓာတ်သည် ဆွဲယူစရာ မရှိတော့ပေ၊ ထို့ကြောင့် အာရုံနှင့် အာရမ္မဏိက(စိတ်+စေ)တရားတို့သည် သံတုံးသံခဲနှင့် သံလိုက်ဓာတ်ပမာ ကျေးဇူးပြုကြသည်။
အကြီးကျယ်ဆုံးပစ္စည်း။ ။ပဋ္ဌာန်းပစ္စည်းနှစ်ဆယ့်လေးပါးတို့တွင် ဤအာရမ္မဏပစ္စည်းသည် အကြီးအကျယ်ဆုံးသော ပစ္စည်းကြီးဖြစ်၏။ အာရမ္မဏပစ္စည်းမထိုက်သော ပရမတ်တရား၊ ပညတ်တရားဟူ၍ တစ်စုံတစ်ရာမျှ မရှိချေ။
နိဗ္ဗာန်တရားသည် နှစ်ဆယ့်လေးပစ္စည်းတို့တွင် အာရမ္မဏပစ္စည်းနှင့် အာရမ္မဏာဓိပတိတို့မှာသာ ပါဝင်၏။ အခြားပစ္စည်းတို့၌ မပါဝင်ချေ။ နိဗ္ဗာန်သည် အပစ္စယ၊ အသင်္ခတ တရားဖြစ်၍ တစ်စုံတစ်ခုသော ပစ္စည်း၏ အကျိုးဖြစ်သော ပစ္စယုပ္ပန်တွင်းသို့လည်း မပါမဝင်ချေ။ တစ်စုံတစ်ရာသောနည်းနှင့်မှ ပစ္စယုပ္ပန်ထိုက်သော တရား မဟုတ်။ အကြောင်းကြောင့် ဖြစ်ပေါ်သောတရား မဟုတ်ဟူ၍ ဆိုလိုသည်။ ထို့ကြောင့် နိဗ္ဗာန်မှာ ပဒဋ္ဌာန်မရှိဟု ဆိုရလေသည်။ နိဗ္ဗာန်သည် ပစ္စယုပ္ပန်ဖြစ်ထိုက်သည်၊ ပစ္စယုပ္ပန် မဖြစ်ထိုက်ဟု လျဉ်းပါးဖွယ် မရှိပေရကား နှစ်ဆယ့်လေးပစ္စည်းတို့၏ ပစ္စနိက်၌ သွင်းဖွယ်ကိစ္စမရှိဘဲ ဖြစ်လေသည်။ ရုပ်တရားတို့သည် အနာရမ္မဏတရား ဖြစ်၍ အာရုံပြုနိုင်သောတရား မဟုတ်ကုန်ရကား အာရမ္မဏပစ္စယုပ္ပန်မထိုက်၍ အာရမ္မဏပစ္စနိက်၌ ဝင်ကြလေကုန်သည်။
ဥပနိဿယပစ္စည်း။ ။ အားကြီးသောအကြောင်းဖြစ်၍ ကျေးဇူးပြုသောတရား ပင်ကိုယ်သဘောအားဖြင့်ပင်၊ ရာဂစသော အကုသိုလ်တရားများ၊ သဒ္ဓါစသော ကုသိုလ်တရားများ၊ ဥတု၊ ဘောဇဉ်၊ သေနာသန၊ ပုဂ္ဂိုလ်တို့သည် သတ္တဝါတို့၏ အဇ္ဈတ္တ(ကိုယ်တွင်းသန္တန်)၊ ဗဟိဒ္ဓ(ကိုယ်ပသန္တန်)၊ ကိုယ်တွင်းကိုယ်ပ နှစ်ဌာနလုံး၌၊ ကုသိုလ်တရား၊ အကုသိုလ်တရားများ ဖြစ်ပေါ်ရန်၊ ချမ်းသာ ဆင်းရဲတို့ကို ဖြစ်ပေါ်စေရန်၊ ပကတိ ပင်ကိုယ်သဘောအားဖြင့်ပင် အားကြီးသော မှီရာဖြစ်နေသည်။
ပကတူပနိဿယ = ပကတိ + ဥပနိဿယ။
ပကတိ = ပင်ကိုယ်အနေအားဖြင့်ပင်၊ ဥပနိဿယ = အားကြီးသော မှီရာဖြစ်နေသည့်တရား။
အားကြီးသောကုသိုလ် + အကုသိုလ်စေတနာတို့သည်၊ ပင်ကိုယ်သဘောအားဖြင့်ပင် (ဝိပါက် ၃၆ + နာမက္ခန္ဓာဟူသော) ကုသိုလ် + အကုသိုလ်အကျိုးတရားတို့ကို ဖြစ်ပေါ်စေရန် အားကြီးသော မှီရာဖြစ်၍ ကျေးဇူးပြု၏။
အာရမ္မဏူပနိဿယ။ ။ ဥပနိဿယပစ္စည်း သုံးမျိုးတို့တွင် သာမည ဖြစ်သော အာရုံစုသည် စိတ်၊ စေတသိက်တို့အား ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုခြင်းငှါ မတတ်နိုင်ကြကုန်။ ဂရုကတ၊ ဣဋ္ဌဖြစ်သော အဓိပတိအာရုံတို့သည်သာလျှင် အားကြီးသော မှီရာအဖြစ်ဖြင့် စိတ်၊ စေတသိက်တို့အား ကျေးဇူးပြုနိုင်ကြကုန်သည်။ ထို့ကြောင့် အာရမ္မဏာဓိပတိပစ္စည်းကို ဥပနိဿယပစ္စည်း မည်၏ဟူ၍ အကျဉ်းအားဖြင့် သိမှတ်လေ။
အနန္တရူပနိဿယ။ ။ နောက်နောင်စိတ်ကို ဖြစ်စေရန် ကျေးဇူးပြုသောတရားတို့တွင် အခြားမဲ့ဖြစ်သော အနန္တရရှေ့စိတ်စုသည် အားကြီးသော မှီရာအကြောင်း ဖြစ်ပေ၏။ ထို့ကြောင့် အနန္တရပစ္စည်းကို ဥပနိဿယပစ္စည်း၌ သွင်းပြန်၍ အနန္တရူပနိဿယပစ္စည်းဟူ၍ ဟောတော်မူရပြန်သည်။
ပကတူပနိဿယမည်ပုံ။ ။ ပကတူပနိဿယ၌ “ပကတိယာယေဝ ဥပနိဿယောတိ ပကတူပနိဿယော” ။ ပကတိယာယေဝ၊ အာရုံအနန္တရတို့နှင့် မရောမဖက်သက်သက် ပကတိသဘောမျိုးအားဖြင့်သာလျှင်။ ဥပနိဿယော၊ အားကြီးသော မှီရာအကြောင်းပစ္စည်းတည်း။ ဣတိတသ္မာ၊ ထို့ကြောင့်။ ပကတူပနိဿယော၊ ပကတူပနိဿယမည်၏။ အဓိပ္ပာယ်ကား (ပြဆိုအပ်ပြီးသော အာရမ္မဏာဓိပတိမျိုး၊ အနန္တရမျိုးတို့နှင့် မရောမရှက် သက်သက် သဘောမျိုးအားဖြင့် အားကြီးသော မှီရာဖြစ်သော ပစ္စည်းကို ပကတိသဒ္ဒါဖြင့် အထူးပြု၍ ပကတူပနိဿယပစ္စည်းဟု ဆိုအပ်ပေသည် ဟူလို။
ပကတူပနိဿယပစ္စည်း၌ - ကု - ကု၊ အကု၊ အဗျာကတ အားလည်းကောင်း
အကု - ကု၊ အကု၊ အဗျာကတ အားလည်းကောင်း
အဗျာကတ - ကု၊ အကု၊ အဗျာကတ အားလည်းကောင်း
အလုံးစုံ ကျေးဇူးပြုနိုင်ကြကုန်၏။
ဒီနေ့တရားအညွှန်း ဒီမှာနားပါဦးမည်။
ကောင်းစွာ ဆက်လက်နာယူမှတ်သား သင်ယူနိုင်ကြပါစေ။
TNO(29.5.2020)
Thein Naing Ohn
ပစ္စည်းပိုင်း၊ အပိုင်း (၇)
==============
အရှင်ဝါယာမသာရ _ Ashin Wayamasara ၊
သာသနာဓဇဓမ္မာစရိယ M.A.Q ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ၊
(သာသနာရေးဝန်ကြီးဌာန) (ကမ္ဘာအေး)
အဘိဓမ္မာ၊ ဋီကာ၊ ဝိသုဒ္ဓိမဂ် သင်တန်း (သင်တန်းမှူးဆရာတော်)
+++++++++++++++
နာမ်+ရုပ်သည် နာမ်+ရုပ်အား ၉ ပစ္စည်း
နာမ်+ရုပ်ပစ္စည်းတရားသည် နာမ်+ရုပ်ပစ္စယုပ္ပန်တရားအား အဓိပတိ, သဟဇာတ, အညမည, နိဿယ, အာဟာရ, ဣန္ဒြိယ, ဝိပ္ပယုတ္တ, အတ္ထိ, အဝိဂတပစ္စည်းအားဖြင့် ပစ္စယသတ္တိ ၉ မျိုးဖြင့် ကျေးဇူးပြုပါသည်။
၁။ အဓိပတိပစ္စည်း (အာရမ္မဏာဓိပတိ, သဟဇာတာဓိပတိ)
- အလေးအမြတ်ပြုအပ်သော ဣဋ္ဌဖြစ်သော နိပ္ဖန္နရုပ် ၁၈ ပါး, (ဒေါမူဒွေး, မောမူဒွေ, ဒုက္ခသဟဂုတ်ကာယဝိညာဏ်ကြဉ်) စိတ် ၈၄ ပါး, (ဒေါစတုက်, ဝိစိကြဉ်)စေတသိက် ၄၇ပါး, နိဗ္ဗာန်၊ ပစ္စည်းတရားတို့သည်၊ အလေးအမြတ်ပြုတတ်သော လောဘမူစိတ် ၈ ပါး, မဟာကုသိုလ်စိတ် ၈ ပါး, လောကုတ္တရာစိတ် ၈ ပါး, မဟာကြိယာဉာဏသမ္ပယုတ်စိတ် ၄ ပါး, နာမက္ခန္ဓာတရား၊ ပစ္စယုပ္ပန်တရားတို့အား အာရမ္မဏာဓိပတိ ပစ္စယသတ္တိဖြင့် ကျေးဇူးပြုပါသည်။ (အာရမ္မဏူပနိဿယနှင့်တူသည်။)
- အဓိပတိတရားကိုယ် ၃ ပါး, ၄ ပါးတို့တွင် တစ်ပါးပါး ပစ္စည်းတရားသည်၊ သာဓိပတိဇော် ၅၂ ပါး, (ဝိစိကိစ္ဆာ နှင့် ဆိုင်ရာအဓိပတိကြဉ်) စေတသိက် ၅၀ ပါး, သာဓိပတိစိတ္တဇရုပ် ပစ္စယုပ္ပန်တရားတို့အား သဟဇာတာဓိပတိပစ္စယသတ္တိဖြင့် ကျေးဇူးပြုပါသည်။
၂။ သဟဇာတ
- အလုံးစုံသောစိတ်, စေတသိက် ပဝတ္တိ-ပဋိသန္ဓေ နာမက္ခန္ဓာ ၄ ပါး၊ ပစ္စည်းတရားတို့သည်၊ အချင်းချင်းအား၎င်း, အချင်းချင်းနာမက္ခန္ဓာ စိတ္တဇရုပ်, ပဋိ-ကမ္မဇရုပ် ပစ္စယုပ္ပန်တရားတို့အားလည်းကောင်း၊
- အလုံးစုံသော မဟာဘုတ် ၄ ပါး၊ ပစ္စည်းတရားတို့သည်၊ အချင်းချင်းအား၎င်း, ဥပါဒါအား၎င်း၊
- ပဉ္စဝေါကာရပဋိသန္ဓေ နာမက္ခန္ဓာ, ဟဒယဝတ္ထု၊ ပစ္စည်းတရားတို့သည်၊ အချင်းချင်းအား၎င်း၊ ပစ္စယုပ္ပန်တရားတို့အား သဟဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြုပါသည်။
၃။ အညမည
- အလုံးစုံသော စိတ်, စေတသိက် ပဝတ္တိ-ပဋိသန္ဓေ နာမက္ခန္ဓာ ၄ ပါး၊ ပစ္စည်းတရားတို့သည် အချင်းချင်းအားလည်းကောင်း၊
- မဟာဘုတ် ၄ ပါး၊ ပစ္စည်းတရားတို့သည်၊ အချင်းချင်းအားလည်းကောင်း၊
- ပဉ္စဝေါကာရပဋိသန္ဓေ နာမက္ခန္ဓာ, ဟဒယဝတ္ထု၊ ပစ္စည်းတရားတို့သည်၊ အချင်းချင်းအားလည်းကောင်း၊ ပစ္စယုပ္ပန်တရားတို့အား အညမညပစ္စယသတ္တိဖြင့် ကျေးဇူးပြုပါသည်။
၄။ နိဿယပစ္စည်း (သဟဇာတနိဿယ, ဝတ္ထုပုရေဇာတနိဿယ)
- အလုံးစုံသော စိတ်, စေတသိက် ပဝတ္တိ - ပဋိသန္ဓေ နာမက္ခန္ဓာ ၄ ပါး၊ ပစ္စည်းတရားတို့သည် အချင်းချင်းအား၎င်း, အချင်းချင်း နာမက္ခန္ဓာ စိတ္တဇရုပ်, ပဋိ-ကမ္မဇရုပ်၊ ပစ္စယုပ္ပန်တရားတို့အားလည်းကောင်း၊
- အလုံးစုံသော မဟာဘုတ် ၄ ပါး၊ ပစ္စည်းတရားတို့သည်၊ အချင်းချင်းအား၎င်း, ဥပါဒါအား၎င်း၊
- ပဉ္ဏဝေါကာရပဋိသန္ဓေ နာမက္ခန္ဓာ, ဟဒယဝတ္ထု၊ ပစ္စည်းတရားတို့သည်၊ အချင်းချင်းအား၎င်း၊ ပစ္စယုပ္ပန်တရားတို့အား သဟဇာတနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပါသည်။ (သဟဇာတနှင့်တူ)
- ပဝတ္တိအခါ ဆဝတ္ထု ပစ္စည်းတရားတို့သည်၊ ပဉ္စဝေါကာရဘုံ၌ ဖြစ်သောအခါ အရူပဝိပါက် ၄ ပါးကြဉ်သော သတ္တဝိညာဏဓာတ် ပစ္စယုပ္ပန်တရားတို့အား ဝတ္ထုပုရေဇာတနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပါသည်။ (ဝတ္ထုပုရေဇာတနှင့်တူ)
၅။ အာဟာရပစ္စည်း (ရုပ်အာဟာရ, နာမ်အာဟာရ)
- ကဗဠီကာရာဟာရ ပစ္စည်းတရားတို့သည်၊ ဤ ရူပကာယ ပစ္စယုပ္ပန်တရားတို့အား ရုပ်အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြုပါသည်။
- ဖဿစသည်နာမ်အာဟာရ ၃ ပါး၊ ပစ္စည်းတရားတို့သည်၊ တကွဖြစ်သော နာမ်,ရုပ်၊ ပစ္စယုပ္ပန်တရားတို့အား နာမ်အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြုပါသည်။
၆။ ဣန္ဒြိယပစ္စည်း (သဟဇာတိန္ဒြိယ, ပုရေဇာတိန္ဒြိယ, ရူပဇီဝိတိန္ဒြိယ)
