စိတ်ပိုင်း ၊ အပိုင်း (၁)
==============
အရှင်ဝါယာမသာရ _ Ashin Wayamasara ၊
သာသနာဓဇဓမ္မာစရိယ M.A.Q ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ၊
(သာသနာရေးဝန်ကြီးဌာန) (ကမ္ဘာအေး)
အဘိဓမ္မာ၊ ဋီကာ၊ ဝိသုဒ္ဓိမဂ် သင်တန်း (သင်တန်းမှူးဆရာတော်)
+++++++++++++++
ပရမတ္ထ နှင့် အဘိဓမ္မတ္ထ အထူး အရကောက်
- ပရမတ္ထအရ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်တို့ကို ရ၏။
- အဘိဓမ္မတ္ထအရ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်၊ ပညတ်တို့ကို ရ၏။
+++++++++++++++
ပရမတ္ထတရား (၄)ပါးတို့၏ လက္ခဏာ
၁။ စိတ် = အာရုံကို သိတတ်သော၊ ဆန်းကြယ်သော သဘောရှိ။
၂။ စေတသိက် = စိတ်၌ မှီတွယ်၍ စိတ်ကို ခြယ်လှယ်သောတရား (၅၂) ပါးရှိ။
၃။ ရုပ် = အချမ်းအပူ စသော ဆန့်ကျင်ဘက်အကြောင်းတို့ကြောင့် ဖောက်ပြန်ခြင်း
လက္ခဏာ ရှိသည်။ ရုပ် (၂၈) ပါး ရှိ။
၄။ နိဗ္ဗာန် = ဒုက္ခခပ်သိမ်းတို့ ချုပ်ငြိမ်းရာ ၊ ရာဂ စသော မီးတစ်ဆယ့်တစ်ပါးတို့ ငြိမ်းရာ၊ တဏှာမှ ထွက်မြောက်ရာ၊ ချမ်းသာ အစစ်အမှန်တရား။
+++++++++++++++
ဘုံစိတ်အကျဉ်း (၄) ပါး
( ကာမဘုံ၊ ကာမစိတ် = ၅၄ ပါး) + (ရူပဘုံ၊ ရူပစိတ် = ၁၅ ပါး) + (အရူပဘုံ၊ အရူပစိတ် = ၁၂ ပါး) + (လောကုတ္တရာစိတ် = ၈ ပါး) စုစုပေါင်း စိတ် ၈၉ ပါး ရှိပါသည်။
+++++++++++++++
ကာမစိတ် (၅၄)ပါး
(အကုသိုလ်စိတ် = ၁၂ ပါး) + (အဟိတ်စိတ် = ၁၈ ပါး) + ကာမာ၀စရသောဘနစိတ် = ၂၄ ပါး) ပေါင်း ၅၄ ပါး ဖြစ်ပါသည်။
+++++++++++++++
အကုသိုလ်စိတ် (၁၂) ပါး
(လောဘမူစိတ် = ၈ ပါး) + (ဒေါသမူစိတ် = ၂ ပါး) + (မောဟမူစိတ် = ၂ ပါး) ပေါင်း အကုသိုလ်စိတ် ၁၂ ပါး ။
++++++++++++++
လောဘမူစိတ် (၈) ပါး
(၁) သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိကစိတ် (၁) ပါး
(၂) သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် သသင်္ခါရိကစိတ် (၁) ပါး
(၃) သောမနဿသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အသင်္ခါရိကစိတ် (၁) ပါး
(၄) သောမနဿသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် သသင်္ခါရိကစိတ် (၁) ပါး
(၅) ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိကစိတ် (၁) ပါး
(၆) ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် သသင်္ခါရိကစိတ် (၁) ပါး
(၇) ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အသင်္ခါရိကစိတ် (၁) ပါး
(၈) ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် သသင်္ခါရကစိတ် (၁) ပါး
ပေါင်း လောဘမူစိတ် (၈) ပါး ။
+++++++++++++
ဒေါသမူစိတ် (၂) ပါး
(၁) ဒေါမနဿ သဟဂုတ် ပဋိဃသမ္ပယုတ် အသင်္ခါရိကစိတ် (၁) ပါး
(၂) ဒေါမနဿ သဟဂုတ် ပဋိဃသမ္ပယုတ် သသင်္ခါရိကစိတ် (၁) ပါး
ပေါင်း ဒေါသမူစိတ် ၂ ပါး ။
++++++++++++++
မောဟမူစိတ် (၂) ပါး
(၁) ဥပေက္ခာသဟဂုတ် ဝိစိကိစ္ဆာသမ္ပယုတ်စိတ် (၁) ပါး ။
(၂) ဥပေက္ခာသဟဂုတ် ဥဒ္ဓစ္စသမ္ပယုတ်စိတ် (၁) ပါး။
ပေါင်း မောဟမူစိတ် ၂ ပါး ။
+++++++++++++++++
အကုသိုလ်စိတ်် (၁၂) ပါးသည် ဝေဒနာအားဖြင့် -
(သောမနဿ ဝေဒနာ = ၄ ပါး) + (ဥပေက္ခာ ဝေဒနာ = ၆ ပါး) + (ဒေါမနဿ ဝေဒနာ = ၂ ပါး) ပေါင်း ၁၂ ပါး ရှိသည်။
++++++++++++
အကုသိုလ်စိတ် (၁၂) ပါးသည် သင်္ခါရအားဖြင့် -
(အသင်္ခါရိက = ၅ ပါး) + ( သသင်္ခါရိက = ၅ ပါး) + သင်္ခါရဝိမုတ်စိတ် = ၂ ပါး) = ပေါင်း ၁၂ ပါး ရှိသည်။
+++++++++++++
အကုသိုလ်စိတ် (၁၂) ပါးသည် ယောဂဘေဒအားဖြင့် -
(သမ္ပယုတ်စိတ် = ၈ ပါး) + (ဝိပ္ပယုတ်စိတ် = ၄ ပါး) = ပေါင်း ၁၂ ပါး
+++++++++++++
အကုသိုလ်စိတ် (၁၂) ပါး၌ သောမနဿဝေဒနာနှင့် ယှဉ်သောစိတ် (၄) ပါး ရှိသည်။ (၄) ပါး ဟူသော်ကား -
လောဘမူစိတ် ၈ ပါး၌ သောမနဿဝေဒနာနှင့် ယှဉ်သောစိတ် (၄) ပါးတို့ ဖြစ်သည်။
+++++++++++++++
အကုသိုလ်စိတ် (၁၂) ပါး၌ ဥပေက္ခာဝေဒနာနှင့်ယှဉ်သောစိတ် (၆) ပါး ရှိသည်။ ၆ ပါး ဟူသော်ကား -
၁။ လောဘမူစိတ် ၈ ပါး၌ ဥပေက္ခာဝေဒနာနှင့်ယှဉ်သောစိတ် (၄) ပါး
၂။ သင်္ခါရမှလွတ်သော သင်္ခါရဝိမုတ်စိတ် ဖြစ်သော မောဟမူစိတ် (၂) ပါး
ပေါင်း (၆) ပါး ရှိသည်။
++++++++++++++
အကုသိုလ်စိတ် (၁၂) ပါး၌ ဒေါမနဿဝေဒနာနှင့်ယှဉ်သောစိတ် (၂) ပါး ရှိသည်။ ၂ ပါးဟူသော်ကား -
ပြစ်မှားကြမ်းတမ်း ထိခိုက်တတ်သော ဒေါသမူစိတ် (၂) ပါး၌ ဒေါမနဿဝေဒနာနှင့်ယှဉ်သောစိတ် (၂) ပါးတို့ ဖြစ်သည်။
+++++++++++++++++
ဒီနေ့ အကုသိုလ်စိတ် ထိပဲ ဖော်ပြပေးပါမယ်။ နောက်နေ့မှာ အဟိတ်စိတ် (၁၈) ပါးကို ဖော်ပြပေးသွားပါမယ်။
မေတ္တာဖြင့်
TNO(24.4.2020)
Thein Naing Ohn
စိတ်ပိုင်း ၊ အပိုင်း (၂)
==============
အရှင်ဝါယာမသာရ _ Ashin Wayamasara ၊
သာသနာဓဇဓမ္မာစရိယ M.A.Q ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ၊
(သာသနာရေးဝန်ကြီးဌာန) (ကမ္ဘာအေး)
အဘိဓမ္မာ၊ ဋီကာ၊ ဝိသုဒ္ဓိမဂ် သင်တန်း (သင်တန်းမှူးဆရာတော်)
+++++++++++++++
အဟိတ်စိတ် (၁၈) ပါး (ဟိတ်မရှိသောစိတ်)
အဟိတ်စိတ် (၁၈) ပါး ရှိသည်။ ၁၈ ပါး ဟူသော်ကား -
(အကုသလဝိပါက်စိတ် = ၇ ပါး) + (အဟိတ်ကုသလဝိပါက်စိတ် = ၈ ပါး) + အဟိတ်ကြိယာစိတ် = ၃ ပါး) ပေါင်း အဟိတ်စိတ် (၁၈) ပါး ရှိသည်။
+++++++++++++++++
အဟိတ်စိတ် (၁၈)ပါး၌ အကုသလဝိပါက်စိတ် (၇) ပါးရှိ၏။ (၇) ပါး ဟူသော်ကား -
(ဥပေက္ခာသဟဂုတ် စက္ခုဝိညာဏ်စိတ် = ၁ ပါး) + (ဥပေက္ခာသဟဂုတ် သောတဝိညာဏ်စိတ် = ၁ပါး) + (ဥပေက္ခာသဟဂုတ် ဃာနဝိညာဏ်စိတ် = ၁ပါး) + (ဥပေက္ခာသဟဂုတ် ဇိဝှါဝိညာဏ်စိတ် = ၁ပါး) + (ဒုက္ခသဟဂုတ် ကာယဝိညာဏ်စိတ် = ၁ပါး) + (ဥပေက္ခာသဟဂုတ် သမ္ပဋိစ္ဆိုင်းစိတ် = ၁ပါး) + (ဥပေက္ခာသဟဂုတ် သန္တီရဏစိတ် = ၁ပါး) = ပေါင်း အကုသလဝိပါက်စိတ် (၇)ပါး ရှိပါသည်။
++++++++++++++++++++
အကုသလဝိပါက် (၇)ပါးကို ဝေဒနာဘေဒ၊ ယောဂဘေဒ၊ သင်္ခါရဘေဒတို့ဖြင့် ဝေဖန်ရသော် -
အကုသလဝိပါက်စိတ် (၇)ပါး၌ (ဥပေက္ခာဝေဒနာ = ၆ပါး) + (ဒုက္ခဝေဒနာ = ၁ပါး) = ပေါင်း (၇) ပါး ရှိ၏။
အကုသလဝိပါက်စိတ်၌ သမ္ပယုတ်မရှိ။ ဝိပ္ပယုတ် (၇) ပါးရှိ၏။
အကုသလဝိပါက်စိတ်သည် သင်္ခါရဝိမုတ် ဖြစ်၏။
++++++++++++++++
အဟိတ်စိတ် (၁၈) ပါး၌ အဟိတ်ကုသလဝိပါက်စိတ် (၈)ပါး ရှိ၏ ။ ထို ၈ ပါး ဟူသော်ကား -
(ဥပေက္ခာသဟဂုတ် စက္ခုဝိညာဏ်စိတ် = ၁ပါး) + (ဥပေက္ခာသဟဂုတ် သောတဝိညာဏ်စိတ် = ၁ပါး) + ( ဥပေက္ခာသဟဂုတ် ဃာနဝိညာဏ်စိတ် = ၁ပါး) + (ဥပေက္ခာသဟဂုတ် ဇိဝှါဝိညာဏ်စိတ် = ၁ပါး) + (သုခသဟဂုတ် ကာယဝိညာဏ်စိတ် = ၁ပါး) + (ဥပေက္ခာသဟဂုတ် သမ္ပဋိစ္ဆိုင်းစိတ် = ၁ပါး) + ( သောမနဿသဟဂုတ် သန္တီရဏစိတ် = ၁ပါး) + ဥပေက္ခာသဟဂုတ် သန္တီရဏစိတ် = ၁ပါး) ပေါင်း = ၈ပါး ရှိပါသည်။
++++++++++++++++++
အဟိတ်ကုသလဝိပါက်စိတ် (၈) ပါးသည် ဝေဒနာဘေဒအားဖြင့် -
(ဥပေက္ခာဝေဒနာနှင့်ယှဉ်သောစိတ် = ၆ပါး) + (သောမနဿဝေဒနာနှင့်ယှဉ်သောစိတ် = ၁ပါး) + (သုခဝေဒနာနှင့်ယှဉ်သောစိတ် = ၁ပါး) ပေါင်း ၈ပါး ရှိပါသည်။
+++++++++++++++++++
အဟိတ်စိတ် (၁၈)ပါး၌ အဟိတ်ကြိယာစိတ် (၃) ရှိ၏။ ၃ ပါး ဟူသော်ကား -
(ဥပေက္ခာသဟဂုတ် ပဉ္စွဒွါရာဝဇ္ဇန်းစိတ် = ၁ပါး) + ( ဥပေက္ခာသဟဂုတ် မနောဒွါရာဝဇ္ဇန်းစိတ် = ၁ပါး) + ( သောမနဿသဟဂုတ် ဟသိတုပ္ပါဒ်စိတ် = ၁ပါး) = ပေါင်း ၃ပါး ရှိပါသည်။
++++++++++++++++
အဟိတ်ကြိယာစိတ် ၃ပါးသည် ဝေဒနာဘေဒအားဖြင့် -
(ဥပေက္ခာဝေဒနာနှင့်ယှဉ်သောစိတ် = ၂ပါး) + ( သောမနဿဝေဒနာနှင့်ယှဉ်သောစိတ် = ၁ပါး) = ပေါင်း ၃ ပါး ရှိပါသည်။
+++++++++++++++++++++
အဟိတ်စိတ် (၁၈) ပါးသည် ဝေဒနာဘေဒအားဖြင့် -
(ဥပေက္ခာဝေဒနာနှင့်ယှဉ်သောစိတ် = ၁၄ ပါး) + (သောမနဿဝေဒနာနှင့်ယှဉ်သောစိတ် = ၂ပါး) + ( သုခဝေဒနာနှင့်ယှဉ်သောစိတ် = ၁ပါး) + ( ဒုက္ခဝေဒနာနှင့်ယှဉ်သောစိတ် = ၁ပါး) = ပေါင်း ၁၈ပါး ရှိပါသည်။
+++++++++++++++++
အဟိတ်စိတ် (၁၈)ပါး၌ ဥပေက္ခာဝေဒနာနှင့် ယှဉ်သောစိတ် ၁၄ပါး ရှိ၏။ ၁၄ပါး ဟူသော်ကား -
(အကုသလဝိပါက်စိတ်၌ ဥပေက္ခာသဟဂုတ်စိတ် = ၆ပါး) + (အဟိတ်ကုသလဝိပါက်စိတ်၌ ဥပေက္ခာသဟဂုတ်စိတ် = ၆ပါး) + (အဟိတ်ကြိယာစိတ်၌ ဥပေက္ခာသဟဂုတ်စိတ် = ၂ပါး) = ပေါင်း ၁၄ ပါး။
+++++++++++++++
သောမနသဝေဒနာနှင့်ယှဉ်သောစိတ်မှာ ၂ပါးရှိ၏။ ၂ပါး ဟူသော်ကား -
(အဟိတ်ကုသလဝိပါက်စိတ် ၈ပါး၌ သောမနဿသဟဂုတ် သန္တီရဏစိတ် = ၁ပါး) + ( အဟိတ်ကြိယာစိတ် ၃ ပါး၌ သောမနဿသဟဂုတ် ဟသိတုပ္ပါဒ်စိတ် = ၁ပါး) = ပေါင်း ၂ ပါး ရှိ၏။
