အရိုးဗဟုသုတ
86 + 34 + 86 = 206
86 + 34 + 86 = 206
ပုံမှန်အားဖြင့် အနှိပ်ဆရာတွေက အရိုးကို နှိပ်လေ့မရှိပါဘူး။ အရိုးတစ်ခုရဲ့ အပေါ် မှာ အာရုံကြောနဲ့ သွေးကြောတွေက လည်ပတ်စီးဆင်းနေကြပါတယ်။ အဲ့တာကြောင့် အရိုးကို ဖိနှိပ်မယ်ဆိုရင် နာကျင်မှုဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါ့အပြင် ကြွက်သားတွေကို နှိပ်သလို သက်တောင့်သက်သာလည်း ရှိမှာ မဟုတ်ပါဘူး။
ဒါပေမယ့် အနှိပ်ဆရာတွေကတော့ အရိုးနဲ့ပက်သက်တဲ့ ဗဟုသုတတွေကို သိထားဖို့လိုပါမယ်။ ပထမအချက်အနေနဲ့ ကြွက်သားတွေက အရိုးတစ်ခုနဲ့တစ်ခုကို ဆက်စပ်ပေးထားတဲ့ အရာဖြစ်ပါတယ်။ ကြွက်သားအကြောင်းမလေ့လာခင် အရိုးတွေကို အရင်လေ့လာရမယ်။ အဲ့ဒါမှ ဒီကြွက်သားက ဘယ်အရိုးနဲ့ ဆက်ထားတယ် ၊ ဘယ်အရိုးကို လှုပ်ရှားစေလဲဆိုတာ အရိုးတွေ ဆက်စပ်ပုံကို လေ့လာပြီးမှ သိလာမှာပါ။
လူရဲ့ အသားအရေပြားကို ထိကြည့်လိုက်ရင် ဘယ်နေရာမှာ ဘာအရိုးရှိတတ်လဲဆိုတာ သိဖို့ အရေးကြီးတယ်။ အရိုးသည် အနှိပ်နှိပ်ဖို့ နေရာကို ရှာဖွေတဲ့ နေရာမှာ အဓိက ကျတယ်။ ဒါ့အပြင် အရိုးတွေကို ပြင်းပြင်းထန်ထန် မနှိပ်မိဖို့ သတိထားရပါမယ်။ တောင့်တင်းနေတဲ့ ကြွက်သားကိုနှိပ်တာနဲ့ အရိုးကို နှိပ်တာ ကို ကွဲကွဲပြားပြား နားမလည်ရင်တော့ နာကျင်မှုဖြစ်ပေါ်စေနိုင်ပြီးတော့ မှားယွင်းတဲံကုသမှု ဖြစ်ပါတယ်။
အရိုးတွေရဲ့ လုပ်ဆောင်ချက်တွေကတော့ ခန္ဓာကိုယ်ကို ထောက်ကန်ပေးခြင်း၊ လှုပ်ရှားမှုလုပ်ဆောင်ပေးခြင်း၊ အတွင်းကလီစာတွေကို ကာကွယ်ပေးခြင်း၊ သွေးဆဲလ်ထုတ်လုပ်ပေးခြင်း၊ သတ္ထုဓာတ်ကို သိုလှောင်ပေးခြင်း၊ ဟော်မုန်း ကို ထိန်းချုပ်ပေးခြင်း တို့ပဲ ဖြစ်ပါတယ်။
ခန္ဓာကိုယ်ကို ထောက်ကန်ပေးခြင်း
အရိုးများသည် ကိုယ်ခန္ဓာတစ်ခုလုံးကို ထောက်ကန်ထားတဲ့အပြင် တင်ပါးဆုံရိုးက အရွက်နဲ့ တင်ပါးကြွက်သားတွေက သိမ်မွေ့ နူးညံ့သော အတွင်း ကလီစာတွေကိုလည်း ကာကွယ်ထားပါတယ်။
အရိုးနု၊ အူလမ်းကြောင်းကြားမှာ ရှိတဲ့ ကြွက်သားတွေကြောင့် အဆုတ်သည် အလိုအလျှောက် ကျုံ့နိုင်၊ ကျယ်နိုင်ပါတယ်။
လှုပ်ရှားမှုလုပ်ဆောင်ပေးခြင်း