- နာမ်ဣန္ဒြေတရားကိုယ် ၈ ပါး၊ ပစ္စည်းတရားတို့သည်၊ တကွဖြစ်သော စိတ်,စေ,ရုပ်၊ ပစ္စယုပ္ပန်တရားတို့အား သဟဇာတိန္ဒြိယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပါသည်။
- ပသာဒရဒပ် ၅ ပါး၊ ပစ္စည်းတရားတို့သည်၊ ဒွေပဉ္ဏဝိညာဏ်စိတ် ၁၀ ပါး, သဗ္ဗစိတ္တစေတသိက် ၇ ပါး၊ ပစ္စယုပ္ပန်တရားတို့အား ပုရေဇာတိန္ဒြိယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပါသည်။
- ရုပ်ဇီဝိတိန္ဒြေ၊ ပစ္စည်းတရားတို့သည်၊ ရုပ်ဇီဝိတိန္ဒြေကြဉ် ကမ္မဇရုပ်၊ ပစ္စယုပ္ပန်တရားတို့အား ရူပဇီဝိတိန္ဒြိယပစ္စယ သတ္တိဖြင့် ကျေးဇူးပြုပါသည်။
၇။ ဝိပ္ပယုတ္တပစ္စည်း (သဟဇာတဝိပ္ပယုတ္တ, ပုရေဇာတဝိပ္ပယုတ္တ, ပစ္ဆာဇာတဝိပ္ပယုတ္တ)
- ပဋိသန္ဓေခဏ၌ ဟဒယဝတ္ထု ပစ္စည်းတရားတို့သည်၊ ပဋိသန္ဓေဝိပါက်နာမက္ခန္ဓာ၊ ပစ္စယုပ္ပန်တရားတို့အား လည်းကောင်း၊
- ပဝတ္တိအခါ စိတ်+စေတသိက် နာမက္ခန္ဓာ ၄ ပါး၊ ပစ္စည်းတရားတို့သည်၊ တကွဖြစ်ဖက်ဖြစ်သော စိတ္တဇရုပ် ပစ္စယုပ္ပန်တရားတို့အား သဟဇာတဝိပ္ပယုတ္တပစ္စယသတ္တိဖြင့် ကျေးဇူးပြုပါသည်။
- ပဝတ္တိအခါ ဆဝတ္ထုပစ္စည်းတရားတို့သည်၊ ပဉ္စဝေါကာရဘုံ၌ ဖြစ်သောအခါ အရူပဝိပါက် ၄ ပါးကြဉ်သော သတ္တဝိညာဏဓာတ်(၇ပါး) ပစ္စယုပ္ပန်တရားတို့အား ပုရေဇာတဝိပ္ပယုတ္တပစ္စယသတ္တိဖြင့် ကျေးဇူးပြုပါသည်။ (ဝတ္ထုပုရေဇာတနှင့်တူ)
- ပဉ္စဝေါကာရဘုံ၌ ဖြစ်သောအခါ အရူပဝိပါက် ၄ ခုကြဉ်သော၊ ပထမဘဝင် အစရှိသော နောက်ဖြစ်သော နာမက္ခန္ဓာ ၄ ပါး ပစ္စည်းတရားတို့သည်၊ ပဋိသန္ဓေအစရှိသော ရှေးရှေးသော စိတ်နှင့် အတူဥပါဒ်၍ ရုပ်၏ဌီသို့ ရောက်သော ဧကဇကာယ, ဒွိဇကာယ, တိဇကာယ, စတုဇကာယ၊ ပစ္စယုပ္ပန်တရားတို့အား ပစ္ဆာဇာတဝိပ္ပယုတ္တပစ္စယသတ္တိဖြင့် ကျေးဇူးပြုပါသည်။ (ပစ္ဆာဇာတနှင့်တူ)
၈။ အတ္ထိပစ္စည်း
အတ္ထိပစ္စည်း ၅ မျိုး = သဟဇာတတ္ထိ, ဝတ္ထုပုရေဇာတတ္ထိ, ပစ္ဆာဇာတတ္ထိ, ရုပ်အာဟာရတ္ထိ, ရူပဇီဝိတိန္ဒြိယပစ္စည်း အားဖြင့် ၅ မျိုး ဖြစ်ပါသည်။
၉။ အဝိဂတပစ္စည်း
အဝိဂတပစ္စည်း ၅ မျိုး = သဟဇာတအဝိဂတ, ဝတ္ထုပုရေဇာတအဝိဂတ, ပစ္ဆာဇာတအဝိဂတ, ရုပ်အာဟာရအဝိဂတ, ရူပဇီဝိတိန္ဒြိယအဝိဂတပစ္စည်း အားဖြင့် ၅ မျိုး ဖြစ်ပါသည်။
အတ္ထိပစ္စည်း ၅ မျိုးနှင့် အဝိဂတပစ္စည်း ၅ မျိုးတို့သည် ဆိုင်ရာပစ္စည်းတို့၌ ဆိုခဲ့ပြီးသော ပစ္စည်း၊ ပစ္စယုပ္ပန်တရားတို့နှင့် အလုံးစုံတူကြပြီး၊ (ပစ္စယ) သတ္တိဖြင့် ကျေးဇူးပြုသည်ဟု ဆိုသည်သာ ထူး၏။
သဟဇာတရုပ် (သင်္ဂြိုဟ်ဆရာ အထူးမှာထားချက်။)
သဟဇာတမျိုး အားလုံးတို့၌ အသုံးပြုသော သဟဇာတရုပ်(အတူတကွဖြစ်ဘက်ရုပ်)ဟူသည်မှာ -
(က) ပဝတ္တိအခါ စိတ်ကြောင့် ဖြစ်သောရုပ် (စိတ္တဇရုပ်)ကို ခေါ်၍၊
(ခ) ပဋိသန္ဓေ အခါ ကံကြောင့်ဖြစ်သော ကဋတ္တာရုပ်(ကမ္မဇရုပ်)ကို ခေါ်ခြင်းပင် ဖြစ်သည်။
ဒီနေ့တရားအညွှန်း ဒီမှာနားပါဦးမည်။
ကောင်းစွာ ဆက်လက်နာယူမှတ်သား သင်ယူနိုင်ကြပါစေ။
TNO(30.5.2020)
Thein Naing Ohn
ပစ္စည်းပိုင်း၊ အပိုင်း (၈)
==============
အရှင်ဝါယာမသာရ _ Ashin Wayamasara ၊
သာသနာဓဇဓမ္မာစရိယ M.A.Q ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ၊
(သာသနာရေးဝန်ကြီးဌာန) (ကမ္ဘာအေး)
အဘိဓမ္မာ၊ ဋီကာ၊ ဝိသုဒ္ဓိမဂ် သင်တန်း (သင်တန်းမှူးဆရာတော်)
+++++++++++++++
၄ ပစ္စည်းဖြင့် ပစ္စည်းအားလုံး သိမ်းကျုံးနိုင်
ပဋ္ဌာန်း ၂၄ ပစ္စည်းကို အကျဉ်းအားဖြင့်ဖော်ပြရသော် ၄ ပစ္စည်းတွင်အကုန်ဝင်ပါသည်။ ပစ္စည်းအားလုံးတို့သည် အာရမ္မဏ+ဥပနိဿယ+ကမ္မ+အတ္ထိ၊ ၄ ပစ္စည်းတို့၌ ထိုက်သည်အားလျော်စွာ ပေါင်းစုဝင်ကြကုန်၏။
သဟဇာတမျိုး အားလုံးတို့၌ အသုံးပြုသော သဟဇာတရုပ် (အတူတကွဖြစ်ဖက်ရုပ်) ဟူသည်မှာ -
(က) ပဝတ္တိအခါ စိတ်ကြောင့်ဖြစ်သောရုပ် (စိတ္တဇရုပ်) ကိုခေါ်၍
(ခ) ပဋိသန္ဓေအခါ ကံကြောင့်ဖြစ်သော ကဋတ္တာရုပ်(ကမ္မဇရုပ်)တို့ကို သဟဇာတရုပ်ဟုခေါ်ပါသည်။
++++++++++++++++++++
၂၄ ပစ္စည်းကို ကာလအားဖြင့် ဝေဖန်ပုံ
လင်္ကာ။ ။ ပစ္စုပ်+ဆယ့်ငါး၊ တိတ်ကား+ငါးလီ၊ ယင်းကိုမှီ+တလီပစ္စယ။
ကာလသုံးပါး၊ ဝိမုတ်ထား၊ သုံးပါးပစ္စယ။
(က) တိက်ကား ငါးလီ (အတိတ်ကာလ ၅ ပစ္စည်း) (ဧကကာလိက)
အနန္တရ၊ သမနန္တရ၊ အာသေဝန၊ နတ္ထိ၊ ဝိဂတ = ၅
(ခ) ယင်းကိုမှီ၊ တလီပစ္စယ (ပစ္စုပ္ပန်+အတိတ် ၂ ပါး ၁ ပစ္စည်း) (ဒွိကာလိက)
ကမ္မပစ္စည်း(ထိုကမ္မပစ္စည်း၌ သဟဇာတကမ္မပစ္စည်းသည် ပစ္စုပ္ပန်၊ နာနာက္ခဏိက ကမ္မပစ္စည်းသည် အတိတ်၊ ထို့ကြောင့် ကာလ ၂ ပါးကို မှီသော ဒွိကာလိကပစ္စည်းဟုခေါ်သည်။)
(ဂ) ကာလ ၃ ပါး၌လည်းဖြစ်/ကာလ ၃ ပါးမှလည်း လွတ်သော ပစ္စည်း ၃ ပါး တေကာလိက/ကာလဝိမုတ္တ
အာရမ္မဏ၊ အဓိပတိ၊ ဥပနိဿယ = ၃
(ဃ) ပစ္စုပ် ဆယ့်ငါး (ဧကကာလိက)
အထက် က၊ ခ၊ ဂ တို့မှ ကြွင်းသော ၁၅ ပစ္စည်း
ဟေတု+သဟဇာတ+အညမည+နိဿယ+ပုရေဇာတ+ပစ္ဆာဇာတ+ဝိပါက်+အာဟာရ+ဣန္ဒြိယ+ဈာန+မဂ္ဂ+ သမ္ပယုတ္တ+အတ္ထိ+အဝိဂတ
+++++++++++++++++++++++++
၂၄ ပစ္စည်းကို သင်္ခတ+အသင်္ခတဖြင့် ခွဲပြခြင်း
(က) အာရမ္မဏ+အဓိပတိ+ဥပနိဿယ ၃ ပစ္စည်း သင်္ခတ+အသင်္ခတ ၂ မျိုးရ
(ခ) ကြွင်း ၂၁ ပစ္စည်းသည် သင်္ခတ သာရ၏။
သင်္ခတ = ကံ+စိတ်+ဥတု+အာဟာရ ဟူသောအကြောင်းတရား ၄ ပါးတို့ ပြုပြင်ခံရသောတရား
အသင်္ခတ = ကံ+စိတ်+ဥတု+အာဟာရ ဟူသောအကြောင်းတရား ၄ ပါးတို့ ပြုပြင် မခံရသောတရား
++++++++++++++++
၂၄ ပစ္စည်းကို အဇ္ဈတ္တ+ဗဟိဒ္ဓ ၂ ပါးဖြင့် ဝေဖန်ခြင်း
(က) အာရမ္မဏ + အဓိပတိ + သဟဇာတ + အညမည + နိဿယ + ဥပနိဿယ + ပုရေဇာတ + အာဟာရ + အတ္ထိ + အဝိဂတ = ၁၀ ပစ္စည်းသည် အဇ္ဈတ္တ+ဗဟိဒ္ဓ ၂ မျိုးရသည်။
(ခ) ကြွင်း ၁၄ ပစ္စည်းသည် အဇ္ဈတ္တသာ ရ၏။
ဆောင် - အာ+ဓိ+သဟ၊ အင်+ဥပ၊ ပုရ+နိ+ဟာ+အတ်၊ အဝိဂတာ၊ ဤဆယ်ဖြာ၊ အဇ္ဈာ+ဗဟိဒ္ဓတ်။
+++++++++++++++++++++++++
စိတ်+စေတသိက်+ရုပ်+နိဗ္ဗာန်+ပညတ်တို့ကို တေကာလိက စသည်ဖြင့် ဝေဖန်ပုံ
(က) တေကာလိက (ကာလသုံးပါး၌ ဖြစ်သောတရား) = စိတ် စေတသိက် + ရုပ်
(ခ) ကာလဝိမုတ္တ (ကာလသုံးပါးမှ လွတ်သောတရား) = နိဗ္ဗာန်၊ ပညတ်
(က) အဇ္ဈတ္တ (အတွင်းသန္တာန်၌ ဖြစ်သောတရား) = စိတ် + စေတသိက် + ရုပ်
(ခ) ဗဟိဒ္ဓ (အပြင်ပ၌ဖြစ်သောတရား) = စိတ် + စေတသိက် + ရုပ် + နိဗ္ဗာန်
(က) သင်္ခတတရား = စိတ် + စေတသိက် + ရုပ်
(ခ) အသင်္ခတတရား = နိဗ္ဗာန်
မှတ်ချက်။ ။ ပညတ်+နာမ်+ရုပ်တို့သည် ပဋ္ဌာန်းအရာ၌ ၂၄ ပါးပြားကုန်၏။
++++++++++++++++++++++
စိတ်+စေတသိက်+ရုပ်+နိဗ္ဗာန်တို့ကို (ရုပ်+နာမ် ၂ မျိုး) အားဖြင့် ခွဲပြခြင်း
(က) ရုပ် ၂၈ ပါးကို ရူပက္ခန္ဓာ (ရုပ်တရားအစု) ဟုခေါ်သည်။
(ခ) စိတ်+စေတသိက်ဟုဆိုအပ်သော နာမ်ခန္ဓာ ၄ ပါး + နိဗ္ဗာန် = ပေါင်း ၅ ပါးကို (အရူပ) နာမ်တရားစု ဟုခေါ်သည်။
မှတ်ချက်။ ။ နိဗ္ဗာန်သည် နာမ်တရားထဲ၌ ပါဝင်သည်ကို သတိပြုပါ။
(ရုပ်+နာမ် ၂ ပါးမှ အလွတ်ဟု ထင်တတ်သည်)
++++++++++++++++++
(က) ဇနကပစ္စည်း = (ဖြစ်စေရုံသာ ဖြစ်စေတတ်သောပစ္စည်း = ၅ ပစ္စည်း)
(အနန္တရ + သမနန္တရ + အာသေဝန + နတ္ထိ + ဝိဂတ = ၅ ပစ္စည်း
(ခ) ဥပတ္ထမ္ဘကပစ္စည်း = (ထောက်ပံ့ရုံသာ ထောက်ပံ့စေတတ်သည့် ပစ္စည်း = ၁ ပစ္စည်း (ပစ္ဆာဇာတ)
(ဂ) ဇနကောပတ္ထမ္ဘကပစ္စည်း = (ဖြစ်လည်းဖြစ်စေ၊ ထောက်လည်း ထောက်ပံ့စေတတ်သည့် ပစ္စည်း = ၁၈ ပစ္စည်း)
(ကြွင်း ၁၈ ပစ္စည်း , ၂ မျိုးရ ၁၈ ပစ္စည်း)
ပဋ္ဌာန်းနည်းပြီး၏။
ဒီနေ့တရားအညွှန်း ဒီမှာနားပါဦးမည်။
ကောင်းစွာ ဆက်လက်နာယူမှတ်သား သင်ယူနိုင်ကြပါစေ။
TNO(31.5.2020)
Thein Naing Ohn
ပစ္စည်းပိုင်း၊ အပိုင်း (၉)
==============
အရှင်ဝါယာမသာရ _ Ashin Wayamasara ၊
သာသနာဓဇဓမ္မာစရိယ M.A.Q ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ၊
(သာသနာရေးဝန်ကြီးဌာန) (ကမ္ဘာအေး)
အဘိဓမ္မာ၊ ဋီကာ၊ ဝိသုဒ္ဓိမဂ် သင်တန်း (သင်တန်းမှူးဆရာတော်)
+++++++++++++++
ပညတ်ခန်း
ပရမတ္ထသစ္စာမျိုးမဟုတ်ဘဲ လောကသမုတိသစ္စာ၊ (လောကီ၌ သမုတ်ထား မှည့်ထားသော အမှန်တရားကို) ပညတ်ဟု ခေါ်သည်။
ပညတ်အပြား ၂ မျိုး
၁။ အကောင်အထည် (ဒြပ်) အနက်သဘောသည် ခေါအပ်+သိစေအပ်သော ကြောင့် (အတ္ထပညတ်) မည်ပါသည်။