+++++++++++++++++
အဟိတ်စိတ် (၁၈)ပါး၌ သုခဝေဒနာနှင့်ယှဉ်သောစိတ် ၁ပါး ရှိ၏။
အဟိတ်ကုသလဝိပါကိစတ် ၈ပါး၌ ရှိသော သုခသဟဂုတ် ကာယဝိညာဏ်စိတ် = ၁ ပါး ဖြစ်သည်။
+++++++++++++++
အဟိတ်စိတ် (၁၈)ပါး၌ ဒုက္ခဝေဒနာနှင့် ယှဉ်သောစိတ် ၁ပါး ရှိ၏။
အကုသလဝိပါက်စိတ် ၇ပါး၌ ရှိသော ဒုက္ခသဟဂုတ် ကာယဝိညာဏ်စိတ် = ၁ ပါး ဖြစ်၏။
+++++++++++++++
နောက်တစ်ခု .. အသောဘန ၃၀ ။
အကုသိုလ်စိတ် (၁၂) ပါး၊ အဟိတ်စိတ် (၁၈) ပါး အာဖြင့် ပေါင်းသော် (၃၀) သော စိတ်တို့သည် မတင့်တယ်သောစိတ် အသောဘနစိတ် တို့မည်ပါသည်။
အသောဘနသိပြီးတော့ သောဘနစိတ်ကို ခဏထား .. သောဘနစိတ်က တစ်ခုယုတ်ခြောက်ဆယ် (၅၉)ပါး ရှိတယ်။ ဒီလောက်ပဲမှတ်ထားဉီး။
ကာမသောဘနစိတ် ၂၄ ပါးကို သွားရအောင်။ ဘာကြောင့်လည်းဆို အဲဒီ အသောဘန ၃၀ နှင့် ကာမသောဘနစိတ် ၂၄ ပါး ပေါင်းခြင်းကို ကာမစိတ် ၅၄ လို့ခေါ်တာဖြစ်တဲ့အတွက် အဲဒါကို ရှင်းချင်လို့ … ဒါကြောင့် သောဘနစိတ် တစ်ခုယုတ်ခြောက်ဆယ်ကိုတော့ ကိုယ်ဖာသာ လေ့လာကြည်ပါ။
ခု ကာမသောဘနစိတ် (၂၄) ပါးဆို အယင်ရှင်ပါမယ်။
+++++++++++++++++++
ကာမသောဘနစိတ် (၂၄)ပါး ရှိပါတယ်။ ၂၄ ပါးဟူသော်ကား -
(မဟာကုသိုလ်စိတ် = ၈ပါး) + (မဟာဝိပါက်စိတ် = ၈ပါး) + (မဟာကြိယာစိတ် = ၈ပါး) ပေါင်း ၂၄ ပါး ဖြစ်ပါတယ်။
++++++++++++++++
အဲဒီမှာ ကိုယ်ဖာသာလေ့လာဖို့က ကာမသောဘနစိတ် ၂၄ ပါးမှာ မဟာကုသိုလ်စိတ် ၈ ပါးရှိတယ်။ အဲဒါဘာတွေလည်း ကိုယ်ဖာသာလေ့လာပါကျက်ပါ။
ထို့အတူပဲ .. မဟာဝိပါက်စိတ် ၈ပါး ၊ မဟာကြိယာစိတ် ၈ပါး တွေဟာ ဘာတွေလည်း ကိုယ်ဖာသာလေ့လာပါ ကျက်ပါ။ ဒီမှာ စာရှည်မှာစိုး၍ မဖော်ပြတော့ပါ။
+++++++++++++++++
အဲတော့ မဟာကုသိုလ်သောမနဿ ဖြစ်ကြောင်းတရားတွေက
၁။ သဒ္ဓါတရား အားကြီးထက်သန်ခြင်း။
၂။ သိမြင်တတ်သော ဉာဏ်ပညာနှင့်ပြည့်စုံခြင်း။
၃။ လှူဖွယ်ဝတ္ထု၊ အလှူခံပုဂ္ဂိုလ်များနှင့် ပြည့်စုံခြင်း စသော အကြောင်းများသည် သောမနဿ ဖြစ်ကြောင်း တရားများ ဖြစ်ကြ၏။
++++++++++++++++++++++
အဲတော့ ကာမသောဘနစိတ် ၂၄ ပါး သရုပ်ခွဲကို ကိုယ်ဖာသာ လေ့လာကြည့်ပြီးနောက် .. ကာမစိတ် (၅၄) ပါး အခွဲကိုတော့ အနည်းငယ်ရှင်းပြပါမယ်။
ကာမစိတ်က ၅၄ ပါရှိပါတယ်။ ၅၄ ပါးဟူသော်ကား -
(အကုသိုလ်စိတ် = ၁၂ ပါး) + (အဟိတ်စိတ် = ၁၈ပါး) + (ကာမာဝစရသောဘနစိတ် = ၂၄ပါး) ပေါင်း = ကာမစိတ် ၅၄ ပါး ဖြစ်ပါတယ်။
+++++++++++++++++++++
ကာမစိတ် ၅၄ ပါးအခွဲကိုလည်း ကိုယ်ဖာသာလေ့လာရပါမယ်။ ဗွီဒီယိုဖိုင်ထဲမှာလည်း ဆရာတော်က ရှင်းပြထားပါလိမ့်မယ်။ ဒီမှာ ကျနော် အကျဉ်းရှင်းပြထားတာသည် ဆရာတော် ရှင်းပြတာကို အထောက်အကူဖြစ်စေရုံအတွက်သာ ရှေ့က ကြောင်းပေးထားတာဖြစ်ပါတယ်။ အကုန်လုံးကို ရှင်းပေးဖို့ ပို့စ်တစ်ခုအနေနဲ့မတတ်နိုင်ပါဘူး။
++++++++++++++++++
ကဲ .. ဒီနေ့ အသောဘနစိတ်တွေဖြစ်တဲ့ အကုသိုလ်စိတ် ၁၂ ပါး၊ အဟိတ်စိတ် ၁၈ပါး။
အဲဒီ အသောဘနစိတ် ၃၀ မှာ ကာမသောဘနစိတ် ၂၄ ပါးတို့ကို ပေါင်းစပ်လိုက်တဲ့အခါ ကာမစိတ် ၅၄ ပါး ဖြစ်လာခြင်းတို့နဲ့ သရုပ်ခွဲတွေကို လေ့လာကြရမယ့်အပိုင်းဖြစ်ပါတယ်။
အသေးစိတ်နားလည်အောင်လေ့လာနာယူနိုင်ကြပါစေ။
မေတ္တာဖြင့်
TNO(25.4.2020)
Thein Naing Ohn
စိတ်ပိုင်း ၊ အပိုင်း (၃)
==============
အရှင်ဝါယာမသာရ _ Ashin Wayamasara ၊
သာသနာဓဇဓမ္မာစရိယ M.A.Q ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ၊
(သာသနာရေးဝန်ကြီးဌာန) (ကမ္ဘာအေး)
အဘိဓမ္မာ၊ ဋီကာ၊ ဝိသုဒ္ဓိမဂ် သင်တန်း (သင်တန်းမှူးဆရာတော်)
++++++++++++++
ကဲ မနေ့က အကုသိုလ်စိတ် ၁၂ ပါး၊ အဟိတ်စိတ် ၁၈ပါး၊ ကာမသောဘနစိတ် ၂၄ ပါး ပေါင်းခြင်းဟာ
ကာမစိတ် ၅၄ ပါးဆိုတာတွေကို လေ့လာခဲ့ကြပြီးပြီ။ ဒီနေ့ကတော့ လောကီစိတ် ၈၁ ပါးကို သရုပ်ခွဲ လေ့လာရမယ့်အပိုင်းဖြစ်တယ်။ အသေးစိတ်ကိုတော့ ဆရာတော်ဟောကြားတာကိုပဲနာယူပါ။
အကျဉ်းအားဖြင့် အယင်ရှင်းထားပြရမယ်ဆိုယင်တော့ … မနေ့က ကာမစိတ် ၅၄ ပါးပြီးတဲ့နောက် .. လောကီစိတ် ၈၁ ပါး မသွားခင် .. မဟဂ္ဂုတ်စိတ်တွေကို လေ့လာဖို့လိုသေးတယ်။ အသေးစိတ်ကို ဆရာတော်ဟောတရားကိုပဲနာယူပါ။
အဲဒီမဟဂ္ဂုတ်စိတ်ဆိုတာ ဘာတွေလည်းဆိုတာတော့ အနည်းငယ် ကျနော် ရှင်းထားပေးပါမယ်။
မဟဂ္ဂုတ်စိတ်ဆိုတာ ဘာလဲ? မဟဂ္ဂုတ်စိတ်ဆိုတာ (မြတ်သည်၏ အဖြစ်သို့ ရောက်သော စိတ်များ ဖြစ်၍ မဟဂ္ဂုတ်စိတ်လို့ ခေါ်ပါတယ်။)
မဟဂ္ဂုတ်စိတ် ၂၇ပါးဆိုတာ ဘာတွေပါလည်းဆိုယင် .. (ရူပါဝစရစိတ် ၁၅ ပါး + အရူပါဝစရစိတ် ၁၂) ပေါင်းခြင်းကို မဟဂ္ဂုတ်စိတ် ၂၇ ပါးလို့ခေါ်ပါတယ်။
ဟုတ်ပြီ။ ရူပါဝစရစိတ် (၁၅)ပါးဆိုတာ (ရူပါဝစရကုသိုလ်စိတ် = ၅ပါး) + (ရူပါဝစရဝိပါက်စိတ် = ၅ပါး) + ( ရူပါဝစရကြိယာစိတ် = ၅ပါး) = ပေါင်း ၁၅ ပါး ဖြစ်ပါတယ်။
အဲတော့ ရူပါဝစရစိတ်ဆိုတာ ရူပဘုံ၌ များသောအားဖြင့် ဖြစ်တတ်သောကြောင့် ရူပါဝစရစိတ်လို့ ခေါ်ရခြင်းဖြစ်တယ်။ တစ်နည်းအားဖြင့် - ရူပတဏှာ၏ အာရုံပြုသောအားဖြင့် ဖြစ်ရာ ဖြစ်သောကြောင့် ရူပါဝစရစိတ် မည်ပါတယ်တဲ့။
ဒါဖြင့် အရူပါဝစရစိတ်ကကော? အရူပါဝစရစိတ်ဆိုတာ အရူပဘုံ၌ များသောအားဖြင့် ဖြစ်တတ်သောကြောင့် အရူပါဝစရစိတ် မည်ပါတယ်တဲ့။ တနည်းအားဖြင့် - အရူပတဏှာ၏ အာရုံပြုသောအားဖြင့် ဖြစ်ရာဖြစ်သောကြောင့် အရူပါဝစရစိတ်မည်ပါတယ်တဲ့။
အဲတော့ အဲဒီ ရူပါဝစရစိတ် ၁၅ ပါးနဲ့ အရူပါဝစရစိတ် ၁၂ပါး ပေါင်းထားတဲ့ စိတ်ကို မဟဂ္ဂုတ်စိတ် ၂၇ ပါးလို့ခေါ်တယ်။
အဲဒီတော့ … ကာမစိတ် ၅၄ ပါးရယ်၊ မဟဂ္ဂုတ်စိတ် ၂၇ ပါးရယ် .. ပေါင်းလိုက်တော့ လောကီစိတ် ၈၁ ပါး ဖြစ်လာတယ်ပေါ့။ ဒါ လောကီစိတ် ၈၁ ပါး ရလာပုံပေါ့။
အသေးစိတ် သရုပ်ခွဲတွေကို ဆရာတော်ကလည်းရှင်းလင်းဟောကြားပါလိမ့်မယ်။ ကိုယ်တိုင်လည်း သရုပ်ခွဲတွေကို ကိုယ်တိုင်ခွဲပြီးလေ့လာကြည့်ဖို့လိုပါမယ်။
ဒီမှာတော့ ဒီလောက်ပါပဲ။ ကျနော် comment မှာ ပုံလေးတစ်ပုံထည့်ပေးပါမယ်။ ဈာန်စိတ် ၆၇ ပါး ရပုံလေးတွက်ထားတာပါ။ အဲဒါလေးက စာအုပ်ထဲမှာ မရှိပဲ။ ဆရာတော် လက်တန်းရှင်းပြတာလေးကို ကူးယူမှတ်သားထားတာလေးမို့ ဆရာတော်တရားတော် နာယူတဲ့အခါ ကြည့်ရန်အသုံးဝင်မှာပါခင်ဗျာ။
++++++++++++++++++
စိတ်၏ချမ်းသာခြင်း ကိုယ်၏ချမ်းသာခြင်းတို့နှင့်ပြည့်စုံကြပါစေ။
မေတ္တာဖြင့်
TNO(26.4.2020)
Thein Naing Ohn
စိတ်ပိုင်း ၊ အပိုင်း (၄)
==============
အရှင်ဝါယာမသာရ _ Ashin Wayamasara ၊
သာသနာဓဇဓမ္မာစရိယ M.A.Q ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ၊
(သာသနာရေးဝန်ကြီးဌာန) (ကမ္ဘာအေး)
အဘိဓမ္မာ၊ ဋီကာ၊ ဝိသုဒ္ဓိမဂ် သင်တန်း (သင်တန်းမှူးဆရာတော်)
+++++++++++++++
လောကုတ္တရာစိတ် ၈ ပါး
လောကုတ္တရာစိတ် ၈ ပါးဟူသည် (လောကမှ လွန်မြောက်သောစိတ်များဖြစ်သည့် -
၁။ လောကုတ္တရာကုသိုလ်စိတ် (ဝါ) မဂ်စိတ် ၄ ပါး
၂။ လောကုတ္တရာဝိပါက်စိတ် (ဝါ) ဖိုလ်စိတ် ၄ ပါး
ကိုခေါ်သည်။ ဣန္ဒြေမထက်မြက်မှု၊ ထက်မြက်မှု၊ အထူးတက်မြက်မှု၊ အစွမ်းကုန်ထက်မြက်မှုအားဖြင့် မဂ်လေးပါး ပြားသောကြောင့် မဂ်နှင့်ယှဉ်သော မဂ်စိတ် ၄ပါး ပြား၏။
ဝိပါက်(ဖိုလ်)စိတ်သည် ကုသိုလ်စိတ်၏ အကျိုးဖြစ်သောကြောင့် မဂ်နှင့်တူစွာ ၄ပါး ပြား၏။
ကုသိုလ်မဂ်စိတ် ၄ပါး၊ ဝိပါက်ဖိုလ်စိတ် ၄ပါး ပြားသောကြောင့် လောကုတ္တရာစိတ် ၈ပါး ပြား၏။
မှတ်ချက်။ ။ လောကုတ္တရာစိတ်အကျဉ်း ၈ ပါးကို (မဂ်စိတ် ၂၀ + ဖိုလ် ၂၀) အကျယ် ၄၀ ပွားရာ၌ သောမနဿ၊ ဥပေက္ခာ နှစ်မျိုးပါရှိသောကြောင့် လောကုတ္တရာစိတ်အကျဉ်း ၈ ပါးသည် သောမနဿလည်းဟုတ်၏။ ဥပေက္ခာလည်း ဟုတ်၏။
လောကုတ္တရာစိတ်အကျဉ်းသည် သမ္ပယုတ်လည်းမဟုတ်၊ ဝိပ္ပယုတ်လည်းမဟုတ်။ အသင်္ခါရိကလည်းမဟုတ်၊ သသင်္ခါရိကလည်းမဟုတ်ပေ။
ထို့ကြောင့် မဂ်စိတ် ၄ပါးတို့ကို ဝေဒနာ၊ သင်္ခါရ၊ ယောဂတို့ဖြင့် ဝေဖန်ပြရသော် -
ဝေဒနာအားဖြင့် -
(၁) သောမနဿဝေဒနာ = ၄ ပါး (တစ်နည်း) (၂) ဥပေက္ခာဝေဒနာ = ၄ပါး ဟု နှစ်မျိုးယူသည်။
သင်္ခါရအားဖြင့် - သင်္ခါရဝိမုတ်စိတ် = ၄ပါး
ယောဂအားဖြင့် - ဉာဏသမ္ပယုတ် = ၄ပါး တို့ဖြစ်သည်။ (ဝိပ္ပယုတ်မရှိပါ)
+++++++++++
*** လောကုတ္တရာဝိပါက်စိတ် ဖိုလ်စိတ် ၄ပါးတို့ကို ဝေဒနာ၊ သင်္ခါရ၊ ယောဂတို့ဖြင့် ဝေဖန်ပြပါဆိုလျှင်လည်း ထိုနည်းအတိုင်း သိပါလေ။***
++++++++++++
မဂ္ဂင် ၊ မဂ် ၊ မဂ်စိတ်
သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယမ၊ သမ္မာသတိ၊ သမ္မာသမာဓိ ဟုဆိုအပ်သော တစ်ပါးပါးစီသော စေတသိက်တို့ကို မဂ္ဂင်ဟု ခေါ်၏.
