The Great Shaman Ga doo-shim (2021)
The Great Shaman Ga doo-shim (2021)
Episodes: 12
Aired: Jul 30, 2021 – Oct 15, 2021
Aired On: Friday
Genres: Mystery, Romance, Fantasy
Translated by Aye ko ko
Encoded by MDN
The Great Shaman Ga Doo-shim(2021)ဇာတ်လမ်းတွဲအညွှန်း
*****************************************************
ဒီဒရမ်မာလေးကတော့ fantasy mystery romance အမျိုးအစား ဖြစ်ပြီး ထူးခြားဆန်းကြယ်ဖြစ်ရပ်တွေမှာ
မမျှော်လင့်ဘဲ ပါဝင်လာရတဲ့ အထက်တန်းကျောင်းသူကျောင်းသား (၂) ဦးရဲ့ အကြောင်းကို ပုံဖော်ထားတာ ဖြစ်ပါတယ်။
အသက် ၁၈ နှစ်အရွယ် ဂါဒိုရှင်းဆိုတဲ့ မိန်းကလေးဟာ နတ်ဆရာမ ဖြစ်ရမယ်ဆိုတဲ့ ကံကြမ္မာနဲ့ မွေးဖွားလာသူပါ။
သူဟာ နတ်ဆရာမဖြစ်တဲ့အလျောက် ထူးခြားဆန်းကြယ်တဲ့ ဖြစ်ရပ်တွေကို ဖြေရှင်းရတာကြောင့် ဝိညာဉ်ဆိုးတွေကို
တိုက်ခိုက်နိုင်လောက်အောင် ရဲရင့်ထက်မြက်တဲ့ မိန်းကလေး ဖြစ်လာခဲ့ပါတယ်။
ဒါပေမယ့် တခြားဆယ်ကျော်သက် မိန်းကလေးတွေလိုမျိုးပဲ သာမန် အထက်တန်းကျောင်းသူဘဝကိုသာ ပိုင်ဆိုင်ရဖို့ အိပ်မက်မက်နေသူပါ။
အထက်တန်းကျောင်းသား တစ်ဦးဖြစ်တဲ့ နာအူဆိုးကတော့ ဂါဒိုရှင်းနဲ့ မတူဘဲ ရွှေဇွန်းကိုက်ပြီး မွေးဖွားလာခဲ့သူ ဖြစ်ပါတယ်။
မိဘနောက်ခံက ငွေကြေးချမ်းသာတဲ့အပြင် သူကိုယ်တိုင်ကလည်း ရုပ်ရည်ချောမောပြီး
ထက်မြက်တော့ ပြီးပြည့်စုံသူတစ်ဦးလို့ ဆိုရမှာပါ။
တစ်နေ့မှာတော့ နာအူဆိုးရဲ့ ဘဝထဲ ဂါဒိုရှင်း ဝင်ရောက်လာတဲ့အချိန်မှာ နာအူဆိုးဟာ ဝိညာဉ်ဆိုးတွေကို မြင်နိုင်တဲ့စွမ်းအားကို
အမှတ်မထင် ရရှိသွားခဲ့ပါတယ်။ ဒီလိုနဲ့ပဲ နှစ်ယောက်သား ထူးခြားဆန်းကြယ်ဖြစ်ရပ်တွေကို
ဘယ်လိုရင်ဆိုင် ဖြေရှင်းသွားကြမလဲဆိုတာ ရင်သပ်ရှုမောဖွယ် ကြည့်ရှုရမှာပါ။
အဓိက သရုပ်ဆောင်နှစ်ဦးဖြစ်တဲ့ Kim Sae Ron နဲ့ Nam Da Reum တို့ကလည်း ကလေးသရုပ်ဆောင်ဘဝကနေ
တက်လာသူတွေဖြစ်တဲ့အတွက် ပြောင်မြောက်တဲ့ သရုပ်ဆောင်ကွက်တွေကိုလည်း တွေ့ရဦးမှာပါ။
ဒီ ပေါ့ပေါ့ပါးပါး ကျောင်းသားကားလေးကိုတော့ အပတ်စဉ် သောကြာနေ့တိုင်း ထုတ်လွှင့်ပြသမှာဖြစ်ပြီး
အပိုင်း ၁၂ ပိုင်း ပါဝင်မှာ ဖြစ်ပါတယ်။ Content rating ကိုလည်း 15+ သတ်မှတ်ထားတာ ဖြစ်တဲ့အတွက် 15 နှစ်ကျော်မှ ကြည့်ရှုပေးပါနော်။
မင်မင်တင်တာနောက်ကျသွားရင် Sorry ပါ မင်မင်နေမကောင်းတာနဲ့ မတင်ဖြစ်တာပါ
Sorry ပါဗျ ကြည့်ရူပြီးအားပေးကျပါဦးနော်
TVMMYANMAR မှ တင်ဆက်နေသော ဇာတ်ကားများသည်
Link ပြတ်ခြင်းမရှိပဲ တည်ရှိနေမှာပါ။
Link များမဖတ်ပါက VPN ခံပြီးကြည့်ရူနိုင်ပါသည်။