၂။ အမည်နာမသဒ္ဒအသံသဘောသည်၊ ခေါ်ကြောင်း+သိကြောင်း ဖြစ်သောကြောင့် (နာမပညတ်)(သဒ္ဒပညတ်) မည်ပါသည်။
အတ္ထပညတ်အပြား ၆ ပါး
(၁) သဏ္ဍာနပညတ်
ပထဝီစသော မဟာဘုတ်တို့၏ ဖောက်ပြန်သောအခြင်းအရာ, ထက်ဝန်းကျင် ညွှတ်ကိုင်းပုံအခြင်းအရာတို့ကို အကြောင်းပြု၍ ခေါ်ဝေါ်ပညတ်အပ်သော မြေ၊ တောင်၊ သစ်ပင် - စသည်တို့သည် သဏ္ဍာနပညတ်များ ဖြစ်၏။
(၂) သမူဟပညတ်
သစ်, မြေစိုင်, ချည်အစရှိသော အဆောက်အဦးတို့၏ ပေါင်းစုသောအခြင်းအရာကို အကြောင်းပြု၍ ခေါ်ဝေါ်ပညတ်အပ်သော အိမ်၊ ရထား၊ လှည်း၊ အိုး၊ အဝတ်ပုဆိုးစသည်တို့သည် သမူဟပညတ်များ ဖြစ်၏။
(၃) ဇာတိပညတ်
ခန္ဓာငါးပါးအပေါင်းကို အကြောင်းပြု၍ ခေါ်ဝေါ်ပညတ်အပ်သော ယောကျာ်း၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တဝါ - စသည်တို့သည် ဇာတိပညတ်များ ဖြစ်၏။
(၄) ဒိသာပညတ်
လ, နေ, နက္ခတ်တို့၏ မြင်းမိုရ်တောင်ကို လကျာ်ရစ်လှည့်၍သွားခြင်းစသော အခြင်းအရာကို အကြောင်းပြု၍ ခေါ်ဝေါ်ပညတ်အပ်သော အရှေ့၊ အနောက်စသော အရပ်မျက်နှာအမည်တို့သည် ဒိသာပညတ်များ ဖြစ်၏။
(၅) ကာလပညတ်
နံနက်အခါ, ညဉ့်အခါစသော အချိန်အခါတို့သည် ကာလပညတ်များ ဖြစ်၏။
(၆) မာသပညတ်
ကဆုန်လ, နယုန်လ - စသော လအမည်တို့သည် မာသပညတ်များ ဖြစ်၏။
(၇) အာကာသပညတ်
ထိုထိုရုပ်ကလာပ်တို့သည် မတွေ့မထိအပ်သော အခေါင်းအပေါက် - စသော အခြင်းအရာကို အကြောင်းပြု၍ ခေါ်ဝေါ်ပညတ်အပ်သော တွင်း၊ ဂူ၊ လိုဏ်၊ အပေါက်စသည်တို့သည် အာကာသပညတ်များ ဖြစ်၏။
(၈) နိမိတ္တပညတ်
ထိုထိုသို့သော အခြင်းအရာအားဖြင့် ထင်ပေါ်လာသော ပထဝီကသိုဏ်းစသော နိမိတ်ကိုလည်းကောင်း၊ ပရိကမ္မစသော ဘာဝနာအစဉ်အဆက် အထူးကိုလည်းကောင်း အကြောင်းပြု၍ ခေါ်ဝေါ်ပညတ်အပ်သော ကသိုဏ်းနိမိတ်၊ အသုဘနိမိတ်၊ ဥဂ္ဂဟနိမိတ်စသည်တို့သည် နိမိတ္တပညတ်များ ဖြစ်၏။
အတ္ထပညတ်ဟု ခေါ်လာရပုံ
၁။ ဤသို့အစရှိသော ပညတ်များကို ပရမတ်အားဖြင့် အထင်အရှား မရှိသော်လည်း မဟာဘုတ်စသော ပရမတ္ထတရားတို့၏ အရိပ်အရောင်အနေဖြင့် စိတ်စေတသိက်တို့၏ အာရုံဖြစ်သောကြောင့်လည်းကောင်း။
၂။ ထိုထိုအရာဝတ္ထုကို စိတ်ဖြင့် စွဲယူထောက်ဆ၍ ပညတ်ခြင်း၏ အကြောင်းကို ပြုသဖြင့်လည်းကောင်း။
၃။ ထိုထို အပြားအားဖြင့် ကြံဆ၍ ယူအပ်သည်၏အဖြစ်ကြောင့်လည်းကောင်း၊ ထိုအကြောင်းများကြောင့် လောကသမုတိသစ္စာအနေဖြင့်၊ ညီတူညီမျှ အသိအမှတ်ပြု၊ အများကလဲ ခေါ်ဝေါ်အပ်၊ အပြားအားဖြင့် သိစေအပ် (အသိခံရသည့်အတွက်) အတ္ထပညတ် ဟု ခေါ်ပေသည်။
ဒီနေ့တရားအညွှန်း ဒီမှာနားပါဦးမည်။
ကောင်းစွာ ဆက်လက်နာယူမှတ်သား သင်ယူနိုင်ကြပါစေ။
TNO(1.6.2020)
Thein Naing Ohn
ပစ္စည်းပိုင်း၊ အပိုင်း (၁၀)
==============
အရှင်ဝါယာမသာရ _ Ashin Wayamasara ၊
သာသနာဓဇဓမ္မာစရိယ M.A.Q ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ၊
(သာသနာရေးဝန်ကြီးဌာန) (ကမ္ဘာအေး)
အဘိဓမ္မာ၊ ဋီကာ၊ ဝိသုဒ္ဓိမဂ် သင်တန်း (သင်တန်းမှူးဆရာတော်)
+++++++++++++++
နာမပညတ် (သို့) သဒ္ဒပညတ် ၆ ပါး
၁။ ဝိဇ္ဇမာနပညတ် = (ပရမတ္ထအားဖြင့် ထင်ရှားရှိသည့်အနက်ကို သိစေတတ်သောပညတ်)
၂။ အဝိဇ္ဇာမာနပညတ် = (ပရမတ္ထအားဖြင့် ထင်ရှားမရှိသည့်အနက်ကို သိစေတတ်သောပညတ်)
၃။ ဝိဇ္ဇာမာနေန အဝိဇ္ဇာမာနပညတ် = (ဝိဇ္ဇမာနအနက်ဖြင့် အဝိဇ္ဇမာနအနက်ကို သိစေသောပညတ်)
၄။ အဝိဇ္ဇာမာနေန ဝိဇ္ဇာမာနပညတ် = (ဣတ္ထိသဒ္ဒ = မိန်းမအသံ (ဣတ္ထိ = အဝိဇ္ဇမာန၊ သဒ္ဒ = ဝိဇ္ဇမာန)
၅။ ဝိဇ္ဇမာနေန ဝိဇ္ဇမာနပညတ် = (စက္ခုဝိညာဏံ = မျက်စိ၌ မှီသော အသိစိတ်) (စက္ခု = ဝိဇ္ဇမာန၊ ဝိညာဏ = ဝိဇ္ဇမာန)
၆။ အဝိဇ္ဇမာနေန အဝိဇ္ဇမာနပညတ် = (ရာဇပုတ္တော = မင်းသား) (ရာဇ= အဝိဇ္ဇာမာန၊ ပုတ္တ = အဝိဇ္ဇမာန)
+++++++++++++
ပညတ် ၂ မျိုး သိရပုံကို သောတဒွါရတဒနုဝတ္တကမနောဒွါရဝီထိဖြင့် ပြဆိုခြင်း
နွား ဟူသော အသံကို ကြားရာ၌ --
၁။ ထိုနွား ဟူသောအသံကို အာရုံပြု၍ သောတဒွါရတဝီထိဖြစ်၏။
၂။ ထို့နောက် ချုပ်လေပြီးသော နွားဟူသော အသံသဒ္ဒါရုံကိုပင် အာရုံပြု၍ တဒနုဝတ္တကမနောဒွါရဝီထိ ဖြစ်၏။
၃။ ထို့နောက် နွား ဟူသော နာမည်ကို ယူသော (နာမဂ္ဂဟဏဝီထိ) အမည်(နာမပညတ်)အဖြစ် သိရသော တဝီထိဖြစ်၏။
၄။ ထို့နောက်မှ နွားသဏ္ဍာန်ဒြပ်၊ အကောင်အထည်ကြီး စိတ်မျက်စိထဲ၌ ပေါ်လာသော အသွင်သဏ္ဍာန်ဒြပ်ကိုယူသော (အတ္ထဂ္ဂဟဏဝီထိ) အတ္ထပညတ်အဖြစ်ကို သိရသော တစ်ဝီထိဖြစ်၏ - (ဤသို့လျှင် ၄ - ဝီထိ ဖြစ်ပေါ်သည်)
ထို ၄ ဝီထိ ဖြစ်ရာတွင် ပထမဝီထိဖြင့် အသံကြားရုံ ဝီထိ၊ ဒုတိယဝီထိဖြင့် ကြားရသောအသံကို ထပ်၍ အာရုံပြုသော ဝီထိ၊ (နာမပညတ်၊ အတ္ထပညတ်တို့ကို မသိရသေး) တတိယဝီထိဖြင့် သဒ္ဒပညတ်(နာမပညတ်ကို သိရသော ဝီထိဖြစ်ပြီး၊ စတုတ္ထဝီထိဖြင့် အတ္ထပညတ်ကို သိရသောဝီထိတို့ ဖြစ်သည်။
(တတိယ၊ စတုတ္ထဝီထိစိတ်တို့ဖြင့် ပညတ် ၂ မျိုးကို သိရသည်ဟု မှတ်ပါ။)
++++++++++++++++++++
သဒ္ဒပညတ်(နာမပညတ်) ပေါ်ပေါက်လာပုံ
ကမ္ဘာဦးစတုန်းက အတ္ထပညတ်(ဒြပ်၊ သဏ္ဍာန်၊ အကောင်အထည်) တို့သာ ရှိသေးသည်။ နာမည်မမှည့်ရသေး၊ နောက်ပိုင်းကြမှ၊ ပညာရှိဆိုသူတို့က မြေအစိုင်အခဲဒြပ်ကြီးကို မာကျောသည့်သဘောရှိသောကြောင့် ပါဠိလို ပထဝိဟုလည်းကောင်း၊ ဘူမိဟုလည်းကောင်း၊ မြန်မာလို မြေဟုလည်းကောင်း၊ အင်္ဂလိပ်လို အာ့သ်ဟုလည်းကောင်း ဆိုင်ရာလူမျိုးပညာရှိတို့ သတ်မှတ်သည့်အတိုင်း အများကလိုက်၍ ခေါ်ဝေါ်ကြသဖြင့် သဒ္ဒပညတ်(နာမပညတ်) ပေါ်လာရသည်၊ မရေမတွက်နိုင်သော အမည်များ ဤနည်းအတိုင်း ဖြစ်လာကြပေသည်။
ပစ္စည်းပိုင်းပြီးပါပြီ။
ကောင်းစွာ ဆက်လက်နာယူမှတ်သား သင်ယူနိုင်ကြပါစေ။
TNO(2.6.2020)
Thein Naing Ohn
ကမ္မဋ္ဌာန်းပိုင်း၊ အပိုင်း (၁)
==============
အရှင်ဝါယာမသာရ _ Ashin Wayamasara ၊
သာသနာဓဇဓမ္မာစရိယ M.A.Q ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ၊
(သာသနာရေးဝန်ကြီးဌာန) (ကမ္ဘာအေး)
အဘိဓမ္မာ၊ ဋီကာ၊ ဝိသုဒ္ဓိမဂ် သင်တန်း (သင်တန်းမှူးဆရာတော်)
++++++++++++++
ကမ္မဋ္ဌာန်းပိုင်း
သမထဘာဝနာ၏ အာရုံဖြစ်သော သမထကမ္မဋ္ဌာန်း၊ ဝိပဿနာဘာဝနာ၏ အာရုံဖြစ်သော ဝိပဿနာကမ္မဋ္ဌာန်း - ဟူသော ကမ္မဋ္ဌာန်းနည်းနှစ်မျိုးအကြောင်းကို ဖွင့်ဆိုပြသည့် အပိုင်းအခန်းဖြစ်သောကြောင့် “ကမ္မဋ္ဌာန်းပိုင်း” ဟုခေါ်ပါသည်။
ကမ္မဋ္ဌာန(ကမ္မဋ္ဌာန်း)ဟူသည် သမထ + ဝိပဿနာလုပ်ငန်း၏ တည်ရာ ဌာန (အာရုံ) ကို ခေါ်သည်။
ကမ္မဋ္ဌာန်း ၂ မျိုး
၁။ သမထကမ္မဋ္ဌာန်း = (သမာဓိ + ဈာန်တရားရဘို့) နီဝရဏငြိမ်းအောင် အားထုတ်သော လုပ်ငန်း၏ အာရုံ (ကမ္မဋ္ဌာန်း - ၄၀ ကို အရကောက်ပါ)
သမထမည်ပုံ
နီဝရဏတရားတို့ကို ငြိမ်းအေးစေတတ်သောကြောင့် သမထ - မည်၏။
ပရမတ္ထတရားကိုယ်မှာ - လောကီကုသိုလ်စိတ်၊ ကြိယာစိတ်တို့၌ယှဉ်သော သမာဓိအမည်ရသော ဧကဂ္ဂတာ စေတသိက် ဖြစ်ပါသည်။
၂။ ဝိပဿနာကမ္မဋ္ဌာန်း = (မဂ် + ဖိုလ်ရဘို) အနိစ္စ + ဒုက္ခ + အနတ္တ စသည်ဖြင့် အထူးရှုမှတ်ပွားများသော လုပ်ငန်း၏ အာရုံ ( အနိစ္စ + ဒုက္ခ + အနတ္တ လက္ခဏာယာဉ် ၃ - ပါးကို အရကောက်ပါ)
ဝိပဿနာမည်ပုံ
အနိစ္စစသော အထူးထူးသော အခြင်းအရာတို့ဖြင့် ရှုတတ်သောကြောင့် ဝိပဿနာ မည်၏။
ပရမတ္ထတရားကိုယ်မှာ - မဟာကုသိုလ်စိတ်၊ မဟာကြိယာစိတ်တို့၌ယှဉ်သော ဉာဏ်အမည်ရသည့် ပညိန္ဒြေစေတသိက် ဖြစ်ပါသည်။
ဘာဝနာမည်ပုံ
သမထ(သမာဓိ) နှင့် ဝိပဿနာ(ပညာ) တရားနှစ်ပါးသည် ပွားများအပ်သောတရားများ ဖြစ်သောကြောင့် ဘာဝနာ မည်ပါသည်။
ဘာဝနာ ၂ မျိုး (ကမ္မဋ္ဌာန်း ၂ မျိုး ရှုပွားခြင်းကို ဘာဝနာဟု ခေါ်သည်။)
၁။ သမထဘာဝနာ = သမထကမ္မဋ္ဌာန်းကို ပွားများမှု။
၂။ ဝိပဿနာဘာဝနာ = ဝိပဿနာကမ္မဋ္ဌာန်းကို ပွားများမှု။
(ဘာဝေတဗ္ဗာတိ ဘာဝနာ။ ဘာဝေတဗ္ဗ = သမထ + ဝိပဿနာကို အထပ်ထပ် ပွားများအားထုတ်အပ်၏။ ဣတိ = ထို့ကြောင့်၊ ဘာဝနာ = ဘာဝနာမည်၏။)
ဘာဝနာ၏ ကမ္မဋ္ဌာန်း မည်ပုံ
ကမ္မဋ္ဌာန = ကမ္မ + ဌာန
ကမ္မ = နောက်နောက်အားထုတ်မှု ဘာဝနာကံ၊
ဌာန = နီးသောအကြောင်းဖြစ်သည့် ရှေးရှေးအားထုတ်မှု ဘာဝနာအစဉ်၊
[ ပဒဋ္ဌာန -> ပဒဋ္ဌာန် = နီးသောအကြောင်း ]