ထိုမဂ္ဂင် ၈ပါး အပေါင်းကို မဂ်ဟုခေါ်၏။ ထိုမဂ်နှင့်ယှဉ်သောစိတ်ကို မဂ်စိတ်ဟုခေါ်၏။
မဂ္ဂ = မဂ် = ကိလေသာကို သတ်၍ နိဗ္ဗာန်သို့သွားတတ်သော (ဝါ) နိဗ္ဗာန်ကို အလိုရှိသူတို့ ရှားမှီးအပ်သော သဘောကို “မဂ်” ဟုခေါ်သည်။
ဖလ = ဖိုလ် = မဂ်၏ မုချအကျိုးဖြစ်သော စိတ်, စေတသိက်အပေါင်းကို “ဖိုလ်” ဟုခေါ်သည်။
မဂ်စိတ် ၄ပါး = သောတာပတ္တိမဂ် - စသည်ဖြင့် မဂ်လေးပါး ကွဲပြားသောကြောင့် မဂ်စိတ်သည် ၄ပါး ဖြစ်ရ၏။
ဖိုလ်စိတ် ၄ပါး = မဂ်စိတ်၏ အကျိုးဖြစ်သောကြောင့် ဖိုလ်စိတ်သည်လည်း ၄ပါး ကွဲပြားရခြင်း ဖြစ်သည်။ (အကြောင်းအားလျော်စွာ အကျိုးလည်း ၄ပါး ဖြစ်၏။)
ကုသိုလ်မဂ်စိတ် ၄ပါး ဟူသည် - (ကိလေသာတို့ကို သတ်၍ နိဗ္ဗာန်သို့ သွားတတ်သော စိတ်များ)
၁။ သောတာပတ္တိမဂ်စိတ် (လောကုတ္တရာအရိယာနယ် - ရေအယဉ်သို့ ဉီးစွာရောက်သူ) (ဒိဋ္ဌိ + ဝိစိကိစ္ဆာကို ပယ်သတ်) (အပါယ်ရောက်စေနိုင်သော အကုသိုလ်ဟူသမျှ ပယ်)
၂။ သကဒါဂါမိမဂ်စိတ် (ကာမဘုံသို့ တစ်ကြိမ်သာ ပြန်လာသောသူ) (အကြမ်းစားလောဘ + ဒေါသ + မောဟ - တို့ကို ပယ်သတ်)
၃။ အနာဂါမိမဂ်စိတ် (ကာမဘုံသို့ ပြန်မလာသောသူ) (အနုစား ဒေါသပါ အကုန်ပယ်)
၄။ အရဟတ္တမဂ်စိတ် (ကိလေသာအားလုံးသတ်၍ ဘဝဇာတ်ငြိမ်းသူ) (ကြွင်းကိလေသာ အကုန်ပယ်)။
(ဝိပါက်) ဖိုလ်စိတ် ၄ ပါး (မဂ်၏အကျိုးစိတ်) ဟူသည် -
၁။ သောတပတ္တဖိုလ်စိတ် တစ်ပါး။
၂။ သကဒါဂါမိဖိုလ်စိတ် တစ်ပါး။
၃။ အနာဂါမိဖိုလ်စိတ် တစ်ပါး။
၄။ အရဟတ္တဖိုလ်စိတ် တစ်ပါး။
မဂ်စိတ် ၂၀ + ဖိုလ် ၂၀ (အကျယ်လေးဆယ်ပွားရာ၌) - မဂ်စိတ်အကျယ်တို့ကို ရေတွက်ပြရသော် -
သောတာပတ္တိမဂ်စိတ်အကျယ် (၅) ပါး၊ သကဒါဂါမိမဂ်စိတ်အကျယ် (၅) ပါး ၊ အနာဂါမိမဂ်စိတ်အကျယ် (၅)ပါး၊ အရဟတ္တမဂ်စိတ်အကျယ် (၅)ပါး = ပေါင်း (၂၀) ပါး ဖြစ်ပါသည်။
++++++
တစ်ဖန် သောတာပတ္တိမဂ်စိတ်အကျယ် (၅)ပါးတို့ကို ရေတွက်ပြရသော် -
(၁) ဝိတက်၊ ဝိစာရ၊ ပီတ၊ သုခ၊ ဧကဂ္ဂတာ တည်းဟူသော ဈာန်အင်္ဂါငါးပါးနှင့်တကွဖြစ်သော ပထမဈာန် သောတာပတ္တိမဂ်စိတ် (၁)ပါး၊
(၂) ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ တည်းဟူသော ဈာန်အင်္ဂါလေးပါးနှင့်တကွဖြစ်သော ဒုတိယဈာန် သောတာပတ္တိ မဂ်စိတ် (၁)ပါး၊
(၃) ပီတိ၊ သုခ၊ ဧကဂ္ဂတာ တည်းဟူသော ဈာန်အင်္ဂါသုံးပါးနှင့်တကွဖြစ်သော တတိယဈာန် သောတာပတ္တိ မဂ်စိတ် (၁)ပါး၊
(၄) သုခ၊ ဧကဂ္ဂတာ တည်းဟူသော ဈာန်အင်္ဂါနှစ်ပါးနှင့်တကွဖြစ်သော စတုတ္ထဈာန် သောတာပတ္တိမဂ်စိတ် (၁)ပါး၊
(၅) ဥပေက္ခာ၊ ဧကဂ္ဂတာ တည်းဟူသော ဈာန်အင်္ဂါနှစ်ပါးနှင့်တကွဖြစ်သော ပဉ္စမဈာန်သောတာပတ္တိ မဂ်စိတ်(၁)ပါး
ပေါင်း (၅)ပါး ဖြစ်ပါသည်။
*** ဖိုလ်စိတ်အကျယ် (၂၀)တို့ကိုလည်း ထိုနည်းအတိုင်း ရေတွက်တတ်ပါစေ။***
မှတ်ချက်။ ။ လောကုတ္တရာစိတ်အကျယ် ၄၀ ပွားပုံဇယားနှင့် ပထမမဂ်ကဘာကိုပယ်တယ်၊ ဒုတိယမဂ်ကဘာကိုပယ်တယ်၊ တတိယမဂ်ကဘာကိုပယ်တယ်၊ စတုတ္ထမဂ်က ဘာကိုပယ်တယ်ဆိုတာကိုလည်း ဇယားလေးနဲ့ဖော်ပြပေးထားပါတယ်။ Comment မှာထည့်ပေးလိုက်ပါမယ်။ အဲဒီဇယားလေးနဲ့တွဲပြီးဆရာတော်ရှင်းတာကို နာယူနိုင်ပါတယ်။
+++++++++++++++++++
ဒီနေ့အဖို့ စိတ်ပိုင်းက ပြီးပါပြီ။ ပြီးပြီဆိုတော့ စိတ်ပိုင်းမှာ ဘာတွေပါလည်း နည်းနည်း ပြန်ကြည့်ရအောင် …
စိတ်ပိုင်းမှာ ဘုံစိတ်အပြား ၄ပါး ရှိမယ်။ ဘာတွေလည်း
၁။ ကာမာဝစရစိတ် (ကာမ ၁၁ ဘုံ၌ များသောအားဖြင့် ကျင်လည်တတ်, ဖြစ်တတ်သောစိတ်)
၂။ ရူပါဝစရစိတ် (ရူပ၁၆ ဘုံ၌ များသောအားဖြင့် ကျင်လည်တတ်, ဖြစ်တတ်သောစိတ်)
၃။ အရူပါဝစရစိတ် (အရူပ ၄ဘုံ၌ များသောအားဖြင့် ကျင်လည်တတ်, ဖြစ်တတ်သောစိတ်)
၄။ လောကုတ္တရာစိတ် (ဥပါဒါနက္ခန္ဓာဟုဆိုအပ်သော လောကမှ လွန်မြောက်ဆဲဖြစ်သော မဂ်စိတ် နှင့်
လွန်မြောက်ပြီးသော ဖိုလ်စိတ်)
+++++++++++++++++
ကာမာဝစရစိတ်က ဘယ်နှစ်ပါးရှိလဲ? ၅၄ ပါးရှိတယ်။
အကုသိုလ်စိတ် ၁၂ ပါး + အဟိတ်စိတ် ၁၈ ပါး + ကာမာဝစရသောဘနစိတ် ၂၄ ပါး = ပေါင်း ၅၄ ပါး။
“ကာမစိတ် - စတုပညာသ”ဟုဆိုရိုး ပြုကြပါတယ်။
++++++++++++++++++
အကုသိုလ်စိတ် ၁၂ ပါးမှာ ဘာတွေပါလဲ?
လောဘမူစိတ် ၈ ပါး + ဒေါသမူစိတ် ၂ + မောဟမူစိတ် ၂ ပါး = ပေါင်း ၁၂ ပါး။
ဆောင်ပုဒ်အနေနဲ့ (လောရှစ် - ဒေါနှစ်၊ မောလည်းနှစ်၊ ဆယ့်နှစ်အကုသိုလ်။) တဲ့
+++++++++++++++++
အဟိတ်စိတ် ၁၈ ပါးဆိုတာက -
အကုသလဝိပါက်စိတ် ၇ ပါး + အဟိတ်ကုသလဝိပါက်စိတ် ၈ ပါး + အဟိတ်ကြိယာစိတ် ၃ ပါး = ပေါင်း ၁၈ ပါး ဖြစ်ပါတယ်။ အကျယ်ရှင်းလင်းချက်ကိုတော့ စာအုပ်ထဲမှာ ပြန်ကြည့်ကြနော်။
+++++++++++++++
နောက်ဘာကျန်လဲ? “ကာမာဝစရ သောဘနစိတ် ၂၄ပါး”
ကာမာဝစရသောဘနစိတ် ၂၄ ပါးဆိုတာက -
ကာမာဝစရကုသိုလ်စိတ် (မဟာကုသိုလ်စိတ်) ၈ ပါး + ကာမာဝစရဝိပါက်စိတ် (မဟာဝိပါက်စိတ်) ၈ ပါး + ကာမာဝစရကြိယာစိတ် (မဟာကြိယာစိတ်) ၈ ပါး = ပေါင်း ၂၄ ပါး ဖြစ်ပါတယ်။
++++++++++++++++
အဲတော့ ကာမစိတ် ၅၄ ပါးဆိုတာ အကုသိုလ်စိတ် ၁၂ + အဟိတ်စိတ် ၁၈ + ကာမသောဘနစိတ် ၂၄ ပေါင်းထားတာကို ကာမစိတ် ၅၄ ပါး (ဝါ) ကာမာဝစရစိတ် ၅၄ ပါးလို့ ခေါ်ပါတယ်။
တစ်ခါ အဲဒီ ကာမစိတ် ၅၄ ပါးထဲကို မဟဂ္ဂုတ်စိတ် ၂၇ ပါး ပေါင်းထည့်လိုက်ယင်တော့ လောကီစိတ် ၈၁ ပါး ရမယ်ပေါ့။
ဒါဆို မဟဂ္ဂုတ်စိတ်ဆိုတာ ဘာတွေကိုခေါ်တာလည်း ကြည့်ရအောင် …
ရူပါဝစရစိတ် ၁၅ ပါး နဲ့ အရူပါဝစရစိတ် ၁၂ ပါး ပေါင်းထားတဲ့ ၂၇ ပါးကို မဟဂ္ဂုတ်စိတ်လို့ ခေါ်ပါတယ်တဲ့။
“မဟဂ္ဂုတ်စိတ် - သတ္တဝီသ” ဟုဆိုရိုး ပြုကြပါတယ်. (သတ္တ = ၇ + ဝီသ = ၂၀) = ၂၇
++++++++++++++++
ဟုတ်ပြီ။ ကာမစိတ် ၅၄ + မဟဂ္ဂုတ်စိတ် ၂၇ ပေါင်းတော့ လောကီစိတ် ၈၁ ပါးရပြီတဲ့။
ဒါဆို လောကုတ္တရာစိတ်ကကောတဲ့။
လောကုတ္တရာစိတ်ကတော့ ၈ ပါး ရှိပါတယ်။ လောကုတ္တရာစိတ်ဆိုတာ (လောကမှ လွန်မြောက်သောစိတ်များ)ကို လောကုတ္တရာစိတ်လို့ခေါ်တာပါ။ အဲဒါတွေက …
မဂ်စိတ် ၄ ပါး + ဖိုလ်စိတ် ၄ ပါး = လောကုတ္တရာစိတ် ၈ ပါး ဖြစ်ပါတယ်။
+++++++++++
( ကာမစိတ် ၅၄ ပါး + မဟဂ္ဂုတ်စိတ် ၂၇ပါး = လောကီစိတ် ၈၁ ပါး ) ထပ်ပေါင်းလိုက်ပါဉီးတဲ့။
လောကုတ္တရာစိတ် ၈ ပါးနဲ့ထပ်ပေါင်းလိုက်တဲ့အခါ စိတ်အကျဉ်း ၈၉ ပါး ရပါတယ်။
အကျယ်ကတော့ ဈာန်သည် ၅ မျိုးရှိ၍ လောကုတ္တရာစိတ် တစ်ပါး တစ်ပါးလျှင် ဈာန် ၅ မျိုးစီ ပွားသွားသောကြောင့် ( ၅ X ၈ = ၄၀) လောကုတ္တရာစိတ် အကျယ် ၄၀ ဖြစ်လာရတဲ့အတွက် …
လောကီစိတ် ၈၁ ပါးမှာ လောကုတ္တရာစိတ် အကျယ် ၄၀ ထပ်ပေါင်းလိုက်တဲ့အခါ စိတ်အကျယ် ၁၂၁ ပါး ဖြစ်လာပါတယ်။
ဒါဆိုယင် စိတ်ပိုင်း အကျဉ်းရှင်းလင်းချက်ပြည့်စုံပါပြီ။
စိတ်ပိုင်းပြီးပါပြီ။
ဆက်လက်နာယူမှတ်သားသင်ယူလေ့လာနိုင်ကြပါစေ။
မေတ္တာဖြင့်
TNO(26.4.2020)
Thein Naing Ohn
စေတသိက်ပိုင်း၊ အပိုင်း (၁)
==============
အရှင်ဝါယာမသာရ _ Ashin Wayamasara ၊
သာသနာဓဇဓမ္မာစရိယ M.A.Q ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ၊
(သာသနာရေးဝန်ကြီးဌာန) (ကမ္ဘာအေး)
အဘိဓမ္မာ၊ ဋီကာ၊ ဝိသုဒ္ဓိမဂ် သင်တန်း (သင်တန်းမှူးဆရာတော်)
+++++++++++++++
စေတသိက်လက္ခဏာ ၄ပါး ရှိသည်။
(၁) ဧကုပ္ပွါဒ = စိတ်နှင့်အတူတကွဖြစ်ခြင်း၊
(၂) ဧကနိရောဓ = စိတ်နှင့်အတူချုပ်ခြင်း၊
(၃) ဧကာလမ္ဗဏ = စိတ်နှင့်တူသောအာရုံရှိခြင်း၊
(၄) ဧကဝတ္ထုက = စိတ်နှင့်တူသောမှီရာရှိခြင်း - တို့ဖြစ်ပါသည်။
(ဖြစ်တူ ၊ ချုပ်တူ ၊ အာရုံတူ ၊ မှီရာတူ။) တဲ့
၎င်းအင်္ဂါ ၄ပါး နှင့် ညီညွတ်၍ စိတ်နှင့်ယှဉ်သော ၅၂ ပါးသော တရားအစုသည် စေတသိက် မည်၏။
စိတ်၌ ယှဉ်တတ်သောကြောင့် စေတသိက် မည်ပါတယ်တဲ့။
အဲဒီ စေတသိက်က ဘယ်နှစ်ပါးရှိသလဲဆိုယင် ၅၂ ပါး ရှိတယ်။
စေတသိက် ၅၂ပါး ဟူသော်ကား -
(အညသမာန်းစေတသိက် = ၁၃ ပါး) + (အကုသိုလ်စေတသိက် = ၁၄ ပါး) + (သောဘနစေတသိက် = ၂၅ ပါး) = ပေါင်း ၅၂ ပါး ဖြစ်သတည်း။
+++++++++++++++++++++
(အညသမာန်စေတသိက်အမည်ကို ဆရာတော်အဓိပ္ပါယ်ဖွင့်ရှင်းပြတာ စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။ အဲဒီနေရာလေးလည်း သေချာနာယူကြပါနော်။ ဒီပို့စ်ရဲ့အဆုံးပိုင်းမှာလည်း ဖော်ပြပေးထားပါတယ်။ ကျနော်ကတော့ စာသုံးနဲ့ရေးထားတာပေါ့။ သောဘန, အသောဘနလို့ရေးထားပေးပါတယ်။ သောဘနဆိုတာ ကုသိုလ်, အသောဘနဆိုတာ အကုသိုလ်နဲ့တူတယ်လို့မှတ်ထားလိုက်ယင် သဘောသွားအတူတူပဲဆိုတာ နားလည်မှာပါ။)
++++++++++++++++
“ဖြစ် + ပျက် - မှီ + အာ၊ တူလေးဖြာ၊ အင်္ဂါယှဉ်နိမိတ်။”
“စိတ်၌မှီတွယ်၊ စိတ်ကိုခြယ်၊ ငါးဆယ်နှင့်ဒွိတ် စေတသိက်” ဟူသည်နှင့်အညီ စိတ်၌မှီတတ်, စိတ်၌ယှဉ်တတ်သော, စိတ်ကိုခြယ်လှယ်တတ်သော နာမ်တရားကို “စေတသိက်” ဟု ခေါ်သည်။
