Fox Bride Star (2018)
Fox Bride Star (2018)
QUALITY: WEB RIP 720P
EPISODES : 32
FORMAT: mp4
DURATION: 70MIN
SUBTITLE: Myanmar Subtitle (Hard Sub)
TRANSLATED BY TVMMYANMAR TEAM
ENCODED BY AYE KO KO
အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်က ဝန်ထမ်းတွေကြားက အချစ်ဇာတ်လမ်းလေးကို ရိုက်ကူးပြသထားတဲ့ romance melodrama
လေးနဲ့မိတ်ဆက်ပေးပါရစေ။
“အဖေကပြောဖူးတယ် လောကကြီးမှာတိုက်ဆိုင်မှုဆိုတာမရှိဘူး။ ဘဝမှာ အရာအားလုံးက အကြောင်းရှိလို့ဖြစ်ရတာချည်းပဲ” ဆိုပြီး
ဇာတ်ကားလေးကိုဖွင့်ထားပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ . . . အီဆူယွန်းက ကိုရီးယားနိုင်ငံရဲ့ အဆင့်မြင့်တက္ကသိုလ် Kaist ကနေ ဘွဲ့ရထားတဲ့ ခရီးသည်
ဝန်ဆောင်မှုဌာနက ဝန်ထမ်းတစ်ယောက်ပါ။ အရည်အချင်းလည်းရှိပြီး ရုပ်တည်ကြီးနဲ့နေတတ်လွန်းလို့ အခုမှသုံးလအစမ်းခန့်ကာလပြီးထားတဲ့
ဝန်ထမ်းသစ်လို့ မထင်ရအောင်ပါပဲ။ ဘယ်သူနဲ့မှ ရောရောနှောနှောနေလေ့မရှိတဲ့အတွက် သူ့အကြောင်း အတင်းအဖျင်း၊ ကောလာဟလတွေလည်း
အများကြီးရှိတဲ့ နားလည်ရခက်တဲ့လူမျိုးပေါ့နော်။
ဟန်ယောရမ်ကတော့ အင်ချွန်းလေဆိပ်မှာအလုပ်လုပ်တာ တစ်နှစ်ရှိပြီဖြစ်ပေမယ့် စိတ်ဆတ်လွယ်ပြီး ရမ်းကားတဲ့ခရီးသည်တွေအပေါ် ကြမ်းကြမ်း
တမ်းတမ်းပြောဆိုပြုမူမှုတွေကြောင့် ခရီးသည်ဝန်ဆောင်မှုဌာနကို ပြောင်းရွှေ့ခံလိုက်ရတဲ့ ရှပ်ပြာမလေးပါ။ အဲဒီလိုမဟုတ်မခံမလေးကို သူ့ထက်
နောက်ကျပြီးမှ အလုပ်ဝင်တဲ့ အီဆူယွန်းက ဆရာအဖြစ်ကြီးကြပ်ရတဲ့အခါ ဘယ်လိုတွေခရီးဆက်ကြမလဲ။
အီဆူယွန်းနဲ့ပတ်သက်တဲ့ ကောလာဟလဆိုတာတွေကရော အမှန်တွေလား ဆိုတာကတော့ မကြာမီလာမည် မျှော်ပေါ့နော်။ အီဆူယွန်းအဖြစ်
Architecture 101 ဇာတ်ကားနဲ့လူသိများလာတဲ့ မင်းသား Lee Je Hoon နဲ့ ဟန်ယောရမ်အဖြစ် I’m not a robot ထဲက မင်းသမီးချောလေး
Chae Soo Bin က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် မင်းသမီးရဲ့သူငယ်ချင်းအဖြစ် The King’s Affection ထဲက တော်ဝင်မင်းဆရာဂျောင်လေး
Rowoon က ပါဝင်ထားပါတယ်။ အတိတ်မြှုပ်ကွက်လေးတွေကိုပြန်ပြတဲ့ flashback scene လေးတွေလည်းပါပြီး ငြိမ့်ငြိမ့်ညောင်းညောင်းလေးနဲ့
ကြည့်လို့ကောင်းတဲ့ ဇာတ်ကားမျိုးလေးမို့ ကြည့်ရှုလိုက်ကြပါဦး။