How to live your life for yourself?


ဘဝပန်းတိုင်ဆိုတာ ပျော်ရွှင်မှုနဲ့ ဆက်စပ်နေသလား?

ရည်မှန်းထားတဲ့ ဘဝပန်းတိုင်ကို ရရှိခဲ့တဲ့ လူတိုင်းကရော ပျော်ရွှင်နေသလား?


သတ်မှတ်ထားတဲ့ ဘဝပန်းတိုင်ကို​ရောက်ဖို့ အတွေးအခေါ်နဲ့ အပြုအမူတွေကို လူတိုင်းဟာ နေ့ရက်တိုင်းမှာ ရွေးချယ်မှု ပြုလုပ်နေကြရတာပါ။


မပျော်ရွှင်သူအများစုဟာ မပျော်ရွှင်တဲ့ ဘဝပန်းတိုင်တွေကို ကိုယ်တိုင် ရွေးချယ်လေ့ရှိကြတယ်။

သူတို့ဟာ ဘယ်လို ကြီးမားတဲ့ ပန်းတိုင်တွေကိုပြောနေပါစေ၊ ပြင်ပထောက်ခံမှု (external approval) ကိုရရှိဖို့က သူတို့အတွက် အကြီးမားဆုံးပန်းတိုင်ဖြစ်နေတတ်တယ်။

လူထောက်ခံမှု မရတဲ့အလုပ်အားလုံးကို လက်ရှောင်လိုက်တတ်ပြီး၊ ထောက်ခံမှု မရရင် ဘယ်အပြောင်းအလဲကိုမှ လုပ်နိုင်မှာ မဟုတ်ဘူးလို့ သတ်မှတ်လိုက် တတ်ကြတယ်။


ပြင်ပထောက်ခံမှုတွေကို ပန်းတိုင်အဖြစ် သတ်မှတ်မိလိုက်တာနဲ့ လူတစ်ယောက်ရဲ့ သူများနဲ့မတူ တစ်မူထူးခြားချက် ( authenicity ) ဟာ စတင်ပျောက်ဆုံးသွားတယ်။

ပျောက်ဆုံးသွားတဲ့ authenicity ကြောင့် လိုချင်တဲ့ ဘဝပန်းတိုင်ထပ်၊

လူအများရဲ့ ထောက်ခံမှု၊ နှစ်သက်မှုကိုသာ ပန်းတိုင်လို့ ထင်မှတ်မှားပြီး၊ နှစ်သက်သဘောကျမှုစံနှုန်း မတူညီတတ်တဲ့ ထောင်ချောက်ထဲမှာ ပိတ်မိသွားတတ်ကြတယ်။


ပျော်ရွှင်သူတွေဟာ ကိုယ့်ရဲ့ဖြစ်တည်မှုအတွက် လူတစ်ဦးတစ်ယောက်ကပဲ ပျော်နေရင်ကို ကျေနပ်နေပြီ။

လူအများရဲ့နှစ်သက် သဘောကျမှု မလိုအပ်ဘူး။

အဲ့ဒီ မလိုအပ်မှုကြောင့် ကိုယ့်ရဲ့ authenicity နဲ့အတူ ရည်ရွယ်ထားတဲ့ ပန်းတိုင်ဟာလည်း အမြဲထင်ထင်ရှားရှား ရှိနေတတ်တယ်။

သူတို့ရဲ့ အတိတ်နဲ့ အနာဂတ်က ပစ္စုပ္ပန် ပျော်ရွှင်မှု အပေါ် သက်ရောက်မှု မရှိပါဘူး။


လူတွေရဲ့ အသိအမှတ်ပြုခံရခြင်းထပ် ၊ ကိုယ့်ကိုယ်ကို အသိအမှတ်ပြုတတ်ဖို့ပဲ လိုပါတယ်။

ပန်းတိုင်ကို ရောက်မှ ပျော်ရွှင်မှုခံစားရမယ်လို့ မှတ်ယူထားရမှာ မဟုတ်ဘဲ၊နေ့စဥ်လျောက်လှမ်းနေစဥ် အချိန်မှာ မိမိကိုယ်ကို မမေ့မလျော့ တန်ဖိုးထား အသိအမှတ်ပြုတတ်မှ ကိုယ်ရည်ရွယ်တဲ့ ပန်းတိုင်ကို လျောက်လှမ်းရာ လမ်းခရီးမှာ ပျော်ရွှင်မှု အငွေ့အသက် ကို ခံစားနိုင်မှာပါ။


ဒီအချက်နဲ့ မပြည့်စုံတဲ့ လူတွေကတော့ ဘဝမှာ မပျော်ရွှင်နိုင်တဲ့ ပန်းတိုင်​များစွာကို ရှာဖွေချမှတ်ရင်း အချိန်ကုန်နေပါဦးမယ်။


"You have to live your life for yourself.

Not to satisfy someone else's expectation or recognition"


#epknoteforthought


#howtohavethecouragetobedisliked