(အမှီခံနာမ် = စိတ် ၊ အမှီနာမ် = စေတသိက်)
+++++++++++++
အညသမာန်းစေတသိက် ၁၃ ပါး
အညသမာန်စေတသိက် ၁၃ ပါးဟူသော်ကား -
(သဗ္ဗစိတ္တသာဓာရဏစေတသိက် = ၇ ပါး) + (ပကိဏ်းစေတသိက် = ၆ ပါး) = ပေါင်း ၁၃ ပါး ဖြစ်သည်။
+++++++++++
သဗ္ဗစိတ္တသာဓာရဏစေတသိက် ၇ ပါး ဟူသော်ကား -
(၁) ဖဿ = အာရုံကို တွေ့ထိခြင်း သဘောလက္ခဏာရှိ၏။
(၂) ဝေဒနာ = အာရုံ၏အရသာကို ခံစားခြင်းသဘောလက္ခဏာရှိ၏။
(၃) သညာ = အာရုံကိုမှတ်သားခြင်း သဘောလက္ခဏာရှိ၏။
(၄) စေတနာ = အာရုံ၌ ယှဉ်ဖော်ယှဉ်ဖက် သမ္ပယုတ်တရားတို့ကို တိုက်တွန်းနှိုးဆော်ခြင်းသဘော လက္ခဏာရှိ၏။
(၅) ဧကဂ္ဂတာ = တစ်ခုတည်းသောအာရုံကို ယူသည်ဖြစ်၍ တည်ကြည်ခြင်း, မပျံ့လွင့်ခြင်း သဘောလက္ခဏာရှိ၏ (သမာဓိ)
(၆) ဇီဝိတိန္ဒြေ = ယှဉ်ဖော်ယှဉ်ဖက် အတူတကွဖြစ်သော နာမ်တရားတို့ကို စောင့်ရှောက်ခြင်း, အစိုးရခြင်း သဘောလက္ခဏာရှိ၏။ (နာမ်အသက်)
(၇) မနသိကာရ = စိတ်၌ အာရုံပေါ်လာအောင် ပြုခြင်း၊ နှလုံးသွင်းခြင်း သဘောလက္ခဏာရှိ၏။
++++++++++++++
သဗ္ဗစိတ္တသာဓာရဏစေတသိက်မည်ပုံကား -
အလုံးစုံသောစိတ်တို့နှင့် ဆက်ဆံသည်၏အဖြစ်ကြောင့် ဖဿ - စသောစေတသိက် ၇ ပါးတို့သည် “သဗ္ဗစိတ္တသာဓာရဏ စေတသိက်” မည်ပေသည်။
(သဗ္ဗစိတ္တသာဓာရဏ = သဗ္ဗစိတ္တ = အလုံးစုံသောစိတ် + သာဓာရဏ = ဆက်ဆံခြင်း)
+++++++++++++++
ပကိဏ်းစေတသိက် ၆ ပါးဟူသော်ကား -
(၁) ဝိတက် = သမ္ပယုတ်တရားတို့ကို အာရုံပေါ်သို့ ရှေးရှုတင်ပေးခြင်း၊ ကြံစည်ခြင်းသဘော လက္ခဏာရှိ၏။
(၂) ဝိစာရ = အာရုံကို အဖန်တလဲလဲ သုံးသပ်ခြင်း, ဆင်ခြင်ခြင်း သဘောလက္ခဏာရှိ၏။
(၃) အဓိမောက္ခ = အာရုံကို ဆုံးဖြတ်ခြင်း သဘောလက္ခဏာရှိ၏။
(၄) ဝီရိယ = သမ္ပယုတ်တရားတို့ကို ထောက်ပံ့ခိုင်စေခြင်း၊ အားထုတ်ခြင်း သဘောလက္ခဏာ ရှိ၏။
(၅) ပီတိ = အာရုံကို နှစ်သက်ခြင်း သဘောလက္ခဏာရှိ၏။
(၆) ဆန္ဒ = လိုလားတောင့်တခြင်း သဘောလက္ခဏာရှိ၏။
++++++++++++++++++
ပကိဏ်းစေတသိက်မည်ပုံကား -
စိတ်အားလုံးနှင့်မယှဉ်ဘဲ သောဘနစိတ်, အသောဘနစိတ်တို့နှင့် ရောပြွန်းယှဉ်တတ်သောကြောင့် ဝိတက် - စသော စေတသိက် ၆ ပါးတို့သည် “ပကိဏ်းစေတသိက်” မည်ပါသည်။
ထို့ကြောင့် သောဘန၊ အသောဘနစိတ်တို့၌ ပြိုးပြွမ်းယှဉ်တတ်သောကြောင့် ပကိဏ်းစေတသိက် မည်ပါသည်။
++++++++++++++++++
အညသမာန်စေတသိက်မည်ပုံကား -
အညသမာန = အည + သမာန
အည = (၁) သောဘနစိတ်မှတစ်ပါးသော အသောဘနစိတ်
= (၂) အသောဘနစိတ်မှတစ်ပါးသော သောဘနစိတ်
သမာန = အတူဖြစ်ခြင်း၊ သဘောတူခြင်း
အညသမာန်း = သောဘနစိတ်နှင့်ယှဉ်ခိုက် အသောဘနစိတ်မှတစ်ပါး သောဘနစိတ်နှင့်တူသည်၏ အဖြစ်ကြောင့်လည်းကောင်း၊
အသောဘနစိတ်နှင့်ယှဉ်ခိုက် သောဘနစိတ်မှတစ်ပါး အသောဘနစိတ်နှင့်တူသည်၏အဖြစ်ကြောင့် လည်းကောင်း “အညသမာန်းစေတသိက်” မည်ပါသည်။
မှတ်ချက်။ ။ သောဘနစိတ်၊ အသောဘနစိတ် နှစ်မျိုးလုံးနှင့် ယှဉ်နိုင်သည်ဟု ဆိုလိုသည်။ ထို့ကြောင့် “ကောင်းဆိုးနှစ်တန်၊ ခပ်တိုင်းငန်၊ သမာန်အည၊ တေရသ” ဟု လယ်တီသံခိပ်၌ ဆိုလေသည်။
++++++++++++++++
အညသမာန်းစေတသိက် ၁၃ ပါး မှတ်စုက ဒီမျှသာပါပဲ။ တရားတော်ကိုတော့ ဗွီဒီယိုဖိုင်မှာ ဆက်လက်နာယူပါ။ နောက်နေ့မှာ အကုသိုလ် စေတသိက် ၁၄ ပါးကို ဆက်သွားပါမယ်။
စိတ်၏ချမ်းသာခြင်းကိုယ်၏ချမ်းသာခြင်းတို့နှင့်ပြည့်စုံကြပါစေ။
မေတ္တာဖြင့်
TNO (28. 4.2020)
Thein Naing Ohn
စေတသိက်ပိုင်း၊ အပိုင်း (၂)
==============
အရှင်ဝါယာမသာရ _ Ashin Wayamasara ၊
သာသနာဓဇဓမ္မာစရိယ M.A.Q ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ၊
(သာသနာရေးဝန်ကြီးဌာန) (ကမ္ဘာအေး)
အဘိဓမ္မာ၊ ဋီကာ၊ ဝိသုဒ္ဓိမဂ် သင်တန်း (သင်တန်းမှူးဆရာတော်)
+++++++++++++++
အကုသိုလ်စေတသိက် ၁၄ ပါး
အကုသိုလ်စေတသိက် ၁၄ ပါးဟူသော်ကား -
(မောစတုက် = ၄ ပါး) + (လောတြိ = ၃ ပါး) + (ဒေါစတုက် = ၄ ပါး) + (ဆုံးတြိ = ၃ ပါး) = ပေါင်း ၁၄ ပါးတဲ့။
++++++++++++++
မောစတုက်ဆိုတာက -
(၁) မောဟ = အာရုံ၏ သဘောအမှန်ကို ဖုံးလွှမ်းခြင်း မသိခြင်း သဘောလက္ခဏာရှိ၏။
(၂) အဟိရိက = ကာယဒုစရိုက်စသည်မှ မရှက်ခြင်းသဘောလက္ခဏာရှိ၏။
(၃) အနောတ္တပ္ပ = ကာယဒုစရိုက်စသည်မှ မကြောက်လန့်ခြင်း သဘောလက္ခဏာရှိ၏။
(၄) ဉဒ္ဓစ္စ = စိတ်၏မငြိမ်သက်ခြင်း, ပျံ့လွင့်ခြင်းသဘောလက္ခဏာရှိ၏။
+++++++++++++
လောတြိ ၃ ပါးဟူသော်ကား -
(၅) လောဘ = လောကီအာရုံ ကာမဂုဏ်တို့၌ ငြိကပ်တပ်မက်ခြင်း သဘောလက္ခဏာရှိ၏။ (တဏှာ)
(၆) ဒိဋ္ဌိ = မှားယွင်းစွာ နှလုံးသွင်းခြင်း သဘောလက္ခဏာရှိ၏။
(၇) မာန = မိမိကိုယ်ကို ငါသာလျှင် မြတ်၏ဟူ၍ မှန်ကင်းကဲ့သိုံ ထောင်လွှားခြင်း သဘောလက္ခဏာ ရှိ၏။
+++++++++++++
ဒေါစတုက် ၄ပါးဟူသော်ကား -
(၈) ဒေါသ = ခက်ထန်ကြမ်းတမ်းခြင်း သဘောလက္ခဏာရှိ၏။
(၉) ဣဿာ = သူတစ်ပါးတို့၏ စည်းစိမ်ချမ်းသာကို ငြူစူခြင်း, မနာလို မရှုဆိတ်ခြင်း သဘောလက္ခဏာရှိ၏။
(၁၀) မစ္ဆရိယ = မိမိ၏စည်းစိမ်ချမ်းသာကို လျှို့ဝှက်ခြင်း, နှမြောဝန်တိုခြင်း သဘောလက္ခဏာရှိ၏။
(၁၁) ကုက္ကုစ္စ = ပြုအပ်ပြီးသော ဒုစရိုက်၊ မပြုလိုက်မိသော သုစရိုက်တို့ကို အာရုံပြု၍ အဖန်တလဲလဲ စိုးရိမ်ခြင်း, နောင်တ တစ်ဖန်ပူပန်ခြင်း သဘောလက္ခဏာရှိ၏။
+++++++++++++++
ဆုံးတြိ ၃ ပါးဟူသော်ကား -
(၁၂) ထိန = စိတ်၏ မခံ့ခြင်း၊ ထိုင်းမှိုင်းခြင်း သဘောလက္ခဏာရှိ၏။
(၁၃) မိဒ္ဓ = စေတသိက်တို့၏ ထိုင်းမှိုင်းခြင်း သဘောလက္ခဏာရှိ၏။
(၁၄) ဝိစိကိစ္ဆာ = ဘုရား တရား - စသော အာရုံများ၌ ယုံမှားသံသယဖြစ်ခြင်း၊ အာရုံကို မဆုံးဖြတ်နိုင်ခြင်း သဘောလက္ခဏာရှိ၏။ (ကင်္ခါ)
++++++++++++
အကုသိုလ်စေတသိက် မည်ပုံ
ဤစေတသိက်တို့သည် အကုသိုလ်စိတ်တို့၌သာ ယှဉ်သောကြောင့် မောဟ - စသော စေတသိက် ၁၄ ပါးတို့သည် “အကုသိုလ်စေတသိက်” မည်ပါသည်။
++++++++++++
ကျနော့်ရဲ့ ဒီနေ့ တရားအညွှန်းက ဒီမျှသာပါပဲ။
ဒီ စေတသိက်တွေအကြောင်းကို ဆရာတော်ဟောကြားမှာ ဖြစ်ပါတယ်။
ဆရာတော်က သောဘဏစေတသိက် ၂၅ပါးမှ သောဘဏသာဓာရဏစေတသိက် ၁၉ ပါးထိ ဟောကြားပါလိမ့်မယ်။ ကျနော်ကတော့ မိတ်ဆွေများ မှတ်သားရတာများသွားမှာစိုး၍ နောက်နေ့မှ သောဘဏစေတသိက် ၂၅ ပါးလုံး အပြည့်အစုံ ရေးပေးပါမယ်။
ကောင်းစွာ ဆက်လက်နာယူမှတ်သား သင်ယူနိုင်ကြပါစေ။
မေတ္တာဖြင့်
TNO (29. 4.2020)
Thein Naing Ohn
စေတသိက်ပိုင်း၊ အပိုင်း (၃)
==============
အရှင်ဝါယာမသာရ _ Ashin Wayamasara ၊
သာသနာဓဇဓမ္မာစရိယ M.A.Q ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ၊
(သာသနာရေးဝန်ကြီးဌာန) (ကမ္ဘာအေး)
အဘိဓမ္မာ၊ ဋီကာ၊ ဝိသုဒ္ဓိမဂ် သင်တန်း (သင်တန်းမှူးဆရာတော်)
+++++++++++++++
သောဘနစေတသိက် ၂၅ ပါး
သောဘနစေတသိက် ၂၅ ပါးဟူသော်ကား -
(သောဘနသာဓာရဏစေတသိက် = ၁၉ ပါး) + (ဝိရတီစေတသိက် = ၃ ပါး) + (အပ္ပမညာစေတသိက် = ၂ ပါး) + (ပညိန္ဒြေစေတသိက် = ၁ ပါး) = ပေါင်း ၂၅ ပါးဖြစ်သတည်း။
+++++++++++++++
သောဘနသာဓာရဏစေတသိက် ၁၉ ပါး ဟူသော်ကား -
သဒ္ဓါ၊ သတိ၊ ဟီရိ၊ ဩတ္တပ္ပ၊ အလောဘ၊ အဒေါသ၊ တတြမဇ္ဈတ္တတာ၊ ကာယပဿဒ္ဓိ၊ စိတ္တပဿဒ္ဓိ၊ ကာယလဟုတာ၊ စိတ္တလဟုတာ၊ ကာယမုဒုတာ၊ စိတ္တမုဒုတာ၊ ကာယကမ္မညတာ၊ စိတ္တကမ္မညတာ၊ ကာယပါဂုညတာ၊ စိတ္တပါဂုညတာ၊ ကာယုဇုကတာ၊ စိတ္တုဇုကတာ -- အားဖြင့် ၁၉ ပါး ဖြစ်ပါသည်။
ဤ ၁၉ ပါးသော စေတသိက်တို့သည် အလုံးစုံသော သောဘနစိတ်တို့နှင့် ဆက်ဆံသည်၏ အဖြစ်ကြောင့် သောဘနသာဓာရဏစေတသိက်တို့ မည်ပါသည်။
+++++++++++++
သောဘနသာဓာရဏစေတသိက်တို့၏ လက္ခဏာ -
၁။ သဒ္ဓါ = ဘုရားအစရှိသော ကောင်းသောအာရုံ၌ သမ္ပယုတ်တရားတို့ကို ကြည်စေခြင်း လက္ခဏာရှိသော သဘော။
၂။ သတိ = ဘုရား အစရှိသော ကောင်းသောအာရုံ၌ သမ္ပယုတ်တရားတို့ကို အောက်မေ့စေခြင်း လက္ခဏာရှိသောသဘော။
၃။ ဟိရီ = ကာယဒုစရိုက် စသည်မှ ရှက်ခြင်း လက္ခဏာရှိသောသဘော။
၄။ ဩတ္တပ္ပ = ကာယဒုစရိုက် စသည်မှ လန့်ခြင်းလက္ခဏာရှိသောသဘော။
၅။ အလောဘ = အာရုံ၌ ကပ်ငြိသောအားဖြင့် မတပ်ခြင်းလက္ခဏာ ရှိသောသဘော။
၆။ အဒေါသ = မကြမ်းတမ်း မပြစ်မှားခြင်း လက္ခဏာရှိသောသဘော။
၇။ တတြမဇ္ဈတ္တတာ = ထိုထိုသို့သော အာရုံ၌ သမ္ပယုတ်တရားတို့ကို လျစ်လျူရှုစေခြင်း လက္ခဏာရှိသောသဘော။
၈။ ကာယပဿဒ္ဓိ = (ကုသိုလ်မှုတို့၌) စေတသိက်တို့၏ ငြိမ်းခြင်းလက္ခဏာရှိသောသဘော။
၉။ စိတ္တပဿဒ္ဓိ = (ကုသိုလ်မှုတို့၌) စိတ်၏ ငြိမ်းခြင်းလက္ခဏာရှိသောသဘော။
၁၀။ ကာယလဟုတာ = (ကုသိုလ်မှုတို့၌) စေတသိက်တို့၏ ပေါ့ပါးခြင်းလက္ခဏာရှိသောသဘော။
၁၁။ စိတ္တလဟုတာ = (ကုသိုလ်မှုတို့၌) စိတ်၏ ပေါ့ပါးခြင်း လက္ခဏာရှိသောသဘော။
