Susan Cain
Introvert တစ်ယောက်ဖြစ်တဲ့ Susan Cain ဟာ Western society မှာ အဓိက အလေးပေးတတ်တဲ့ Extroversion စံနှုန်းကြောင့် သူမဘဝမှာ ခံစားတွေ့ကြုံခဲ့ရတာတွေအတွက် ပြန်လည်တုံ့ပြန်ဖို့ အဖြေကိုရှာဖွေရင်း Quiet ဆိုတဲ့ စာအုပ်ကိုရေးသားခဲ့တယ်။
ရှေ့နေအလုပ်ကနားပြီး သူမ ပထမဆုံးရေးသားခဲ့တဲ့ စာအုပ်မှာတင် #1 New York Times Bestseller List ကို ၈ နှစ်တိုင်တိုင် ဝင်ရောက်နိုင်ခဲ့တယ်။
ဒီစာအုပ်မှာ Intovert နဲ့ Extrovert ကို Susan Cain အဓိပ္ပါယ် ဖွင့်ဆိုထားတာကို သဘောကျမိတယ်။
Introvert ေတွဟာ တစ်နေ့တာရဲ့အစကို Energy အပြည့််နဲ့စတင်တတ်ပြီး လူတွေနဲ့တွေ့ထိဆက်ဆံမှု များလာတဲ့ ညဘက်ရောက်လာလေလေ သူတို့ရဲ့ Energy Level ဟာ တဖြည်းဖြည်းကျဆင်း လာတတ်ပြီး၊ တစ်ဖက်မှာတော့ Extrovert တွေဟာ တစ်နေ့တာကို Energy အနည်းဆုံးနဲ့သာစတင်ပြီး လူတွေနဲ့တွေ့ထိ ဆက်ဆံရမှုများလာလေလေ Energy Level တဖြည်းဖြည်း မြင့်တက် လာတတ်တဲ့ သဘာဝရှိသူတွေဖြစ်တယ်။
လူတစ်ယောက်ရဲ့ Personality Type ဟာ Nature (မွေးရာပါ) သာမက Nurture (Environment ဆိုတဲ့ ပြင်ပအတွေ့အကြုံလွှမ်းမိုးမှု) ရောကြောင့်ပါ ဖြစ်ပေါ်လာတယ်ဆိုတာ လူတိုင်း လက်ခံကြတယ်။
လူတွေဟာ မွေးဖွားလာကတည်းက Introvertion (or) Extrovertion ကို မွေးရာပါ ပိုင်ဆိုင်လာပြီးသား ဆိုတာကို သိသာစေခဲ့တဲ့ စမ်းသပ်မှုတစ်ခုကို ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စိတ်ပညာရှင် Jerome Kagan က အယောက် (၅၀၀) သော လသားအရွယ်ကလေးငယ်တွေရဲ့ တုံပြန်မှုကို လေ့လာရာကနေ Intovert နဲ့ Extrovert ရဲ့ကွာခြားချက်ကို တွေ့ရှိခဲ့တယ်။
ဦးနှောက်ထဲမှာရှိတဲ့ Emotions Bank လို့ တင်စားခေါ်ဝေါ်ကျတဲ့ Amygdala ဟာ အာရုံခံစားမှုမျိုးစုံကို ပထမဆုံးလက်ခံရတဲ့နေရာဖြစ်ပြီး၊ ဘယ်လိုပြန်လည်တုံ့ပြန်မလဲ ဆုံးဖြတ်ရတဲ့ အရေးကြီးတဲ့နေရာတစ်ခုပါ။
အရက်ပြန်တို့ထားတဲ့ ဂွမ်းနဲ့ အနံ့အာရုံကို ခံစားနေေစရင်း၊ ဘောလုံးဖောက်လိုက်တဲ့ အသံကို တုံ့ပြန်တဲ့ လသားအရွယ်ကလေးတွေမှာ
High Sensitive Amygdala ကြောင့် ငိုယိုပြီးတုံ့ပြန်တဲ့အုပ်စု နဲ့
Low Sensitive Amygdala ကြောင့် ဘယ်လိုမှ ပြန်လည်တုံ့ပြန်ခြင်းမရှိတဲ့အုပ်စု ဆိုပြီး တူညီတဲ့ပြင်ပလှုံ့ဆော်မှုကိုပဲ မတူညီတဲ့ ပုံစံနှစ်မျိုးနဲ့ တုံ့ပြန်ခဲ့တဲ့ အုပ်စု (၂) စုကို ဖော်ပြထားခဲ့တယ်။
ငိုယိုပြီး ပြန်လည်တုံ့ပြန်ခဲ့တဲ့ ကလေးငယ်တွေဟာ ကြီးလာတဲ့အခါ တစ်ခုထပ်ပိုတဲ့ ပြင်ပလှုံ့ဆော်မှုတွေကို မကြိုက်တဲ့ Introvert တွေဖြစ်လာပြီး၊
ပြင်ပလှုံ့ဆော်မှုတွေကို ပြန်လည်တုံ့ပြန်မှုမရှိတဲ့ ကလေးတွေဟာ လှုံဆော်မှုတွေကိုလိုက်လံရှာဖွေတတ်တဲ့ Extrovert တွေဖြစ်လာတာတွေ့ရတယ်။
ဒီသုတေသနကနေ Emotions Bank လို့ခေါ်တဲ့ Amygdala ဟာ ပတ်ဝန်းကျင်လွှမ်းမိုးမှုတွေမရှိသေးတဲ့ မွေးကင်းစအရွယ်တည်းက လူတစ်ယောက်နဲ့တစ်ယောက် တုံ့ပြန်ပုံခြင်း ကွာခြားတာကို မြင်သာစေပါတယ်။
အဲ့တော့ မွေးရာပါ Personality Trait တစ်ခုက ကျမတို့ဘဝမှာ တသမတ်တည်းဖြစ်နေတော့မှာလား ?
