New Year Blues (2021)
New Year Blues (2021)
QUALITY : WEB RIP 1080P
DURATION : 1HR 55MIN
SUBSTITLE : MYANMAR SUBSTITLE (HARD SUB)
TRANSLATED BY TVMMYANMAR TEAM
New Year Blues(2021)
လောကကြီးမှာ လူရယ်လို့ဖြစ်လာရင် ချစ်ဖူးကြမှာပါပဲ
အသက်အရွယ်အပိုင်းအခြား နေထိုင်ပုံတွေအရ
ချစ်ပုံချစ်နည်းတွေ မတူညီကောင်း မတူညီနိုင်ပေမယ့်
ကျွန်တော်တို့အားလုံးက အချစ်ကိုခံစားဖူးကြပါတယ်
ဆိုတော့ဗျာ …..
ပြောရရင် relationship တစ်ခု တည်ဆောက်ဖို့ဆိုတာ ထင်သလောက်မလွယ်ဘူးဗျ
အစကတော့ နှစ်ယောက်သားချစ်လို့ လက်တွဲခဲ့ကြတယ်ဆိုပေမယ့်
အချိန်ကြာလာတာနဲ့အမျှ ဖြစ်လာမယ့်ပြသနာတွေကို
နှစ်ယောက်လုံးဖြေရှင်းနိုင်ဖို့လည်း လိုသေးတယ်
သူ့ဖက်ကအမြင် ကိုယ့်ဖက်ကအမြင် နှစ်ယောက်စလုံးက နားလည်မှုတွေယူနိုင်မှသာ
ရေရှည်တည်မြဲတဲ့ relationship တစ်ခုဖြစ်လာမှာ
အချိန်တွေအကြာကြီး တွဲလာခဲ့တဲ့သူက
ကိုယ့်အတွက် right person မဟုတ်ပေမယ့်
တစ်ဒင်္ဂလေး ဆုံလိုက်ရတဲ့သူက
ကိုယ်နဲ့တစ်သားတည်းဖြစ်တဲ့ ခံစားချက်မျိုးပေးနိုင်တဲ့သူလည်း ဖြစ်နိုင်တာပဲလေ
ဒီရုပ်ရှင်ထဲမှာတော့ မတူညီတဲ့ career တွေ …..
မတူညီတဲ့ဘဝပုံစံတွေနဲ့ရှိနေကြတဲ့ အတွဲ ၄ တွဲအကြောင်းကို ရိုက်ပြထားတယ်
သရုပ်ဆောင်ထားတဲ့သူတွေကလည်း ကောင်းလားမကောင်းလားဆိုတာ
ပိုစတာကြည့်ရုံနဲ့ ညွှန်းစရာတောင်မလိုလောက်ဘူးလို့ ထင်ပါတယ်
ဒီကားက ကိုးရီးယားအချစ်ဇာတ်လမ်းတွေထဲမှာ ကွဲထွက်နေတဲ့ကားလို့ ပြောလို့ရတယ်ဗျ
Cinematography လှတယ် …..
မတူညီတဲ့ အတွဲ ၄ တွဲရဲ့ plot တွေက ရိုးရိုးရှင်းရှင်းလေးနဲ့
အဆုံးထိစိတ်ဝင်စားအောင်ဆွဲခေါ်သွားမှာ
တော်တော်လေးကို sweet ဖြစ်ပြီး …..
Heartwarming ဖြစ်စေတဲ့ ဇာတ်ကားကောင်းတစ်ကားပါ
ပြီးတော့ ရိုက်ကွင်းရိုက်ကွက်တွေလည်း တော်တော်လေးကိုလှတယ်
စုံတွဲတွေဆိုရင်တော့ အတူကြည့်ကြပါ …..
FA တွေအနေနဲ့ကတော့ မခံစားဖူးတဲ့အချစ်ကို
ဒီရုပ်ရှင်ကနေတစ်ဆင့် ခံစားကြည့်ပြီး
နောက် relationship တည်ဆောက်တဲ့အခါ …..
ဆောင်ရန်ရှောင်ရန်တွေကို မှတ်သားနိုင်ဖို့ Must watch ပါပဲ
IMDb – 6.8/10 ရထားပြီးတော့
My Drama List မှာ 7.7/10 ရရှိထားပါတယ်။
ပါတဲ့ မင်းသား၊ မင်းသမီးတွေက နာမည်ကြီး မင်းသား၊ မင်းသမီးတွေဆိုတော့
ဇာတ်လမ်းမကောင်းရင်တောင် ကြည့်ရတာ အတော်တန်နေပြီ
ဇာတ်လမ်းက ကောင်းတော့ သကာပေါ် ပျားရည်လောင်းသလို ချိုသထက်ချိုပေါ့ဗျာ။
TVMMYANMAR SERVER Ditto (2022) 1080P WEB-DL