၁၂။ ကာယမုဒုတာ = (ကုသိုလ်မှုတို့၌) စေတသိက်တို့၏ နူးညံ့ခြင်း လက္ခဏာရှိသော သဘော။
၁၃။ စိတ္တမုဒုတာ = (ကုသိုလ်မှုတို့၌) စိတ်၏ နူးညံ့ခြင်းလက္ခဏာရှိသောသဘော။
၁၄။ ကာယကမ္မညတာ = (ကုသိုလ်မှုတို့၌) စေတသိက်တို့၏ ကောင်းသောအဖြစ်၊ ခံ့ကျန်းသော အဖြစ်လျှင် လက္ခဏာရှိသောသဘော။
၁၅။ စိတ္တကမ္မညတာ = (ကုသိုလ်မှုတို့၌) စိတ်၏ ကောင်းသောအဖြစ်၊ ခံ့ကျန်းသော အဖြစ်လျှင်လက္ခဏာရှိသောသဘော။
၁၆။ ကာယပါဂုညတာ = (ကုသိုလ်မှုတို့၌) စေတသိက်တို့၏ လေ့လာခြင်း၊ ကျေပွန်ခြင်း၊ ကျင်လည်နပ်နောခြင်း လက္ခဏာရှိသောသဘော။
၁၇။ စိတ္တပါဂုညတာ = (ကုသိုလ်မှုတို့၌) စိတ်၏ လေ့လာခြင်း၊ ကျေပွန်ခြင်း၊ ကျင်လည်နပ်နောခြင်း လက္ခဏာရှိသော သဘော။
၁၈။ ကာယုဇုကတာ = (ကုသိုလ်မှုတို့၌) စေတသိက်တို့၏ ဖြောင့်စွာ ဖြစ်ခြင်း လက္ခဏာရှိသောသဘော။
၁၉။ စိတ္တဇုကတာ = (ကုသိုလ်မှုတို့၌) စိတ်၏ ဖြောင့်စွာဖြစ်ခြင်း လက္ခဏာရှိသောသဘော။
+++++++++++++++++
သောဘနသာဓာရဏ စေတသိက် မည်ပုံ
အလုံးစုံသော သောဘနစိတ်တို့နှင့်သာ ဆက်ဆံသောကြောင့် (ယှဉ်သောကြောင့်) သဒ္ဓါ - စသော စေတသိက် ၁၉ ပါးတို့သည် “သောဘနသာဓာရဏစေတသိက်” မည်ပါသည်။
သောဘနသာဓာရဏ = သောဘန + သာဓာရဏ
သောဘန = သောဘနစိတ် အကျဉ်း - ၅၉/ အကျယ် - ၉၁ ၊
သာဓာရဏ = ဆက်ဆံခြင်း, , ယှဉ်ခြင်း၊
+++++++++++++++++++
ဝိရတီစေတသိက် ၃ ပါးဟူသော်ကား -
(ကာယဒုစရိုက်သုံးပါး၊ ဝစီဒုစရုက်လေးပါးတို့မှ ရှောင်ကြဉ်ခြင်း လက္ခဏာရှိသောကြောင့် ဝိရတီစေတသိက်ဟု ခေါ်သည်။)
(၁) သမ္မာဝါစာ = (အသက်မွေးဝမ်းကြောင်း မဟုတ်သော = အပျော်တမ်း) မုသာဝါဒ၊ ပိသုဏဝါစာ၊ ဖရုသဝါစာ၊ သမ္ဖပ္ပလာပဝါစာတည်းဟူသော ဝစီဒုစရိုက် လေးပါးမှ ရှောင်ကြဉ်ခြင်းလက္ခဏာရှိသော သဘော။
(၂) သမ္မာကမ္မန္တ - (အသက်မွေးဝမ်းကြောင်း မဟုတ်သော = အပျော်တမ်း) ပါဏာတိပါတ၊ အဒိန္နာဒါန၊ ကာမေသုမိစ္ဆာစာရ တည်းဟူသော ကာယဒုစရိုက်သုံးပါးမှ ရှောင်ကြဉ်ခြင်းလက္ခဏာ ရှိသောသဘော။
(၃) သမ္မာအာဇီ၀ = အသက်မွေးဝမ်းကြောင်းဖြစ်သော ဝစီဒုစရိုက်လေးပါးနှင့် ကာယဒုစရိုက်သုံးပါး တို့မှ ရှောင်ကြဉ်ခြင်း လက္ခဏာရှိသောသဘော။
+++++++++++++++
အပ္ပမညာစေတသိက် ၂ ပါး
၁။ ကရုဏာ = အတိုင်းမသိသော ဒုက္ခိတသတ္တဝါပညတ်ကို အာရုံပြု၍ သနားခြင်းလက္ခဏာရှိသော သဘော။
၂။ မုဒိတာ = အတိုင်းမသိသော သုခိတသတ္တဝါပညတ်ကို အာရုံပြု၍ ဝမ်းမြောက်ခြင်းလက္ခဏာ ရှိသော သဘော။
(အဆုံးအပိုင်းအခြား မရှိသော သတ္တဝါတို့ကို အာရုံပြု၍ ဖြစ်သောကြောင့် အပ္ပမညာစေတသိက်ဟု ခေါ်သည်။)
++++++++++++++++
ပညိန္ဒြေစေတသိက် ၁ ပါး
၁။ ပညိန္ဒြေ = အထူးထူး အပြားပြားသိခြင်း၌ အစိုးရခြင်း လက္ခဏာရှိသောသဘော။
ပညိန္ဒြေမည်ပုံ - ပညာသည်ပင် အနိစ္စ - စသောအပြားအားဖြင့် ထိုးထွင်း၍ သိခြင်းကိစ္စ၌ အစိုးရသည်၏ အဖြစ်ကြောင့် “ပညိန္ဒြေ” မည်ပါသည်။
++++++++++++++++
စေတသိကရာသိ ၃ မျိုး
စေတသိကရာသိ - ဟူသည်မှာ စေတသိက်အုပ်စု - ဟု အဓိပ္ပါယ်ရပါသည်။
၁။ အညသမာနရာသိ (အညသမာန်းစေတသိက်အုပ်စု - ၁၃ ပါး)
၂။ အကုသလရာသိ (အကုသိုလ်စေတသိက်အုပ်စု - ၁၄ ပါး)
၃။ သောဘနရာသိ (သောဘနစေတသိက်အုပ်စု - ၂၅ ပါး)
“စေတသိက် ဒွေပညာသ” ဟု ဆိုရိုးပြုကြသည်။
(ဒွေ = ၂ + ပညာသ = ၅၀) = ဒွေပညာသ = ၅၂
+++++++++++++++++
ကျနော့်ရဲ့ ဒီနေ့ တရားအညွှန်းက ဒီမျှသာပါပဲ။
ဒီ စေတသိက်တွေအကြောင်းကို ဆရာတော်ဟောကြားမှာ ဖြစ်ပါတယ်။
ကောင်းစွာ ဆက်လက်နာယူမှတ်သား သင်ယူနိုင်ကြပါစေ။
မေတ္တာဖြင့်
TNO (30. 4.2020)
Thein Naing Ohn
စေတသိက်ပိုင်း၊ အပိုင်း (၄)
==============
အရှင်ဝါယာမသာရ _ Ashin Wayamasara ၊
သာသနာဓဇဓမ္မာစရိယ M.A.Q ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ၊
(သာသနာရေးဝန်ကြီးဌာန) (ကမ္ဘာအေး)
အဘိဓမ္မာ၊ ဋီကာ၊ ဝိသုဒ္ဓိမဂ် သင်တန်း (သင်တန်းမှူးဆရာတော်)
+++++++++++++++
စေတသိက်၌စိတ်ယှဉ် (သမ္ပယောဂနည်း) နှင့် စိတ်၌စေတသိက်ယှဉ် (သင်္ဂဟနည်း)
ပထမဆုံးသိထားဖို့က သမ္ပယောဂနည်း၊ သင်္ဂဟနည်းဆိုတာ နားလည်ဖို့လိုပါတယ်။
စေတသိက်မှာ စိတ်ယှဉ်တာကို သမ္ပယောဂနည်းလို့ခေါ်ပါတယ်။
စိတ်မှာ စေတသိက်ယှဉ်တာကိုတော့ သင်္ဂဟနည်းလို့ခေါ်ပါတယ်။
ဒါကြောင့် *** (စေတသိက်အသီးသီးတို့၌ ရနိုင်သောစိတ်အရေအတွက်ကု ဖော်ပြထားသောနည်းသည် သမ္ပယောဂနည်းမည်ပါသည်။)
***(စိတ်အသီးသီးတို့၌ ရနိုင်သော စေတသိက်တို့ကို ရေတွက်ပြသောနည်းသည် သင်္ဂဟနည်း မည်ပါသည်။) တဲ့
အခု အဲဒီ စေတသိက်မှာ စိတ်ယှဉ်တဲ့ သမ္ပယောဂနည်းကိုသွားပါမယ်။
သမ္ပယောဂနည်းက (၁၆) နည်း ရှိပါတယ်။
အညသမာန်စေတသိက်သမ္ပယောဂနည်း(၇)ပါး၊
အကုသိုလ်စေတသိက်သမ္ပယောဂနည်း(၅)ပါး၊
သောဘနစေတသိက်သမ္ပယောဂနည်း(၄)ပါး
ပေါင်း (၁၆)ပါး (ဝါ) (၁၆) နည်း ဖြစ်ပါတယ်။ အဲဒီထဲက ဒီနေ့ အညသမာန်စေတသိက်သမ္ပယောဂနည်းကိုကြည့်ကြပါမယ်။
ဆရာတော်ထံမှလည်း အဲဒီနည်းကို နာယူရမှာဖြစ်ပါတယ်။
+++++++++++++++++++++
အညသမာန် ၁၃ ပါး ------ စိတ် ၈၉ ပါး = အကျယ် ၁၂၁ ပါး
ကာမစိတ် ၅၄ . ပ.၁၁, ဒု.၁၁, တ.၁၁, စ.၁၁, ပဉ္စ.၂၃ ပါး
(က) သဗ္ဗစိတ္တသာဓာရဏစေ . ၇ --------- ၈၉ / ၁၂၁ စိတ်အားလုံးနှင့်ယှဉ်
(ခ) ဝိတက် ( ဒွေပဉ္စဝိ ၁၀ - ) ကာမစိတ် ၄၄ + ပဈာန် - ၁၁ = ၅၅ ယှဉ် (၁၂၁ - ၅၅ = ၆၆) မယှဉ်
(ဂ) ဝိစာရ ( ဒွေပဉ္စဝိ ၁၀ - ) ကာမစိတ် ၄၄ + ပ.၁၁ + ဒု - ၁၁ = ၆၆ ယှဉ် (၁၂၁ - ၆၆ = ၅၅) မယှဉ်
(ဃ) အဓိမောက္ခ ( ဒွေပဉ္စဝိညာဏ်၁၀ + ဝိစိကိစ္ဆာ = ၁၁ - ) ၈၉ - ၁၁ = ၇၈ ယှဉ်
(င) ဝီရိယ ( ဒွေပဉ္စဝိ ၁၀ + သမ္ပဋိစ္ဆိုင်း၂ + သန္တိ၃ + ပဉ္စဒွါရာဝဇ္ဇန်း = ၁၆ - ) ၈၉ - ၁၆ = ၇၃ ယှဉ်
(စ) ပီတိ = ကာမသောမနဿ ၁၈ ပါး + ပ.၁၁ + ဒု.၁၁ + တ.၁၁ = ၅၁ ယှဉ် (၁၂၁ - ၅၁ = ၇၀) မယှဉ်
(ဆ) ဆန္ဒ (မော.၂ + အဟိတ် ၁၈ = ၂၀ - ) ၈၉ - ၂၀ = ၆၉ ယှဉ်
++++++++++++++++++
အထက်ပါ တွက်နည်းက ဆရာတော်တွက်နည်းလေးပါ ၎င်းတွက်နည်းကို စာနည်းနဲ့ပြန်ရှင်းပါမယ်။
(က) သဗ္ဗစိတ္တသာဓာရဏစေ . ၇ --------- ၈၉ / ၁၂၁ စိတ်အားလုံးနှင့်ယှဉ်
ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဧကဂ္ဂတာ၊ ဇီဝိတိန္ဒြေ၊ မနသိကာရ ဟူသော ဤသဗ္ဗစိတ္တသာဓာရဏစေတသိက် (၇) ပါးတို့သည် အလုံးစုံသော စိတ် (၈၉)ပါး၊ (ဝါ) အကျယ် (၁၂၁) ပါးသော စိတ်တို့၌ ယှဉ်ကြပါသည်။
+++++++++++++++++++
(ခ) ဝိတက် ( ဒွေပဉ္စဝိ ၁၀ - ) ကာမစိတ် ၄၄ + ပဈာန် - ၁၁ = ၅၅ ယှဉ် (၁၂၁ - ၅၅ = ၆၆) မယှဉ်
- ဝိတက်စေတသိက်သည် ဒွေပဉ္စဝိညာဏ်(၁၀)ကြဉ်သော ကာမစိတ် (၄၄)ပါး၊ ပထမဈာန်စိတ်(၁၁)ပါး ပေါင်း = (၅၅)ပါးသော စိတ်တို့၌ ယှဉ်ပါသည်။
- ဒွေပဉ္စဝိညာဏ်(၁၀)၊ ဒုတိယဈာန်(၁၁)ပါး။ တတိယဈာန်(၁၁)ပါး၊ စတုတ္ထဈာန်(၁၁)ပါး၊ ပဉ္စမဈာန်(၂၃)ပါး = ပေါင်း (၆၆)ပါးသော စိတ်တို့သည် ဝိတက်စေတသိက်နှင့် မယှဉ်ကြပါ။
+++++++++++++++
(ဂ) ဝိစာရ ( ဒွေပဉ္စဝိ ၁၀ - ) ကာမစိတ် ၄၄ + ပ.၁၁ + ဒု - ၁၁ = ၆၆ ယှဉ် (၁၂၁ - ၆၆ = ၅၅) မယှဉ်
- ဝိစာရစေတသိက်သည် ဒွေပဉ္စဝိညာဏ်(၁၀)ကြဉ်သော ကာမစိတ်(၄၄)ပါး၊ ပထမဈာန်(၁၁)ပါး၊ ဒုတိယဈာန်(၁၁)ပါး = ပေါင်း (၆၆)ပါးသော စိတ်တို့၌ ယှဉ်ပါသည်။
- ဒွေပဉ္စဝိညာဏ်(၁၀)၊ တတိယဈာန်(၁၁)ပါး၊ စတုတ္ထဈာန်(၁၁)ပါး၊ ပဉ္စမဈာန်(၂၃)ပါး၊ ပေါင်း (၅၅)ပါးသော စိတ်တို့သည် ဝိစာရစေတသိက်နှင့် မယှဉ်သောစိတ် (ဝါ) အတူတကွဖြစ်ခွင့် မရကြပါ။
. ံ. ထိုတွင် (က) ဝိတက်သာယှဉ်၍ ဝိစာရမယှဉ်သောစိတ် မရှိပါ။
(ခ) ဝိစာရသာ ယှဉ်၍ ဝိတက်မယှဉ်သောစိတ်မှာ -- ဒုတိယဈာန်စိတ်(၁၁)ပါး ဖြစ်ပါသည်။
(ဂ) ဝိတက်၊ ဝိစာရ နှစ်ပါးစုံယှဉ်သောစိတ်မှာ -- ဒွေပဉ္စဝိညာဏ်(၁၀)ကြဉ်သော ကာမစိတ်(၄၄)ပါး၊ ပထမဈာန်(၁၁)ပါး၊ ပဉ္စမဈာန်(၂၃)ပါး = ပေါင်း (၅၅) ပါး ဖြစ်သည်။
++++++++++++++++++
(ဃ) အဓိမောက္ခ ( ဒွေပဉ္စဝိညာဏ်၁၀ + ဝိစိကိစ္ဆာ = ၁၁ - ) ၈၉ - ၁၁ = ၇၈ ယှဉ်
အဓိမောက္ခသည် ဝိစိကိစ္ဆာကြဉ်သော အကုသိုလ်စိတ် (၁၁)ပါး၊ ဒွေပဉ္စဝိညာဏ်(၁၀)ကြဉ်သော အဟိတ်စိတ်(၈)ပါး၊ သောဘနစိတ်(၅၉)ပါး = ပေါင်း (၇၈)ပါးသော စိတ်တို့၌ ယှဉ်ပါသည်။
+++++++++++++++++++
(င) ဝီရိယ ( ဒွေပဉ္စဝိ ၁၀ + သမ္ပဋိစ္ဆိုင်း၂ + သန္တိ၃ + ပဉ္စဒွါရာဝဇ္ဇန်း = ၁၆ - ) ၈၉ - ၁၆ = ၇၃ ယှဉ်
- ဝီရိယသည် ပဉ္စဒွါရာဝဇ္ဇန်း၊ ဒွေပဉ္စဝိညာဏ်(၁၀)၊ သမ္ပဋိစ္ဆိုင်းဒွေ၊ သန္တီရဏ(၃)ပါးကြဉ်သော အဟိတ်စိတ်(၂)ပါး၊ အကုသိုလ်စိတ်(၁၂)ပါး၊ သောဘနစိတ်(၅၉)ပါး ပေါင်း (၇၃)ပါးသော စိတ်တို့၌ ယှဉ်ပါသည်။
- ဝီရိယသည် ပဉ္စဒွါရာဝဇ္ဇန်း၊ ဒွေပဉ္စဝိညာဏ်(၁၀)၊ သမ္ပဋိစ္ဆိုင်းဒွေ၊ သန္တီရဏ(၃)၊ ပေါင်း (၁၆)ပါး သော စိတ်တို့နှင့် မယှဉ်ပါ။ (ဝါ) အတူတကွ ဖြစ်ခွင့်မရပါ။