ရှေးရှေးအားထုတ်မှုဟူသော ဘာဝနာအစဉ်သည် နောက်နောက်အားထုတ်မှု ဘာဝနာကံ၏ နီးသောအကြောင်း ပဒဋ္ဌာန် ဖြစ်၏။ ထို့ကြောင့် ရှေးရှေးအားထုတ်မှု ဘာဝနာအစဉ်သည် “ကမ္မဋ္ဌာန်း” မည်ပါသည်။
+++++++++++++++++++++++
သမထကမ္မဋ္ဌာန်း (သမထဘာဝနာ) - ၄၀
၁။ ကသိုဏ်း - ၁၀ ပါး
၂။ အသုဘ - ၁၀ ပါး
၃။ အနုဿတိ - ၁၀ ပါး
၄။ အပ္ပမညာ - ၄ ပါး
၅။ သညာ - ၁ ပါး
၆။ ဝဝတ္ထာန် - ၁ ပါး
၇။ အာရုပ္ပ - ၄ ပါး
ပေါင်း - ၄၀ ပါး
+++++++++++++++++++++++++++
ကသိုဏ်း ၁၀ ပါး
ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယောကသိုဏ်း။ (မဟာဘုတ်ကသိုဏ်း)
နီလ၊ ပီတ၊ လောဟိတ၊ ဩဒါတကသိုဏ်း။ (ဝဏ္ဏကသိုဏ်း)
အာကာသကသိုဏ်း၊ အာလောကကသိုဏ်း။
++++++++++++++++++++++
အသုဘ ၁၀ ပါး
၁။ ဥဒ္ဓုမာတက
၂။ ဝိနီလက
၃။ ဝိပုဗ္ဗက
၄။ ဝိစိ္ဆဒ္ဒက
၅။ ဝိက္ခာယိတက
၆။ ဝိက္ခိတ္တက
၇။ ဟတဝိက္ခိတ္တက
၈။ လောဟိတက
၉။ ပုဠုဝက
၁၀ အဋ္ဌိက
ဒီမှာနားပါဦးမည်။
ကောင်းစွာ ဆက်လက်နာယူမှတ်သား သင်ယူနိုင်ကြပါစေ။
TNO(3.6.2020)
Thein Naing Ohn
ကမ္မဋ္ဌာန်းပိုင်း၊ အပိုင်း (၂)
==============
အရှင်ဝါယာမသာရ _ Ashin Wayamasara ၊
သာသနာဓဇဓမ္မာစရိယ M.A.Q ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ၊
(သာသနာရေးဝန်ကြီးဌာန) (ကမ္ဘာအေး)
အဘိဓမ္မာ၊ ဋီကာ၊ ဝိသုဒ္ဓိမဂ် သင်တန်း (သင်တန်းမှူးဆရာတော်)
+++++++++++++++
အနုဿတိ - ၁၀ ပါး (အဖန်ဖန် အောက်မေ့အပ်သော ကမ္မဋ္ဌာန်း - ၁၀ မျိုး)
၁။ ဗုဒ္ဓါနုဿတိ = ဘုရားဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း။
၂။ ဓမ္မာနုဿတိ = တရားဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း။
၃။ သံဃာနုဿတိ = သံဃာဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း။
၄။ သီလာနုဿတိ = မိမိ စောင့်ထိန်းအပ်သော သီလ၏ မကျိုးမပေါက် မကြားမပြောက်မှုကို အဖန်ဖန် အောက်မေ့ခြင်း။
၅။ စာဂါနုဿတိ = မိမိ ပေးကမ်းလှူဒါန်းမှုကို အဖန်ဖန် အောက်မေ့ခြင်း။
၆။ ဒေဝတာနုဿတိ = နတ်တို့ကို သက်သေပြု၍ မိမိကုသိုလ်ကို အဖန်ဖန် အောက်မေ့ခြင်း။
၇။ ဥပသမာနုဿတိ = နိဗ္ဗာန်၏ ဂုဏ်ကျေးဇူးကို အဖန်ဖန် အောက်မေ့ခြင်း။
၈။ မရဏာနုဿတိ = မိမိ မချွတ်ဧကန် သေရမည်ကို အဖန်ဖန် အောက်မေ့ခြင်း။
၉။ ကာယဂတာသတိ = ၃၂ - ကောဋ္ဌာသကို အဖန်ဖန် အောက်မေ့ခြင်း။
၁၀။ အာနာပါနဿတိ = ထွက်လေဝင်လေကို နည်းလမ်းတကျ အောက်မေ့ခြင်း။
အနုသဒ္ဒါ ပါ မပါ။ ။ ဗုဒ္ဓစသည်တို့၏ဂုဏ်သည် ပရမတ်တရားများဖြစ်၏။ လွန်စွာနက်နဲ၏။ အဖန်ဖန်အထပ်ထပ်ရှုမှသာ ထင်မြင်နိုင်၏။ ထို့ကြောင့် အနုဿတိဟု အနုသဒ္ဒါနှင့်တကွ ဟောတော်မူ၏။
ကာယနှင့် အာနာပါနတို့၌ ကာယဟူသည် ကောဋ္ဌာသပညတ်တရားတည်း။ အာနာပါနဟူသည် ဝါယောဓာတ်အပေါင်းဖြစ်သော သမူဟပညတ်တည်း။ ပညတ်ဖြစ်သောကြောင့် ပရမတ်အာရုံလောက် မသိမ့်မွေ့ မခက်ခဲပါ။ ထို့ကြောင့် အနုသဒ္ဒါ မထည့်ဘဲ ကာယဂတာသတိ၊ အာနာပါနဿတိဟု ဟောတော်မူ၏။
ဗုဒ္ဓါနုဿတိစသော ရှေး ၈ ပါးသည် ဥပစာရသမာဓိ၏ အာရုံမျှသာ ဖြစ်သောကြောင့် အနုသဒ္ဒါနှင့်တကွ ဟောတောမူအပ်၏။ နောက်ဆုံး ၂ ပါးကား အပ္ပနာသမာဓိ၏ အာရုံဖြစ်သောကြောင့် အနုသဒ္ဒါမပါဘဲ ဟောတော်မူအပ်၏။
၃၂ ပါးသော အစု၌ “ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစော” ဟူ၍လည်းကောင်း၊ “တစော၊ ဒန္တာ၊ နခါ၊ လောမာ၊ ကေသာ” ဟူ၍လည်းကောင်း အနုလောမအားဖြင့် သရဇ္ဈာယ်ခြင်းကိုပြုအပ်သောကြောင့် ကာယဂတာသတိ၌ အနုသဒ္ဒါမပါဘဲ ဟောတော်မူ၏။
လွန်လေပြီးသော ထွက်သက်ဝင်သက်ကိုလည်း အာရုံမပြုရ။ လာလတ္တံ့သော ထွက်သက်ဝင်သက် ကိုလည်း အာရုံမပြုရ။ ပစ္စုပ္ပန်ဖြစ်သော ထွက်သက်ဝင်သက်ကိုလည်း တစ်ကြိမ်သာအာရုံပြု၍ အောက်မေ့ရသောကြောင့် အာနာပါနဿတိ၌လည်း အနုသဒ္ဒါမပါဘဲဟောတော်မူ၏။
+++++++++++++++++
အပ္ပမညာ
“ဤရွေ့..ဤမျှ” ဟု ပိုင်းခြားကန့်သတ်သည့် အတိုင်းအရှည် ပမာဏ မရှိသော သတ္တဝါပညတ်၌ အာရုံပြုသောအားဖြင့် ဖြစ်သောကြောင့် အပ္ပမညာမည်၏။ (အကျဉ်း)
ဤမျှလောက်သော သတ္တဝါကိုသာအာရုံပြု၏။ ဤမျှလောက်သော သတ္တဝါကိုအာရုံမပြု။ ပုဂ္ဂိုလ်တစ်ဉီးကို အာရုံပြုရာ၌လည်း ခန္ဓာကိုယ်အထက်ပိုင်းကိုသာ အာရုံပြု၏။ အောက်ပိုင်းကို အာရုံမပြု။ ဤသို့စသည်ဖြင့် အရေအတွက်အားဖြင့်လည်း ပိုင်းခြားကန့်သတ်မှုမရှိ။ ကိုယ်, လက်အင်္ဂါ အစိတ်အပိုင်းအားဖြင့်လည်း ပိုင်းခြားမှုမရှိ။ ယင်းသို့ ပိုင်းခြားကန့်သတ်မှုမရှိသော သတ္တဝါများကို အပ္ပမညာဟု ခေါ်၏။
ထိုသို့ ပိုင်းခြားကန့်သတ်မှုမရှိသော အပ္ပမာဏဟုခေါ်သော သတ္တဝါပညတ်ကို အာရုံပြု၍ဖြစ်သော ကြောင့် အပ္ပမာဏဟု ခေါ်၏။
++++++++++++++++++++++++++++
အပ္ပမညာ - ၄ ပါး = ဤရွေ့ ဤမျှဟု အတိုင်းအရှည် ပမာဏမထား မခွဲခြားဘဲ သတ္တဝါတို့အပေါ်၌ ဖြစ်သောတရား
(ဤလေးပါးကိုပင် - ဗြဟ္မာတို့၏ နေခြင်းနှင့်တူသောကြောင့် ဗြဟ္မဝိဟာရ တရားဟုလည်းကောင်း၊ မွန်မြတ်သူတို့၏ အကျင့်မျိုး ဖြစ်သောကြောင့် ဗြဟ္မစိုရ်တရားဟုလည်းကောင်း ခေါ်၏။)
၁။ မေတ္တာ = သတ္တဝါတို့ကို ချစ်ခင်မြတ်နိုးခြင်း ကောင်းကျိုးလိုလားခြင်း (ချစ်အပ်သောသတ္တဝါတို့ကို အာရုံပြု၏.)
၂။ ကရုဏာ = အတိုင်းမသိသော ဒုက္ခိတသတ္တဝါပညတ်ကို အာရုံပြု၍ သနားခြင်း။
၃။ မုဒိတာ = အတိုင်းမသိသော သုခိတသတ္တဝါပညတ်ကို အာရုံပြု၍ ဝမ်းမြောက်ခြင်း။
၄။ ဥပေက္ခာ = သတ္တဝါပညတ်ကိုသာ အာရုံပြု၍ လျစ်လျူရှုခြင်း။
ဤမေတ္တာစသော အပ္ပမညာ ၄ ပါးကို ကျင့်သုံးပွားများနေခြင်းသည် မြင့်မြတ်သော အထက်တန်းကျသော နေထိုင်ခြင်းမျိုး ဖြစ်၏။ တစ်နည်းအားဖြင့်ဆိုရပါမူ မြင့်မြတ်အထက်တန်း ကျသူတို့၏ နေထိုင်ခြင်းမျိုးဖြစ်၏။
ထို့ကြောင့် အပ္ပမညာ ၄ ပါးကို ဗြဟ္မာဝိဟာရဟုလည်း ခေါ်ကြ၏။
ဒီမှာနားပါဦးမည်။
ကောင်းစွာ ဆက်လက်နာယူမှတ်သား သင်ယူနိုင်ကြပါစေ။
TNO(4.6.2020)
Thein Naing Ohn
ကမ္မဋ္ဌာန်းပိုင်း၊ အပိုင်း (၃)
==============
အရှင်ဝါယာမသာရ _ Ashin Wayamasara ၊
သာသနာဓဇဓမ္မာစရိယ M.A.Q ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ၊
(သာသနာရေးဝန်ကြီးဌာန) (ကမ္ဘာအေး)
အဘိဓမ္မာ၊ ဋီကာ၊ ဝိသုဒ္ဓိမဂ် သင်တန်း (သင်တန်းမှူးဆရာတော်)
+++++++++++++++
အာဟာရေပဋိကူလသညာကမ္မဋ္ဌာန်း (၁) ပါး
အစာအာဟာရ၊ စားဖွယ်သောက်ဖွယ်တို့၌ ရွံ့ရှာဖွယ်ဟူ၍ မှတ်ထင်ပွားများခြင်းသည် အာဟာရေပဋိကူလသညာမည်၏။
+++++++++++++++++++++++
စတုဓါတုဝဝတ္ထာန်ကမ္မဋ္ဌာန်း (၁) ပါး
(ဓါတ်ကြီးလေးခု၊ ပိုင်းခြားမှု၊ စတုဝဝတ္ထာန်။)
ခန္ဓာကိုယ်၌ - ပထဝီ - အာပေါ - တေဇော - ဝါယော - ဟု ဓာတ်ကြီးလေးပါးကို ဉာဏ်ဖြင့်ပိုင်းခြား ဆင်ခြင်ခြင်းသည် စတုဓါတုဝဝတ္ထာန် မည်၏။
++++++++++++++++++++
အာရပ္ပကမ္မဋ္ဌာန်း (၄) ပါး (အရူပဈာန် ရစေနိုင်သော ကမ္မဋ္ဌာန်း - ၄ ပါး)
(၁) အာကာသာနဉ္စာယတန - (ကသိုဏ်းကိုခွါ၍ ရအပ်သော) အဆုံးမရှိသော ကောင်းကင်ပညတ်အာရုံ။
(၂) ဝိညာနဉ္စယတန - အဆုံးမရှိသော ပထမအရူပဝိညာဏ်အာရုံ။
(၃) အာကိဉ္စညာယတန - ပထမအရူပဝိညာဏ်၏ တစိုးတစိ မရှိခြင်း နတ္ထိဘောပညတ်အာရုံ
(၄) နေဝသညာနာသညာယတန - (ရုန့်ရင်းသော သညာကားမရှိ၊ သိမ်မွေ့သော သညာမရှိသည်လည်း မဟုတ် - ရှိသည်သာဖြစ်သော) တတိယအရူပဝိညာဏ်အာရုံ။
အာကာသာနဉ္စယတနဈာန်၊ ဝိညာနဉ္စာယတနဈာန်၊ အာကိဉ္စညာယတနဈာန်၊ နေဝသညာနာသညာယတနဈာန်၊ ဤဈာန် ၄ ပါးသည် အာရမ္မဏိက ကမ္မဋ္ဌာန်းတည်း။ ကောင်းကင်ပညတ်စသော ၄ ပါးသည် ထိုဈာန်တရားတို့၏ အာရုံကမ္မဋ္ဌာန်းတည်း။
အာရုံကမ္မဋ္ဌာန်း ။ ။ ကသိုဏ်း (၁၀) ပါး + အသုဘ (၁၀) ပါး = ပေါင်း အာရုံကမ္မဋ္ဌာန်း ၂၀ ပါး။
အာရမ္မဏိကကမ္မဋ္ဌာန်း။ ။ အနုဿတိ (၁၀) ပါး + အပ္ပမညာ (၄) ပါး + အာဟာရေပဋိကူလသညာ (၁) ပါး + စတုဓာတုဝဝတ္ထာန် (၁) ပါး + အာရုပ္ပ (၄) ပါး = ပေါင်း အာရမ္မဏိကကမ္မဋ္ဌာန်း (၂၀) ပါး တို့ဖြစ်၏။
ကမ္မဋ္ဌာန်း (၄၀) ပြီး၏။
++++++++++++++++++++++
သပ္ပါယဘေဒ (စရိုက်နှင့် လျော်မည့်ကမ္မဋ္ဌာန်းကို တွဲစပ်ပြခြင်း)
ထိုထိုစရိုက်ရှိသူအတွက် အသင့်တော်ဆုံး ကမ္မဋ္ဌာန်းကို ဖော်ညွှန်းပြဆိုရာအပိုင်းကို “သပ္ပါယဘေဒ” ဟု ခေါ်၏။
