Oh My Ghost 5 (2018)
Oh My Ghost 5 (2018)
QUALITY : WEB RIP 1080P
DURATION : 1HR 36MIN
ENCODED BY AYE KO KO
TRANSLATED BY TVMMYANMAR TEAM
SUBSTITLE : MYANMAR SUBSTITLE (HARD SUB)
Oh My Ghostလို ပေါက်လွန်လွန်းလှတဲ့ ထိုင်းသရဲဟာသကားကို ဟာသရုပ်ရှင်ချစ်ပရိသတ်တွေအနေနဲ့ ရင်းနှီးကျွမ်းဝင်မှုရှိကြမှာပါ။ ဒီတစ်ခေါက်မှာတော့ ဇာတ်လိုက်ကျော် ပန်ကိတ်မတစ်ယောက် လူ့ပြည်မှာ အဆင်ဖမ်းဖို့အတွက် လူပြန်ဝင်စားနိုင်မယ့် အထူးအခွင့်အရေးလေးကို ယမမင်းကြီးက ဖန်တီးပေးလိုက်ပါတယ်။ပန်ကိတ်မ မလိုက်နာနိုင်လောက်တဲ့ စည်းမျဥ်း စည်းကမ်း တစ်သီတစ်သန်း ပက်ကေ့ချ်လေးနဲ့ပေါ့။ အဆင်ကလည်းဖမ်းချင် စည်းကမ်းကလည်းများ ဆိုတော့ ပန်ကိတ်မအဖို့ အကြပ်ရိုက်ပြီလေ။ဒါပေမယ့် “အခြောက်သရဲဆိုတာ အမြဲ... ယုံကြည်ရာတစ်ခုအတွက် အဆဲကိုတောင် စတေးကြတာပဲ” ရယ်လို့ ပန်ကိတ်တစ်ယောက် ကြွေးကြော်ရင်း ငါ မဆဲဘူး ….. ငါ မဆဲဘူး ဆိုပြီး ပန်ကိတ်တစ်ယောက် ယမမင်းရဲ့စည်းကမ်းတွေကို ချဲလန့်ခေါ်ပါတော့တယ်။ချဲလန့်ဆိုတဲ့အရာကလည်း အခက်အခဲတွေနဲ့ တစ်ပါတည်းပါလာတတ်တာ သဘာဝမို့
ပန်ကိတ်မ တစ်ယောက် မစ်ရှင်ပဲ ကွန်ပလိမလား၊ ဖေးလ်ပဲ ဖေးလ်မလားဆိုတာကို ရင်တမမ အရယ်မရပ်ရ ဆိုတဲ့စာသားနဲ့ အညီ ကြည့်ရှုခံစားရမယ့် Oh My Ghost 5 ပဲ ဖြစ်ပါတယ်။ပန်ကိတ်မနဲ့ သူ့ပက်ကြားအက်တစ်သိုက်တို့ ဘယ်လိုတွေ ဗရုတ်ကျဦးမလဲ၊ ပန်ကိတ်မကို ဘယ်လိုတွေ ဒုက္ခတောထဲ အရောက်ပို့မလဲဆိုတာကို ကြည့်ရမယ့်အပြင် ယူတတ်ရင် တွေးစရာပါရတဲ့ဇာတ်ကားမို့ ဘဝအမောခဏတာပြေပျောက်စေဖို့ အတွက် တင်ဆက်ပေးလိုက်ပါတယ်။