. ံ. ထိုတွင် (က) အဓိမောက္ခသာယှဉ်၍ ဝီရိယမယှဉ်သောစိတ်သည် -- ပဉ္စဒွါရာဝဇ္ဇန်း၊ သမ္ပဋိစ္ဆိုင်းဒွေ၊ သန္တီရဏ(၃)ပါးတို့ ဖြစ်သည်။
(ခ) ဝီရိယသာယှဉ်၍ အဓိမောက္ခမယှဉ်သောစိတ်မှာ -- ဝိစိကိစ္ဆာသဟဂုတ်စိတ်ဖြစ်သည်။
(ဂ) အဓိမောက္ခဝီရိယနှစ်ပါးစုံ ယှဉ်သောစိတ်မှာ -- ဝိစိကိစ္ဆာသဟဂုတ်စိတ်ကြဉ်သော အကုသိုလ်စိတ်(၁၁)ပါး၊ မနောဒွါရာဝဇ္ဇန်း၊ ဟသိတုပ္ပါဒ်၊ သောဘနစိတ်(၅၉)ပါးအားဖြင့် (၇၂)ပါးသော စိတ်တို့ ဖြစ်ပါသည်။
(ဃ) အဓိမောက္ခဝီရိယနှစ်ပါးစုံ မယှဉ်သောစိတ်မှာ -- ဒွေပဉ္စဝိညာဏ်(၁၀)၊ ဝိစိကိစ္ဆာသဟဂုတ်စိတ်(၁)ပါး၊ ပဉ္စဒွါရာဝဇ္ဇန်း၊ ဒွေပဉ္စဝိညာဏ်(၁၀)၊ သမ္ပဋိစ္ဆိုင်းဒွေ၊ သန္တီရဏ(၃)ခုအားဖြင့် (၁၇)ပါးသော စိတ်တို့ ဖြစ်သည်။
++++++++++++++++++
(စ) ပီတိ = ကာမသောမနဿ ၁၈ ပါး + ပ.၁၁ + ဒု.၁၁ + တ.၁၁ = ၅၁ ယှဉ် (၁၂၁ - ၅၁ = ၇၀) မယှဉ်
- ပီတိသည် လောဘမူသောမနဿ(၄)ပါး၊ သောမနဿသန္တီရဏ(၁)ပါး၊ ဟသိတုပ္ပါဒ်(၁)ပါး၊ ကာမသောဘန သောမနဿ (၁၂)ပါး၊ ပထမဈာန်(၁၁)ပါး၊ ဒုတိယဈာန်(၁၁)ပါး၊ တတိယဈာန်(၁၁)ပါး၊ ပေါင်း (၅၁)ပါး သော စိတ်တို့၌ ယှဉ်ပါသည်။
- ပီတိသည် ဒေါသမူဒွေ၊ ဉပေက္ခာသဟဂုတ်စိတ်(၅၅)ပါး၊ ကာယဝိညာဏ်ဒွေ၊ စတုတ္ထဈာန်စိတ်(၁၁)ပါး = ပေါင်း (၇၁)ပါးသော စိတ်တို့၌ မယှဉ်ပါ။ (ဝါ) အတူတကွ ဖြစ်ခွင့်မရပါ။
. ံ. ထိုတွင် (က) ဝိတက်သာယှဉ်၍ ပီတိမယှဉ်သောစိတ်မှာ -- ဒေါသမူဒွေ၊ အကုသိုလ်ဥပေက္ခာသဟဂုတ်စိတ်(၆)ပါး၊ သမ္ပဋိစ္ဆိုင်းဒွေ၊ ဥပေက္ခာသန္တီရဏ(၂)ပါး၊ အာဝဇ္ဇန်းဒွေ၊ ကာမသောဘနဥပေက္ခာ သဟဂုတ်စိတ် (၁၂)ပါး အားဖြင့် (၂၆)ပါးတို့ ဖြစ်ပါသည်။
(ခ) ပီတိသာယှဉ်၍ ဝိတက်မယှဉ်သောစိတ်မှာ -- ဒုတိယဈာန်(၁၁)ပါး၊ တတိယဈာန်(၁၁)ပါး = ပေါင်း (၂၂)ပါးတို့ ဖြစ်သည်။
(ဂ) ဝိတက်၊ ပီတိ နှစ်ပါးစုံယှဉ်သောစိတ်မှာ -- ကာမသောမနဿ သဟဂုတ်စိတ်(၁၈)ပါး၊ ပထမဈာန်(၁၁)ပါး = ပေါင်း (၂၉)ပါးတို့ဖြစ်သည်။
(ဃ) ဝိတက် ပီတိနှစ်ပါးစုံမယှဉ်သောစိတ်မှာ -- ပဉ္စမဈာန်(၂၃)ပါး၊ ဒွေပဉ္စဝိညာဏ်(၁၀)ပါး၊ စတုတ္ထဈာန်(၁၁)ပါးအားဖြင့် (၄၄)ပါးသော စိတ်တို့ဖြစ်သည်။
+++++++++++++++++
(ဆ) ဆန္ဒ (မော.၂ + အဟိတ် ၁၈ = ၂၀ - ) ၈၉ - ၂၀ = ၆၉ ယှဉ်
- ဆန္ဒစေတသိက်သည် မောဟမူဒွေကြဉ်သော အကုသိုလ်စိတ်(၁၀)ပါး၊ သောဘနစိတ်(၅၉)ပါး = ပေါင်း (၆၉)ပါးသော စိတ်တို့၌ ယှဉ်ပါသည်။
ဆန္ဒမယှဉ်သောစိတ်မှာ မောဟမူဒွေ၊ အဟိတ်စိတ်(၁၈)ပါး အားဖြင့် (၂၀)ပါးသော စိတ်တို့၌ မယှဉ်ပါ။ (ဝါ) အတူတကွ ဖြစ်ခွင့်မရှိပါ။
. ံ. ထိုတွင် … (က) အဓိမောက္ခသာယှဉ်၍ ဆန္ဒမယှဉ်သောစိတ်သည် -- ဥဒ္ဓစ္စသဟဂုတ်စိတ်(၁)ပါး၊ ဒွေပဉ္စဝိညာဏ်(၁၀)ကြဉ်သော အဟိတ်စိတ်(၈)ပါးအားဖြင့် (၉)ပါး ဖြစ်ပါသည်။
(ခ) ဆန္ဒသာယှဉ်၍ အဓိမောက္ခ မယှဉ်သောစိတ် မရှိပါ။
(ဂ) ဆန္ဒ အဓိမောက္ခ နှစ်ပါးစုံ ယှဉ်သောစိတ်မှာ -- မောဟမူဒွေကြဉ်သော အကုသိုလ်စိတ်(၁၀)ပါး၊ သောဘနစိတ်(၅၉)ပါး = ပေါင်း (၆၉)ပါး ဖြစ်ပါသည်။
(ဃ) ဝိစိကိစ္ဆာသဟဂုတ်စိတ်(၁)ပါး၊ ဒွေပဉ္စဝိညာဏ်(၁၀)ပါး = ပေါင်း(၁၁)ပါး ဖြစ်ပါသည်။
++++++++++++++++++++
တစ်ခါ … (က) ဝီရိယသာယှဉ်၍ ဆန္ဒမယှဉ်သောစိတ်မှာ = မောဟမူဒွေ၊ မနောဒွါရာဝဇ္ဇန်း၊ ဟသိတုပ္ပါဒ် အားဖြင့် (၄)ပါးတိုဖြစ်ပါသည်။
(ခ) ဆန္ဒသာယှဉ်၍ ဝီရိယမယှဉ်သောစိတ် မရှိပါ။
(ဂ) ဝီရီယ ဆန္ဒ နှစ်ပါးစုံ ယှဉ်သောစိတ်မှာ = မောဟမူဒွေကြဉ်သော အကုသိုလ်စိတ်(၁၀)ပါး၊ သောဘနစိတ် (၅၉)ပါးအားဖြင့် (၆၉)ပါးသောစိတ်တို့ ဖြစ်ပါသည်။
(ဃ) ဝီရိယ ဆန္ဒ နှစ်ပါးစုံ မယှဉ်သောစိတ်မှာ = ပဉ္စဒွါရာဝဇ္ဇန်း၊ ဒွေပဉ္စဝိညာဏ်(၁၀)ပါး၊ သမ္ပဋိစ္ဆိုင်းဒွေ၊ သန္တီရဏ(၃)ပါးအားဖြင့် (၁၆)ပါးတို့ ဖြစ်ပါသည်။
++++++++++++++++++++
အဲတော့ သမ္ပယောဂနည်း (၁၆)ပါးရှိတဲ့အထဲက အညသမာန်းစေတသိက် သမ္ပယောဂနည်း(၇)နည်းကို ဖော်ပြပြီးသွားပါပြီ။ အခုမှ လေ့လာသူများအနေနဲ့ နောက်တစ်ကြိမ်ထပ် နာယူဖိုလိုမှာသေချာပါတယ်။ ဒါကြောင့် ဆရာတော်အခွေကိုလည်း ပြန်နာယူပါ။ ကျနော်ရေးပေးထားတာကိုလည်း ကူးယူပြီး ဆရာတော်ဟောတာနဲ့တိုက်ဆိုင် ဖတ်ရှုပါလို့ ဆိုချင်ပါတယ်။ သိပ်များသွားယင် ရောထွေးရှုပ်ကုန်မှာစိုးလို့ ဒီနေ့ အညသမာန်စေတသိက်သမ္ပယောဂနည်းမှာနားထားပါမယ်။ ကျန်တာက -- အကုသိုလ်စေတသိက်သမ္ပယောဂနည်း(၅)ပါး၊ သောဘနစေတသိက်သမ္ပယောဂနည်း(၄)ပါး ပေါင်း (၁၆)ပါး (ဝါ) (၁၆)နည်း ဖြစ်ပါတယ်။
Comment မှာ ဆရာတော်တွက်ပြတဲ့ အညသမာန်သမ္ပယောဂနည်းကို အလွယ်မှတ်ထားနိုင်ရန် JPG အနေဖြင့် ထည့်ပေးလိုက်ပါမယ်။ အဲဒါလေးကို save ယူထားပြီး အမြဲကြည့်နေပါ။ ပြီးယင် ဆရာတော်တရားပြန်နာပါ။ အဲဒါဆို ပိုမိုရှင်းလင်းစွာ နားလည်လာပါလိမ့်မယ်။
ဒီအခွေမှာ ဆရာတော်က သင်္ဂဟနည်းအထိရှင်းပေးပါလိမ့်မယ်။
သင်္ဂဟနည်းမှာတော့ ဆရာတော်ရှင်းပြပြီးဖြစ်၍ ကျနော်က ထပ်ကူရှင်းပေးဖို့မလိုတော့ပါဘူး။ ဆရာတော်ဟောတာကို နားလည်အောင် ဆရာတော်ရဲ့သင်တန်းကိုင်စာအုပ် pdf file download link မှ download ရယူထားသူများအနေနဲ့တော့ စာမျက်နှာ ၄၁ နဲ့စာမျက်နှာ ၄၂ , စာမျက်နှာ ၄၃ တို့က ဇယားများကို ကြည့်ပြီး ဆရာတော်ဟောတာကို နာယူနိုင်ပါတယ်။ အဆင်ပြေသွားပါလိမ့်မယ်။
ကဲ နားကြဉီးစို့ ..
ကောင်းစွာ ဆက်လက်နာယူမှတ်သား သင်ယူနိုင်ကြပါစေ။
မေတ္တာဖြင့်
TNO (1. 5.2020)
Thein Naing Ohn
စေတသိက်ပိုင်း၊ အပိုင်း (၅)
==============
အရှင်ဝါယာမသာရ _ Ashin Wayamasara ၊
သာသနာဓဇဓမ္မာစရိယ M.A.Q ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ၊
(သာသနာရေးဝန်ကြီးဌာန) (ကမ္ဘာအေး)
အဘိဓမ္မာ၊ ဋီကာ၊ ဝိသုဒ္ဓိမဂ် သင်တန်း (သင်တန်းမှူးဆရာတော်)
+++++++++++++++
စေတသိက်၌စိတ်ယှဉ် (သမ္ပယောဂနည်း) နှင့် စိတ်၌စေတသိက်ယှဉ် (သင်္ဂဟနည်း)
စိတ်ယှဉ်, စေတသိက်ယှဉ် ပထမပိုင်းမှာ -
စေတသိက်မှာ စိတ်ယှဉ်တာကို သမ္ပယောဂနည်း၊
စိတ်မှာ စေတသိက်ယှဉ်တာကိုတော့ သင်္ဂဟနည်းလို့ပြောခဲ့တယ်။
မနေ့က သမ္ပယောဂနည်းကို ကျနော် အခြေခံအစပိုင်းလေး ထုတ်ပြပေးခဲ့တယ်။
သမ္ပယောဂနည်းက (၁၆) နည်း ဖြစ်တဲ့ --
အညသမာန်စေတသိက်သမ္ပယောဂနည်း(၇)ပါး၊
အကုသိုလ်စေတသိက်သမ္ပယောဂနည်း(၅)ပါး၊
သောဘနစေတသိက်သမ္ပယောဂနည်း(၄)ပါး .. ထဲက ..
အညသမာန်စေတသိက်သမ္ပယောဂနည်း တစ်ခုပဲ ရှင်းပြပေးခဲ့ပါတယ်။
ဆရာတော်တရားမှာတော့ အပြည့်အစုံဟောကြားထားတာကို နာယူကြရမှာပါ။ ကျနော်ကတော့ အပြည့်အစုံရှင်းမပြတော့ပါ။ သဘောသွားအစပိုင်းလေးတွေပဲ ထုတ်နှုတ်ဖော်ပြပေးထားတာပါ၊ ဒီနေ့လည်း သမ္ပယောဂနည်းတွေကျော်ပြီး သင်္ဂဟနည်းလေးနည်းနည်းရှင်းပေးထားပါမယ်။
အကုသိုလ်စိတ် သင်္ဂဟနည်း ၇ နည်း မှာ ဆရာတော် ရှင်းပြထားတာကို ကျနော် ဇယားလေးတစ်ခု ဆွဲပေးပြီး Comment မှာထည့်ထားပေးပါမယ်။ ဆရာတော်ရှင်းပြတာကိုလည်းနားထောင်ပါ။ ကျနော်လုပ်ပေးထားတဲ့ဇယားလေးနဲ့လည်း တိုက်ဆိုင်လေ့လာမယ်ဆိုယင် တော်တော်လေး အဆင်ပြေမှာပါ။
+++++++++++++++++
အခု အကုသိုလ်စိတ်သင်္ဂဟနည်းပြီးသွားတဲ့အခါ ဆက်သွားမှာက အဟိတ်စိတ်သင်္ဂဟနည်း ၄ နည်းပါ။
အဲဒါကိုလည်း ကျနော် စာနဲ့ရှင်းပြနေယင်လည်နေမယ်။ ဆရာတော်က သေချာရှင်းပြထားတယ်။ ကျနော်က ဘာကူပေးမလည်းဆိုတော့ ဆရာတော်ရှင်းပြတာကို ဇယားလေးတစ်ခုထပ်လုပ်ပေးမယ်။
အဲဒီဇယားလေးတွေကို ဖြစ်နိုင်ယင် print ထုတ်ထားပါ။ ပြီးယင် အဲဒီဇယားလေးတွေလည်းကြည့် ဆရာတော်ရှင်းပြတာကိုလည်း သေချာပြန်နာယူလိုက်မယ်ဆိုယင် ဒီသင်္ဂဟနည်းက ရှင်းလင်း သွားမှာပါ။
စာနည်းကိုတော့ ဒီမှာရှင်းပြပါမယ်။ ဇယားကိုတော့ ပုံမှာကြည့်ပေးပါခင်ဗျာ။
အဟိတ်စိတ်သင်္ဂဟနည်း
၁။ ဟသိတုပ္ပါဒ်စိတ်၌ယှဉ်သော စေတသိက် -
ဟသိတုပ္ပါဒ်စိတ်၌ ဆန္ဒကြဉ် အညသမာန်း စေတသိက် ၁၂ - ပါး ယှဉ်၏။
၂။ ဝုဋ္ဌောစိတ်၌ယှဉ်သော စေတသိက် -
ဝုဋ္ဌောစိတ်၌ ဆန္ဒ၊ ပီတိကြဉ် အညသမာန်း စေတသိက် ၁၁ - ပါး ယှဉ်၏။
၃။ သောမနဿ သဟဂုတ် သန္တီရဏစိတ်၌ယှဉ်သော စေတသိက် -
ဆန္ဒ ဝီရိယကြဉ် အညသမာန်း စေတသိက် ၁၁ - ပါး ယှဉ်၏။
၄။ ပဉ္စဒွါရာဝဇ္ဇန်း၊ သမ္ပဋိစ္ဆိုင်းဒွေ၊ ဥပေက္ခာသဟဂုတ် သန္တီရဏစိတ် ၂ ပါး၌ယှဉ်သော စေတသိက် -
ဆန္ဒ၊ ပီတိ၊ ဝီရိယကြဉ် အညသမာန်း စေတသိက် ၁၀ - ပါး ယှဉ်၏။
၅။ ဒွေပဉ္စဝိညာဏ် ၁၀ - ၌ ယှဉ်သော စေတသိက် -
သဗ်ဗစိတ်တသာဓာရဏ စတေသိကျ ၇ - ပါး
မှတ်ချက်။ ။ ဒွေပဉ္စဝိညာဏ် ၁၀ သည် စေတသိက် အနည်းဆုံး ယှဉ်သော စိတ်ဖြစ်၏။
++++++++++++++++++
ကဲ .. ဒီအခန်းမှာ ကျန်တာက နောက်ဆုံးချန်ထားခဲ့တဲ့ နိယတ/အနိယတယောဂီ စေတသိက်တွေကို ရှင်းဖို့ကျန်ပါတယ်။ အဲဒါပြီးယင် ဒီစေတသိက်အခန်းကို နိဂုံးချုပ်အဆုံးသပ်ပါပြီ။
ပထမဆုံး နိယတဆိုတာဘာလဲ? အနိယတဆိုတာဘာလဲ?