စရိုက် - ၆ ပါး
ယခုဘဝ၌ အဖြစ်များသော သဘောကို စရိုက်(စရိတ)ဟု ခေါသည်။
(ရှေးရှေးဘဝ အဆက်ဆက်က လိုက်ပါလာသော အထုံဓာတ်သဘောတစ်မျိုးကို ဝါသနာ ဟုခေါ်သည်။
(၁) ရာဂစရိုက် = တဏှာရာဂ အဖြစ်များခြင်း၊
(၂) ဒေါသစရိုက် = ဒေါသအဖြစ်များခြင်း၊ စိတ်ဆိုးလွယ်ခြင်း၊ ကြောက်တတ်ခြင်း၊
(၃) မောဟစရိုက် = တွေဝေမှု မှိုင်တွေမှု များခြင်း၊
(၄) ဝိတက်စရိုက် = ဝိတက်ကြံစည်မှုများခြင်း (အကြံအစည်များ၍ ပျံ့လွင့်တတ်၏။)
(၅) သဒ္ဓါစရိုက် = ယုံကြည်မှုများခြင်း (ယုံကြည်လွယ်ခြင်း၊ ယုံမိလျှင် စွဲမြဲခြင်းတို့ ဖြစ်တတ်၏)
(၆) ဗုဒ္ဓိစရိုက် = ဉာဏ်ပညာ အသုံးချမှုများခြင်း စစ်ကြောဝေဘန်မှုများခြင်း။
ရာဂ၊ ဒေါသ၊ မောဟ၊ ဝိတက်စရိုက်များသည် မကောင်းသောစရိုက်များဖြစ်၏။ ယင်းစရိုက်ဆိုးများ လျော့ပါးဖို့ရန် စရိုက်၏ ဆန့်ကျင့်ဘက် ကမ္မဋ္ဌာန်းများကို ကြိုးစားအားထုတ်သင့်၏။
သဒ္ဓါစရိုက်၊ ဗုဒ္ဓိစရိုက်တို့သည် ကောင်းသောစရိုက်များဖြစ်၏။ ယင်းစရိုက်များ တိုးတက်လာအောင် စရိုက်အားလျော်သော ကမ္မဋ္ဌာန်းစရိုက်၏ အကြိုက်ဖြစ်သော ကမ္မဋ္ဌာန်းကို အားထုတ်သင့်၏။
ရာဂစရိုက်ရှိသူအား သင့်လျော်သော ကမ္မဋ္ဌာန်း
အသုဘ (၁၀) ပါး + ကာယဂတာသတိခေါ်သော ကောဋ္ဌာသဘာဝနာ (၁) ပါး = ပေါင်း (၁၁) ပါး။
ဒေါသစရိုက်ရှိသူအား သင့်လျော်သောကမ္မဋ္ဌာန်း
အပ္ပမညာ (၄) ပါး + နီလ၊ ပီတ၊ လောဟိတ၊ ဩဒါတဟူသောကသိုဏ်း (၄) ပါး = ပေါင်း (၈) ပါး။
မောဟစရိုက်၊ ဝိတက်စရိုက်ရှိသူအား သင့်လျော်သောကမ္မဋ္ဌာန်း
အာနာပါနကမ္မဋ္ဌာန်းသည် မောဟစရိုက်ရှိသူ၊ ဝိတက်စရိုက်ရှိသူတို့အား သင့်လျော်လျောက်ပတ်၏။
အာနာပါနဉာဏ်ပညာ၏ အာရုံဖြစ်၍ ဆန့်ကျင့်ဘက်ဖြစ်သောကြောင့်လည်းကောင်း၊ ဝိတက်ဟူသော ပြေးသွားခြင်းကို တားမြစ်တတ်သောကြောင့်လည်းကောင်း၊ မောဟစရိုက်ရှိသူ၊ ဝိတက်စရိုက်ရှိသူတို့အား သင့်လျော်လှ၏။
သဒ္ဓါစရိုက်ရှိသူအား သင့်လျော်သောကမ္မဋ္ဌာန်း
ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိ၊ သီလာနုဿတိ၊ စာဂါနုဿတိ၊ ဒေဝတာနုဿတိ ဟူသော အနုဿတိ ၆ ပါးသည် သဒ္ဓါစရိုက် ရှိသူအား သင့်လျော်လျောက်ပတ်၏။
ဗုဒ္ဓါနုဿတိစသော ၆ ပါးတို့သည် သဒ္ဓါတရား တိုးပွားခြင်း၏ အကြောင်းဖြစ်သောကြောင့် သဒ္ဓါစရိုက်ရှိသူအား သင့်လျော်၏။
ဗုဒ္ဓိ(ပညာ)စရိုက်ရှိသူအား သင့်လျော်သောကမ္မဋ္ဌာန်း
မရဏာနုဿတိ (၁) ပါး + ဥပသမာနုဿတိ (၁) ပါး + အာဟာရေပဋိကူလသညာ (၁) ပါး + စတုဓာတုဝဝတ္ထာန် (၁) ပါး = ပေါင်း (၄) ပါး တို့သည် နက်နဲသည်ဖြစ်၍ ပညာ၏ အရာသာ ဖြစ်သောကြောင့် ဗုဒ္ဓိ(ပညာ)စရိုက် ရှိသူအား သင့်လျော်၏။
အားလုံးနှင့်သက်ဆိုင်သော ကမ္မဋ္ဌာန်း
ပထဝီကသိုဏ်း (၁) ပါး + အာပေါကသိုဏ်း (၁) ပါး + တေဇောကသိုဏ်း (၁) ပါး + ဝါယောကသိုဏ် (၁) ပါး + အာကာသကသိုဏ်း (၁) ပါး + အာလောကကသိုဏ်း (၁) ပါး + အာရုပ္ပ (၄) ပါး = ပေါင်း (၁၀) ပါး သည် သင့်လျော်လှ၏။
++++++++++++++++++++++++++++
ဂေါစရဘေဒ (အာရုံနိမိတ်အပြား)
ကမ္မဋ္ဌာန်းအာရုံနိမိတ် အဆင့် ၃ မျိုး
(ဂေါစရ=ဝိသယ=အာရမ္မဏ)
၁။ ပရိကမ္မနိမိတ်(အာရုံ) = (ကမ္မဋ္ဌာန်းအာရုံကို စတင်၍ယူခြင်း/ပွားများခြင်း)
ပထဝီကသိုဏ်းဝန်းစသောအာရုံသည် ရှေးဦးစွာဖြစ်သော ပရိကမ္မဘာဝနာ၏ အာရုံဖြစ်သောကြောင့် "ပရိကမ္မနိမိတ်" မည်ပါသည်။
၂။ ဥဂ္ဂဟနိမိတ်အာရုံ = ဥဂ္ဂဟ + နိမိတ်
ဥဂ္ဂဟ = စိတ်ဖြင့်ယူအပ်သော
နိမိတ် = ပထဝီကသိုဏ်းစသော အာရုံ
ပထဝီကသိုဏ်းဝန်းစသောအာရုံသည်ပင် မျက်စိဖြင့် မြင်ရသကဲ့သို့ စိတ်ဖြင့် ကောင်းစွာ ယူအပ်သောကြောင် "ဥဂ္ဂဟနိမိတ်" မည်ပါသည်။
ဥဂ္ဂဟနိမိတ်ဟူသည် မျက်စိမှိတ်၍ဆင်ခြင်သောအခါ ပကတိမျက်စိဖြင့် မြင်ရသကဲ့သို့ မနောဒွါရ(စိတ်မျက်စိ)၌ ထင်ရှားစွာ ပေါ်လာသည့် အာရုံအမျိုးအစား ဖြစ်၏။
ပဋိဘာဂနိမိတ်(အာရုံ) = ပဋိဘာဂ = (ဥဂ္ဂဟနိမိတ်နှင့်)အဖို့တူသော, နိမိတ် = ပထဝီကသိုဏ်းစသော အာရုံ
ပထဝီကသိုဏ်းစသောအာရုံသည်ပင် ဥဂ္ဂဟနိမိတ်နှင့် အဖို့တူသောကြောင့် “ပဋိဘာဂနိမိတ်” မည်ပါသည်။
ပဋိဘာဂနိမိတ်ဟူသည် ဥဂ္ဂဟနိမိတ်နှင့် အလားတူ၏။ ဝတ္ထုဒြဗ်-ပရမတ္ထမှ လွတ်၏။ မနောဒွါရ၌ စုစည်းစွာ ထင်ရှားပေါ်လာသည့် ဘာဝနာမယ - ပညတ်အာရုံ အမျိုးအစား ဖြစ်၏။
ဒီနေ့တရားအညွှန်း ဒီမှာနားပါဦးမည်။
ကောင်းစွာ ဆက်လက်နာယူမှတ်သား သင်ယူနိုင်ကြပါစေ။
TNO(5.6.2020)
Thein Naing Ohn
ကမ္မဋ္ဌာန်းပိုင်း၊ အပိုင်း (၄)
==============
အရှင်ဝါယာမသာရ _ Ashin Wayamasara ၊
သာသနာဓဇဓမ္မာစရိယ M.A.Q ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ၊
(သာသနာရေးဝန်ကြီးဌာန) (ကမ္ဘာအေး)
အဘိဓမ္မာ၊ ဋီကာ၊ ဝိသုဒ္ဓိမဂ် သင်တန်း (သင်တန်းမှူးဆရာတော်)
+++++++++++++++
နိမိတ် ၃ ပါး နှင့် ကမ္မဋ္ဌာန်း ၄၀ တွဲစပ်ပုံ
ပရိကမ္မနိမိတ်အာရုံ နှင့် ဥဂ္ဂဟနိမိတ်အာရုံ တို့၌ ကမ္မဋ္ဌာန်း ၄၀ လုံးတို့ ထိုက်သည့်အားလျော်စွာ ပရိယာယ်အားဖြင့် ရအပ်ပါသည်။
ပဋိဘာဂနိမိတ်အာရုံ၌ ကသိုဏ်းပညတ် ၁၀ ပါး + အသုဘပညတ် ၁၀ ပါး + ကာယဂတာသတိ + အာနာပါနဿတိ = ပေါင်း ၂၂ ပါးသောကမ္မဋ္ဌာန်းတို့ရအပ်ပါသည်။
ဘာဝနာ ၃ မျိုး (ကမ္မဋ္ဌာန်းပွားများမှုဘာဝနာ ၃ မျိုး)
၁။ ပရိကမ္မဘာဝနာ၊
၂။ ဥပစာရဘာဝနာ၊
၃။ အပ္ပနာဘာဝနာ။
ပရိကမ္မဘာဝနာ။ ။ ပရိကမ္မနိမိတ် + ဥဂ္ဂဟနိမိတ် အာရုံထင်လာအောင် ပွားများမှုဘာဝနာကိုပင် ပရိကမ္မဘာဝနာဟု ခေါ်ပါသည်။ (ကာမာဝစရ သမာဓိဘာဝနာ အဆင့်ပင် ရှိသေးသည်။)
ဥပစာရဘာဝနာ။ ။ ပဋိဘာဂနိမိတ် အာရုံထင်လာအောင် ပွားများမှုဘာဝနာကိုပင် ဥပစာရဘာဝနာဟု ခေါ်သည်။ (ကာမာဝစရ ဥပစာရသမာဓိဘာ၀နာအဆင့်ပင် ရှိသေးသည်။)
အပ္ပနာဘာဝနာ။ ။ ထိုပဋိဘာဂနိမိတ်အာရုံကိုပင် အထပ်ထပ်ပွားများသည်ရှိသော် ပွားများသူ ယောဂီသန္တာန်၌၊ အထပ်ထပ် ပွားများမှု ဘာဝနာတန်ခိုးကြောင့် (အပ္ပနာဈာန်) ရူပါဝစရ ပထမဈာန် အစဆုံး ဖြစ်လာ၏။ ထိုသို့ ရူပါဝစရ ပထမဈာန်စသော (အပ္ပနာဈာန်) ရအောင် အားထုတ်မှုကိုပင် အပ္ပနာဘာဝနာဟု ခေါ်သည်။
ရူပါဝစရဒုတိယဈာန်စသည်ဖြစ်ပေါ်လာပုံ
ပထမဈာန်ကိုရရှိပြီးနောက် ဒုတိယဈာန်စသည်ကိုရလိုသော ယောဂီပုဂ္ဂိုလ်သည် မိမိရရှိပြီးသော ပထမဈာန်ကို အာဝဇ္ဇန၊ သမာဝဇ္ဇန၊ အဓိဋ္ဌာန၊ ဝုဋ္ဌာန၊ ပစ္စဝေက္ခဏာဟူသော ဝသီဘော် ၅ ပါးတို့ဖြင့် အစွမ်းသတ္တိထက်မြက်လာအောင် အဖန်ဖန်အထပ်ထပ် လေ့လာဝင်စားပြီးနောက် ဝိတက် စသော ရုန့်ရင်းကြမ်းတမ်းသော ဈာန်အင်္ဂါတို့ကို ပယ်ခွာခြင်းငှာလည်းကောင်း၊ ဝိစာရ စသော သိမ်မွေ့သော ဈာန်အင်္ဂါများ ဖြစ်ပေါ်လာခြင်းငှာလည်းကောင်း၊ ရှေးက ထင်ပြီးသော ပဋိဘာဂနိမိတ်ကိုပင် ဆက်လက်ပွားများအားထုတ်လျှင် အစဉ်အတိုင်း ထိုက်သည့်အားလျော်စွာ ဒုတိယဈာန်စသော အပ္ပနာဘာဝနာ ဖြစ်ပေါ်လာရ၏။
+++++++++++++++++++++++++++++++++++++++
ဝသီဘော် ၅ ပါး (ရပြီးဈာန်များ၊ စွမ်းရည်ထက်မြက်အောင် လေ့ကျင့်မှု ၅ မျိုး)
ပထမဈာန်ကို ရပြီးသောပုဂ္ဂိုလ်သည် ရရှိထားသောဈာန်ကို စွမ်းရည်ထက်မြက်အောင် (ကျက်၍ ရပြီးသော စာကို မမေ့အောင်၊ အမြန်ဆိုနိုင် ရွတ်နိုင်အောင်၊ အမြန်ရေးနိုင်အောင် အမျိုးမျိုး ပြန်လှန်လေ့ကျင့်ခဏ်းများ လုပ်ရသကဲ့သို့) ရပြီးဈာန်ကို၊ အစိတ်စိတ်အားဖြင့်လည်းကောင်း၊ အပေါင်းအားဖြင့်လည်းကောင်း၊ အထပ်ထပ် ဝင်စားရ၏။
ထိုသို့ အထပ်ထပ်လေ့ကျင့်ထားမှသာ လိုအပ်သလို ဈာန်ကို ချက်ချင်းဝင်စားနိုင်၏။ လိုအပ်သလို ဈာန်မှထနိုင်၏။ (ဈာန်ကို ရုပ်သိမ်းနိုင်၏) ထိုသို့ လိုအပ်သလို ရနိုင်အောင် ဝသီဘော် ၅ မျိုးဖြင့် လေ့ကျင့်ထားရ၏။
၁။ အာဝဇ္ဇနဝသီဘော်။ ။ ပထမဈာန်ကို ရပြီးသောပုဂ္ဂိုလ်သည် ပထမဈာန်တွင်ပါဝင်သော ဝိတက်စသော ဈာန်အင်္ဂါ တစ်ခုချင်းကို ဆင်ခြင်သော ပစ္စဝေက္ခဏာဝီထိများ (တစ်ဝီထိနှင့် တစ်ဝီထိအကြား - ဘဝင်မခြားဘဲ (ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ မနောဒွါရာဝဇ္ဇန်း လောက်သာဖြစ်ပြီး) ပစ္စဝေက္ခဏာဇောဝီထိများ အဆက်မပြတ် ဆက်ကာဆက်ကာ ဖြစ်နေအောင် ဆင်ခြင်နိုင်သော အစွမ်းသတ္တိသည် အာဝဇ္ဖနဝသီဘော် မည်ပါသည်။
