ဝန်ထမ်းများအတွက် ကျန်းမာရေးဝန်ဆောင်မှုတစ်ခုအနေနဲ့ အသုံးပြုနိုင်ပြီး ထိုသို့အသုံးပြုခြင်းဖြင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်တိုးတက်လာခြင်း၊ အလုပ်လုပ်ရာတွင် အာရုံစူးစိုက်မှုရလာခြင်း၊ ကျန်းမာရေးကောင်းမွန်လာခြင်း အစရှိသည်တို့ တိုးတက်လာပြီး ၀န်ထမ်းများရဲ့ စွမ်းဆောင်ရည်ကိုလည်း မြှင့်တင်နိုင်မှာ ဖြစ်ပါသည်။
ယခုခေတ်တွင် လူသားများဟာ အလုပ်ထဲတွင် အသေးစိတ်ကအစ လုပ်ကိုင်ပေးကြရပြီး တစ်နေ့တာလုံး ခန္ဓာကိုယ်ပုံစံ တသတ်မတ်တည်းနဲ့ တူညီသော တာဝန်များကို လုပ်ကိုင်ဆောင်ရွက် ကြရပါသည်။ ထိုအခါ တစ်နေရာတည်းက ကြွက်သားတွေကိုသာ အသုံးပြုရတာ များပြားလာပါသည်။ ဒီလိုမျိုးအချိန်ကြာမြင့်စွာ လုပ်ဆောင်ရလျှင် စိတ်နဲ့ ခန္ဓာကိုယ်တွင် ပင်ပန်းနွမ်းနယ်မှုများ စုပြုံလာကာ ထုံကျင်ကိုက်ခဲမှု စတဲ့ နာကျင်မှုလက္ခဏာများ ဖြစ်ပေါ်လာပြီး ပျောက်ကင်းဖို့ခက်ခဲခြင်းမျိုး ဖြစ်နိုင်ပါသည်။ ကြွက်သား ပင်ပန်းနွမ်းနယ်မှု၊ ထုံကျင်ကိုက်ခဲမှုတွေက အချိန်ယူပြီး ခဏတဖြုတ် အနားယူလိုက်မည် ဆိုလျှင် ခနတာ ပျောက်ကင်းသွားနိုင်တယ်ဆိုပေမယ့် နောက်နေ့တွေမှာလည်း အရင်လို အလုပ်ဆက်လက် လုပ်ကိုင်နေမည်ဆိုလျှင် ပျောက်ကင်းမည့်အစား ပိုမို ဆိုး၀ါးသွားနိုင်ပါသည်။ ခန္ဓာကိုယ်ညောင်းညာနေချိန်အတွင်း အနှိပ်ခံပါက စိတ်ဖိစီးမှုလျော့နည်းသွားပြီး ကြွက်သား နာကျင်မှုများ သက်သာပျောက်ကင်းသွားမည်ဖြစ်ပါသည်။
“和 nagomi” မျက်မမြင်အကြောပြင်အနှိပ် ၏ ပထမဆုံးအနှိပ်ဆိုင်အား ၂၀၁၃ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် အမြင်အာရုံချို့တဲ့သော အနှိပ်ဆရာများက “和 nagomi”ဆိုင်အတွင်း အနှိပ် ၀န်ဆောင်မှုပေးခြင်းနှင့် အိမ်သို့သွားရောက်၍ အနှိပ်၀န်ဆောင်မှုပေးခြင်းများ လုပ်ကိုင်လျှက်ရှိပါသည်။
COVID – 19 ကူးစက်ရောဂါပြန့်ပွားနေသော ကာလတွင်လည်း အစိုးရ၏ ညွှန်ကြားချက်နှင့်အညီ ဆိုင်ပိတ်ထားခဲ့ပြီး ဝေဘာဂီဆေးရုံသို့ သွားရောက်၍ COVID – 19 ရောဂါ ကုသရာတွင် ကူညီလုပ်ကိုင်ပေးလျှက်ရှိသော ကျန်းမာရေးဝန်ထမ်းများအား အခမဲ့ အနှိပ်၀န်ဆောင်မှုပေးခြင်းဖြင့် ပံ့ပိုးကူညီခဲ့ပါသည်။
