Never Think A Step is Too Small !
Never Think A Step is Too Small !
"Consistency is what transforms AVERAGE into EXCELLENCE"
အောင်မြင်သူတွေဟာ သူတို့လိုချင်တဲ့ ပန်းတိုင်အကြီးကြီးကို ရောက်ဖို့ အလေ့အကျင့် သေးသေးလေးတွေကို ကိုယ်တိုင် စုဆောင်းတည်ဆောက်တတ်ကြတယ်။
အများစုသောလူတွေက အလေ့အကျင့်အသစ်တစ်ခုတည်ဆောက်ဖို့ မြင်သာထင်ရှားတဲ့ ပြောင်းလဲလုပ်ဆောင်မှု ကြီးကြီးကစလုပ်ရမယ်လို့ တွေးထင်တတ်ကြတယ်။
ဒါပေမယ့် ဒီလိုပြောင်းလဲလုပ်ဆောင်မှုကြီးကြီးက ပြဿနာကြီးကြီးမားမား ရှိနေပါတယ်။ စိတ်အားတက်ကြွမှု ကြီးကြီးမားမား အချိန်တိုင်းမရှိနေဘဲ ပြောင်းလဲမှုကြီးကြီးမားမားကို မလုပ်နိုင်ကြတဲ့ ပုံမှန် လူ့စိတ်သဘောသဘာဝကြောင့်ပဲ ဖြစ်တယ်။
ဒီ စိတ်အားတက်ကြွမှုကို ဘယ်လိုမျိုး ရှာဖွေကြမလဲ?
တစ်နေ့တာလုပ်ဆောင်ချက်ရဲ့ ၄၅% ဟာ ကျမတို့မသိဘဲ လုပ်နေမိတဲ့ ပုံမှန် အလေ့အထတွေကနေ လွှမ်းမိုးနေတယ်လို့ Duke university က လေ့လာမှုတစ်ခုကနေ သိရတယ်။
ဒီလို အသိစိတ်ကစေခိုင်းစရာမလိုဘဲ အလိုလို ဖြစ်နေတတ်တဲ့ အလေ့အထတွေဟာ ကျမတို့ စိတ်ပင်ပန်းဖိအားများပြီး ဆုံးဖြတ်ချက်ကောင်းမွန်စွာမချနိုင်တဲ့ အချိန်မျိုးမှာဆို ပိုမိုပြီး အလိုလျောက်လုပ်လိုက်မိတတ်ကြတယ်လို့ဆိုတယ်။
ပြင်ပလွှမ်းမိုးမှုတွေကိုရှောင်လွှဲနေဖို့ခက်တဲ့ ယနေ့ခေတ်ကြီးမှာ ဖိအားများခြင်းဟာလည်း အမြဲတစေ တွဲလျက်ပါရှိနေမှာဖြစ်ပြီး၊ ဒီလို စိတ်ပင်ပန်းတဲ့ အချိန်တိုင်း ကိုယ့်ကို ဦးဆောင်ခေါ်သွားပေးမယ့် Autopilot System တစ်ခုဖြစ်တဲ့ Habit ကို ဂရုတစိုက်ရွေးချယ်ပျိုးထောင်ဖို့ လိုအပ်နေပြီပဲ ဖြစ်တယ်။
ဒီစာအုပ်မှာ နားလည်မိလိုက်တာက လူတစ်ယောက် အလေ့အကျင့်အသစ်တစ်ခုတည်ဆောက်ဖို့အတွက် လုပ်ဆောင်ချက်တစ်ခုပြုလုပ်ဖို့ရာမှာ Motivation လိုအပ်တယ်ဆိုတဲ့ အတွေးကို ပြောင်းလဲတွေးခေါ်စေခဲ့တာပဲဖြစ်တယ်။
Motivation ဆိုတဲ့စိတ်အားတက်ကြွမှုဟာ Excuse ဆိုတဲ့ အကြောင်းပြချက် တွေကို လိုက်လံရှာဖွေနေတတ်တဲ့ သားကောင်ပါတဲ့။
စာရေးသူ Stephen Guise က သူတည်ဆောက်ဖို့ခက်ခဲနေတဲ့ တစ်နေ့ မိနစ် (၃၀) လေ့ကျင့်ခန်းလုပ်မယ်ဆိုတဲ့ အလေ့အကျင့်အစား တစ်နေ့ ဒိုက်ထိုး (၁) ကြိမ်သာ မှန်မှန်မပြတ်အောင် လုပ်မယ်လို့ သူ့ကိုယ်သူပြောင်းလဲ စိန်ခေါ်ခဲ့တယ်လို့ဆိုတယ်။
Exercise Enthusiast တစ်ယောက်ဖြစ်တဲ့သူ့အတွက် တစ်နေ့တစ်ကြိမ်ဒိုက်ထိုးခြင်း လေ့ကျင့်ခန်းဟာ အင်မတန်သေးငယ်လွန်းပြီး ရယ်စရာလည်းအလွန် ကောင်းလှတယ်။ ဒီလို လုပ်ဆောင်ချက်သေးသေးလေးကို မလုပ်ချင်ဘူးဆိုတဲ့ Excuse ကိုရှာမတွေ့နိုင်အောင် သူကိုယ်တိုင်ပဲ ဖန်တီးလိုက်တယ်။ ကိုယ့်ကိုယ်ကိုပေးထားတဲ့ ကတိသေးသေးလေး ကိုတော့ အနည်းဆုံးတည်ရမှာပေါ့ဆိုတဲ့ Willpower ကို Motivation အစား မှီခိုဖို့ ဆုံးဖြတ်လိုက်တယ်။ နောက်ဆုံးမှာတော့ သူလိုချင်တဲ့ Golden habit ဆီကို ခေါ်ဆောင်ပေးနိုင်သွားခဲ့တဲ့ ဒီ တစ်ကြိမ်သာ ဒိုက်ထိုးခြင်းနည်းလမ်း ကို 'Golden Push Up' လို့ ကင်ပွန်းတပ် ခေါ်ဝေါ်ခဲ့တယ်။