၂။ သမာပဇ္ဇနဝသီဘော်။ ။ ဈာန်အင်္ဂါအပေါင်းကို နိုင်နင်းအောင် မမေ့အောင် (နဂိုအတိုင်း) ပြန်၍ အလေ့အလာပြုခြင်း၊ ထိုသို့ အလေ့အလာပြုသဖြင့် ဈာနသမာပဇ္ဇနဝီထိများ၊ မိမိသန္တာန်၌ တစ်ကြိမ်ထက်တစ်ကြိမ် လျှင်သည်ထက် လျှင်မြန်စွာ ဖြစ်ပေါ်လာအောင် ဘဝင်မခြားဘဲ ထပ်ကာထပ်ကာ ဝင်စာနိုင်နင်းသော စွမ်းရည်သတ္တိသည် သမာပဇ္ဇနဝသီဘော် မည်ပါသည်။
၃။ အဓိဋ္ဌာနဝသီဘော်။ ။ ဈာန်စိတ်ကို မိမိထားလိုသမျှ အချိန်နာရီအထိ ကြာအောင် (ထားနိုင်အောင်) အလေ့အလာ ပြုခြင်းစွမ်းရည်သည် အဓိဋ္ဌာနဝသီဘော် မည်ပါသည်။
၄။ ဝုဋ္ဌာနဝသီဘော်။ ။ ဈာန်အင်္ဂါတစ်ခုချင်း မိမိ ထချင်သည့်အချိန် ထနိုင်အောင် အလေ့အကျင့်ပြုခြင်းစွမ်းရည်သည် ဝုဋ္ဌာနဝသီဘော် မည်ပါသည်။
၅။ ပစ္စဝေက္ခဏာဝသီဘော်။ ။ ဈာန်အင်္ဂါတစ်ခုချင်း ဘဝင်မခြားဘဲ ဆင်ခြင်နိုင်သော ပစ္စဝေက္ခဏာဇော၏ အစွမ်းသတ္တိသည် ပစ္စဝေက္ခဏဝသီဘော် မည်ပါသည်။ အာဝဇ္ဇနဝသီဘော်နှင့် တူ၏။ (အထူးမှာ - အာဝဇ္ဇနဝသီဘော်၌ ဘဝင်မခြားအောင် ပြုသည်မှာ မနောဒွါရာဝဇ္ဇန်း၏ အစွမ်းသတ္တိ ဖြစ်ပြီး၊ ပစ္စဝေက္ခဏာဝသီဘော်၌ ဘဝင်မခြားအောင်ပြုသည်မှာ ပစ္စဝေက္ခဏာဇော၏ သတ္တိဖြစ်သည်။)
ဤသို့လျှင် (ပထဝီကသိုဏ်းကို) နိမိတ်သုံးမျိုး၊ ဘာဝနာသုံးမျိုးတို့ဖြင့် အဆင့်ဆင့် ပွားများ၍ - ပထမဈာန်ကို ရပြီးသော ပုဂ္ဂိုလ်သည်၊ ဆက်လက်၍ ဝသီဘော် ၅ မျိုးတို့ဖြင့် အလေ့အကျင့်ရအောင် များများ လုပ်ထားလျှင် နိုင်နင်းအောင်ပြုထားလျှင် ပထမဈာန်နှင့် ပတ်သက်သမျှ အစွမ်းကုန် နိုင်နင်းလေတော့သည်။
++++++++++++++++++++++++++++++++++++++
ဒု+တ+စ+ပဉ္စမဈာန်တို့ကို အဆင့်ဆင့်တက်ရပုံ
ပထမဈာန်ရပြီး၍ ဝသီဘော် ၅ မျိုးတို့ဖြင့် နိုင်နင်းပြီးသော ယောဂီပုဂ္ဂိုလ်သည် ဒုတိယဈာန်စသည်ကို ရလိုလတ်သော် မိမိရရှိပြီးသော ပထမဈာန်ကို - ငါရပြီးသော ပထမဈာန်၌ ဝိတက်ဈာန်အင်္ဂါသည် တောင်ကြံမြောက်ကြံ ကြံစည်တတ်သဖြင့် ရုန့်ရင်းကြမ်းတမ်း၏။ ထိုသို့ တောင်ကြံ မြောက်ကြံ ကြံစည်နေသဖြင့် ကာမဂုဏ်အာရုံများကို ကြံမိနိုင်သည်။
ထို့ကြောင့် ကာမဂုဏ်အာရုံကို လိုချင်ခြင်းအစရှိသော ကာမစ္ဆန္ဒနီဝရဏစသည့် ရန်သူတို့နှင့် နီးကပ်နေ၏။ ရပြီးသောဈာန်မှ ပြန်လျောကျနိုင်၏။ ဝိတက်ဈာန်အင်္ဂါမပါသော ဒုတိယဈာန်ကို ရမူ ကောင်းလေစွဟု ပထမဈာန်၏ အပြစ်ကို ရှုရပါသည်။
ပထမဈာန်ကို အပြစ်မြင် ဒုတိယဈာန်ကို လိုချင်စိတ်ဖြင့် မျက်စိမှိတ်ထားသော်လည်း စိတ်မျက်စိထဲတွင် စွဲထင်နေသော ပထဝီကသိုဏ်းပဋိဘာဂနိမိတ်ကိုပင် မြေ - မြေ - မြေ - ဟု ကာမာဝစရ ဥပစာရသမာဓိ ဇောစိတ်ဖြင့် အဖန်ဖန် ပွားများလတ်သော် ထိုပွားများမှု ဘာဝနာတန်ခိုးကြောင့် ဒုတိယဈာန် အပ္ပနာသမာဓိဇော်များဖြစ်ပေါ်၍လာပြီး ဒုတိယဈာန်ကို ရပါသည်။
ထိုဒုတိယဈာန်ကိုလည်း ဝသီဘော် - ငါးမျိုးတို့ဖြင့် နိုင်နင်းအောင် လေ့ကျင့်မှု ပြုရပြန်သည်။
ဒုတိယဈာန်ဝီထိပုံ --
ဘွင်-ဘွင်-ဘွင်- န + ဒ + မ - ပ + ဥ + နု + ဂေါ + ဒုတိယဈာန် ဘွင်ဘွင်
ဒုတိယဈာန်ကိုရပြီးသော ပုဂ္ဂိုလ်သည် ငါရပြီးသော ဒုတိယဈာန်၌ ဝိစာရဈာန်အင်္ဂါသည် ဟိုဟို-ဒီဒီ သုံးသပ်မှုများသဖြင့် ရုန့်ရင်းကြမ်းတမ်းမှု ရှိနေသေး၏။ သုံးသပ်မှုများပြီး ကြံစည်ပြီးဝိတက်သို့ ပြန်ရောက်၍ တဖြည်းဖြည်း ဈာန်လျောသွားနိုင်၏။ ဝိတက်ရန်သူနှင့် နီးနေ၏။ ဝိစာရ မပါသော တတိယဈာန်ကိုရမူ ကောင်းလေစွ - ဟု ဒုတိယဈာန်၏ အပြစ်ကိုရှုရပါသည်။
ဒုတိယဈာန်ကို အပြစ်မြင် တတိယဈာန်ကို လိုချင်သောစိတ်ဖြင့် ပထဝီကသိုဏ်း ပဋိဘာဂနိမိတ်ကိုပင် အထက်ပါအတိုင်း ရှုမှတ်ပွားများသောအခါ တတိယဈာန်ကို ရလေသည်။
ထိုတတိယဈာန်ကိုလည်း ဝသီဘော် - ၅ မျိုးတို့ဖြင့် နိုင်နင်းအောင် လေ့ကျင့်ရပြန်သည်။
တတိယဈာန်ရပြီး၍ - စတုတ္ထဈာန်သို့ တက်လိုသော ပုဂ္ဂိုလ်သည် - ငါရပြီးသော တတိယဈာန်၌ ပီတိဈာန်အင်္ဂါသည် နှစ်သက်မှု သဘောရှိသဖြင့် ရုန့်ရင်းကြမ်းတမ်းနေသေး၏။ နှစ်သက်မှုပီတိကြောင့် သုံးသပ်မှုဝိစာရပြန်ဖြစ်နိုင်သဖြင့် ဈာန်ပြန်လျောကျနိုင်၏။ ပီတိမပါသော စတုတ္ထဈာန်ကို ရလျှင် ကောင်းလေစွ - ဟု တတိယဈာန်၏ အပြစ်ကို ရှုမြင်ရပါသည်။
တတိယဈာန်ကို အပြစ်မြင် စတုတ္ထဈာန်ကို လိုချင်သောစိတ်ဖြင့် ပထဝီကသိုဏ်း ပဋိဘာဂနိမိတ်ကိုပင် အထပ်ပါအတိုင်း ပွားများလျှင် စတုတ္ထဈာန်ကို ရလေသည်။
ထိုစတုတ္ထဈာန်ကိုလည်း ဝသီဘော် ၅ မျိုးတို့ဖြင့် နိုင်နင်းအောင် လေ့ကျင့်ရပြန်၏။
စတုတ္ထဈာန်ရပြီး၍ ပဉ္စမဈာန်သို့ တက်ရောက်လိုသော ပုဂ္ဂိုလ်သည် - ငါရပြီးသော စတုတ္ထဈာန်၌ သုခဈာန်အင်္ဂါသည် ချမ်းသာကို ခံစားမှုသဘောရှိသဖြင့် ခံစားရင်း နှစ်သက်မှုပီတိသို့ ပြန်ရောက်ပြီး တဖြည်းဖြည်း ဈာန်ပြန်လျောကျနိုင်၏။ ပီတိရန်သူနှင့် နီးကပ်နေ၏။ သုခမပါသော ပဉ္စမဈာန်ကိုရမူ ကောင်းလေစွ - ဟု စတုတ္ထဈာန်၏ အပြစ်ကို ရှုမြင်ရပါသည်။
စတုတ္ထဈာန်ကို အပြစ်မြင် ပဉ္စမဈာန်ကို လိုချင်သောစိတ်ဖြင့် ပထဝီကသိုဏ်း ပဋိဘာဂနိမိတ်ကိုပင် အထက်ပါအတိုင်း ပွားဖန်များလတ်သော် ပဉ္စမဈာန်ကို ရလေသည်။ ထိုပဉ္စမဈာန်ကိုလည်း ဝသီဘော် ၅ မျိုးတို့ဖြင့် လေ့ကျင့်ရပြန်၏။
ဝီထိပုံ ။ ။
ဘွင် - ဘွင် - ဘွင် - န + ဒ + မ - ပ + ဥ + နု + ဂေါ + ပဉ္စမဈာန် - ဘွင် - ဘွင်
ရူပဈာန် - ၅ မျိုး အဆင့်ဆင့် ရပုံပြီး၏။
ဒီနေ့တရားအညွှန်း ဒီမှာနားပါဦးမည်။
ကောင်းစွာ ဆက်လက်နာယူမှတ်သား သင်ယူနိုင်ကြပါစေ။
TNO(6.6.2020)
Thein Naing Ohn
ကမ္မဋ္ဌာန်းပိုင်း၊ အပိုင်း (၅)
==============
အရှင်ဝါယာမသာရ _ Ashin Wayamasara ၊
သာသနာဓဇဓမ္မာစရိယ M.A.Q ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ၊
(သာသနာရေးဝန်ကြီးဌာန) (ကမ္ဘာအေး)
အဘိဓမ္မာ၊ ဋီကာ၊ ဝိသုဒ္ဓိမဂ် သင်တန်း (သင်တန်းမှူးဆရာတော်)
+++++++++++++++
အဘိညာဏ် (အဘိ = ထူးကဲသော၊ ဉာဏ = ဉာဏ်နှင့်ယှဉ်သောဈာန်စိတ်)
ရိုးရိုးဈာန်စိတ်ထက် ထူးကဲစွာသိသော အသိဉာဏ်စိတ်ဖြစ်သောကြောင့် အဘိညာဏ်စိတ်ဟု ခေါ်သည်။ အဘိညာဏ်တန်ခိုးရအောင် ရူပါဝစရပဉ္စမဈာန်ကို အခြေခံ၍ အဓိဋ္ဌာန်ကာ အပြန်ပြန်အလှန်လှန် ပွားများသဖြင့် အဘိညာဏ်တန်ခိုးကို ရအပ်၏။ ထိုကြောင့် ရူပါဝစရကုသိုလ်ပဉ္စမဈာန်စိတ်နှင့် + ရူပါဝစရကြိယာပဉ္စမဈာန်စိတ် = ၂ ပါးကို အဘိညာဏ်ဒွေးဟုခေါ်သည်။
အဘိညာဏ် ၇ မျိုး
၁။ ဣဒ္ဓိဝိဓအဘိညာဏ် = တန်ခိုးအမျိုးမျိုး အလိုရှိသလို ဖန်ဆင်းနိုင်ခြင်းသည် ဣဒ္ဓိဝိဓအဘိညာဏ် မည်ပါသည်။
၂။ ဒိဗ္ဗစက္ခုအဘိညာဏ် = နတ်မျက်စိကဲ့သို့၊ အလွန်ဝေးကွား၍ အလွန်သေးငယ်သော ဖုံးလွှမ်းနေသော အဆင်းတို့ကို မြင်နိုင်ခြင်းသည် ဒိဗ္ဗစက္ခုအဘိညာဏ် မည်ပါသည်။
၃။ ဒိဗ္ဗသောတအဘိညာဏ် = နတ်နားကဲ့သို့ အလွန်ဝေး အလွန်သိမ်မွေ့သော အသံများကို ကြားနိုင်ခြင်းသည် ဒိဗ္ဗသောတအဘိညာဏ် မည်ပါသည်။
၄။ စေတောပရိယအဘိညာဏ် = ရှေ့ ၇ ရက်၊ နောက် ၇ ရက်ကာလပတ်လုံး၌ဖြစ်သော သူတစ်ပါးစိတ်ကို သိနိုင်ခြင်းသည် စေတောပရိယအဘိညာဏ် မည်ပါသည်။
၅။ ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ် = ရှေးရှေး၌နေခဲ့ဖူးသော မိမိနှင့် သူတစ်ပါးတို့၏ ခန္ဓာအစဉ် အမည်မျိုးနွယ် ဖြစ်ရပ်အားလုံးကို သိမြင်နိုင်ခြင်းသည် ပုဗ္ဗေနိဝါသနုဿတိအဘိညာဏ် မည်ပါသည်။
၆။ ယထာကမ္မူပဂအဘိညာဏ် = ကံအလျောက် - သုဂတိ+ဒုဂ္ဂတိဘုံတို့သို့ ရောက်သော သတ္တဝါတို့ကို သိနိုင်ခြင်း၊
၇။ အနာဂတံသအဘိညာဏ် = မိမိနှင့် သူတပါးတို့၏ နောင်ဖြစ်မည့် အကြောင်းအရာတို့ကို သိနိုင်ခြင်း။
အဘိညာဏ် ၅ ပါးဟုရေတွက်လျှင် --
ယထာကမ္မူပဂဉာဏ်နှင့် အနာဂတံသဉာဏ် ၂ ပါးသည် - ဒိဗ္ဗစက္ခုအဘိညာဏ်၌ အကျုံးဝင်သွားသဖြင့် အထက် - ၅ ပါးကိုသာ ရေတွက်ပါ။
အဘိညာဏ် ၆ ပါးဟုရေတွက်လျှင် --
၎င်းအထက် ၅ ပါးတွင် - အာသဝက္ခယအဘိညာဏ်ကိုထည့်၍ ၆ ပါးဖြစ်သည်။
+++++++++++++++++++
အဘိညာဏ်ဈာန်စိတ်ဖြစ်အောင် ပွားများပုံ
အဘိညာဏ်ဈာန်စိတ် တန်ခိုးရအောင် ပွားလိုသော ယောဂီပုဂ္ဂိုလ်သည် --
၁။ ရူပါဝစရပဉ္စမဈာန်ကို အခြေခံအားဖြင့် နိုင်နင်းအောင် ပထမ ပွားများရ၏။
