"Every Action you take is a Vote for a person you want to become"
"Every Action you take is a Vote for a person you want to become"
ချမ်းသာ ပျော်ရွှင်စေတဲ့ ဘဝနေနည်းကို ရရှိပိုင်ဆိုင်စေနိုင်တဲ့ အချက်နှစ်ချက်ထဲမှ ကံတရား နဲ့ အလေ့အကျင့် မှာ တစ်ခုတည်းသော ကျမတို့ ထိန်းချုပ်လို့ရတဲ့ အရာက အလေ့အကျင့်ပဲ ဖြစ်တယ်။
အရှေ့တိုင်း အယူအဆနဲ့ ယုံကြည်သူတွေက ကံတရားကို ပိုမို ယုံကြည်တတ်ကြပေမယ့် အနောက်တိုင်းသမားတွေကတော့ ကံတရားအတွက် ဆုတောင်းခြင်းမှာ အချိန်သုံးခြင်းထပ် ကောင်းမွန်တဲ့ အလေ့အကျင့်တည်ဆောက်မှုမှာသာ ပိုမိုအာရုံစိုက်ကြတာ တွေ့ရတယ်။
(3) layers of behavior change
နောက်ဆုံးရလဒ်ဆိုတဲ့ outcome ကိုသာ အလေးပေးတတ်ကြတဲ့ society မှာ James Clear က " Your outcomes in life are lagging measure of your habits" လို့ ရေးသားထားတယ်။
3 layers of behavior change မှာ identitiy ဆိုတဲ့ innermost cycle ကနေစ အရင်ဆုံး စတင်ရမှာဖြစ်ပြီး၊ ဒုတိယအဆင့်အနေနဲ့ system ဆိုတဲ့ habit တည်ဆောက်ဖို့ middle layer ကို အာရုံစိုက်ရမှာပဲဖြစ်တယ်။ အဲ့နေရာကမှ outtermost layer လို့ခေါ်တဲ့ outcome အလိုလိုရရှိလာမှာပါ။
Identity အတွက် အရေးကြီးဆုံးက Self- reflection နဲ့ System အတွက် လိုအပ်တာက Action ဖြစ်ပြီး၊ ဒီနှစ်ချက်ကသာ ကျမတို့ရဲ့ထိန်းချုပ်မှုအောက်မှာရှိပြီး ၊ Outcome ဟာ ဒီ layers 3 ခုမှာ ကျမတို့ ထိန်းချုပ်လို့မရတဲ့ တစ်ခုတည်းသော အရာပါ။
မာရသွန်အပြေးသမားတစ်ယောက် ဖြစ်ဖို့ဆိုတဲ့ (outcome) မဖြစ်ခင်မှာ အပြေးသမားတစ်ယောက်ဆိုတဲ့ (identity) အရင်ဆုံး ဖြစ်ရမှာပဲဖြစ်တယ်။
ဒီ ခိုင်မာတဲ့ identity ကနေ လိုအပ်တဲ့ လေ့ကျင့်မှုနဲ့ သက်လုံကောင်းခြင်း ဆိုတဲ့ (system) ကို မဆုတ်မနစ် လေ့ကျင့်မွေးမြူရမှာပဲဖြစ်တယ်။
အလေ့အကျင့်ဆိုတဲ့ system ဟာ outcome ဆိုတဲ့ နောက်ဆုံးရလာဒ်ထပ် အရင်လာတာဆိုတဲ့ အသိကို မမေ့ဖို့လိုအပ်ပါတယ်။
"CCRR" ဆိုတဲ့ "Behaviors loop" ကွင်းဆက် (၄) ခု က အလေ့အကျင့်သစ်တစ်ခုကို တည်ဆောက်ဖို့ ပိုမိုလွယ်ကူစေသလို၊ အလေ့အကျင့်ဟောင်းတစ်ခုကိုလည်း ပိုမိုလွယ်ကူစွာ အစားထိုး ဖျောက်ပစ်နိုင်တယ်လို့ ဆိုတယ်။
ကိုယ်လိုချင်တဲ့ အလေ့အကျင့်အသစ် တစ်ခုအတွက် Behaviors loop ကို အောက်ပါအတိုင်း ပြင်ဆင်ရမှာဖြစ်တယ်။
(1) Cue: Make it obvious - မျက်စိရှေ့မှာ ထင်သာမြင်သာရှိအောင်ထားပါ။
(2) Craving: Make it attractive- ဆွဲဆောင်မှုရှိအောင် ကြိုတင်ဖန်တီးထားပါ။
(3) Response: Make it easy-လက်တစ်ကမ်းအလိုမှာ အလွယ်တကူလုပ်နိုင်အောင် ပြင်ဆင်ထားပါ။
(4) Reward: Make it satisfy- လုပ်ဆောင်မှုအတွက် ကျေနပ်မှုရရှိပါစေ။
ကိုယ်မလိုချင်တဲ့ အလေ့အကျင့်ဟောင်းတစ်ခုအတွက် Behaviors loop ကို ဆန့်ကျင်ဘက် စဥ်းစား ပြင်ဆင် လေ့ကျင့်ရမှာပါ။
သင်ရဲ့ အမူအကျင့် တစ်ခုစီတိုင်းဟာ သင်ဘယ်လိုလူဖြစ်ချင်သလဲ ဆိုတဲ့ ပန်းတိုင်အတွက် ကိုယ်တိုင်ပေးတဲ့ မဲဆန္ဒလေးတွေ ဖြစ်လာမှာဆိုတဲ့ "Every action you take is a vote for a person you want to become” အဆိုကတော့ ကိုယ်ကိုယ်တိုင်သာ ကိုယ်ဘဝရဲ့ ပဲ့ကိုင်ရှင်ဆိုတာကို ပေါ်လွင်စေခဲ့တယ်။
တစ်နေ့ကို 1% ပဲတိုးတက်အောင်ကြိုးစားသူတစ်ယောက်ဟာ ၃၆၅ ရက်တာ ဆိုတဲ့ တစ်နှစ်ကာလကြာမြင့်လာတဲ့အခါမှာ 37% growth အနေနဲ့ တိုးတက်လာနိုင်ပြီး၊ တစ်ဖက်မှာတော့ တစ်နေ့ကို 1% ပဲ တိုးတက်ရာ မရှာဖွေဘဲ ဆုတ်ယုတ်သွားလျှင် တစ်နှစ်အကြာမှာ 94% deceleration ဆုတ်ယုတ်နိုင်တယ်။
Element ဆိုတဲ့ ဒြပ်စင်တစ်ခုမဖြစ်လာခင် Atom ဆိုတဲ့ အနုမြူလေးတွေရဲ့ အရေးပါပုံနဲ့ Habit ကို နာမည်ပေး တင်စားခေါ်ဝေါ်ထားတဲ့ စာအုပ်တစ်အုပ်အဖြစ် ရေးသားထားမိပါတယ်။
#epknoteforthought
#howtoseehabitasatom
#atomichabit