သေးငယ်တဲ့ အလေ့အကျင့်မှာ မမြင်ရတဲ့ စွမ်းအား (၃) ခု ရှိတယ်လို့ ရေးသားထားတယ်။ (Three Hidden Power of Mini Habits)
(၁) သေးငယ်တဲ့ လုပ်ဆောင်ချက်ကို လုပ်နိုင်ရုံသာမက နောက်ထပ်ဆက်လက်လုပ်ချင်စိတ် အလိုလို လိုက်ပါလာလိမ့်မယ်ဆိုတဲ့ "Post-movement motivation" စွမ်းအား
(၂) ပြီးမြောက်အောင် လုပ်ဆောင်နိုင်မယ်လို့ မိမိကိုယ်ကို ယုံကြည်မှု "Self-belief " ကြောင့် စတင်လုပ်ဆောင်ရမှာ နောက်မတွန့်တော့တဲ့ တွန်းအား
(၃) သေးငယ်တဲ့ လုပ်ဆောင်ချက်" Less effort "ပေမယ့် အချိန်တစ်ခုကြာလာရင် ကြီးမားတဲ့လုပ်ဆောင်ချက်ကဲ့သို့ ကြီးမားတဲ့အောင်မြင်မှု "Massive result" ရရှိနိုင်တဲ့ ယုံကြည်မှု စွမ်းအား ဆိုပြီး လူတွေ အလွယ်တကူမမြင်နိုင်တဲ့ အချက် (၃) ချက်ကို ဖော်ပြထားတယ်။
Newton's first law of motion ရွေ့လျားခြင်းသီအိုရီ ဖြစ်တဲ့ ရူပဗေဒသဘောတရား အရ အရွေ့တစ်ခုအတွက် အခက်ခဲဆုံးအချိန်ဟာ စတင်ရွေ့လျားရသောအချိန်သာ ဖြစ်ပြီး၊ ၎င်းနည်းတူ ရွေ့လျားနေသော အရာဟာလည်း ပြန်လည်ရပ်တန့်ဖို့ ခက်ခဲပေလိမ့်မည်။
အလေ့အကျင့်တစ်ခုဟာလည်း အချိန်အပိုင်းအခြားတစ်ခုရောက်သွားတဲ့အချိန်မှာ (ပျမ်းမျှ- ၁၈ ရက်မှ ၂၅၄ ရက်) ခိုင်မာတဲ့ ဝါယာကြိုးများသဖွယ် သန်မာလာနိုင်ပြီး၊ ပြန်လည်ဖြတ်တောက်ဖို့ရာ အလွယ်တကူမဖြစ်နိုင်တော့တာတွေ့ရပါတယ်။
ခိုင်မာသွားပြီဖြစ်တဲ့ ဝါယာကြိုးတွေဟာ ဦးနှောက်ငယ်လို့ခေါ်ဆိုကြတဲ့ Basal Ganglia ကို အိပ်ပျော်နေရာမှ နိုးထလာအောင် လျှပ်စီး စီးဆင်းစေနိုင်တယ်လို့ဆိုတယ်။
မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ပေးတတ်တဲ့ ဦးနှောက်ကြီး (Cerebral cortex) ထဲက အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Prefrontal Cortex ရဲ့ အားနည်းချက်က အလွယ်တကူ ပင်ပန်းနွမ်းနယ် လွယ်တာပါပဲ။
အားအင်ကုန်ခန်းနေတဲ့ Prefrontal Cortex နေရာမှာ အစားထိုး ဝင်ရောက်ဆုံးဖြတ်ချက်ချပေးနိုင်တဲ့နေရာကတော့ ထပ်ခါထပ်ခါပြုလုပ်ထားတဲ့ အလေ့အကျင့်တွေစုစည်းနေတဲ့ Basal Ganglia ပဲဖြစ်တယ်။
ကျမတို့ရဲ့ ဦးနှောက်ဟာ Consistency ဆိုတဲ့ တူညီစွာလေ့ကျင့်ပေးထားတဲ့ မှတ်ဥာဏ်ကို နှစ်သက်သူပါ။
"သင်လုပ်ချင်တဲ့ အလေ့အကျင့်သစ်တစ်ခုရဲ့ ရယ်ချင်စရာကောင်းလောက်အောင် သေးငယ်လွန်းတဲ့ အလေ့အထတစ်ခုကို စဥ်းစားကြည့်ပါ။
ပြီးရင် အဲ့အလေ့အထကိုပဲ နေ့စဥ်စွဲစွဲမြဲမြဲ ပျော်ပျော်ရွှင်ရွှင် လုပ်ပါ။ "
သင်မသိလိုက်ခင်မှာပဲ သင်ဟာသင်လိုချင်တဲ့ ပန်းတိုင်တစ်ခုကို ရောက်နှင့်ပြီးသားဖြစ်နေပါလိမ့်မယ်။
PS: ကျမရဲ့ Mini Habit ကတော့ ဘယ်လောက်အလုပ်များနေပါစေ Journaling အတွက် အနည်းဆုံး တစ်နေ့ စာကြောင်းတစ်ကြောင်း မပျက်မကွက် ရေးဖို့ပဲဖြစ်တယ်။
#epknoteforthought
#howtochangeminitomaxi
#minihabits