၂။ ထိုရူပါဝစရပဉ္စမဈာန်ကို နိုင်နင်းပြီးသောအခါ မိမိရလိုသော အဘိညာဏ်ကို ရည်မှန်း၍ အဓိဋ္ဌာန်ရ၏။
ဥပမာ = (အဝေးမှအဆင်းကို မြင်နိုင်ရပါစေ၊ အဝေးမှအသံကို ကြားနိုင်ပါစေ။ ရေပြင်သည် မြေပြင်အတိ ဖြစ်ပါစေစသည်ဖြင့် အဓိဋ္ဌာန်ရ၏။)
၃။ ထိုသို့ အဓိဋ္ဌာန်ပြီးသောအခါ အခြေခံ ရူပါဝစရပဉ္စမဈာန်ကိုပင်၊ ကသိုဏ်းအနုလုံ၊ ပဋိလုံ (ကသိုဏ်းအားဖြင့် အပြန်ပြန်အလှန်လှန်) ဈာန်အနုလုံ၊ ပဋိလုံ(ဈာန်အားဖြင့် အပြန်ပြန်အလှန်လှန်) စသည်ဖြင့် ၁၄ မျိုးသောနည်းတို့ဖြင့် အကြိမ်ကြိမ်နိုင်နင်းအောင် ပွားများသောအခါ ဈာနသိဒ္ဓိ=ဈာန်တစ်မျိုးပေါက်ကာ ရူပါဝစရကုသိုလ်(သို့မဟုတ်)ရူပါဝစရကြိယာပဉ္စမဈာန်တွင် အဘိညာဏ်စိတ်တစ်မျိုးမျိုးပေါ်လာ၏။
ဝီထိပုံစံ --
ဘွင် - ဘွင် - ဘွင် - န + ဒ + မ-ပ + ဥ + နု + ဂေါ + အဘိညာဏ်ဇော - ဘွင် - ဘွင်
ဆောင် - ပါဒကဈာန်၊ အဓိဋ္ဌာန်နှင့်၊ တစ်ဖန်ပါဒက၊ ပဉ္စမ၊ ကျတုံအဘိညာ။
မှတ်ချက်။ ။
မန္ဒပညာ = ဉာဏ်နုံသူအတွက် ဈာန် - ၅ မျိုးဖြစ်သည်။
တိက္ခပညာ = ဉာဏ်ထက်သူအတွက် ဝိတက်+ဝိစာရ - ၂ ပါးကို တစ်ပြိုင်တည်းပယ်နိုင် - လွန်နိုင်သဖြင့် ဈာန် - ၄ မျိုးသာ ဖြစ်သည်။
ထို့ကြောင့် - မန္ဒပုဂ္ဂိုလ်အတွက် ရူပါဝစရနောက်ဆုံးဈာန်သည် ပဉ္စမဈာန်ဖြစ်ပြီး၊ တိက္ခပုဂ္ဂိုလ်အတွက် ရူပါဝစရနောက်ဆုံးဈာန်သည် စတုတ္ထဈာန်ဖြစ်သည်။
သမထကမ္မဋ္ဌာန်းပိုင်းပြီး၏။
++++++++++++++++++++++
ဝိပဿနာကမ္မဋ္ဌာန်းနည်း
ဥပါဒါနက္ခန္ဓာငါးပါးကို (အနိစ္စ+ဒုက္ခ+အနတ္တ၊ စသည်ဖြင့် ရှုပွားကာ မဂ်ဖိုလ်ရအောင် အားထုတ်သော လုပ်ငန်း ဖြစ်သောကြောင့် ဝိပဿနာကမ္မဋ္ဌာန်းလုပ်ငန်း မည်ပါသည်။
ဝိသုဒ္ဓိ ၇ ပါး (အထူးစင်ကြယ်မှု ၇ မျိုး)
၁။ သီလဝိသုဒ္ဓိ (သီလ အထူးစင်ကြယ်ခြင်း)
၂။ စိတ္တဝိသုဒ္ဓိ (စိတ်တည်ကြည်သဖြင့် စိတ်အထူး စင်ကြယ်ခြင်း)
၃။ ဒိဋ္ဌိဝိသုဒ္ဓိ (အတ္တမှကင်းစင်၍၊ လက္ခဏ+ရသ+ပစ္စုပဋ္ဌာန်+ပဒဋ္ဌာန်-အားဖြင့် နာမ်ရုပ်တို့ကို သိမ်းဆည်း ထားနိုင်သဖြင့် အယူ၏စင်ကြယ်ခြင်း။)
၄။ ကင်္ခါဝိတရဏဝိသုဒ္ဓိ (ကင်္ခါ = ယုံမှားမှု - ၁၆ မျိုး၊ ဝိစိကိစ္ဆာ = မဆုံးဖြတ်နိုင်မှု - ၈ မျိုးတို့မှ စင်ကြယ်ခြင်း။)
၅။ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ = ဥဒယဗ္ဗယဉာဏ်မှ အနုလောမဉာဏ်တိုင်အောင်သော ဉာဏ်တို့ဖြင့် အဆင့်ဆင့် ပွားများအားထုတ်သဖြင့် အကျင့်မှန်၍ ဉာဏ်အမြင် စင်ကြယ်ခြင်း။
၇။ ဉာဏဒဿနဝိသုဒ္ဓိ = မဂ်လေးပါးကို ရသဖြင့် ဉာဏ်အမြင်၏ အထူးစင်ကြယ်ခြင်း။
++++++++++++++++++
၁။ သီလဝိသုဒ္ဓိ (သီလ အထူးစင်ကြယ်ခြင်း)
သီလလေးမျိုး
(က) ပါတိမောက္ခ သံဝရသီလ
(ခ) အာဇီဝ ပါရိသုဒ္ဓိသီလ
(ဂ) ပစ္စယသန္နိဿိတသီလ
(ဃ) ဣန္ဒြိယသံဝရသီလ
++++++++++++++++++++
၂။ စိတ္တဝိသုဒ္ဓိ (စိတ်စင်ကြယ်မှုဟူသည်)
ဥပစာရသမာဓိစိတ် (ဈာန်ရကာနီး တည်ကြည်သောစိတ် = ဥပစာရ သမာဓိဇော - ၈ ခု)
အပ္ပနာသမာဓိစိတ် (ဈာန်ရပြီး၍ ဈာန်ဖြင့် တည်ကြည်နေသော စိတ် = မဟဂ္ဂုတ်ဇော ၁၈ ခု)
+++++++++++++++++++++++++
၃။ ဒိဋ္ဌိဝိသုဒ္ဓိ = ရုပ်နာမ်တစ်မျိုးစီကို - လက္ခဏာ+ရသ+ပစ္စုပဋ္ဌာန်+ပဒဋ္ဌာန်အားဖြင့် - နှလုံးသွင်း ဆင်ခြင်နိုင်ခြင်းသည် ဒိဋ္ဌိဝိသုဒ္ဓိမည်၏။
+++++++++++++++++++++++++
၄။ ကင်္ခါ ဝိတရဏ ဝိသုဒ္ဓိ (နာမ်ရုပ်တို့ဖြစ်လာပုံ အကြောင်းကို ပိုင်းခြားသိသဖြင့် ယုံးမှားကင်း၍ စင်ကြယ်ခြင်း)
+++++++++++++++++++++++
ယုံမှားခြင်း ကင်္ခါ ၁၆ မျိုး
အတိတ်ကာလ၌ ယုံမှားခြင်း ၅ ပါး
အနာဂတ်၌ယုံမှားမှု ၅ မျိုး
ပစ္စုပ္ပန်၌ ယုံမှားမှု ၆ မျိုး
(ဤ ၁၆ မျိုး ဖြစ်နေရခြင်းမှာ ရုပ်+နာမ်ဖြစ်ပုံ အကြောင်းမှန်ကို မသိ၍ ငါ+သူတစ်ပါး+ယောကျာ်း+မိန်းမ+ပုဏ္ဏားစသည့် ပညတ်ကိုစွဲနေခြင်းဖြစ်သည်။ ရုပ်+နာမ်ဖြစ်ပုံကို သိလာသောအခါ ပညတ်စွဲပျောက်ပြီး ကင်္ခါ ၁၆ မျိုးလည်း မဖြစ်တော့ပေ။)
ဒီနေ့တရားအညွှန်း ဒီမှာနားပါဦးမည်။
ကောင်းစွာ ဆက်လက်နာယူမှတ်သား သင်ယူနိုင်ကြပါစေ။
TNO(7.6.2020)
Thein Naing Ohn
ကမ္မဋ္ဌာန်းပိုင်း၊ အပိုင်း (၆)
==============
အရှင်ဝါယာမသာရ _ Ashin Wayamasara ၊
သာသနာဓဇဓမ္မာစရိယ M.A.Q ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ၊
(သာသနာရေးဝန်ကြီးဌာန) (ကမ္ဘာအေး)
အဘိဓမ္မာ၊ ဋီကာ၊ ဝိသုဒ္ဓိမဂ် သင်တန်း (သင်တန်းမှူးဆရာတော်)
+++++++++++++++
၅။ မဂ္ဂါမဂ္ဂညာဏဒဿနဝိသုဒ္ဓိ = မဂ်-ဟုတ်+မဟုတ်၊ ဉာဏ်ဖြင့် မြင်၍ စင်ကြယ်ခြင်း)
ပြီးခဲ့သောဝိသုဒ္ဓိ - ၄ ပါးသည် ဝိပဿနာဉာဏ်စဉ်များနှင့် မသက်ဆိုင်သေးပေ၊ (သီ+စိတ်+ဒိဌ်+ကင်၊ ဤလေးအင်၊ ဉာဏ်စဉ်မဆိုင်သင့်။) မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိအဆင့်သို့ရောက်မှ ဝိပဿနာဉာဏ်စဉ်များ အဆင့်ဆင့် တက်လာသည်။
ဝိပဿနာဉာဏ်စဉ် ၁၀ ပါး (အထူးရှုတတ်သော အသိဉာဏ် အမြင် ၁၀ ပါး)
(၁) သမ္မသနဉာဏ် = လက္ခဏာဖြင့် ဆင်ခြင်သုံးသပ်ခြင်း
(၂) ဥဒယဗ္ဗယဉာဏ် = အဖြစ် - အပျက် ရှုခြင်း
(၃) ဘင်္ဂဉာဏ် = ဘေးဟု ရှုမြင်ခြင်း
(၄) ဘယဉာဏ် = ဘေးဟု ရှုမြင်ခြင်း
(၅) အာဒီနဝဉာဏ် = အပြစ်ဟု ရှုမြင်ခြင်း
(၆) နိဗ္ဗိဒါဉာဏ် = ငြီးငွေ့ဖွယ်ဟု ရှုမြင်ခြင်း
(၇) မုစ္စိတုကမျတာဉာဏ် = လွတ်မြောက်လိုသော ဉာဏ်ဖြစ်ခြင်း
(၈) ပဋိသင်္ခါဉာဏ် = လက္ခဏာဖြင့် တစ်ဖန်ပြန်၍ ရှုခြင်း
(၉) သင်္ခါရုပေက္ခာဉာဏ် = သင်္ခါရတရားတို့ကို လျစ်လျူရှုခြင်း
(၁၀) အနုလောမဉာဏ် = ရှေ့နှင့်နောက် သင့်လျော်ခြင်း
(၁) ခန္ဓာအစရှိသည်တို့ကို အပေါင်းအစည်း(ကလာပနည်း)အားဖြင့် ဆင်ခြင်သုံးသပ်သည်၏ အစွမ်းဖြင့် ဖြစ်သော ဉာဏ်သည် “သမ္မသနဉာဏ်” မည်ပါသည်။
(၂) ရုပ်နာမ်တို့၏ ဖြစ်ခြင်း(ဥဒယ)၊ ပျက်ခြင်း(ဝယ)ကို အဖန်တလဲလဲ ရှုသည်၏အစွမ်းဖြင့်ဖြစ်သော ဉာဏ်သည် “ဥဒယဗ္ဗယဉာဏ်” မည်ပါသည်။
(၃) ဖြစ်ခြင်း(ဥဒယ)ကိုလွှတ်၍ ပျက်ခြင်း(ဝယ)ကိုသာ အဖန်တလဲလဲ ရှုသည်၏အစွမ်းဖြင့်ဖြစ်သော ဉာဏ်သည် “ဘင်္ဂဉာဏ်” မည်ပါသည်။
(၄) သင်္ခါရတရားတို့ကို ကြောက်မက်ဖွယ် ဘေးအနေဖြင့် အဖန်တလဲလဲ ရှုသည်၏အစွမ်းဖြင့် ဖြစ်သော ဉာဏ်သည် “ဘယဉာဏ်” မည်ပါသည်။
(၅) မြင်အပ်ပြီးသော ဘေးရှိသော သင်္ခါရတရားတို့ကို အပြစ်အားဖြင့် ရှုသည်၏အစွမ်းဖြင့် ဖြစ်သော ဉာဏ်သည် “အာဒီနဝဉာဏ်” မည်ပါသည်။
(၆) မြင်အပ်ပြီးသော အပြစ်ရှိသော သင်္ခါရတရားတို့ကို ငြီးငွေ့သည်၏ အစွမ်းဖြင့်ဖြစ်သော ဉာဏ်သည် “နိဗ္ဗိဒါဉာဏ်” မည်ပါသည်။
(၇) ငြီးငွေ့သဖြင့် သင်္ခါရတရားတို့မှ လွတ်မြောက်ခြင်းငှာ အလိုရှိသည်၏ အစွမ်းဖြင့်ဖြစ်သော ဉာဏ်သည် “မုစ္စိတုကမျတာဉာဏ်” မည်ပါသည်။
(၈) လွတ်ခြင်း၏အကြောင်းနှင့်ပြည့်စုံခြင်းငှာ တစ်ဖန်ပြန်၍ သင်္ခါရတရားတို့ကို လက္ခဏာရေးသုံးပါး တင်၍ သိမ်းဆည်းသည်၏အစွမ်းဖြင့်ဖြစ်သော ဉာဏ်သည် “ပဋိသင်္ခါဉာဏ်” မည်ပါသည်။
(၉) သင်္ခါရတရားတို့ကို ကြောက်ခြင်း(ဘယ)၊ နှစ်သက်ခြင်း(နန္ဒီ)သို့ မကပ်ရောက်မူ၍ လျစ်လျူရှုသည်၏ အစွမ်းဖြင့်ဖြစ်သော ဉာဏ်သည် “သင်္ခါရုပေက္ခာဉာဏ်” မည်ပါသည်။
(၁၀) ရှေ့ဉာဏ် ၉ ပါးတို့၏ ကိစ္စကို ပြီးစေသောအားဖြင့် အထက်၌ ဗောဓိပက္ခိယတရား(၃၇)ပါးတို့အား သင့်လျော်သည်၏အစွမ်းဖြင့်ဖြစ်သော ဉာဏ်သည် “အနုလောမဉာဏ်” မည်ပါသည်။
+++++++++++++++++++++++++++++++++++++++++
ဥပက္ကိလေသ ၁၀ မျိုး (သို့မဟုတ်) ဝိပဿနာ ညစ်ညူးကြောင်းတရား (၁၀) ပါး
(၁) ဩဘာသ = ကိုယ်ရောင်ကိုယ်ဝါများ ထွက်လာခြင်း
(၂) ပီတိ = ဝိပဿနာနှင့်ယှဉ်သော နှစ်သက်မှုငါးမျိုးဖြစ်ပေါ်လာခြင်း
(က) ခုဒ္ဒိကာပီတိ = ကြက်သီးမွှေးညှင်းထရုံ သေးငယ်စွာ ဖြစ်သောပီတိ၊
(ခ) ခဏိကာပီတိ = လျှပ်စီးပျက်သလို ခဏ ခဏဖြစ်၍ ခဏ ခဏပျက်သောပီတိ၊
(ဂ) ဩက္ကန္တိကာပီတိ = ဒီရေလှိုင်းလုံးကြီးလွှမ်းဖုံးလာသကဲ့သို့ တစ်ကိုယ်လုံး၌ လွှမ်းဖုံး သက်ရောက်သော ပီတိ၊
(ဃ) ဥဗ္ဗေဂါပီတိ = မိမိအဟုန်ဖြင့် ကိုယ်ကိုအထက်သို့ မြှောက်နိုင်သောပီတိ၊
(င) ဖရဏာပီတိ = တစ်ကိုယ်လုံး၌ ကြာမြင့်စွာ ပြန်နှံ့နေသော ပီတိ။
(၎င်းပီတိများကို မဂ်တရားဟုထင်နေတတ်၏။
(၃) ပဿဒ္ဓိ = ကိုယ်စိတ်တို့၏ ငြိမ်းချမ်းခြင်း၊ (၎င်းကိုနိဗ္ဗာန်ဟု ထင်နေတတ်၏)
