(1) Integrating left and right brain (Horizontal Integration)
ကျမတို့တွေ Left Brain ကို Focus လုပ်မိတဲ့အခါ Logical thinking ဖြစ်လာတယ်။
Right Brain ကို Focus လုပ်မိတဲ့အခါ Emotional thinking ဖြစ်လာတယ်။
ကလေးတစ်ယောက်ရဲ့ ဦးနှောက်ကို လေ့ကျင့်ပေးတဲ့ အခါမှာ ဘယ်ဘက်နဲ့ညာဘက်ရဲ့ တွေးခေါ်နိုင်စွမ်းအား မျှတအောင် တွေးတတ်ဖို့ လေ့ကျင့်ပေးရမှာ ဖြစ်တယ်။
ဘာလို့လဲဆိုေတာ ့Left Brain ကိုပဲ အသုံးပြုပါများလာရင် ခံစားချက်မရှိတဲ့ စက်ရုပ်တစ်ရုပ်ထပ် မပိုဘူးတဲ့။
Right Brain ကိုပဲ အသုံးပြုမှုများလာရင် သေးသေးဖွဲဖွဲ ကိစ္စလေးတွေကစ ထိခိုက်ခံစားလွယ်တဲ့ အငုိသန် ကလေးတစ်ယောက် ဖြစ်လာလိမ့်မယ်တဲ့။
အသက် ( ၃ ) နှစ် အောက် ကလေးတေွ မှာ Right Brain သာ Dominant ဖြစ်နေတတ်တဲ့ သဘာဝကို နားလည်ထားဖို့လိုတယ်။ ကလေးဟာ အငိုသန်ပြီး Emotional ဖြစ်နေတဲ့ အချိန်မှာ သတိထားရမှာက Logical side (ဘယ်ဘက်ခြမ်းကို) ချက်ချင်းပြောင်းဖို့ မလွယ်ကူတဲ့ အတွက် " First Connect and then Redirect" နည်းလမ်းကို အသုံးပြုရမယ်လို့ ရေးသားထားတယ်။
Connect ဆိုတာ အရင် သူပြောတာကို လက်ခံပါ၊ ထောက်ခံပါ၊ ကိုယ်ချင်းစာစိတ်နဲ့ ပြန်ပြောပေးပါ။ လိုအပ်ရင်သူ့ Eye level နဲ့တစ်တန်းတည်းထားပြီး ကြည့်ပါ။ အဲ့ Connection မမိဘဲ Logical thinking တွေဖြစ်တဲ့ "မှားတယ်၊ ဘာလို့အဲ့လို ငိုနေရတာလဲ၊ အဓိပ္ပါယ်မရှိဘူး" စတဲ့ အဓိပ္ပါယ်တွေကို စကားလုံး အားဖြင့်ေသာ်လည်းကောင်း၊ ကိုယ်အမူအရာ အားဖြင့်သော်လည်းကောင်း အရင် မပြောမိ၊ မလုပ်မိပါစေနဲ့။
အဲ့အချိန်မှာ ကလေးခံစားနေရတဲ့ ညာဘက်ဦးနှောက်(emotional side)လို ကိုယ်လဲ လိုက်ခံစားပေးဖို့ လိုအပ်ပါတယ်။ ကလေးနဲ့ကိုယ်နဲ့ Connection တစ်ခု မိပြီလို့ ခံစားလိုက်ရတဲ့ အခါမှ ကလေးရဲ့ ဘယ်ဘက်ဦးနှောက်ဘက် (logical side)ကို focus ရွှေ့ပြောင်းအောင် Horizontal integration တဖြည်းဖြည်း လုပ်ပေးရမှာပဲ ဖြစ်တယ်။
ဒီလုပ်ဆောင်ချက်အတွက် ကျမတို့ဟာ စိတ်ရှည်ဖို့လိုတယ်၊ ကိုယ်ချင်းစာတတ်ဖို့လိုပါတယ်၊ ကလေးတစ်ယောက်လို အပြစ်ကင်းစင်စွာ၊ ရိုးရှင်းစွာစဥ်းစားတတ်ဖို့လည်း လိုပါတယ်။
(2) Integrating upstairs and downstairs brain (Vertical Integration)
ဦးနှောက်ကို အပေါ်ပိုင်း နဲ့ အောက်ပိုင်း အခန်းနှစ်ခန်း အနေနဲ့ ပိုင်းခြားပြထားတယ်။