အရိုးများကြားရှိ အဆစ်များသည် လှုပ်ရှားမှုပြုလုပ်နိုင်တယ် ။ အရိုးများတွင် ကြွက်သားများ ဆက်လျက် ရှိ၍ ထိုကြွက်သားများက အရိုးတွေ လှုပ်ရှားမှုကို အထောက်အကူပြုပါတယ် ။ ဦးနှောက် အာရုံကြောစနစ် ရဲ့ ထိန်းချုပ်မှုဖြင့် ကြွက်သား၊ အရိုး၊ အဆစ်များ လှုပ်ရှားမှု ပြုလုပ်ကြပါတယ်။
အတွင်းကလီစာတွေကို ကာကွယ်ပေးခြင်း
အရိုးတွေက အရေးပါတဲ့ အတွင်းကလီစာတွေ ပျက်စီးခြင်းမှ ကာကွယ်ပေးပါတယ်။
ဦးခေါင်းခွံသည် ဦးနှောက်၊ မျက်လုံး၊ နား အတွင်းပိုင်း တို့ကို ကာကွယ်ပေးခြင်း
ကျောရိုးမသည် ကျောရိုးအတွင်းရှိ ပင်မအာရုံကြောကို ကာကွယ်ပေးခြင်း
ရင်အုံရှိအရိုးသည် အဆုတ်၊ နှလုံးနှင့် ပင်မ သွေးကြောများကို ကာကွယ်ပေးခြင်း
တင်ပါးဆုံရိုးသည် ဝမ်းဗိုက်အောက် အတွင်းကလီစာများကို ကာကွယ်ပေးခြင်း
ဂုံညှင်းရိုးသည် ဒူးဆစ်ကို ကာကွယ်ပေးခြင်း
လက်ဖျံအတွင်းရိုးသည် တံတောင်ဆစ်ကို ကာကွယ်ပေးခြင်း
သွေးနီဉထုတ်ပေးခြင်း
ခန္ဓာကိုယ်ရှိ အရိုးအများစု၏ အလယ်တွင် ပျော့ပြောင်းပြီး ရေမြုပ်သဖွယ်ရှိသည့်အရာသည် ရိုးတွင်းခြင်ဆီဖြစ်သည်။ ၄င်း ရိုးတွင်းခြင်ဆီမှတစ်ဆင့် သွေးနီဉများကို ထုတ်လုပ်ပေးသည်။ ကလေးတစ်ယောက်တွင် ခြေသလုံးရိုး၊ ပေါင်ရိုး တို့တွင် သွေးနီဉထုတ်လုပ်ပြီးတော့ အရွယ်ရောက်ပြီးသောသူတွင် တင်ပါးဆုံရိုး၊ ဦးခေါင်းခွံ၊ ကျောရိုး၊ ရင်ညွှန့်ရိုးတို့တွင် သွေးဆဲလ်ဖွဲ့စည်းတည်ဆောက်ပါတယ်။
သတ္တုဓာတ် ကို သိုလှောင်ပေးခြင်း
အရိုးရဲ့ အပေါ်ယံလွှာသည် ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်၊ ဟော်မုန်းတွေရဲ့ အနေအထားကို လိုက်ပြီး ကယ်လ်ဆီယမ် နဲ့ သံဓာတ် တွေကို သွေးထဲ လွှတ်ပေးတာ၊ အရိုးထဲ ထည့်သိမ်းတာ လုပ်ပေးပါတယ်။
ဟော်မုန်းကို ထိန်းချုပ်ပေးခြင်း
အရိုးဆဲလ်များသည် သွေးတွင်းသကြားဓာတ်နှင့် အဆီအနည်များကို လျှော့ချပေးသည့် Osteocalcin ဟုခေါ်သော ဟော်မုန်းတစ်မျိုးကို ထုတ်လွှတ်သည်။
စမတ်ဖုန်းကို ဦးစားပေးဒီဇိုင်းထုတ်ထားသည်။
ဘယ်ဘက်အထက်၌ "≡" အမှတ်အသားပေါ်လာလျှင်စာမျက်နှာမီနူး ကိုပြရန် "≡" အမှတ်အသားကိုနှိပ်ပါ။