(၄) အဓိမောက္ခ(သဒ္ဓါ) = ကမ္မဋ္ဌာန်းအာရုံ၌ သက်ဝင်ဆုံးဖြတ်တတ်သော သဒ္ဓါတရားဖြစ်ခြင်း၊
(မဂ်ဟု … ၏)
(၅) ပဂ္ဂဟ(ဝီရိယ) = ဝိပဿနာစိတ်ကို အားပေးထောက်ပံ့မှု ဝီရိယထက်သန်ခြင်း၊ (မဂ်ဟု … ၏)
(၆) သုခ = တစ်ကိုယ်လုံး၌ မွန်မြတ်သော သုခချမ်းသာတရား ဖြစ်ပေါ်နေခြင်း၊ (မဂ်ဟု …. ၏)
(၇) ဉာဏ(ဗုဒ္ဓိ) = အလွန်ထက်မြက်သော ဝိပဿနာဉာဏ်ဖြစ်ပေါ်နေခြင်း၊ (မဂ်ဟု … ၏)
(၈) ဥပဋ္ဌာန(သတိ) = ကမ္မဋ္ဌာန်းအာရုံ၌ အလွန်ထင်လင်း(ထင်ရှား)နေသောသတိတရား ဖြစ်ပေါ်နေခြင်း၊ (မဂ်ဟု … ၏)
(၉) ဥပေက္ခာ = ဖြစ်မှုပျက်မှု (ဥဒယဗ္ဗယ)သဘော အလွန် ထင်ရှားနေရကား မထင်ထင်အောင် ကြောင့်ကြစိုက်ရမှု မပြုရတော့ဘဲ အသင့်အားဖြင့် ရှုနိုင်သော တတြမဇ္ဈတ္တတာ မည်သော ဝိပဿနုပေက္ခာ+ဖြစ်မှုပျက်မှုကို အလိုရှိသလို လျှင်မြန်စွာ ဆင်ခြင်နိုင်သော အာဝဇ္ဇနုပေက္ခာတို့ ဖြစ်နေခြင်း (မဂ်ဟု … ၏)
(၁၀) နိကန္တိ = အထက် ၉ ပါးကို နှစ်သက်နေသည့် အလွန်သိမ်မွေ့သော တဏှာဖြစ်ခြင်း (မဂ် …. ၏)
မှတ်ချက်။ ။ အထက် ၉ ပါးသည် ညစ်ညူးကြောင်းအစစ်မဟုတ်ဘဲ၊ နိကန္တိတစ်ခုသာ ညစ်ညူးကြောင်း အစစ်ဖြစ်၏။
ထိုသို့ နှစ်သက်နေလျှင် ဟုတ်လှပြီဟု ထင်နေခြင်းမာန၊ အယူများသွားခြင်း ဒိဋ္ဌိတရားတို့ ဖြစ်ကာ၊ တုန်လှုပ်၊ ပျံ့လွင့်မှုတို့ ပြန်၍ဖြစ်ပေါ်လာသဖြင့် ရပြီးဝိပဿနာဉာဏ်စဉ်များမှာ ပျောက်သွားရပြန်၏။
အထက်ပါ ၁၀ မျိုးပေါ်လာသောအခါ ထိုဩဘာသစသည်ကို မဂ်ဖိုလ်+နိဗ္ဗာန်တရားရပြီဟုအထင်ရှိပြီး ကျေနပ်နှစ်သက်ကာ ဝိပဿနာတရား ဆက်လက်အားမထုတ်လျှင် ရပြီးသာဉာဏ်စဉ်များပါ ပျောက်၍ အထက်ဉာဏ်စဉ်များနှင့် မဂ်+ဖိုလ်တရားသို့လည်း မတက်နိုင်တော့ပေ၊ ထို့ကြောင့် အထက်ပါ ၁၀ မျိုးကို ဝိပဿနုပက္ကိလေသ(ဝိပဿနာညစ်ညူးကြောင်း၊ ဝိပဿနာပျက်ကြောင်း အန္တရာယ် ၁၀ မျိုးဟု ခေါ်ခြင်း ဖြစ်သည်။)
အချုပ်အားဖြင့်။ ။ သမ္မသနဉာဏ်+ဥဒယဗ္ဗယဉာဏ်အမြင် ရင့်သန်အောင် အားထုတ်၍ ဩဘာသစသည်ဖြစ်ပေါ်လာသောအခါ ဤဩဘာသစသည်သည် မဂ်+ဖိုလ်တရားများမဟုတ်သေး၊ ဝိပဿနာ၏အန္တရာယ်များသာ ဖြစ်သေးသည် အထက်ဉာဏ်စဉ် ၉ မျိုးကိုရရှိအောင် ဆက်အားထုတ်မှ မဂ်+ဖိုလ်တရားရနိုင်မည်ဟု မဂ်ဟုတ်သည် မဟုတ်သည်ကို သိတတ်သောဉာဏ်အမြင်သည် မဂ္ဂါမဂ္ဂဉာဏဒသနဝိသုဒ္ဓိမည်၏။
(စာမျက်နှာ - ၃၂၉ , ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ အားဖတ်၍ အဆုံးသတ်ပါသည်။)
++++++++++++++++++
ဒီနေ့တရားအညွှန်း ဒီမှာနားပါဦးမည်။
ကောင်းစွာ ဆက်လက်နာယူမှတ်သား သင်ယူနိုင်ကြပါစေ။
TNO(8.6.2020)
Thein Naing Ohn
ကမ္မဋ္ဌာန်းပိုင်း၊ အပိုင်း (၇)
==============
အရှင်ဝါယာမသာရ _ Ashin Wayamasara ၊
သာသနာဓဇဓမ္မာစရိယ M.A.Q ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ၊
(သာသနာရေးဝန်ကြီးဌာန) (ကမ္ဘာအေး)
အဘိဓမ္မာ၊ ဋီကာ၊ ဝိသုဒ္ဓိမဂ် သင်တန်း (သင်တန်းမှူးဆရာတော်)
+++++++++++++++
ဂေါတြဘူဉာဏ်။ ။ ဝိပဿနာဉာဏ်စဉ် ၁၀ ပါး ပြီးပြည့်စုံသောအခါ ဆက်လက်၍ နိဗ္ဗာန်ကို အစဆုံးလှမ်းမြင်နိုင်သော ဂေါတြဘူဉာဏ် ဆက်ဖြစ်လာ၏။ ထိုဉာဏ်သည် ပုထုဇဉ်အနွယ်ကို လွှမ်းမိုးနှိပ်စက်၍ အရိယာအနွယ်သို့ ရောက်စေတတ်သောကြောင့် ဂေါတြဘူမည်ပါသည်။
ထိုဂေါတြဘူဉာဏ်စိတ်ဖြစ်ပြီးသောအခါ မဂ္ဂဝီထိစဉ်အတိုင်း မဂ်စိတ်+ဖိုလ်စိတ်တို့ ဆက်ဖြစ်လာ၏။
သောတာပတ္တိမဂ္ဂဝီထိပုံစံ [ န + ဒ + မ + ပ + ဥ + နု + ဂေါ + မဂ် + ဖိုလ် ]
၇။ ဉာဏဒဿနဝိသုဒ္ဓိ = (မဂ်ဉာဏ်လေးပါးကို ရရှိ၍ ဉာဏ်အမြင်စင်ကြယ်ခြင်း)
အထက်ဝိသုဒ္ဓိ - ၆ ပါးတို့ဖြင့် ပွားများ၍ရအပ်သော လေးပါးသော မဂ်ဖိုလ်သည် ဉာဏဒဿနဝိသုဒ္ဓိမည်၏။
+++++++++++++++++++++++++++++
မဂ်ဉာဏ်၏ ကိစ္စ ၄ မျိုးကို တစ်ပြိုင်နက်ဆောင်ရွက်ပုံ
ဆောင် -- သိ+ပယ်+ဆိုက်+ပွား+ လေးပါးအချက်၊ တစ်ပြိုင်နက်၊ မဂ်၏ကိစ္စတည်း။
(၁) - သိ - ဒုက္ခသစ္စာကို ပိုင်းခြား၍ သိခြင်း = ပရိညာကိစ္စ။
(၂) - ပယ် - သမုဒယသစ္စာ(လောဘ)ကို ပယ်ခြင်း = ပဟာနကိစ္စ။
(၃) - ဆိုက် - နိရောဓသစ္စာသို့ ဆိုက်ရောက်မျက်မှောက်ပြုခြင်း = သစ္ဆိကရဏကိစ္စ။
(၄) - ပွါး - မဂ္ဂသစ္စာကို ပွါးများခြင်း = ဘာဝနာကိစ္စ။
ဤလေးပါးကို မဂ်ဉာဏ်သည် တစ်ပြိုင်တည်းပြီးစေနိုင် ဆောင်ရွက်စေနိုင်၏။
ဥပမာအားဖြင့် = ဆီမီးသည် မိမိဖြစ်သည်နှင့် တစ်ပြိုင်နက် (၁) အမှောင်ကို ဖျောက်ခြင်း၊ (၂) အလင်းကိုဖြစ်စေခြင်း၊ (၃) မီးစာကို ကုန်စေခြင်း၊ (၄) ဆီကိုကုန်စေခြင်း - ဤလေးပါးတို့ကို တစ်ပြိုင်နက်တည်း ပြီးစေသကဲ့သို့ မဂ်စိတ်ဖြစ်သည်နှင့် သစ္စာ - ၄ ချက်ကို တစ်ပြိုင်နက်တည်း ပြီးစီးစေပါသည်။
မဂ်ကိစ္စ - ၁၆ ချက်။ ။ ဤသို့လျှင် မဂ်စိတ်တစ်မျိုးလျှင် အထက်ပါကိစ္စ-၄ မျိုးစီရှိ၍ မဂ် ၄ ပါး x ကိစ္စ ၄ မျိုး = ( ၄ x ၄) = ၁၆ ကိစ္စ ဖြစ်သည်။
+++++++++++++++++++
မဂ္ဂပစ္စဝေက္ခဏာ (ရပြီးမဂ်ကို ဆင်ခြင်ခြင်း)
မဂ္ဂဝီထိကျပြီး(ရပြီး)သောအခါ ထုံးစံအတိုင်းရပြီးမဂ်ကို ပြန်၍ဆင်ခြင်သော မဂ္ဂပစ္စဝေက္ခဏာဝီထိများ ဖြစ်လာ၏။
(၁) မိမိရပြီးသောမဂ်ကိုလည်း ပြန်၍ဆင်ခြင်၏။
(၂) မဂ်ရလျှင် ဆိုင်ရာဖိုလ်လည်း တစ်ပြိုင်တည်း ရသည်ဖြစ်၍ ဆိုင်ရာဖိုလ်ကိုလည်း ဆင်ခြင်၏။
(၃) မဂ်တစ်ခုခုရလျှင် နိဗ္ဗာန်ကို ဧကန်အာရုံပြုပြီးဖြစ်သောကြောင့် နိဗ္ဗာန်ကိုလည်း ဆင်ခြင်၏။
(၅) မပယ်ရသေးသော ကိလေသာကိုလည်း ဆင်ခြင်၏။
(မှတ်ချက်) - အမှတ် (၄) နှင့် (၅) ကို အချို့ဆင်ခြင်၏။ အချို့မဆင်ခြင်။
+++++++++++++++++++++
(စာမျက်နှာ ၃၃၈ ကိုသွားပါမယ်)
နိရောဓသမာပတ္တိဝီထိပုံစံ။
န + ဒ + မ--ပ + ဥ + နု + ဂေါ + နေဝသညာဈာန် ၂ ကြိမ် + (နိရောဓ) + ဖိုလ် + ဘဝင်။
++++++++++++++++++++++++++
ဝိမောက္ခဘေဒ
ဝိမောက္ခ = ကျွတ်ခြင်း၊ လွတ်ခြင်း။ ဘေဒ = အပြား
ဝိမောက္ခဟူသည်(ကိလေသာတို့မှကျွတ်လွတ်သော) မဂ်+ဖိုလ်တို့၏အမည်ဖြစ်သည်။
ဝိမောက္ခ - ၃ မျိုး
၁။ အနိမိတ္တဝိမောက္ခ = အနိစ္စဟု အဖန်ဖန်ရှုသဖြင့် ရအပ်သောမဂ်+ဖိုလ်
၂။ အပ္ပဏီဟိတဝိမောက္ခ = ဒုက္ခဟု အဖန်ဖန်ရှုသဖြင့် ရအပ်သော မဂ်+ဖိုလ်
၃။ သုညတဝိမောက္ခ = အနတ္တဟု အဖန်ဖန်ရှုသဖြင့် ရအပ်သော မဂ်+ဖိုလ်
++++++++++++++++++++++
ဝိမောက္ခမုခ - ၃ မျိုး (သို့မဟုတ်) အနုပဿနာ - ၃ မျိုး
(ဝိမောက္ခ = မဂ်+ဖိုလ်။ မုခ = ဝင်ရာတံခါးပေါက်၊ အနုပဿနာ = အဖန်ဖန်ရှုခြင်း)
(၁) အနိစ္စဟုအဖန်ဖန်ရှုခြင်းသည် အနိမိတ္တာနုပဿနာ(ဝိမောက္ခမုခ)မည်၏။
(၂) ဒုက္ခဟုအဖန်ဖန်ရှုခြင်းသည် အပ္ပဏိဟိတာနုပဿနာ(ဝိမောက္ခမုခ)မည်၏။
(၃) အနတ္တဟုအဖန်ဖန်ရှုခြင်းသည် သုညတာနုပဿနာ(ဝိမောက္ခမုခ)မည်၏။
ထိုအနုပဿနာ ၃ မျိုးသည် အနိစ္စ+ဒုက္ခ+အနတ္တဟု လက္ခဏာရေးသုံးပါးကို အဖန်ဖန်ရှုခြင်းဖြင့် ဝိမောက္ခမည်သော မဂ်+ဖိုလ်သို့ဝင်ရောက်ကြောင်း တံခါးပေါက်သဖွယ်ဖြစ်သောကြောင့် ဝိမောက္ခမုခမည်၏။
++++++++++++++++++++++++++++
ဝိမောက္ခ - ၃ မျိုးပြားရပုံ
ဝိမောက္ခဟူသောမဂ်သို့ ရောက်ပုံခြင်းတူသော်လည်း၊ ရှုပွားပုံအခြင်းအရာ - ၃ မျိုးကွဲပြားသွားသဖြင့် ဝိမောက္ခဟူသော မဂ် - ၃ မျိုး ပြားသွားရသည်။
(၁) ဝုဋ္ဌာနဂါမိနီဝိပဿနာဉာဏ်ဖြင့် အနိစ္စဟုရှုနေခိုက် အနမိတ္တာနုပဿနာ(ဝိမောက္ခမုခ)မည်၏။ ထိုသို့ရှုသဖြင့် မဂ်သို့ရောက်သည်ရှိသော် အနိမိတ္တဝိမောက္ခမည်၏။
(၂) ဒုက္ခဟုရှုနေခိုက် အပ္ပဏိဟိတာနုပဿနာ(ဝိမောက္ခမုခ)မည်၏။ ထိုသို့ရှုသဖြင့် မဂ်ရသည်ရှိသော် အပ္ပဏိဟိတဝိမောက္ခမည်၏။
(၃) အနတ္တဟုရှုနေခိုက် သုညတာနုပဿနာ(ဝိမောက္ခမုခ)မည်၏။ ထိုသို့ရှုသဖြင့် မဂ်ရသော် သုညတဝိမောက္ခမည်၏။
++++++++++++++++++++++++++
သမထ ဝိပဿနာအကျိုး
(၁) သမထဘာဝနာကို ပွားများခြင်းကြောင့် ဈာနသုခ စသော အကျိုးကို ရနိုင်၏။
(၂) ဝိပဿနာဘာဝနာကို ပွားများခြင်းကြောင့် ဖလသုခ စသောအကျိုးကို ရနိုင်၏။
TNO(9.6.2020)
Thein Naing Ohn
+++++++++++++++++++++++++++++++++
ကမ္မဋ္ဌာန်းပိုင်းပြီးပါပြီး။
+++++++++++++++++++++++++++++++++
သင်္ဂြိုဟ်ကိုးပိုင်းပြီးပါပြီ။
+++++++++++++++++++++++++++++++++