# အနိယတယောဂီစေတသိက်က ၁၁ ပါးရှိပါတယ်။ အဲဒီ စေတသိက် ၁၁ ပါးတို့သည် မိမိယှဉ်ရာစိတ်တို့၌ အမြဲမယှဉ်သောကြောင့် “အနိယတယောဂီစေတသိက်” မည်ပါတယ်။
# နိယတယောဂီ (၄၁) ကတော့ -- ကြွင်းသောစေတသိက် (၄၁) ပါးတို့သည် မိမိယှဉ်ရာစိတ်တို့၌ အမြဲယှဉ်သောကြောင့် “နိယတယောဂီစေတသိက်” မည်ပါတယ်။
++++++++++++++++++++
အနိယတယောဂီ စေတသိက် ၁၁ - ပါး
(က) ဣဿာ၊ မစ်ဆရိယ၊ ကုက်ကုစ်စ - စတေသိကျ - ၃ ပါး ( နာနာ - ကဒါစိ )
(ခ) ဝိရတီစေတသိက် - ၃ ပါး ( ။ ။ )
(ဂ) အပ္ပမညာစေတသိက် - ၂ ပါး ( ။ ။ )
(ဃ) မာန - ၁ ပါး ( ကဒါစိ )
(င) ထိန၊ မိဒျဓ - ၂ ပါး ( သဟ ကဒါစိ )
အဲတော့ အနိယတယောဂီစေတသိက်တို့မှာ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ၊ ဝိရတီစေတသိက်(၃)ပါး၊ ကရုဏာ၊ မုဒိတာ၊ မာန၊ ထိန၊ မိဒ္ဓ အားဖြင့် (၁၁)ပါး ဖြစ်သည်။
၎င်းတို့တွင် -- ဣဿာ၊ မစ္ဆရိယ၊ ဝိရတီ(၃)ပါး၊ အပ္ပမညာ(၂)ပါး ဤ(၈)ပါးတို့ကို နာနာကဒါစိစေတသိက်ဟု ခေါ်သည်။
မာနစေတသိက်ကို ကဒါစိစေတသိက်ဟု ခေါ်သည်။
ထိန နှင့် မိဒ္ဓ တို့ကို သဟကဒါစိစေတသိက်ဟု ခေါ်သည်။
++++++++++++++++
(နာနာ-ကဒါစိ) နာနာ = အသီးသီးယှဉ်ပုံ, ကဒါစိ = ရံခါ ယှဉ်ပုံ။
(သဟ-ကဒါစိ) = အတူတကှ ရံခါယှဉပြုံ။
++++++++++++++++++++
အမြဲယှဉ်သော နိယတယောဂီစေတသိက်(၄၁)ပါးတို့မှာ --
အညသမာန်းစေတသိက် (၁၃)ပါး၊ အကုသလသာဓာရဏစေတသိက် (၄)ပါး၊ လောဘ၊ ဒိဋ္ဌိ၊ ဒေါသ၊ ဝိစိကိစ္ဆာ၊ သောဘနသာဓာရဏစေတသိက် (၁၉)ပါး၊ ပညိန္ဒြေ (၁)ပါး အားဖြင့် -- (၄၁)ပါးသော စေတသိက်တို့သည် အမြဲယှဉ်သော နိယတယောဂီစေတသိက်တို့ ဖြစ်ပါသည်။
++++++++++++++++++++
စေတသိက်ပိုင်းပြီးပါပြီ။
ကောင်းစွာ ဆက်လက်နာယူမှတ်သား သင်ယူနိုင်ကြပါစေ။
မေတ္တာဖြင့်
TNO (2. 5.2020)
Thein Naing Ohn
ပကိဏ်းပိုင်း ၊ အပိုင်း (၁)
==============
အရှင်ဝါယာမသာရ _ Ashin Wayamasara ၊
သာသနာဓဇဓမ္မာစရိယ M.A.Q ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ၊
(သာသနာရေးဝန်ကြီးဌာန) (ကမ္ဘာအေး)
အဘိဓမ္မာ၊ ဋီကာ၊ ဝိသုဒ္ဓိမဂ် သင်တန်း (သင်တန်းမှူးဆရာတော်)
+++++++++++++++
ပကိဏ်းပိုင်းမည်ပုံ --
စိတ်၊ စေတသိက်တရားတို့ကို ဝေဒနာ၊ ဟိတ်၊ ကိစ္စ၊ ဒွါရ၊ အာရုံ၊ ဝတ္ထုအားဖြင့် ရောပြွမ်းပေါင်းစု၍ ပြဆိုရာ ဖြစ်သောကြောင့် ပကိဏ်းပိုင်းမည်ပါတယ်။
နာမ်တေပညာသဟူသည် --
(က) အာရမ္မဏဝိဇာနနလက္ခဏာရှိသော စိတ်အားလုံး = ၁ ပါး
(ခ) ဖုသန - စသော ကိုယ်ပိုင်လက္ခဏာရှိသော စေတသိက် = ၅၂ ပါး
ပေါင်း = (၅၃) ပါး ကိုခေါ်ပါသည်။
ထို နာမ်တေပညာသ - တရားတို့ကို ဝေဒနာ, ဟိတ်စသည်တို့ဖြင့် ရောပြွမ်း၍ ရေတွက်ပြသောကြောင့် “ပကိဏ်ပိုင်း” ဟုခေါ်ပါတယ်။ ဝေဒနာသင်္ဂဟ - စသော သင်္ဂဟ ၆ မျိုးဖြင့် အကျယ်ချဲ့ပြသောကြောင့် “သင်္ဂဟပိုင်း” ဟုလည်း ခေါ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++
သင်္ဂဟခြောက်မျိုး
၁။ ဝေဒနာသင်္ဂဟ = ဝေဒနာအမျိုးအစားအလိုက် စိတ် - စေတသိက်တရားတို့ကို ပေါင်း၍ ရေတွက်ခြင်း။
၂။ ဟေတုသင်္ဂဟ = ဟိတ် ၆ ပါးဖြင့် စိတ် - စေတသိက်တို့ကို တွဲစပ် ပေါင်းရုံး ရေတွက်ခြင်း။
၃။ ကိစ္စသင်္ဂဟ = စိတ် - စေတသိက်တို့၏ ပြုဖွယ်ကိစ္စအလိုက် တွဲစပ် ပေါင်းရုံး ရေတွက်ခြင်း။
၄။ ဒွါရသင်္ဂဟ = အာရုံဝင်ရာတံခါး (ဒွါရ) အလိုက် စိတ် - စေတသိက်တို့ကို ရေတွက်ခြင်း။
၅။ အာရမ္မဏသင်္ဂဟ = အာရုံအလိုက် စိတ် - စေတသိက်တို့ကို တွဲစပ်ပေါင်းရုံး ရေတွက်ခြင်း။
၆။ ဝတ္ထုသင်္ဂဟ = မှီရာဝတ္ထုအလိုက် စိတ် - စေတသိက်တို့ကို တွဲစပ် ပေါင်းရုံ ရေတွက်ခြင်း။
တို့ဖြစ်သည်။
+++++++++++++++++++++++++++++++++++++
ဝေဒနာသင်္ဂဟတွင် ဝေဒနာ (၃)ပါးနှင့် ဝေဒနာ(၅)ပါးဟူသည် --
အနုဘ၀နလက္ခဏာအားဖြင့် သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ အဒုက္ခမသုခဝေဒနာဟူ၍ ဝေဒနာ(၃)ပါး ဖြစ်သည်။
ဣန္ဒြိယဘေဒအားဖြင့် သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ သောမနဿဝေဒနာ၊ ဒေါမနဿဝေဒနာ၊ ဥပေက္ခာဝေဒနာ ဟူ၍ (၅)ပါး ဖြစ်သည်။
မှတ်ချက်။ ။ ဝေဒနာ(၃)ပါးသည် အနုဘ၀နလက္ခဏာအားဖြင့် ရေတွက်ခြင်းဖြစ်သည်။ ဝေဒနာ(၅)ပါးသည် ဣန္ဒြိယဘေဒနည်းအားဖြင့် ရေတွက်ခြင်းဖြစ်သည်။
ဝေဒနာ(၅)ပါးမှ (၃)ပါးဖြစ်အောင် သွင်းယူလိုသော် --
ဣန္ဒြိယဘေဒလာ သုခဝေဒနာ၊ သောမနဿဝေဒနာတို့ကို သုခဝေဒနာ၌ သွင်းရသည်။
ဣန္ဒြိယဘေဒလာ ဒုက္ခဝေဒနာနှင့် ဒေါမနဿဝေဒနာတို့ကို အနုဘ၀နနည်းအရ ဒုက္ခဝေဒနာ၌ သွင်းရသည်။
ဣန္ဒြိယဘေဒလာ ဥပေက္ခာဝေဒနာသည် အနုဘဝနလက္ခဏာနည်းအရ အဒုက္ခမသုခဝေဒနာပင် ဖြစ်သည်။
ဤသို့ ဝေဒနာ(၅)ပါးမှ ဝေဒနာ(၃)ပါး ဖြစ်ရသည်။
++++++++++++++++++++
ဝေဒနာနှင့်စိတ်တို့ကို ယှဉ်တွဲဖော်ပြရသော် -- ဣန္ဒြိယဘေဒ သုခဝေဒနာနှင့် အတူတကွဖြစ်သော စိတ်သည် သုခသဟဂုတ်ကာယဝိညာဏ်စိတ်ဖြစ်သည်။
ဒုက္ခဝေဒနာနှင့် အတူတကွဖြစ်သော စိတ်သည် ဒုက္ခသဟဂုတ် ကာယဝိညာဏ်စိတ် ဖြစ်သည်။
သောမနဿဝေဒနာနှင့်တကွ ဖြစ်သောစိတ်သည် -- လောဘမူ သောမနဿ(၄)ပါး၊ သောမနဿသန္တီရဏ၊ ဟသိတုပ္ပါဒ်၊ ကာမာဝစရသောဘန သောမနဿ(၁၂)ပါး၊ ပထမဈာန်(၁၁)ပါး၊ ဒုတိယဈာန်(၁၁)ပါး၊ တတိယဈာန်(၁၁)ပါး၊ စတုတ္ထဈာန်(၁၁)ပါး အားဖြင့် (၆၂)ပါး ဖြစ်သည်။
ဒေါမနဿဝေဒနာနှင့်တကွ ဖြစ်သောစိတ်သည် ဒေါသမူဒွေ ဖြစ်သည်။
ဥပေက္ခာဝေဒနာနှင့်တကွဖြစ်သော စိတ်သည် အကုသိုလ် ဥပေက္ခာ(၆)ပါး၊ အဟိတ်ဥပေက္ခာ(၁၄)ပါး၊ ကာမာဝစရသောဘနစိတ် ဥပေက္ခာ(၁၂)ပါး၊ ပဉ္စမဈာန်(၂၃)ပါး ပေါင်း = (၅၅)ပါး ဖြစ်သည်။
++++++++++++++++++++++++++++++++++++
ဟေတုသင်္ဂဟတွင် လောဘဟိတ်၊ ဒေါသဟိတ်၊ မောဟဟိတ်၊ အလောဘဟိတ်၊ အဒေါသဟိတ်၊ အမောဟဟိတ် ဟူ၍ ဟိတ် (၆)ပါး ရှိသည်။
ဟိတ်နှင့်မယှဉ်သော အဟိတ်စိတ်မှာ -- ပဉ္စဒွါရာဝဇ္ဇန်း၊ ဒွေပဉ္စဝိညာဏ်(၁၀)၊ သမ္ပဋိစ္ဆိုင်းဒွေ၊ သန္တီရဏ(၃)ပါး၊ ဝုဋ္ဌော၊ ဟသိတုပ္ပါဒ်ဟူ၍ ဟိတ်နှင့်မယှဉ်သော အဟိတ်စိတ်(၁၈)ပါး ရှိသည်။
++++++++++++++++++++++++++++++++++++++
ဟိတ်နှင့်ယှဉ်သော သဟိတ်စိတ်မှာ (၇၁)ပါး ရှိသည်။ ၎င်းတို့မှာ -- အကုသိုလ်စိတ်(၁၂)ပါး၊ ကာမသောဘနစိတ်(၂၄)ပါး၊ ရူပါဝစရစိတ်(၁၅)ပါး၊ အရူပါ၀စရစိတ်(၁၂)ပါး၊ လောကုတ္တရာစိတ်(၈)ပါး ဟူ၍ ဟိတ်နှင့်ယှဉ်သော သဟိတ်စိတ် (၇၁)ပါး ရှိသည်။
++++++++++++++++++++++++++++++++++++++
ဧကဟိတ်စိတ်ဟူသည် -- မောဟမူစိတ်(၂)ပါးသည် ဟိတ်(၁)ပါးနှင့်သာယှဉ်သောကြောင့် ဧကဟိတ်စိတ် မည်ပါသည်။ ယှဉ်ရာဟိတ်ကား မောဟဟိတ် ဖြစ်သည်။
ဒွိဟိတ်စိတ် ဟိတ် ၂ ပါးနှင့် ယှဉ်သောစိတ်တို့မှာ -- လောဘမူစိတ်(၈)ပါး၊ ဒေါသမူစိတ်(၂)ပါး၊ ကာမာဝစရသောဘန ဉာဏဝိပ္ပယုတ်(၁၂)ပါးဟူ၍ ဟိတ် ၂ ပါးနှင့် ယှဉ်သော ဒွိဟိတ်စိတ် (၂၂) ပါး ရှိပါသည်။
+++++++++++++++++++++++++++++++++++++++
ဟိတ်သုံးပါးနှင့်ယှဉ်သော တိဟိတ်စိတ်တို့မှာ -- ဉာဏသမ္ပယုတ်ကာမာဝစရသောဘနစိတ်(၁၂)ပါး၊ မဟဂ္ဂုတ်စိတ်(၂၇)ပါး၊ လောကုတ္တရာစိတ်(၈)ပါး ဟူ၍ ဟိတ်(၃)ပါးနှင့် ယှဉ်သော တိဟိတ်စိတ် (၄၇)ပါး ရှိပါသည်။
(မှတ်ချက်။ ။ ၎င်းတို့ကို အတိုကောက်မှတ်မိစေရန် ဇယားကို Comment ထည့်ပေးထားပါမည်။)
+++++++++++++++++++++++++++++++++++++++++++++++
ကိစ္စသင်္ဂဟလည်း Comment တွင် ဇယားထည့်ပေးလိုက်ပါမည်။ ထိုဇယားကိုကြည့်၍ ကိစ္စဘယ်နှစ်ပါး၊ ဌာနဘယ်နှစ်ပါးရှိသည်တို့ကို သိနိုင်ပါသည်။ ဒီမှာ စာအဆက်အစပ်မိရုံ အကျဉ်းမျှ ဖော်ပြပေးလိုက်ပါသည်။
ကိစ္စ(၁၄)ပါးနှင့် ဌာန(၁၀)ပါးရှိပါသည်။ (ဇယားတွင်ကြည့်ပါ) ကိစ္စ(၁၄)ပါး ရှိပါလျက် အဘယ်ကြောင့် ဌာန(၁၀)ပါးသာ ဖြစ်ရပါသနည်း?
