BCG Matrix Vs Bad Emotions
လတ်တလော သဘောကျေနမိတဲ့ Boston Consulting Group (BCG) Matrix ဟာ ငွေကြေးစီးဆင်းမှုနဲ့ ထုတ်ကုန်တွေကို တိုင်းတာဖို့ အသုံးပြုတဲ့ နာမည်ကြီး ရှုထောင့်တစ်ခုဖြစ်တယ်။
ထုတ်ကုန်တွေမှာလည်း သူ့ Life cycle နဲ့ သူရှိကြသလိုပဲ လူတွေရဲ့ Emotions တွေမှာလည်း သူ့ Life cycle နဲ့သူ ရှိမှာပဲ လို့ ချိတ်ဆက် စဥ်းစားမိတယ်။
(1) Question Marks (The introduction phase)
ဆိုတဲ့ အတိုင်းပဲ ဒီ introduction phase မှာရှိတဲ့ ထုတ်ကုန်တွေဟာ ကိုယ့်အတွက် ဝင်ငွေ ရှာပေးနိုင်၊ မရှာပေးနိုင် မသေချာသေးဘူး။ စျေးကွက်မှာလည်း မပေါ်သေးတဲ့ ထုတ်ကုန်မျိုးတွေပေါ့။
ဒီလို သဘောတရားရှိတဲ့ Emotions ဟာ Bad Emotions ထဲမှာဆိုရင် ANXIETY (စိုးရိမ်ပူပန်မှု), AMBIVALENCE (ရှုပ်ထွေးမှု) တို့ပဲ။
စိုးရိမ်ပူပန်မှု နဲ့ ရှုပ်ထွေးမှု တွေဟာ မသေချာမှုနဲ့ရင်ဆိုင်ရရင်၊ အခြေအနေအသစ်တစ်ခုနဲ့ ရင်ဆိုင်ရတဲ့အခါမှာ လူတိုင်း မရှောင်ပြေးနိုင်တဲ့ စိတ်ခံစားချက်တွေပဲ။
ဒီ phase မှာရှိတဲ့ ခံစားချက်တွေကို လူတော်တော်မျာများက ကိုယ့်အတွက် ကောင်းကျိုးပေးနိုင်ပါ့မလားလို့ ဒွိဟ ဖြစ်တတ်ကြတယ်။
Kelly McGonigal ရဲ့ Upside of stress စာအုပ်ကို ဖတ်ပြီးကတည်းက ဒီခံစားချက်တွေကို productive pattern ဖြစ်အောင်လုပ်မလား ၊ destructive pattern ဖြစ်အောင်လုပ်မလား ဆိုတာဟာ ကိုယ့်ရဲ့ ရွေးချယ်မှု အပေါ်မှာပဲ မူတည်တာလို့ အမြင် ပြောင်းလဲလာခဲ့တယ်။