ထိုဆေးရုံတွင်လုပ်ကိုင်ခဲ့သော အနှိပ်ဝန်ဆောင်မှုအတွေ့အကြုံအပေါ် အခြေခံပြီး ယခုအခါမှာတော့ ဝန်ထမ်းအများကြီးနှင့် အလုပ်လုပ်ကိုင်ရသော ကုမ္ပဏီများအတွက် အနှိပ်၀န်ဆောင်မှုအသစ်အား ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် စတင်ခဲ့ပါသည်။
ဆိုင်မှအနှိပ်ဆရာများအား ကုမ္ပဏီသို့ပုံမှန်စေလွှတ်ကာ အချိန်တိုအနှိပ်ပုံစံဖြင့် ဝန်ထမ်းများအား တစ်ယောက်ပြီးတစ်ယောက် အနှိပ်ဝန်ဆောင်မှု ပေးသော လုပ်ငန်းဖြစ်ပါသည်။
ဝန်ထမ်းများအတွက် ကျန်းမာရေးဝန်ဆောင်မှုတစ်ခုအနေနဲ့ အသုံးပြုနိုင်ပြီး ထိုသို့အသုံးပြုခြင်းဖြင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်တိုးတက်လာခြင်း၊ အလုပ်လုပ်ရာတွင် အာရုံစူးစိုက်မှုရလာခြင်း၊ ကျန်းမာရေးကောင်းမွန်လာခြင်း အစရှိသည်တို့ တိုးတက်လာပြီး ၀န်ထမ်းများရဲ့ စွမ်းဆောင်ရည်ကိုလည်း မြှင့်တင်နိုင်မှာ ဖြစ်ပါသည်။
ဂျပန်နိုင်ငံတွင် အနှိပ်ပညာဆိုင်ရာ ကျွမ်းကျင်လိုင်စင်ရ ဂျပန်လူမျိုး အနှိပ်ဆရာ ကိုယ်တိုင် သေချာစွာ လေ့ကျင့်သင်ကြားပေးထားသော အနှိပ်ဆရာမှ အနှိပ်ဝန်ဆောင်မှုပေးမည် ဖြစ်ပါသည်။
“和 nagomi” ဆိုင်တွင်း ဝန်ဆောင်ခသည် ပုံသေ ၁နာရီ ၈၀၀၀ကျပ် ၊ အိမ်ခေါ် ဝန်ဆောင်ခသည် ၁နာရီ ၁၂၀၀၀ကျပ် သတ်မှတ်ထားပေမယ့် ပုံမှန်ကုမ္ပဏီ ဝန်ထမ်းအများကြီး အနှိပ်ခံယူပါက “和 nagomi”ဆိုင်တွင်း ဝန်ဆောင်ခ ထပ်ပိုမို သက်သာသော ဝန်ဆောင်ခဖြင့် ၁နာရီလျှင် ၆၀၀၀ကျပ် အထိ လျှော့ချပေးမည် ဖြစ်ပါသည်။
၀န်ထမ်းတစ်ဦးလျှင် အနှိပ်ချိန် တစ်ကြိမ်လျှင် ၁၅မိနစ်နဲ့အထက်ဖြစ်ပါသည်။ ကျသင့်သော ဝန်ဆောင်ခအား ကုမ္ပဏီမှထုတ်ပေးခြင်း (သို့) ကုမ္ပဏီနှင့်ဝန်ထမ်း ရာခိုင်နှုန်းခွဲဝေပေးချေနိုင်ပါသည်။ ၁ရက်လျှင် အချိန်စုစုပေါင်း ၃နာရီနဲ့ အထက်ဖြင့် ၁ပတ်လျှင် ၁ရက် သတ်မှတ်၍ပုံမှန်ခေါ် ဆို အသုံးပြုနိုင်ပါသည်။
ဆိုင်ပြင်ပ အနှိပ်ဝန်ဆောင်မှုတွင် သွားရောက်ရမည့် လမ်းခရီး အကွာအဝေး အပေါ် မူတည်၍ လမ်းစရိတ် အားခေါ်ယူသူ ထံမှ ကျခံရပါမည်။ အများစုမှာ တက္ကစီခဖြစ်ပါသည်။