Jerome Kagan
Brian Little
Professor Brian Little ရဲ့ "Free Trait Theory" အရ လူတွေဟာ Personality Type တစ်ခုကနေ အခြားတစ်ခုကို ကိုယ်အမှန်တကယ်စိတ်ပါဝင်စားတဲ့အလုပ် (Core Personal Project) ကို လုပ်နေရချိန်မှာ တစ်ခဏ ပြောင်းလဲလို့ရတယ်လို့ဆိုတယ်။
Personality Trait ဟာ Fixed Trait နဲ့အမြဲတမ်း မသွားဘဲ Free Trait အနေနဲ့လည်း စွမ်းဆောင်နိုင်တယ်ဆိုတာကို နားလည်စေခဲ့တဲ့ Theory တစ်ခုပါ။
ခလုတ်တစ်ခုကို နှိပ်လိုက်သလိုပဲ Introvert တစ်ယောက်ဟာ ကိုယ်အမှန်တကယ်စိတ်ပါဝင်စားတဲ့အလုပ်တစ်ခုလုပ်နေရချိန်မှာ Introversion mode ကနေ Extrovertion mode ကို ပြောင်းလဲ ပြုမူနိုင်တယ်။
ဒါပေမယ့် ကိုယ့်ရဲ့ ပင်ကိုယ်ဗီဇ အမျိုးအစားအရ Introvert သမားဟာ တိတ်ဆိတ်တဲ့နေရာမှာ တစ်ယောက်တည်းပြန်နေပြီး Energy ယူရတာမျိုး ပြန်လည်လုပ်ပေးဖို့တော့ လိုအပ်တယ်လို့ Professor Brian Little ကသူ့ရဲ့စာသင်ကြားခြင်း အတွေ့အကြုံကိုအခြေခံပြီး ဒီ Theory ကို ရေးသားခဲ့တယ်။
Core Personal Project ဆိုတာကို သိရှိမှ ဒီ Switch Mode ကို On/Off လုပ်နိုင်လိမ့်မယ်လို့လည်း ဆိုထားတယ်။
ကိုယ့်ရဲ့ Core Personal Project ဆိုတာကို သိရှိနိုင်စေဖို့ ဒီမေးခွန်း (၃) ခု
ကို အရင်ဆုံး ဖြေဆိုဖို့လိုအပ်လိမ့်မယ်။
(၁) "ကိုယ့်ကို ဘယ်အရာက စိတ်အားထက်သန်စေသလဲ" (Passion)
(၂) "ဘယ်လိုပုံစံနဲ့ အလုပ်မျိုးက အမှန်တကယ် ဆွဲဆောင်နိုင်သလဲ"
(Enthusiasm)
(၃) "ဘယ်အရာက ကိုယ့်ကို သူတစ်ပါးအပေါ် စံနမူနာထား အားကျမိစေသလဲ" (Role model)
ဒီမေးခွန်း (၃) ခုကို မှန်ကန်အောင်ဖြေဆိုနိုင်တဲ့ သူတွေသာ Introversion to Extroversion Switch Mode ကို ပြောင်းလဲ ထိန်းချုပ်နိုင်လိမ့်မယ်လို့ လမ်းညွှန်ရေးသားထားကို မျှဝေပေးလိုက်ရပါတယ်။
#epknoteforthought
#howtoswitchintroversiontoextroversion
#Quiet