Downstairs brain ကတော့ အသက်ရှင်ဖို့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ အသက်ရှူခြင်း၊ အန္တရာယ်မှ ရှောင်ရှားရန်တုံ့ပြန်မှု နဲ့ ပြင်းထန်တဲ့ စိတ်ခံစားမှုတွေဖြစ်တဲ့ ဒေါသ၊ ကြောက်ရွံမှု အစရှိတာတွေကို automatic လုပ်ဆောင်ပေးရတဲ့အတွက်ကြောင့် "Act before thinking" လို့ သုးံနှုန်းကြတယ်။ တစ်နည်းအားဖြင့် ကိုယ့်ရဲ့ ကိုယ်ရံတော် တပ်မှူးေလးနဲ့ တူတယ်။
Upstairs brain ကတော့ အသက်ရှင်ရန် အဆင့်မြင့်လိုအပ်ချက်တွေဖြစ်တဲ့ တွေးခေါ်ပုံ၊စိတ်ကူးပုံ၊ မှန်ကန်စွာ ဆုံးဖြတ်ချက်ချပုံ ၊ စိတ်ခံစားမှုတွေကို ထိန်းချုပ်ပုံ တွေကို လုပ်ဆောင်ပေးရတဲ့ "Think before acting" လို့ခေါ်ဝေါ်ကြပါတယ်။ ပညာရှိ ဝမ်းတွင်းပုဏ္ဏာလေး နဲ့တူပါတယ်။
Downstairs brain ဟာ ငယ်စဥ်ကလေးဘဝတည်းက ရနိုင်သော်လည်း Upstairs brain ကတော့ သင်ယူလေ့လာမှုနဲ့ အတွေ့အကြုံအချို့ လိုအပ်တဲ့အတွက် အသက် ၂၀ ကျော်လောက်မှပဲ Maturity level ကို ရနိုင်တယ်လို့ ဆိုထားတယ်။
ဒီ Vertical integration ဖြစ်တဲ့ downstairs ကနေ upstairs တတ်ဖို့ လှေကားထစ်လေးတွေကို ကလေးတွေဟာ သူတို့အနီးစပ်ဆုံးသော လူတွေဆီကနေ အတုယူပြီး တည်ဆောက်နေကြတာပါ။
အဲ့ဒီ အနီးစပ်ဆုံးလူတွေဟာ ကလေးရဲ့မိဘနဲ့ မိသားစုဝင်တွေပါပဲ။
ကိုယ့်ကလေးကို ဘယ်လိုတွေးခေါ် ပြီး ဆုံးဖြတ်ချက်ချရမလဲဆိုတာကို ကိုယ်ကိုယ်တိုင် လိုက်နာပြီး လုပ်ပြမှ လိုချင်တဲ့အခြေခံအုတ်မြစ်ကို ခင်းပေးနိုင်မှာပါ။
ကျမတို့ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်သွားတဲ့အရာတွေအားလုံးကို သိစိတ်နဲ့သာမက၊ မသိစိတ်ကပါ လေ့လာသင်ယူမိ လိုက်ကြတာပါ။
လူတစ်ယောက်ရဲ့ personality ဟာ သူ့ပတ်ဝန်းကျင်က အနီးကပ်ဆုံး လူ ( ၅) ယောက်ရဲ့ ပျမ်းမျှသာ ဖြစ်တယ် ဆိုတဲ့ "Circle of five" သဘောတရားဟာ ကလေးအတွက်ရော လူကြီးအတွက်ပါ မှန်ကန်ပါတယ်။
ဒီ parenting tips တွေဟာ မိဘက ကလေးတစ်ယောက်ကို ပျိုးထောင်ပေးရုံတင်ပဲ အသုံးပြုရမှာမဟုတ်ဘူးလို့ သုံးသတ်မိတယ်။
Emotional side ဘက်ကို ရောက်နေတဲ့ သင့်ကိုသင် logical side ဘက်ကို ပြန်ကူးပြောင်းလာအောင် ဘယ်လိုလုပ်မလဲ?
Act before thinking ဖြစ်တတ်တဲ့ personality ကနေ Think before acting side ကို ဘယ်လို တက်လှမ်းမလဲ?
အဲ့လို ကိုယ့် character ကို balanced ဖြစ်အောင် ဦးနှောက်ကို ဘယ်လို အသုံးချပြီး နယ်ပယ်နှစ်ခုကို ချိတ်ဆက်မလဲဆိုတဲ့ နည်းလမ်းကောင်းတွေကို ဒီစာအုပ်ကေန မှတ်သား လိုက်မိပါတယ်။
#epknoteforthought
#howtonurtureyourchild'sbrain
#thewholebrainchild