COVID – 19 ကြောင့် အမြင်အာရုံချို့တဲ့သော အနှိပ်ဆရာများစွာ အလုပ်အကိုင်များ ဆုံးရှုံးကြရပြီး ယနေ့ထိတိုင် အလုပ်မရရှိကြသေး သော မျက်မမြင်အနှိပ်ဆရာများစွာရှိပါသည်။
မြန်မာနိုင်ငံတွင်တော့ သိပ်မသိကြသေးတဲ့ စီးပွားရေး ပုံစံမျိုး ဖြစ်ပေမယ့် ဂျပန်နိုင်ငံတွင်တော့ ကုမ္ပဏီများသို့ သွားရောက်၍ အနှိပ်ဝန်ဆောင်မှုပေး ကြသော မျက်မမြင်အနှိပ်ဆရာများစွာရှိပါသည်။ ကုမ္ပဏီ နှင့် ဝန်ထမ်းများ အတွက်သာမက မျက်မမြင်အနှိပ်ဆရာများအတွက်ပါ အကျိုးရှိစေမည့် အလုပ်တစ်ခု ဖြစ်မည်ဟု ယုံကြည်ပါသဖြင့် အပြုသဘောဆောင်၍ သုံးသပ်ပေးပါရန် မေတ္တာရပ်ခံပါသည်။
အနှိပ်ဝန်ဆောင်ခ
၁နာရီ ၆၀၀၀ကျပ် ဖြစ်ပါသည်။
ကျသင့်သော ဝန်ဆောင်ခအား ကုမ္ပဏီမှထုတ်ပေးခြင်း (သို့) ကုမ္ပဏီနှင့်ဝန်ထမ်း ရာခိုင်နှုန်းခွဲဝေပေးချေနိုင်ပါသည်။
အကွာအဝေးကုန်ကျစရိတ်
အနီးဆုံးအကွာအဝေး (Google Map) အရ အုပ်စု ၁၀ခုခွဲထားပြီး အုပ်စု ၁ခုချင်းစီအလိုက် အကွာအဝေး ကုန်ကျစရိတ် သတ်မှတ်ထားပါသည်။ အနှိပ်ဝန်ထမ်း ၁ယောက်နှုန်းနှင့် တက္ကစီခဖြစ်ပါသည်။
အဆင်မပြေသည့်အခါတွင် ဆိုင်နှင့်တိုင်ပင်နိုင်ပါသည်။
ရုံးကားဖြင့် အသွားအပြန် လုပ်ပေးနိုင်လျှင် ခရီးစရိတ်အား ၈၀ ရာခိုင်နှုန်းလျော့ချပေးပါမည်။
အနှိပ်ဆရာ တိုးသွားသည့် အခါ ကုန်ကျစရိတ်၏ ၂၀ ရာခိုင်နှုန်းအား ပေးရပါမည်။
ဝန်ဆောင်မှု
လျှော့စျေးကတ်များ ဝေပေးပါမည်။ ဆိုင်သို့လာရောက်လျှင်ဖြစ်စေ၊ အိမ်သို့ခေါ်လျှင်ဖြစ်စေ လူတစ်ဦးလျှင်တစ်ကြိမ် တစ်နာရီနှင့်အထက် နှိပ်သောအခါတွင် ၂၀၀၀ ကျပ်ဈေးလျှော့ပေးပါမည်။
ဝန်ထမ်းကိုယ်တိုင်သာမက မိသားစု၊ သူငယ်ချင်း၊ ဘယ်သူမဆို၊ ဘယ်နှယောက်မဆို၊ ဘယ်နှစ်ကြိမ်မဆို အသုံးပြုနိုင်ပါသည်။
ဝန်ဆောင်မှုရယူရန်နှင့်မေးမြန်းမှုများအတွက် ကျေးဇူးပြု၍ အောက်ပါကတ်လေးကိုအသုံးပြုပေးပါ။
စမတ်ဖုန်းကို ဦးစားပေးဒီဇိုင်းထုတ်ထားသည်။
ဘယ်ဘက်အထက်၌ "≡" အမှတ်အသားပေါ်လာလျှင်စာမျက်နှာမီနူး ကိုပြရန် "≡" အမှတ်အသားကိုနှိပ်ပါ။