ကိစ္စ(၁၄)ပါး ရှိသော်လည်း ဌာန(၁၀)ပါးသာ ဖြစ်ရခြင်းသည် ဒဿန၊ သဝန၊ ဃာယန၊ သာယန၊ ဖုသနကိစ္စတို့ကို ပဉ္စဝိညာဏ်ဌာနဟု တစ်ခုတည်း ပေါင်းယူထားသောကြောင့် ဌာန(၁၀)ပါးသာ ဖြစ်ရပါသည်။
+++++++++++++++++++++++++++++++++++++++++++++++
ပဋိသန္ဓေကိစ္စ၊ ဘဝင်ကိစ္စ၊ စုတိကိစ္စတပ်သော စိတ်တို့မှာ -- ဥပေက္ခာသဟဂုတ်သန္တီရဏ(၂)ပါး၊ မဟာဝိပါက်စိတ်(၈)ပါး၊ မဟဂ္ဂုတ်ဝိပါက်စိတ်(၉)ပါး အားဖြင့် (၁၉)ပါးသော စိတ်တို့သည် ပဋိသန္ဓေ၊ ဘဝင်၊ စုတိကိစ္စ တပ်ကြသည်။
++++++++++++++++++++++++++++++++++++++++++++
ကိစ္စသင်္ဂဟတွင် ကျန်ကိစ္စများကို မိမိတို့ဘာသာ ဇယားတွင်ကြည့်၍လေ့လာပါ။ ဆရာတော်မှလည်း ရှင်းပြပါလိမ့်မည်။
ထူးခြားတာလေးတွေကိုသာ ပိုမိုမှတ်မိနိုင်ရန်ရှင်းပေးသွားပါမည်။
မနောဒွါရာဝဇ္ဇန်းစိတ်သည် ပဉ္စဒွါရ၌ဖြစ်သောအခါ ဝုဋ္ဌောကိစ္စတပ်ပါသည်။
ကိစ္စ(၁၄)ပါး ဆောင်ရွက်နိုင်သော (ဝါ) ၁၄ ပါးသော ကိစ္စတပ်သော စေတသိက်တို့မှာ --- သဗ္ဗစိတ္တသာဓာရဏစေတသိက်(၇)ပါးတို့သည် ကိစ္စ(၁၄)ပါးလုံးကို ဆောင်ရွက်နိုင်ပါသည်။
အကုသိုလ်စိတ်(၁၂)ပါး၊ ကုသိုလ်စိတ်(၂၁)ပါး၊ အာဝဇ္ဇန်းဒွေကြဉ်သော ကြိယာစိတ်(၁၈)ပါး၊ ဖိုလ်စိတ်(၄)ပါး အားဖြင့်် (၅၅)ပါးသော စိတ်တို့သည် ဇောကိစ္စတပ်ပါသည်။
ဤတွင်နားပါဉီးမည်။
ဆက်လက်နာယူမှတ်သားသင်ယူလေ့လာနိုင်ကြပါစေ။
မေတ္တာဖြင့်
TNO(3.5.2020)
Thein Naing Ohn
ပကိဏ်းပိုင်း ၊ အပိုင်း (၂)
==============
အရှင်ဝါယာမသာရ _ Ashin Wayamasara ၊
သာသနာဓဇဓမ္မာစရိယ M.A.Q ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ၊
(သာသနာရေးဝန်ကြီးဌာန) (ကမ္ဘာအေး)
အဘိဓမ္မာ၊ ဋီကာ၊ ဝိသုဒ္ဓိမဂ် သင်တန်း (သင်တန်းမှူးဆရာတော်)
++++++++++++++
မနေ့က ကိစ္စသင်္ဂဟကို ညွှန်းပေးသင့်သလောက်ညွှန်းပေးခဲ့ပါတယ်။ အသေးစိတ်ကိုတော့ ဆရာတော်တရားတော်ကိုနာယူပြီး မိမိတို့ဖာသာ လေ့လာကြရမှာပါ။
ဒီနေ့လည်းကျနော်က ဒွါရသင်္ဂဟအပိုင်းကိုပဲအညွှန်းနည်းနည်းပေးပါမယ်။
ဒွါရအပြားအားဖြင့် စိတ်, စေတသိက်တို့ကို ပေါင်းယူရာဖြစ်သော သင်္ဂဟသည် ဒွါရသင်္ဂဟ - မည်ပါသည်။
ဒွါရ = ပကတိ တံခါးပေါက်သည် လူတို့၏ ဝင်ရောက်ကြောင်း ဖြစ်သကဲ့သို့ စက္ခုပသာဒ စသော တံခါးပေါက်များသည်လည်း စက္ခုဒွါရိက ဝီထိစိတ်များ စသည်တို့၏ဖြစ်ကြောင်း ဖြစ်သောကြောင့် ဒွါရ - မည်၏။ (စက္ခုဒွါရိကဝီထိ - စသည့် ဝီထိစိတ်, စေတသိက်တို့၏ ဖြစ်ကြောင်းတရား)
ဒွါရခြောက်ပါးတို့ကို အရကောက်ပြရသော် --
စက်ခုပသာဒသညျ စက်ခုဒှါရ မညျ၏။
သောတပသာဒသည် သောတဒွါရ မည်၏။
ဃာနပသာဒသည် ဃာနဒွါရ မည်၏။
ကာယပသာဒသညျ ကာယဒှါရ မညျ၏။
ဘဝင်္ဂုပစ္ဆေဒ(၁၉)ခုသည် မနောဒွါရ မည်၏။
မှတ်ချက်။ ။ ဘဝင်စိတ် ၁၉ပါးကို ဘဝင်္ဂုပစ္ဆေဒ ၁၉ပါးဟု ခေါ်ပါသည်။
စက္ခုဒွါရ၌ ဖြစ်နိုင်သောစိတ်ပေါင်းမှာ ၄၆ ပါးရှိပါသည်။ ထို့အတူ သောတ၊ ဃာန၊ ဇိဝှာ၊ ကာယဒွါရများ၌ ဖြစ်နိုင်သော စိတ်ပေါင်းကိုလည်း ရေတွက်သိရှိနိုင်ပါသည်။ စက္ခုဝိညာဏ်စိတ် ၂ ပါးနေရာတွင် (သောတဝိညာဏ် ၂ပါး၊ ဃာနဝိညာဏ် ၂ပါး၊ ဇိဝှါဝိညာဏ် ၂ပါး၊ ကာယဝိညာဏ် ၂ပါး) တို့ကို အသီးသီးပြောင်းလဲရေတွက်ပေးရုံသာဖြစ်ပါသည်။
စက္ခုဒွါရ၌ ဖြစ်နိုင်သောစိတ်ပေါင်း = ၄၆ ပါး ဟူသော်ကား --
(ပဉ္စဒွါရာဝဇ္ဇန်း = ၁ပါး) + (စက္ခုဝိညာဏ် = ၂ပါး) _ (သမ္ပဋိစ္ဆိုင်း = ၂ပါး) + (သန္တီရဏ = ၃ပါး) + (ဝုဋ္ဌော = ၁ပါး) + (ကာမဇော = ၂၉ပါး) + (တဒါရုံ_မဟာဝိပါက် = ၈ပါး) = ပေါင်း ၄၆ ပါး ဖြစ်ပါသည်။
(၂) သောတဒွါရ၌ ဖြစ်နိုင်သောစိတ်ပေါင်း = ၄၆ ပါး
(၃) ဃာနဒွါရ၌ ဖြစ်နိုင်သောစိတ်ပေါင်း = ၄၆ ပါး
(၄) ဇိဝှါဒွါရ၌ ဖြစ်နိုင်သောစိတ်ပေါင်း = ၄၆ ပါး
(၅) ကာယဒွါရ၌ ဖြစ်နိုင်သောစိတ်ပေါင်း = ၄၆ ပါး
(၆) မနောဒွါရ၌ ဖြစ်နိုင်သောစိတ်ပေါင်း = ၆၇ ပါး ရှိပါသည်။
+++++++++++++++++++++++++++++++++++++++++++
ထူးခြားတာက မနောဒွါရ၌ ဖြစ်နိုင်သောစိတ်ပေါင်းက ကွဲပြားသွားတယ် .. သူက ၆၇ ပါး။ ဘာတွေလဲ? ကြည့်ရအောင် --
(မနောဒွါရာဝဇ္ဇန်း = ၁ပါး) + (ကာမဇော = ၂၉ပါး) + (အပ္ပနာဇော = ၂၆ပါး) + (တဒါရုံ = ၁၁ပါး) = ပေါင်း ၆၇ ပါး ဖြစ်ပါသည်။
( ကာမဇော = ၂၉ ပါး နှင့် အပ္ပနာဇော = ၂၆ ပါးကို မနောဒွါရာဝဇ္ဇန်းဇောစိတ် ၅၅ ပါးဆိုပြီး ပေါင်းပြောလို့လည်း ရပါတယ်။ )
++++++++++++++++++++
ဒွါရဝိမုတ်စိတ် ၁၉ ပါး
(ဥပေက္ခာသန္တီရဏစိတ် = ၂ပါး) + (မဟာဝိပါက်စိတ် = ၈ပါး) + (မဟဂ္ဂုတ်ဝိပါက်စိတ် = ၉ပါး) = ပေါင်း ၁၉ ပါး ။ ဤစိတ် ၁၉ ပါးသည် ပဋိသန္ဓေကိစ္စ၊ ဘဝင်ကိစ္စ၊ စုတိကိစ္စတပ်ခိုက် မည်သည့်ဒွါရ၌မျှ မဖြစ်ခြင်းကြောင့် ဒွါရဝိမုတ်စိတ် မည်၏။
+++++++++++++++++++
တစ်ဒွရ၌ဖြစ်သောစိတ်
(ဒွေပဉ္စဝိညာဏ် = ၁၀ပါး) + (မဟဂ္ဂုတ် လောကုတ္တရာ (အပ္ပနာ) ဇော = ၂၆ပါး) = ပေါင်း ၃၆ပါး
++++++++++++++++++
ငါးဒွါရ၌ဖြစ်သော စိတ် ၃ပါး
(ပဉ္စဒွါရာဝဇ္ဇန်း = ၁ပါး) + (သမ္ပဋိစ္ဆိုင်း = ၂ပါး) = မနောဓာတ် ၃ ပါး
မနောဓာတ် ၃ ပါးသည် ငါးဒွါရ၌ဖြစ်၏။
++++++++++++++++++
အမြဲ ၆ ဒွါရ၌ဖြစ်သော စိတ် ၃၁ ပါး --
(သောမနဿသဟဂုတ် သန္တီရဏစိတ် = ၁ပါး) + (ဝုဋ္ဌောစိတ် = ၁ပါး) + (ကာမဇော = ၂၉ပါး) = ပေါင်း ၃၁ ပါး
+++++++++++++++++++++
ရံခါ ၆ ဒွါရ၌ဖြစ်၍၊ ရံခါ ၆ ဒွါရမှလွတ်သော စိတ် --
(ဥပေက္ခာသဟဂုတ်သန္တီရဏစိတ် = ၂ပါး) + (မဟာဝိပါက်စိတ် = ၈ပါး) = ပေါင်း ၁၀ ပါး
+++++++++++++++++++++
ဒွါရသင်္ဂဟမှတ်စုကတော့ ဒီလောက်ပါပဲ။ ဒီသရုပ်ခွဲဆောင်ပုဒ်လေးနဲ့နိဂုံးချုပ်ပါမယ်။
ဒီမှတ်စုနဲ့ဆရာတော်ဟောတာနဲ့တိုက်ဆိုင်ပြီး နာယူလိုက်မယ်ဆိုယင် ဘာကိုဆိုလိုတယ်ဆိုတာ သဘောပေါက်သွားပါလိမ့်မယ်။
ဆောင်ပုဒ်။ ။
• တစ်ဒွါရရောက်၊ သုံးဆယ့်ခြောက်၊ ငါးရောက် မနောသုံး။
• ခြောက်ဒွါရဖြစ်၊ သုံးဆယ့်တစ်၊ လွတ်+ဖြစ် - တစ်ဆယ်နှုန်း။
• မဟဂ်ဝိပါ၊ ကိုးခုမှာ၊ ခြောက်ဒွါလွတ်မြဲထုံး။
ဤတွင်နားပါဉီးမည်။
ဆက်လက်နာယူမှတ်သားသင်ယူလေ့လာနိုင်ကြပါစေ။
မေတ္တာဖြင့်
TNO(4.5.2020)
Thein Naing Ohn
ပကိဏ်းပိုင်း ၊ အပိုင်း (၃)
==============
အရှင်ဝါယာမသာရ _ Ashin Wayamasara ၊
သာသနာဓဇဓမ္မာစရိယ M.A.Q ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ၊
(သာသနာရေးဝန်ကြီးဌာန) (ကမ္ဘာအေး)
အဘိဓမ္မာ၊ ဋီကာ၊ ဝိသုဒ္ဓိမဂ် သင်တန်း (သင်တန်းမှူးဆရာတော်)
+++++++++++++++
အာရမ္မဏသင်္ဂဟ
စိတ်, စေတသိက်တို့၏ မွေ့လျော်ရာဖြစ်သော အာရုံ ၆ ပါး၊ အပြားအားဖြင့် စိတ်, စေတသိက်တို့ကို ပေါင်းယူရာဖြစ်သော စကားရပ်ကို ‘အာရမ္မဏသင်္ဂဟ’ ဟု ခေါ်ပါသည်။
အာရုံနှင့် အာရမ္မဏိကဆိုတာ ဘာလဲဆိုတော့ အာရုံပြုတတ်တဲ့ တရားကို အာရမ္မဏိကလို့ခေါ်တယ်။ အာရုံအပြုခံရတဲ့တရားကိုတော့ အာရုံလို့ခေါ်တယ်။
အာရမ္မဏ = စိတ်, စေတသိက်တို့၏ ပျော်မွေ့ရာဌာန = (အာရုံ)
အာလမ္ဗန = စိတ်, စေတသိက်တို့၏ စွဲကိုင်၍ ဖြစ်ရာဌာန = (အာရုံ)
အာရမ္မဏိက = အာရုံတို့၏ ကျက်စားရာ၊ (စိတ်, စေတသိက်များ)
‘အာရမ္မဏ’ သဒ္ဒါသည် ‘မွေ့လျော်ရာ’ ဟူသော အနက်ကို ဟောပါသည်။ (ဥယျာဉ်, ပန်းမန်တို့သည် လူတို့၏ မွေ့လျော်ရာ ဖြစ်သကဲ့သို့ ဖြစ်ပါသည်။)
‘အာလမ္ဗန’ သဒ္ဒါသည် ‘ဆွဲကိုင်အပ်’ ဟူသော အနက်ကို ဟောပါသည်။ (မစွမ်းမသန်သော လူအို, လူနာများသည် တောင်ဝှေး, ကြိုးတန်းကို ဆွဲကိုင်၍ ထရထိုင်ရသကဲ့သို့ စိတ်, စေတသိက်များသည်လည်း အာရုံတစ်ခုခုကိုစွဲ၍ ဖြစ်ကြရသည်။)
အာရုံ။ ။ တောင်ဝှေး၊ ကြိုးတန်းသည် မသန်စွမ်းသောလူအား ဆွဲကိုင်မှီတွယ်ရာ အဖြစ်ဖြင့် ကျေးဇူးပြုသကဲ့သို့၊ ဤရူပ+သဒ္ဒ+ဂန္ဓ+ရသ+ဖောဋ္ဌဗ္ဗ+ဓမ္မအားဖြင့် ခြောက်ပါးသော တရားအစုတို့သည်လည်း စိတ်+စေတသိက်တို့အား ဆွဲကိုင်မှီတွယ်ရာအဖြစ်ဖြင့် ကျေးဇူးပြုတတ်သောကြောင့် အာရုံ မည်ပါသည်။
ဒီအာရမ္မဏသင်္ဂဟနဲ့ဝတ္ထုသင်္ဂဟပိုင်းမှာတော့ ကျနော် ရှင်းလင်းချက်အညွှန်းပေးယင် ရှုပ်သွားပါလိမ့်မယ်။ ဆရာတော်ဟောတာကိုပဲနာယူကြပါ။ ကျနော်ကတော့ comment box မှာ ဇယားပုံလေးတွေထည့်ပေးလိုက်ပါမယ်။ အဲဒါနဲ့တိုက်ဆိုင်ကြည့်ပြီးနာယူနိုင်ပါတယ်။
ဒါဆို ပကိဏ်းပိုင်း ပြီးပါပြီ။
မေတ္တာဖြင့်
TNO(5.5.2020)
Thein Naing Ohn